Team Alpha AI

Team Alpha AI USER တွေနဲ့အမြဲအတူရှိနေမဲ့ TEAM ALPHA AI
(1)

24/08/2026

TeamAlpha ကို စတင်တည်ထောင်ခဲ့တာ ဒီနေ့နဲ့ တစ်နှစ်ပြည့်ပါပြီ။ 🎉

ဒီတစ်နှစ်အတွင်း TeamAlpha Tool တစ်ခုတည်းကနေ သိန်း 2000 ကျော် ရှာနိုင်ခဲ့ပါတယ်။

ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။

အခုလက်ရှိ Teamalpha မှာ...

Link တစ်ချက်ထည့်လိုက်ရုံနဲ့
Thumbnail, Caption ကအစ
Ready-to-Post Video တစ်ခုလုံး လိုချင်လား?

အဲ့ဒါတွေအားလုံး TeamAlpha မှာ လုပ်လို့ရပါတယ်။

အခုလက်ရှိမှာတောင် ဒီလောက်လုပ်လို့ရတာ။ နောက်ပိုင်း ဘာတွေထပ်လာမလဲ သိချင်သေးလား?

21/08/2026
ဒီ Post ကို အရေးကြီးလို့ သေချာဖတ်ပေးပါ။လက်ရှိမှာ ကျွန်တော့်ရဲ့ ပုံတွေ၊ နာမည်တွေကို ယူသုံးပြီး ကျွန်တော့်လိုပုံစံနဲ့ Acco...
20/08/2026

ဒီ Post ကို အရေးကြီးလို့ သေချာဖတ်ပေးပါ။

လက်ရှိမှာ ကျွန်တော့်ရဲ့ ပုံတွေ၊ နာမည်တွေကို ယူသုံးပြီး ကျွန်တော့်လိုပုံစံနဲ့ Account / Channel တွေ ဖန်တီးထားတာတွေ တွေ့နေရပါတယ်။

ကျွန်တော့် Channel မှာ တင်ထားတဲ့ Content တွေကိုလည်း ကူးယူပြီး သူတို့ဘက်မှာ ပြန်တင်ထားတာတွေ ရှိပါတယ်။

ဒါကြောင့် အားလုံးကို တစ်ချက် သတိပေးချင်ပါတယ်—

ကျွန်တော့်ပုံနဲ့ ကျွန်တော့်လိုပုံစံဖြစ်နေတာတစ်ခုတည်းနဲ့ Account အစစ်လို့ မယူဆပါနဲ့။

အထူးသဖြင့် ငွေကြေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ မှာ ပိုပြီးသတိထားပေးပါ။

ကျွန်တော်ကိုယ်တိုင် မဆိုင်တဲ့ ငွေတောင်းခံမှု၊ ငွေလွှဲခိုင်းမှု၊ Service / Package ရောင်းချမှုမျိုးရှိလာရင်—

“ဒီလူက ကျွန်တော်ဟုတ်ရဲ့လား?” ဆိုတာ အရင်စစ်ပါ။

Subscriber အရေအတွက်များတာ၊ Profile ပုံတူတာ၊ ကျွန်တော့် Content တွေတင်ထားတာတွေကိုကြည့်ပြီး Account အစစ်လို့ မဆုံးဖြတ်ပါနဲ့။

မသေချာရင် အလွယ်ဆုံးနည်းက—

Video Call နဲ့ တိုက်ရိုက်စစ်ပါ။

ကျွန်တော်နဲ့ တကယ်ဆက်သွယ်နေတာဟုတ်၊ မဟုတ်ကို တိုက်ရိုက် Video Call နဲ့ အတည်ပြုလို့ရပါတယ်။

ဒါကြောင့် အခုတွေ့ထားတဲ့ ဒီအကောင့်အတု Account တွေကို Block + Report လုပ်ထားပါ

နောက်ထပ် အလားတူ Account တွေတွေ့ရင်လည်း Screenshot နဲ့တကွ ကျွန်တော့်ဆီ အသိပေးပေးပါ။

အရေးကြီးဆုံးတစ်ချက် — ငွေကြေးကိစ္စတစ်ခုခုနဲ့ ပတ်သက်လာရင် အကောင့်ကို ချက်ချင်းမယုံပါနဲ့။ အရင်စစ်ပါ။ ကျွန်တော်အနေနဲ့မဟုတ်တဲ့ကိစ္စတွေကိုတာဝန်မယူပေးနိုင်ပါဘူး

ဒီ Post ကို ကိုယ့်မိတ်ဆွေတွေထဲမှာလည်း Share ပေးထားပါ။
အတု Account ကြောင့် တစ်ယောက်ယောက် ငွေဆုံးရှုံးသွားတာမျိုး မဖြစ်စေချင်လို့ပါ။

20/08/2026

⚠️ ဒီလို Account တွေကို လုံးဝ မယုံပါနဲ့!

အခုနောက်ပိုင်း Telegram မှာ ကျွန်တော်တို့နာမည်၊ ပုံစံတွေကို အသုံးပြုပြီး ဆက်သွယ်လာတာမျိုးတွေ ရှိနိုင်ပါတယ်။

ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စဖြစ်ဖြစ်၊ Service နဲ့ပတ်သက်တဲ့ကိစ္စဖြစ်ဖြစ် Account အစစ်ဟုတ်/မဟုတ် သေချာစစ်ပြီးမှ ဆက်လုပ်ကြပါ။

မသေချာရင် အရင်မလုပ်ပါနဲ့။ တစ်ချက်လာမေးပါ။

ကိုယ်သိတဲ့သူတွေလည်း မမှားရအောင် ဒီ Video လေးကို Share ပေးထားပါ။ ⚠️

မပြော မဖြစ်လို့ပြောရပါအုံးမယ်⁉️Teamalpha မှာ သင်တန်း(လုံးဝ လုံးဝ ) မရှိပါ။ကျွန်တော် နာမည် ကျွန်တော် channel ပုံစံ တစ်ပုံ...
20/08/2026

မပြော မဖြစ်လို့ပြောရပါအုံးမယ်⁉️

Teamalpha မှာ သင်တန်း(လုံးဝ လုံးဝ ) မရှိပါ။

ကျွန်တော် နာမည် ကျွန်တော် channel ပုံစံ တစ်ပုံထဲ လိုက်ပွားပြီး သင်တန်းလိုက်ဖွင့်နေတာပါ။

ခံလိုက်ရတဲ့သူတွေအတွက်လဲစိတ်မကောင်းဖြစ်မီပါတယ်။

နောက်ပြီ teamalpha မှာ credit တွေကို Web ကနေပဲ တိုက်ရိုက်ဝယ်လို့ရပါတယ် admin တွေစီကနေ ဝယ်လို့မရပါ။

ကျွန်တော် telegram username က ပါ။

ဗီဒီယိုထုတ်ပြီး Thumbnail ကို သပ်သပ်ပြန်လုပ်နေတုန်းလား?အခုတော့ Video ထုတ်ပြီးတာနဲ့ Thumbnail ကိုပါ တစ်ခါတည်း ထုတ်လို့ရပါ...
16/08/2026

ဗီဒီယိုထုတ်ပြီး Thumbnail ကို သပ်သပ်ပြန်လုပ်နေတုန်းလား?

အခုတော့ Video ထုတ်ပြီးတာနဲ့ Thumbnail ကိုပါ တစ်ခါတည်း ထုတ်လို့ရပါပြီ။

လုပ်ရတာလည်း မခက်ပါဘူး။

ပုံမှန်အတိုင်း Video Processing တစ်ခု Generate လုပ်ပြီးသွားရင် Video Download Button တွေရဲ့အောက်မှာ Thumbnail ဆိုတဲ့ Button လေးရှိပါတယ်။

အဲဒီ Button ကိုနှိပ်လိုက်ရင် ကိုယ်လိုချင်တဲ့ Thumbnail Ratio ကို—

3:4
9:16

ဆိုပြီး option 2 မျိုးနဲ့ ရွေးချယ်နိုင်ပါတယ်။

ဒါဆို Content တစ်ပုဒ်ထုတ်ဖို့အတွက်

🎬 Video ရမယ်
📝 Subtitle ရမယ်
🖼️ Thumbnail ပါရမယ်

တစ်ခုလုပ်ပြီး တစ်ခုလိုက်ပြောင်းလုပ်နေစရာမလိုဘဲ တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ ထုတ်နိုင်သွားပါပြီ။

ဒီ Auto Thumbnail Feature ကို စမ်းသုံးပြီးပြီလား?

ဒီစာတက်လာရင် ဗီဒီယိုမထုတ်ရတော့ဘူးလား?မဟုတ်ပါဘူး။ ဒီ Notice က Error တက်နေတာ မဟုတ်ပါဘူး။TeamAlpha မှာ ဗီဒီယို Link ထည့်လို...
16/08/2026

ဒီစာတက်လာရင် ဗီဒီယိုမထုတ်ရတော့ဘူးလား?

မဟုတ်ပါဘူး။ ဒီ Notice က Error တက်နေတာ မဟုတ်ပါဘူး။

TeamAlpha မှာ ဗီဒီယို Link ထည့်လိုက်တဲ့အခါ Duplicate Source ဆိုပြီး Notice တက်လာတယ်ဆိုရင်—

ဒီ Source Link ကို ကိုယ့်ရှေ့မှာ အသုံးပြုပြီး ဗီဒီယိုထုတ်ထားတဲ့ အကြိမ်ရေကို ပြပေးထားတာပါ။

ဥပမာ Screenshot ထဲမှာဆိုရင် 39 ကြိမ် အသုံးပြုထားတာကို တွေ့ရပါမယ်။ ⚠️

ဒီအရေအတွက် များလာလေလေ၊ ဒီ Source ကို ကိုယ့်ရှေ့မှာ အသုံးပြုထားသူများနေပြီဆိုတာ သိနိုင်ပါတယ်။

ဒါကြောင့် ကိုယ်က ဒီ Source ကို ဆက်သုံးမလား၊ တခြား Source ပြောင်းမလားဆိုတာ copyright risk ကိုပါ ထည့်စဉ်းစားပြီး ကိုယ်တိုင်ဆုံးဖြတ်နိုင်အောင် သတိပေးထားတာပါ။

အဓိကက—

Notice တက်တာ = ဗီဒီယိုထုတ်လို့မရတာ မဟုတ်ပါဘူး။

Source အသုံးပြုမှုများနေပြီဆိုတာ သိအောင် ပြပေးထားတာဖြစ်ပြီး၊ ဆက်လက်အသုံးပြုသင့်/မသင့်ကို ကိုယ်တိုင်ချင့်ချိန်နိုင်ပါတယ်။

📢 စုစုပေါင်း 22,700,920 ကျပ် ထုတ်ပေးပြီးပါပြီ!TeamAlpha မှာ ငွေထုတ်ယူဖို့အတွက် Bank Service အသုံးပြုထားတဲ့သူတွေကို အခုအခ...
15/08/2026

📢 စုစုပေါင်း 22,700,920 ကျပ် ထုတ်ပေးပြီးပါပြီ!

TeamAlpha မှာ ငွေထုတ်ယူဖို့အတွက် Bank Service အသုံးပြုထားတဲ့သူတွေကို အခုအချိန်အထိ—

💰 စုစုပေါင်း 22,700,920 ကျပ်
ငွေထုတ်ပေးပြီးသွားပါပြီခင်ဗျာ။

အခု ကျန်ရှိနေသေးတဲ့သူတွေထဲမှာ
ငွေလွှဲ Slip ပို့ဖို့ မေ့နေတဲ့သူတွေ၊ မပို့ရသေးတဲ့သူတွေရှိရင် ကျွန်တော့်ဆီ တစ်ချက်ပို့ပေးကြပါဦးခင်ဗျာ။

Slip တွေ စုံသွားတာနဲ့ ကျန်ရှိတဲ့စာရင်းတွေကို ဆက်ပြီး စစ်ဆေးလုပ်ဆောင်ပေးသွားပါမယ်။

Slip ပို့ပြီးသားသူတွေကတော့ ထပ်ပို့စရာမလိုပါဘူးခင်ဗျာ။

Admin တွေတောင် အဲ့လောက်မရဘူးဟ 🥺TeamAlpha User တွေကတစ်နေ့တခြား Admin တွေထက် ကြမ်းလာပြီ 😂Payout က တစ်ခု $1,176.36နောက်တစ်ခ...
15/08/2026

Admin တွေတောင် အဲ့လောက်မရဘူးဟ 🥺

TeamAlpha User တွေက
တစ်နေ့တခြား Admin တွေထက် ကြမ်းလာပြီ 😂

Payout က တစ်ခု $1,176.36
နောက်တစ်ခုက $1,785.29

နှစ်ခုပေါင်း $2,961.65 💀

ပြီးတော့ သူမေးလာတာက…

“KPay နဲ့ ရလား ဘရို” တဲ့။

ဟာ… Bro ရယ်
အဲ့လောက်ကြီးကို KPay နဲ့ကြီးလား 🥲

Admin တွေက User တွေကို Service ပေးရင်း
ကိုယ့် User တွေရဲ့ Payout ကို ပြန်အားကျနေရတဲ့ဘဝ ဖြစ်နေပြီ 😂

10/08/2026

1800 လောက်ပဲကျတဲ့ Video က 12 သိန်းလောက် ပြန်ရတယ်ဆိုတော့ ပျော်ပြီလေ Admin တေလည်း Movie recap ပဲ လုပ်တာပါနော်

Address

Sagaing

Alerts

Be the first to know and let us send you an email when Team Alpha AI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Team Alpha AI:

Shortcuts

Share