29/10/2026
"Virgin ၏ အသွင်သစ်၊ အရောင်သစ်နှင့် စာမျက်နှာသစ်"
လွန်ခဲ့တဲ့ (၉) နှစ်က စတင်ခဲ့တဲ့ ကျွန်မတို့ရဲ့ ခရီးစဉ်ဟာ အခုဆိုရင် ပိုမိုပြည့်စုံပြီး ရင့်ကျက်တဲ့ ခြေလှမ်းသစ်တစ်ခုဆီကို ရောက်ရှိလို့လာပါပြီ။ ဒီနေ့မှာတော့ Virgin ရဲ့ အနှစ်သာရတွေကို အကောင်းဆုံး ပုံဖော်ပေးထားတဲ့ Logo အသစ်လေးကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
✨
"Virgin" ဆိုတဲ့ နာမည်လေးဟာ လွန်ခဲ့တဲ့ (၉) နှစ်က အမျိုးသမီးတွေအတွက် အလှပဆုံး ဝတ်စုံလေးတွေ ဖန်တီးပေးချင်တဲ့ ရိုးသားဖြူစင်တဲ့ အစပျိုးစိတ်ကူးလေးကနေ ဆင်းသက်လာတာပါ
အခုချိန်မှာတော့ ဒီနာမည်လေးဟာ ဝတ်ဆင်သူတိုင်းအတွက် အပြည့်ဝဆုံးသော 'စိတ်ကျေနပ်မှု' နဲ့ 'သက်တောင့်သက်သာဖြစ်မှု' ကို ကိုယ်စားပြုတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ပိုမိုခိုင်မာလာခဲ့ပါပြီ။
💙
Logo အသစ်အတွက် အဓိက ရွေးချယ်ထားတဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အပြာရင့်ရောင် (Classic Blue) ဟာ 'ယုံကြည်မှု'၊ 'ခိုင်မာမှု' နဲ့ 'ကျက်သရေရှိမှု' တို့ကို ကိုယ်စားပြုပါတယ်။ ဒီအရောင်လေးက (၉) နှစ်တာ ကာလအတွင်း Customer တွေ ကျွန်မတို့အပေါ် ထားရှိခဲ့တဲ့ ခိုင်မာတဲ့ ယုံကြည်မှုကို ဂုဏ်ပြုထားတာဖြစ်သလို၊ Virgin ရဲ့ ဝတ်စုံတွေကို ဝတ်ဆင်လိုက်တိုင်း အမျိုးသမီးတိုင်း ခံစားရရှိမယ့် ရင့်ကျက်တည်ငြိမ်တဲ့ ယုံကြည်မှုကို ဖော်ညွှန်းထားတာပဲ ဖြစ်ပါတယ်။
🌿
'V' အက္ခရာကို အသည်းပုံ၊ သစ်ရွက်လေးတွေလို နူးညံ့တဲ့ မျဉ်းကွေးလေးတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ပုံသင်္ကေတလေးဟာ အမျိုးသမီးတွေရဲ့ သိမ်မွေ့မှု၊ လွတ်လပ်ပေါ့ပါးစွာ ရှင်သန်ကြီးထွားမှုနဲ့ Virgin ကိုယ်ပိုင်ချုပ်ရုံရဲ့ သေသပ်လှပတဲ့ ချုပ်ရိုးချုပ်သား (Craftsmanships)ကို သိမ်မွေ့စွာ ကိုယ်စားပြုထားပါတယ်။
သင့်ရဲ့ နေ့စဉ်ဘဝကို အသက်တောင့်သာဆုံးနဲ့ ယုံကြည်မှုအပြည့် ဖြတ်သန်းနိုင်ဖို့...
အကောင်းဆုံးသော ဖန်တီးမှုတွေနဲ့အတူ အသစ်ပြန်လည်မွေးဖွားလာတဲ့ Virgin ကနေ ကြိုဆိုပါတယ်