01/09/2026
ဆိုင်စဖွင့်ကတည်းက သုံးလာတဲ့ Software လေးပါ ခင်ဗျာ။ ဆိုင်တူ ညီအကို များအတွက် လိုအပ်ရင် ရွေးချယ်လို့ရပါတယ် ခင်ဗျာ။
ဘာကြောင့် ပုံမှန် POS ဆော့ဝဲလ်တွေက CAR Workshops နှင့် CAR Detailing ဆိုင်တွေမှာ အသုံးပြုလို့ အဆင်မပြေရတာလဲ?
Vehicle Management
ပုံမှန် POS တွေမှာ Customer အချက်အလက်တွေကို မှတ်တာပဲ ပါကြပါတယ်။ PRO CAR မှာတော့ ကားပိုင်ရှင်၏ အချက်အလက်များကို မှတ်သားနိုင်သည့်အပြင် ပိုင်ရှင် တစ်ဦးမှာ ကားအများရှိလျှင်လဲ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ပေးထားပါသည်။
ကားလို့ ပြောလိုက်ရင် အရေးကြီးတာက ကားနံပါတ်၊ မော်ဒယ်၊ အရောင်၊ ခုနှစ်၊ ကား၏ Unique Value တစ်ခုဖြစ်သည့် VIN Number ဒီလိုတွေပါ ထည့်သွင်းနိုင်အောင် စီမံဆောင်ရွက်ပေးထားပါသည်။
Booking System
ကားတွေများတဲ့ ရုံတွေမှာ ဒီနေ့တော့ ကားလက်ခံလို့ရသေးလား၊ မရတော့ဘူးလား ဆိုတာကို သိမှသာ လုပ်ငန်းခွင်ကို ကောင်းစွာစီမံနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Booking အချက်အလက်များကို ကြည့်ပြီး ဘယ်နေ့တော့ ကားလက်ခံလို့ရတယ်ဆိုတာကို အလွယ်အကူသိရှိနိုင်ပါသည်။
Technician Records
Service Book လို့ လူသိများတဲ့ ကားရဲ့ မှတ်တမ်းကို စက်ဆရာများမှ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ပေးထားပါသည်။ မိမိဆိုင်မှာ ဝန်ဆောင်မှုရယူထားဖူးသော ကားတစ်စီးကို အချိန်မရွေး History ကို စစ်ကြည့်ပြီး ဘယ်သူဘာလုပ်ခဲ့တယ်ဆိုတာကို စစ်ဆေးနိုင်ပါသည်။
Maintenance Alert
အာမခံပေးပြီးဆောင်ရွက်ရသော လုပ်ငန်းများအတွက် Regular Check ဆောင်ရွက်လိုသည့်အခါမျိုးတွင် ဘယ်ကားကိုတော့ နောက် ၃ လနေရင် ခေါ်ပြီး စစ်ဆေးမယ်ဆိုတာ သတိမေ့သွားတာမျိုး မဖြစ်ရအောင် Alert များထည့်သွင်းထားနိုင်ပါသည်။
Quotation Management
ကားပိုင်ရှင်မှ သူ့ရဲ့ကားလေး ပြင်ဆင်မယ်ဆို ဘယ်လောက်ကျနိုင်လဲလို့ မေးလာတာမျိုး ကြုံဖူးရင် ဒီလုပ်ဆောင်ချက်က လူကြီးမင်းလုပ်ငန်းအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ ကားအတွက် ကုန်ကျစရိတ်ကို ပစ္စည်းဖိုး၊ လက်ခ စသည်တို့ကို ကားပိုင်ရှင်ထံသို့ Quotation ထုတ်ပေးနိုင်ပါသည်။
ဒါတွေကတော့ ပုံမှန် POS တွေမှာ မပါတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီး PRO CAR မှာ ဒီအချက်တွေကို အထူးထည့်သွင်းပေးထားသောကြောင့် CAR SERVICE လုပ်ငန်းများအတွက် လုပ်ငန်းလိုအပ်ချက်နဲ့ ကွက်တိကျပါလိမ့်မယ်။
ဒီလုပ်ဆောင်ချက်များအပြင် ပုံမှန် POS Software တွေမှာ ပါဝင်သော လုပ်ဆောင်ချက်များလည်း ပါဝင်သည့်အတွက် စာရင်းအပိုင်း၊ ကုန်လက်ကျန်အပိုင်း၊ အကြွေး/လက်ငင်း၊ Consignment , Delivery , Points & HR အပိုင်းများကိုပါ ထည့်သွင်းပေးထားပါသည်။
လူကြီးမင်း၏ လုပ်ငန်းကို PROCAR နှင့်အတူ လက်တွဲပြီး တိုးတက်အောင် ဆောင်ရွက်လိုသည့်လုပ်ငန်းရှင်များအတွက် အခုပဲ ဆက်သွယ်လိုက်ပါ ခင်ဗျာ။
📞09778915075