09/09/2023
ကျောက်ကပ်ပျက်စီးနေခြင်းကိုပြသည့်
လက္ခဏာ(၁၄) မျိုး...အနုပညာ...!!
~~~~~~~~~~~~~~~~~~~~
အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ သို့သော် တချို့ဝေဒနာသည်တော်တော်များများမှာ ရောဂါအခြေ အနေဆိုးရွားနေတာတောင် ကျောက်ကပ်ပျက်စီးနေကြောင်းကို သိသာထင်ရှားတဲ့လက္ခဏာတွေ မတွေ့ရတဲ့အတွက်ကြောင့် ထို ရောဂါကို တိတ်တဆိတ်လူသတ်သမားလို့ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်ကြီးကောင်းစွာ အသက်ဆက်နိုင်ဖို့အတွက် ကျောက်ကပ်ရဲ့ အခန်းကဏ္ဍဟာလွန်စွာ အရေးပါလှပါတယ်။ ဒါကြောင့်လည်း တခြားကလီစာများနှင့်မတူ လူတစ်ယောက်မှာ ကျောက်ကပ် နှစ်ခု(တစ်စုံ)ကို မွေးလာကတည်းက အတူပါလာရခြင်းဖြစ်ပါတယ်။
ရောဂါဖြစ်ခါစမှာကုသခြင်းထက်၊ ရောဂါကျွမ်းလာမှ ကုသနိုင်ခြင်းဟာ ရခဲလှတဲ့လူ့ဘ၀အတွက် အင်မတန်မှနှမြောစရာကောင်းပါတယ်။ သို့ပါ၍ အောက်ဖော်ပြပါ လက္ခဏာ(၁၄)ရပ်ကို လေ့လာရင်း ကျောက်ကပ်မပျက်စီးရလေအောင် မိမိဘက်မှလက်ဦးမှုအရယူနိုင်ကြပါစေကြောင်း အကြံပြုလိုက်ရပါတယ်။
(၁) ဆီးအခြေအနေပြောင်းလဲခြင်း
“ဆီးအခြေအနေပြောင်းလဲခြင်းအစ ကျောက်ကပ်ရောဂါက” လို့မှတ်ပါလေ။ ပုံမှန်နဲ့မတူတော့ဘဲ ဆီးပမာဏများလာခြင်း၊ နည်းသွားခြင်း၊ မကြာခဏဆီးသွားခြင်း၊ ယခင်ထက် ဆီးအရောင်ရင့်လာခြင်း၊ အားစိုက်ကာ ဆီးကိုညှစ်ထုတ်၍သွားရခြင်းတို့ဖြစ် ပါတယ်။ အထူးသဖြင့် ညပိုင်းမှာဆီးသွားကြိမ်ရေများခြင်းဟာ ကျောက်ကပ်ပျက်စီးခြင်း၏ စဦးပိုင်းအခြေအနေဖြစ်တာကြောင့် လစ်လျူမရှုသင့်ပါဘူး။ ထိုအခြေအနေမှာ အချိန်မှီကုသယူမခံယူဖြစ်ပါက ကျောက်ကပ်၏ ၈၀ ရာခိုင်နှုန်းအထိပျက်စီးသွားနိုင် တယ်လို့ အိန္ဒိယနိုင်ငံရှိ Pune Region မှ ကျောက်ကပ်ရောဂါဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်သူ ဒေါက်တာ Avinash Ignatius က သတိပေးထားပါတယ်။
(၂) ခက်ခက်ခဲခဲ ဆီးသွားရခြင်း(သို့)ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း
ဆီးလမ်းကြောင်းပိုး၀င်တဲ့အခါ ခက်ခက်ခဲခဲ ဆီးသွားရခြင်း(သို့)ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း(သို့)ဆီးပူ၍ လိင်အင်္ဂါမှာ ပူ စပ်ပူလောင်ဖြစ်ခြင်း စတာတွေ ခံစားရတတ်ပါတယ်။ ဆီးလမ်းကြောင်းထဲရှိပိုးဟာ ကျောက်ကပ်အထိ ကူးစက်ပျံ့နှံ့သွားပါက အဖျားတက်ပြီး ခါးနာလာပါတယ်။
(၃) ဆီးထဲမှာသွေးပါခြင်း
ဆီးထဲမှာသွေးပါခြင်းက ကျောက်ကပ်မှာပြဿနာရှိနေကြောင်းကို ထင်သာမြင်သာစွာသိနိုင်ပါတယ်။ ထိုအခြေအနေမျိုးကြုံရပါက ဆရာ၀န်ဖြင့် အမြန်ဆုံးကုသမှုခံယူပါ။ (အမျိုးသမီးများ ဓမ္မတာလာစဉ် ဆီးထဲမှာသွေးပါတာမျိုးကိုမဆိုလိုပါ)
(၄) ဆီးအမြှုပ်ထခြင်း
ဆီးသွားနေစဉ်အတွင်း ဆီးထဲအမြှုပ်ထနေတာကို အလွယ်တကူတွေ့မြင်နိုင်ပါတယ်။ ထိုအခြေအနေမျိုးဟာ ခန္ဓာကိုယ်ထဲမှာ ပရို တင်းဓာတ်ချို့တဲ့ခြင်းကြောင်းဖြစ်နိုင်သလို၊ ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာလည်းဖြစ်နိုင်တာကြောင့် မပေါ့ဆဘဲ ဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးသင့်တယ်လို့ အိန္ဒိယနိင်ငံ၊ မွန်ဘိုင်းရှိ ကျောက်ကပ်ရောဂါဆိုင်ရာသုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ Deepa Jayaram က သတိပေးထားပါတယ်။
(၅) ခန္ဓာကိုယ် ဖောသွပ်ခြင်း
ကျောက်ကပ်ပျက်စီးနေသူတိုင်း ကြုံတွေရမည့်လက္ခဏာပါ။ ကျောက်ကပ်ရဲ့တာ၀န်က ခန္ဓာကိုယ်ထဲရှိ မလိုအပ်ဘဲ ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ်ထုတ်ပေးရပါတယ်။ မကျန်းမာတဲ့ကျောက်ကပ်ဟာ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်နိုင်တော့ပါဘူး။ ထိုအ ခါ ပိုလျှံနေတဲ့ဆီးနှင့် အငံဓာတ်တွေက ယူရစ်အက်ဆစ်အဖြစ်ဖောက်ပြန်လာကာ ခြေဖမိုး၊ အဆစ်အမြစ်၊ မျက်နှာ နှင့် လက် ချောင်း လက်ဖျံတွေကို ရောင်ကိုင်းဖောသွပ်စေကာ ကွေးဆန့်နိုင်ဖို့ခက်ခဲသွားပါပြီ။
(၆) အလွန်အမင်း မောပမ်းနွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း
ကျောက်ကပ်တွေက erythropoietin(ခေါ်)ဟိုမုန်းတမျိုးကိုထုတ်လုပ်ပေးပါတယ်။ ၄င်းဟိုမုန်းက သွေးနီဆဲလ်တွေထံသို့အောက် စီဂျင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။ အကယ်၍ ကျောက်ကပ်မှာပြဿနာရှိ၍ ဟိုမုန်းမထုတ်လုပ်ပေးနိုင်တော့ပါက၊ သွေးနီဆဲလ် တွေလည်း လျော့ကျလာပြီး သွေးအားနည်းရောဂါခံစားရသကဲ့သို့ အလွန်အမင်းမောပမ်းနွယ်နယ်၍ ဖျော့တော့လာပါတယ်။
(၇) မူးနောက်၍ အာရုံမစူးစိုက်နိုင်တော့ခြင်း
အထက်ဖော်ပြပါ ဖြူရော်နွမ်းနယ်ခြင်းဟာလည်း ဦးနှောက်ထံသို့အောက်စီဂျင်ရောက်ရှိမှုလျော့နည်းခြင်းနှင့် တိုက်ရိုက်ပတ် သက်နေတာကြောင့်၊ မူးနောက်နောက်ဖြစ်ကာ အာရုံစူးစိုက်နိုင်ခြင်းမရှိတော့ပါဘူး။
(၈) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
ကျောက်ကပ်ပျက်စီးတဲ့အခါ သွေးနီဆဲလ်များယုတ်လျော့သွားတာကြောင့်၊ ပူနွေးတဲ့ ပုံမှန်အခန်းအပူချိန်မှာတောင် ခြေလက်တွေ က အမြဲလိုလိုအေးစက်နေတတ်ပါတယ်။ ချမ်းအေးတဲ့ရာသီဥတု ပတ်၀န်းကျင်မျိုးမဟုတ်ပါဘဲနဲ့အလွန်အမင်းမောပမ်းနွမ်းနယ်၍ ခြေလက်တွေ ရေခဲတုံးတမျှအေးခြင်းဟာ ကျောက်ကပ်ပျက်စီးနေပြီဖြစ်ကြောင်းကို ဖော်ပြတဲ့လက္ခဏာဖြစ်တာမို့ လုံး၀ မပေါ့ဆ သင့်ပါဘူး။
(၉) အရေပြားယားယံ၍ အနီစင်းကြောင်းတွေပေါ်ခြင်း
ဤဖြစ်စဉ်က သာမန်ဓာတ်မတည့်မှု အရေပြား allergy ရောဂါနဲ့ခပ်ဆင်ဆင်တူပါတယ်။ သို့သော်မပေါ့ဆပါနဲ့။ ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်နိုင်တော့ပါက၊ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပုံကျလာတာကြောင့် အရေပြားမသန့်တော့ဘဲ ယားယံခြင်းတွေဖြစ်လာပါတယ်။ ဒါကြောင့် အရေပြား allergy ရောဂါခံစားရပါက၊ အစားအသောက်မှား၍ ဓာတ်မတည့်တာလား ဒါမှမဟုတ် ကျောက်ကပ်ကြောင့် ဖြစ်သလားဆိုတဲ့ အဖြေကို တိတိကျကျဖော်ထုတ်ပါ။
(၁၀) အသက်ရှုလိုက်တိုင်း အမိုးနီးယားဓာတ်ငွေ့နံ့ခံစားရခြင်း
မိမိဖာသာအလွယ်တကူသိနိုင်တဲ့လက္ခဏာပါ။ စွန့်ပစ်ဆီးထဲမှာ urea(ခေါ်)နိုက်ထရိုဂျင်ဓာတ်ပေါင်းတစ်မျိုးပျော်၀င်နေပါတယ်။ ကျောက်ကပ်ပျက်စီးလာလေလေ urea ပျော်၀င်မှုများလေလေဖြစ်တာကြောင့်၊ ထိုဓာတ်ပေါင်းတွေက အမိုးနီးယားဓာတ်ငွေ့နံ့အ ဖြစ် တံတွေးနဲ့ခံတွင်းမှာပျံ့နှံ့ပြီး အသက်ရှုလိုက်တဲ့အခါတိုင်း အမိုးနီးယားနံ့ကို ခံစားရခြင်းဖြစ်ပါတယ်။(အမိုးနီး ယားအနံ့ဟာ ဇ၀က်သာ အနံ့နှင့်ဆင်တူပါတယ်)
(၁၁) အော်ဂလီဆန်၍ပျို့အန်ခြင်း
ကျောက်ကပ်ပျက်စီးလာတဲ့အခါ၊ သွေးထဲမှာစွန့်ပစ်ပစ္စည်းတွေစုပုံလာတာကြောင့် သွေးဆိပ်တက်လာပြီး အော်ဂလီဆန်ပျို့အန် တာ တွေ ခံစားရပါတယ်။
(၁၂) အစာစားချင်စိတ်မရှိခြင်း
နိဒါန်းမှာဖော်ပြခဲ့သလိုဘဲ တချို့ဝေဒနာသည်တော်တော်များများမှာ ရောဂါအခြေအနေဆိုးရွားနေတာတောင် ကျောက်ကပ်ပျက် စီးနေကြောင်းကို သိသာထင်ရှားတဲ့လက္ခဏာတွေ မတွေ့ရတတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်တက်နေတဲ့အခါ ဘာစားစားအ ရသာခံအာရုံမကောင်းတော့ဘဲ အစာစားချင်စိတ်မရှိနိုင်တော့ဘူးလို့ ဒေါက်တာDeepa Jayaram က အကြံပြုထားပါတယ်။
(၁၃) အသက်ရှုမဝြခင်း
ကျောက်ကပ်အခြေအနေဆိုးရွားလာတဲ့အခါ၊ အဆုတ်ထဲမှာအရည်တွေပြည့်လာတဲ့အတွက် အသက်ကောင်းကောင်းမရှုနိုင်တော့ ပါဘူး။ အဲဒီအခါ အသက်ရှုမ၀သလို ခံစားရပြီး၊ ခန္ဓာကိုယ်မှာလည်း အောက်စီဂျင် ငတ်လာပါတယ်။
(၁၄) ခါးဘေးတွေနာခြင်း
အလွယ်တကူသိနိုင်တဲ့ လက္ခဏာဖြစ်ပေမယ့်၊ လူတော်တော်များများက သတိမထားမိတတ်ကြပြန်ပါဘူး။ ခါး၏အနောက်ဖက် အ လယ်ခေါင်တည့်တည့်က နာတာမျိုးမဟုတ်ဘဲ၊ ဘယ်(သို့)ညာ ကျောက်ကပ်ရှိတဲ့ ခါးဘေး၏အနောက်နားက နာခြင်းမျိုးပါ။ ခါး ဘေးရဲ့အနောက်ဘက်နားမှစ၍ ပေါင်ခြံအထိနာတတ်ပါတယ်။ ဥပမာ ကျောက်ကပ်မှဆီးအိတ်သို့ဆီးကို သယ်ဆောင်ပေးသည့် ဆီးပြွန်ရောင်ရမ်းခြင်း၊ ဆီးထဲမှာ အနည်အနှစ်များခြင်း၊ ဆီးကျောက်တည်ခြင်း၊ အထူးသဖြင့် အမျိုးသမီးတွေမှာ ဆီးမကြာခဏ သွား၍ ဆီးအိမ်ရောင်ခြင်း တို့ကြောင့် အဲဒီလိုခါးနာလာရပါတယ်။
ကျောက်ကပ်ပျက်စီးစေနိုင်သော အကြောင်းတရားများ
----------------
(၁) အကိုက်အခဲပျောက်ဆေးတွေထဲမှာပါရှိတဲ့ ibuprofen၊ motrin၊ aleve၊ acetaminophen စတဲ့ဓာတ်များက ကျောက်ကပ် ထဲမှာရှိတဲ့ သွေးကြောတွေကို ကျုံ့၀င်စေကာ ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။ ဆီးရွှင်ဆေးများကလည်း ကျောက်ကပ်ကို ပင်ပင်ပန်းပန်းအားစိုက်၍ အလုပ်ခိုင်းစေကာ ရေဓာတ်ဆုံးရှုံးစေတာကြောင့် ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။ ကိုလက်စထရော ကျဆေးအချို့နှင့် ရိုးတွင်းခြင်ဆီကင်ဆာပျောက်ဆေးများရဲ့ဘေးထွက်ဆိုးကျိုးများကလည်း ကျောက်ကပ်ကျန်းမာရေးကို အဟန့်အတားဖြစ်စေပါတယ်။ ဥပမာ ပနစလင်တို့လို မိမိနှင့်ဓာတ်မတည့်တဲ့ ထိုးဆေးမျိုးကို မှားယွင်းစွာသုံးစွဲမိတဲ့အခါ၊ ကျောက်ကပ်ကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပါတယ်။
(၂) ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို ကမောက်ကမဖြစ်စေပါတယ်။ အကယ်၍ ဆီးချို နှင့် သွေးတိုးရောဂါရှိသူများ ဆေးလိပ်သောက်ခြင်းက၊ ကျောက်ကပ်ကျန်းမာရေးကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
(၃) ရောဂါရှာဖွေရေးကိရိယာများဖြစ်ကြတဲ့ CT scans နှင့် ဓာတ်မှန်ရိုက်ခြင်းဖြင့် ၄င်းတို့မှထွက်လာတဲ့ ရောင်ခြည်များက ကျောက်ကပ်အလုပ်လုပ်ခြင်းကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။
(၄) ဗီတာမင်ဒီ ဆိုတာကလည်း steroid ဟော်မုန်းအမျိုးအစာတစ်ခုဖြစ်၍ ကျောက်ကပ်အပါအ၀င် ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကောင်းကျိုးဖြစ်စေပါတယ်။ လိုအပ်တဲ့ ဗီတာမင်ဒီကို နံက်စောစော နေနုအေးမှ နေပူစာလှုံခြင်းဖြင့် ရရှိနိုင်ပါတယ်။
(၅) ရေသောက်နည်းခြင်း၊ အပူကြီးဖျားနာ၊ ပျို့အန်၊ ၀မ်းသွား၊ ချွေးထွက်လွန် စသည်တို့ကြောင့် ရေဓာတ်ခမ်းခြောက်၍ ကျောက်ကပ်အလုပ်လုပ်မှု အားနည်းသွားစေပါတယ်။
(၆) ဆီးအိမ်ကျွံခြင်း၊ သားအိမ်လျောခြင်း၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်တွင်းအဖုအကျိတ်စတဲ့ ဝေဒနာများကလည်း ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းများကို အဟန့်အတားဖြစ်ကာ ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။
(၇) ဆီးသွားချင်စိတ်ကို လစ်လျူမရှုသင့်ပါဘူး။ အကယ်၍ ဆီးတွေကိုအောင့်ထားမိတဲ့အခါ၊ ဆီးအိမ်ထဲမှ ဆီးဟောင်းတွေကို ဆီး ပြွန်မှတဆင့် ကျောက်ကပ်ထံသို့ ပြောင်းပြန်-ပြန်လည်စီးဆင်းလာပါတယ်။ ထိုဆီးဟောင်းတွေကို ကျောက်ကပ်က ထပ်မံ၍ဇီ၀ ဖြစ်စဉ်အဖြစ် အစာချက်လုပ်တဲ့အခါ ကျောက်ကပ်ညစ်ညမ်းသွားပါတယ်။ (ဒါတင်မကသေးပါဘူး။ အကယ်၍ ဆီးအိမ်ထဲမှာ ဆီး တွေဖောင်းတင်းနေချိန် မတော်တဆယဉ်ထိခိုက်မှု အန္တရာယ်တခုခုကြုံရပါက ဆီးအိမ်ကွဲသွားစေနိုင်ပါတယ်)
(၈) ဆီးလမ်းကြောင်းပိုး၀င်ပါက၊ အချိန်မဆိုင်းဘဲ ဆေးဝါးကုသမှုခံယူသင့်ပါတယ်။ သို့မဟုတ်ပါက ကျောက်ကပ်ကို ဘေးဖြစ်စေ ပါတယ်။
(၉) ပြည့်စုံလုံလောက်တဲ့အနားယူမှုရှိပါစေ။ တစ်နေ့လျှင် ၄ နာရီခွဲခန့်သာ အိပ်စက်သောသူဟာ ရက်သတ္တတစ်ပတ်မျှအကြာမှာ သိသိသာသာ စိတ်ဖိစီးမှုများလာပြီး၊ အိပ်ချိန်ကစဉ့်ကလျားဖြစ်မှုဟာ ကျောက်ကပ်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
(၁၀) ညနေ ၃ နာရီမှ ၅ နာရီအတွင်း ဆီးအိမ်မှ ခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်များကို စွန့်ပစ်ချိန်ဖြစ်သောကြောင့် အနည်းဆုံး တစ်လီတာမှ စ,ပြီး ရေများများသောက်ရန်လိုအပ်ပါတယ်။ ညနေ ၅ နာရီမှ ၇ နာရီဟာ ကျောက်ကပ်အလုပ်လုပ်ချိန်ဖြစ်တာ ကြောင့်၊ ၄င်းအချိန်မှာ ရေချိုးနေစဉ် ဆီးသွားခြင်းရှောင်ပါ။ သို့မဟုတ်ပါက ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။
(၁၁) ဗီတာမင်စီဆေးပြားတွေကို လိုအပ်တဲ့ပမာထက်ပို၍စားသုံးမိတဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။ အ ကိုက်အခဲ ပျောက်ဆေးများကိုလည်း လွန်ကဲစွာစားမိပါကကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။
(၁၂) ရေကို လုံလောက်စွာသောက်ပေးပါ။ ရေဓာတ်ခမ်းခြောက်နေတဲ့ ခန္ဓာကိုယ်ဟာ ကျောက်ကပ်ရေဂါဖြစ်နိုင်ခြေ ၂၀ ရာခိုင် နှုန်းရှိပြီး၊ ရေဓာတ်လုံလောက်နေလျှင် ထိုရောဂါမှ ၆၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ရေဗူးကို မိမိနှင့်လက်တကမ်းမှာ အမြဲထားပြီး၊ ရေဆာတိုင်းသောက်ပေးပါ။ တစ်နေ့ကို သောက်ရေ ၁၀-ဖန်ခွက်ထက်မနည်းသောက်ပါ။(သို့သော် ခြွင်းချက် အနေဖြင့် ကျောက်ကပ်အားနည်းသူ၊ ကျောက်ကပ်ပြဿနာရှိသူ၊ ဆီးချိုပျောက်ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ကျောက်ကပ် မကောင်းသူများဟာ ရေကိုချင့်ချိန်ပြီးသောက်သင့်ပါတယ် သို့မဟုတ်ပါက ကျောက်ကပ်မှာ၀န်ထုပ်၀န် ပိုးဖြစ်စေပါတယ်)
(၁၃) သွေးတိုးခြင်းက ကျောက်ကပ်ထဲမှာ ပရိုတင်းဓာတ်လျော့နည်းစေပြီး ကျောက်ကပ်ကို ဖိစီးမှုဖြစ်စေပါတယ်။ ဒါကြောင့် သွေး တိုးရောဂါမဖြစ်အောင် ကိုယ်အလေးချိန်ထိန်းခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊ အငန်လျော့စားခြင်းတို့ဖြင့် ကျောက်ကပ်ကို ကာကွယ်ပေးသင့်ပါတယ်။
★★★★★★★★★★
ကျောက်ကပ်ကို ကောင်းကျိုးပြုသော အစားအစာများ
(က) ကြက်ဥ ဘဲဥတို့၏အကာ(အဖြူရောင်အကာ) ထဲမှာပါရှိတဲ့ အမိုင်နိုအက်ဆစ်တွေက ကျောက်ကပ်ကိုကျန်းမာစေပါတယ်။
(ခ) ဂေါ်ဖီထုပ်ထဲမှာ ပိုတက်စီယမ်ပါ၀င်မှု လွန်စွာနည်းပါးတဲ့အပြင်၊ ၄င်းထဲရှိ သဘာ၀ဗီတာမင်များ နှင့် အမျှင်ဓာတ်တို့က ကျောက်ကပ်အတွက် အားဆေးဖြစ်ပါတယ်။
(ဂ) မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်းကလည်း သွေးတိုးရောဂါကိုဖြစ်စေပြီး၊
ကျောက်ကပ် ကို သွယ်ဝိုက်သောနည်းဖြင့် ဘေးဖြစ်စေပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝသောအစားအစာများဖြစ်ကြတဲ့ အစေ့အဆံ များ၊ မြေထောက်ပဲများ နှင့် ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)တို့လို ဟင်းရွက်စိမ်းများကို လုံလောက်စွာစားပေးပါ။
(ဃ) အ စိမ်းရောင်ငရုပ်ချိုပွထဲမှာ ပိုတက်စီယမ်ဓာတ် ပါ၀င်မှုနည်းပါးတဲ့အပြင်၊ ၄င်းထဲရှိ သဘာ၀ဗီတာမင်နဲ့သတ္တုဓာတ်တို့က ကျောက် ကပ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းများဖြစ်ကြပါတယ်။
(င) စပျစ်သီးက ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော ယူရစ်အက်ဆစ်များကို ဆီးအဖြစ်ထွက်ရှိလာအောင် တွန်းအားပေးတာကြောင့် ဆီးရွှင်စေကာ၊ ကျောက်ကပ်ကျန်းမာစေတဲ့အပြင်၊ ခန္ဓာကိုယ်တွင်း အ ဆိပ်များကို အရှိန်ဟုန်မြင့် သုတ်သင်ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကိုတိုးမြှင့်ပေးနိုင်၍ ကျောက်ကပ် နှင့် သည်းခြေကို သန့်စင်စေ ပါတယ်။
(စ) ဘယ်ရီသီး မျိုးနွယ်၀င်များဖြစ်ကြတဲ့ စတော်ဘယ်ရီ နှင့် Cranberries(ခေါ်)အချဉ်အရသာရှိတဲ့ ဘယ်ရီသီးအနီ ရောင်တွေထဲမှာပါရှိတဲ့ hippuric အက်ဆစ်ဟာ ခန္ဓာကိုယ်ထဲရှိ ဆီးအဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်ပါတယ်။
(ဆ) ကြိတ် မှန်ရွက် ပဉ္စငါးပါး(အမြစ်ပါ မကျန်တပင်လုံး) ကိုရေစင်စင်ဆေးအခြောက်လှန်း၊ သွပ်ပြားပေါ်တင်ပြာချ၊ ၄င်းပြာကိုသံဒယ်အိုး မှာထည့်၊ ရေနှင့်ဖျော်ပြီး ခန်းခြောက်သွားအောင် အပူပေးချက်ခြင်းဖြင့် ရလာတဲ့ဆေးကို “ကြိတ်မှန်ရွက် ရုက္ခမူဆား” လို့ခေါ်ပါ တယ်။ ၄င်းဆေးကို ထမင်းမစားခင် ဇီးကင်းခန့်နေ့ စဉ် အချိန်မှန်မှန်စားပါ။
(ဇ) မည်သည့်ဌက်ပျောပင်မဆို၊ အူတိုင်ကို ကျောက် ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသား များ ဆီးကျိတ်ဝေဒနာ နှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။
(စျ) ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့ထဲရှိအဆီတို့ဟာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကိုတိုးတက်မြင့် မားလာ စေပြီး၊ ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော၊ အညစ်အကြေးတို့ကို ဆီးအဖြစ်စွန့်ထုတ် ပေးနိုင်လို့ဆီးကျောက်တည်ခြင်း မဖြစ် စေပါဘူး။ အထူးသဖြင့် အမျိုးသားများတွင်ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက၊ ဆီးကျိတ်ကင် ဆာရောဂါကိုလဲ ထိထိရောက်ရောက် တားဆီးကာကွယ်ပေးနိုင်ပါတယ်။
(ည) နာနတ်သီးကို ပန်းသီး(သို့)ဖရဲသီးတို့ဖြင့် တွဲစား ပါက၊ ခန္ဓာကိုယ်ထဲရှိ မလိုအပ်သောအငန်ဓာတ်များကို ဖယ်ရှားပေးပြီး၊ ကျောက်ကပ် နှင့် သည်းခြေတို့ကို အားဖြစ်စေတဲ့အပြင်၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကျောက်ကပ်သန့်စင်စေပါတယ်။
(ဋ) အာလူးထဲမှာ မဂ္ဂနီစီယမ်ဓာတ်မြင့် မားစွာပါရှိပြီး၊ ထိုဓာတ်က ကျောက်ကပ် နှင့်တစ်ရှုးများထဲတွင် ကျောက်ကပ်ကျောက် တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။
(ဥ) ကြံရည်က ကျောက်ကပ်ကို အားပေးပြီး၊ ဆီးချုပ်/ဆီးအောင့်ခြင်းမှ ကာကွယ်ပေးပါတယ်။
(ဌ) ခရမ်းချဉ်သီးကို အစေ့ဖယ်၍ စားခြင်းက ကျောက်ကပ်နှင့်ဆီးအိမ်ကျောက်တည်ခြင်း အလားအလာကို လျော့ချပေးနိုင်ပါတယ်။
(ဏ) မြင်းခွားရွက်ကို နေ့စဉ် မှန်မှန်စားပေးခြင်းဖြင့် ကျောက်ကပ်နဲ့ပတ်သက်သော ဆီးဝေဒနာအမျိုးမျိုးမှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။
ကျောက်ကပ်ကို ဘေးဖြစ်စေသော အစားအစာများ 👪
(က) နို့၊ ဒိန်ချဉ်၊ နို့ခဲ စတဲ့ တိရိစ္ဆာန်မှရရှိသော အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများကို လွန်ကဲစွာ စားသောက်တဲ့အခါမှာ ကျောက်ကပ်ထဲကို ကယ်လ်စီယမ်ဓာတ်များအနည်ကျကာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေပါတယ်။
(ခ) ဆိုဒီယမ်(အငံ)ဓာတ် က ခန္ဓာကိုယ်ထဲရှိအရည်တွေကို မျှတအောင်ထိန်းပေးနိုင်တာကြောင့် ဆားဟာမရှိမဖြစ်အရာပါ။ သို့သော် ဆားနဲ့အငံဓာတ် တွေကို လိုအပ်တာထက်ပိုမိုစားသုံးမိတဲ့အခါ ကိုယ်ထဲမှာ ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှုပိုများစေပြီး၊ အရိုးသန်မာမှုကို ယုတ်လျှော့စေတဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြင်းအလားအလာကိုလည်း ပိုများလာစေပါတယ်။ ဒါကြောင့် ဆားကို လျော့နိုင်သမျှလျော့့စားပါ။
(ဂ) အသားစား မကျုးသင့်ပါဘူး။ အထူးသဖြင့် အမဲ-သိုး-ဆိတ်-ကြက်ဆင် စတဲ့အနီရောင်အသားများ နှင့် ပင်လယ်ငါး၊ ပုစွန် တွေထဲမှာပါ ရှိတဲ့ phosphorus(ခေါ်)မီး စုန်းဓာတ်က ကျောက်ကပ်ကို လုံး၀ ကောင်းကျိုးမပြုပါဘူး။
(ဃ) အရက်အလွန်အကျွံ မသောက်ပါနှင့်။ အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောလ်က အသည်းရောဂါကြောင့် ကျောက်ကပ်ပျက်စီး စေ ပါတယ်။
(င) လျားစောင်းလက်ပပ်ပင်အနှစ်က ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုးပြုသော်လည်း၊ ၄င်းဂျယ်လီကို တစ်ရက် လျှင် ၂၀ စီစီ ပမာဏထက်ပို၍စားပါက ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။
(စ) ဟင်းနုနယ်ထဲတွင် oxalates ဓာတ်ပါရှိသဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံမစားသင့်ပေ။
(ဆ) Oxalates ဓာတ်ကြွယ်၀တဲ့ ဗိုစားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနု နယ်ရွက်တို့က ဆီးကျောက်တည်စေနိုင်တာကြောင့် သင့်တင့်ရုံသာစားပေးပါ။
(ဇ) ဥပမာ အစားအစာတွေကို တာရှည်ခံအောင် ပြုပြင်ထားတဲ့ သား-ငါး-ဟင်းသီးဟင်းရွက်-သစ်သီး၀လံ စည်သွတ်ဗူးများ၊ ကြက်-၀က်အူချောင်းများ၊ ထုံချိုင်းအသားလုံးများ၊ အ သင့်စား ခေါက်ဆွဲ-ကြာဇံခြောက်အထုပ်များ စသည်တို့က အသည်း နှင့် ကျောက်ကပ်တို့ကို အဆိပ်အတောက် ဖြစ်စေနိုင်တာ ကြောင့် ရံဖန်ရံခါသာ စားသုံးသင့်ပါတယ်။
(စျ) သဘာ၀ သစ်သီးဖျော်ရည်မဟုတ်တဲ့ အချိုရည်အမျိုးမျိုးနှင့် ဆိုဒါတို့မှာ တာရှည် ခံအောင်၊ အနံ့ကောင်းအောင် နှင့် အရသာရှိအောင် ဓာတုပစ္စည်းများသုံး၍ ပြုပြင်ထားကြောင့် အာဟာရ(လုံး၀) မဖြစ်စေတဲ့ အပြင် ကျောက်ကပ်ကိုပါထိခိုက်စေပါတယ်။ ထို့နည်းတူ ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်ထဲ့ထားတဲ့ အဖျော်ယမကာများကလည်း ကျောက်ကပ် ထဲရှိ သွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ကဖိန်းဓာတ် များတဲ့ ကော်ဖီ နှင့် လ္ဘက်ရည်များကို အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ပေးတာ ကြောင့်၊ သွေးဖိအားများလာပြီး ကျောက်ကပ်ကို တွန်းအားဖြစ်စေပါတယ်။
Like & Share ပြုလုပ်ခြင်းဖြင့် မိမိပတ်၀န်းကျင်မှ မိတ်ဆွေများအား ကျန်းမာရေးအသိပညာဖြန့်ဝြေခင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေနော်။
Crd #