Creation By " May "

Creation By " May " စိတ်ရှည် ဇွဲရှိခြင်းသည် အခြေခံလိုအ?

ဈေးသည်လေးရဲ့ ဈေးဝယ် ကြီး ငယ် ရွယ်တူ အားလုံး အေးချမ်းကြပါစေရှင်။ 🙏
16/10/2021

ဈေးသည်လေးရဲ့ ဈေးဝယ် ကြီး ငယ် ရွယ်တူ အားလုံး အေးချမ်းကြပါစေရှင်။ 🙏

တောင်တွင်းပဲခြမ်း အမှာလေးတွေ နက်ဖြန်ပိတ်တော့မယ်ရှင့်။ တောင်တွင်းကြီးကနေ စစ်ကိုင်းကို ‌ရောက်ဖို့ တစ်ရက်ကြာလို့ပါရှင့်။☺️န...
16/10/2021

တောင်တွင်းပဲခြမ်း အမှာလေးတွေ နက်ဖြန်ပိတ်တော့မယ်ရှင့်။

တောင်တွင်းကြီးကနေ စစ်ကိုင်းကို ‌ရောက်ဖို့ တစ်ရက်ကြာလို့ပါရှင့်။☺️

နက်ဖြန် မနက်၉နာရီ အမှာစာပိတ်မှာပါနော်။ ☺️

တောင်တွင်းကြီးတိုက်ရိုက် ဒေါ်ညိုပဲခြမ်း၁ပိဿာ ---၇၅၀၀💰၅၀ ကျပ်သား ---၃၇၅၀💰၂၅ ကျပ်သား---၁၉၀၀ 💰Cb📩 or ph-09969247742 📱kbz pa...
16/10/2021

တောင်တွင်းကြီးတိုက်ရိုက် ဒေါ်ညိုပဲခြမ်း

၁ပိဿာ ---၇၅၀၀💰
၅၀ ကျပ်သား ---၃၇၅၀💰
၂၅ ကျပ်သား---၁၉၀၀ 💰

Cb📩 or ph-09969247742 📱
kbz pay, wave pay 🆗
% 🙅

16/10/2021

ကြီး ငယ် ရွယ်တူ ဖောက်သည်များ မင်္ဂလာအပေါင်း ပြည့်စုံပါစေရှင်။
ဈေးသည်လေးလည်း ဖောက်သည်တို့ရဲ့မေတ္တာ စေတနာကြောင့် မင်္ဂလာအပေါင်း ပြည့်စုံရပါလို၏။

ကုန်ဈေးနှုန်းတွေ သယ်ယူပို့ဆောင်ဈေးနှုန်းတွေ ဘယ်လောက်တက်တက် ဈေးသည်လေးဆီက သဘာဝ ဓနိဖူးခြောက်က ဟိုးတုန်းကလည်း 5000💰 အခုလည်း ...
15/10/2021

ကုန်ဈေးနှုန်းတွေ သယ်ယူပို့ဆောင်ဈေးနှုန်းတွေ ဘယ်လောက်တက်တက် ဈေးသည်လေးဆီက သဘာဝ ဓနိဖူးခြောက်က ဟိုးတုန်းကလည်း 5000💰 အခုလည်း 5000ပါနော်။ 😘😘😘😘😘
သီတင်းကျွတ်‌ေရာက်ခါနီးလို့ ဈေးမတက်ပါဘူးနော်။ 📢📢📢

ငါးထုပ်ယူရင် 1000 တောင် သီတင်းကျွတ်အမှတ်တရအဖြစ် cash back ပြန်ပေးဦးမှာ 😲😍

Hi or Hello ☺️
Kbz pay/ wave pay
% 🙅

15/10/2021

တောင်တွင်းကြီးပဲခြမ်း ရောင်းပေးရင် ဝယ်ကြမလား ပြော😊

ဓနိဖူးခြောက်ရေနွေးကြမ်းကိုဘယ်လိုသူတွေသောက်သုံးသင့်သလဲ...?လူကြီး၊လူငယ်၊ကျား၊မ  အသက်အရွယ်မရွေးသောက်သုံးနိုင်ပါတယ်။အထူးသဖြင...
15/10/2021

ဓနိဖူးခြောက်ရေနွေးကြမ်းကိုဘယ်လိုသူတွေသောက်သုံးသင့်သလဲ...?

လူကြီး၊လူငယ်၊ကျား၊မ အသက်အရွယ်မရွေးသောက်သုံးနိုင်ပါတယ်။
အထူးသဖြင့် သွေးတိုး၊ဆီးချို၊နှလုံးသွေးကြောကျဥ်း၊ကျောက်ကပ်နှင့်ဆိုင်သောရောဂါများ၊အာရုံကြောဆိုင်ရာပြဿနာများကိုကြုံတွေ့နေရသူများနှင့် အညောင်းမိအထိုင်များတတ်သူများနေ့စဥ်ပုံမှန်သောက်သုံးပေးသင့်တဲ့ကျန်းမာရေးအထောက်အကူပြုဓာတ်စာဖြစ်ပါတယ်...

သွေးတိုးရောဂါလက္ခဏာများ

သွေးတိုးရောဂါရှိသူတွေရဲ့ပျမ်းမျှသုံးပုံတစ်ပုံခန့်မှာမည့်သည့်လက္ခဏာမှထွေထွေထူးထူးမပြတာကြောင့် မိမိကိုယ်ကိုသွေးတိုးနေမှန်းတောင်မသိကြပါဘူး။လူအများစုမှာဖြစ်တတ်တဲ့ရောဂါအစလက္ခဏာများကတော့ ခေါင်းကိုက်ခြင်း၊ဇက်ကြောတက်ခြင်း၊မူးဝေခြင်း၊အသက်ရှူမြန်လာခြင်း၊အမြင်ဝေဝါးလာခြင်း၊နားအူခြင်း၊မျက်နှာယောင်အမ်းခြင်း၊နှာခေါင်းသွေးလျှံခြင်း၊မျက်ခွံမို့အစ်ခြင်း၊လေးလံထိုင်းမှိုင်းခြင်းတွေဖြစ်တတ်ပါတယ်။အမျိုးသမီးများဓမ္မတာလာနေစဥ်အတွင်းမှာလည်းသွေးဖိအားတိုးတတ်ပါတယ်။

( သွေးတိုးရောဂါရဲ့သဘောသဘာဝဟာ ရောဂါစဖြစ်ပြီဆိုတာနဲ့ဆက်တိုက်သွေးတိုးဖို့သာရှိပါတယ်။ပြန်ကောင်းသွားစရာအကြောင်းမရှိပါ။ရောဂါလက္ခဏာပေါ်သည်နှင့်မပေါ်သည်သာဖြစ်ပါတယ်။သွေးတိုးကျဆေးအမျိုးအစားဟာအခြားသောပဋိဇီဝဆေးအမျိုးအစားများကဲ့သို့ သောက်သုံးသူကိုဆေးယဥ်သွားခြင်း ( ဆေးမတိုးခြင်း) မျိုးလုံးဝမဖြစ်စေပါဘူး။ဒါကြောင့်မိမိသဘောဖြင့်ရောဂါပေါ်လျှင်ဆေးသောက်မည်။မပေါ်လျှင်ဆေးမသောက်ဘဲနေတာမျိုးမပြုသင့်ပါဘူး။မည်သည့်ရောဂါလက္ခဏာမှမပြဘဲနှင့်လည်းသွေးတိုးရောဂါဆိုးဆိုးရွားရွားရှိနေနိုင်တာကိုသတိပြုပါ။

ကိုရီးယားဂျင်ဆင်းထက် Antioxidants ဓာတ် ၄၄ ဆ ပိုကောင်းမွန်ပြီး " ဟဲဂျု့ဆွန်း " လို့ခေါ်တဲ့ဓနိဖူးခြောက်ရေနွေးကြမ်းဟာအခုဆိုရင်တောင်ကိုရီးယားနိုင်ငံမှာ သုံးစွဲသူအများအပြားနဲ့ စျေးကြီးပေးဝယ်သောက်နေရတဲ့ မြန်မာပြည်ရဲ့ထုတ်ကုန်စစ်စစ်တစ်ခုပါ။ကမ္ဘာပေါ်ရှိနေရာတော်တော်များများမှာ ဓနိဖူးခြောက်ကိုအခြေ ခံပြီး
သွေးတိုး၊သွေးညှိဆေးများထုတ်လုပ်ခြင်းအပါအဝင် စားသောက်ဖွယ်ရာ ( ဓနိဖူးခြောက်ရေနွေးကြမ်း) နဲ့အလှကုန်အမျိုးပေါင်း ၉၀ ကျော်ကိုထုတ်လုပ်ဖြန့်ချီလျက်ရှိကြောင်းလေ့လာတွေ့ရှိရပါတယ်။
ယခုအခါမြနိမာပြည်ရဲ့သွေးတိုးရောဂါနှင့်ဆီးချိုရောဂါရာခိုင်နှုန်းမှာလည်းစိုးရိမ်ဖွယ်ကောင်းလာပြီဖြစ်ပါသဖြင့် " ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုမိုထိရောက်သည် " ဟုဆိုသလိုဓနိဖူးခြောက်ရေနွေးကြမ်းကိုနေ့စဥ်သောက်သုံးခြင်းဖြင့်ရောဂါမဖြစ်ပွားအောင်တားဆီးကာကွယ်ပေးနိုင်ကြောင်းနိုင်ငံတကာသုတေသီများမှလေ့လာတွေ့ရှိထုတ်ပြန်ထားပါသည်။

ဓနိဖူးခြောက်သည် Cholesteral ကိုလျော့ကျစေသောကြောင့်စားဝင်အိပ်ပျော်စေပြီးနှလုံးနှင့်ဆိုင်သောရောဂါများကိုလည်းသက်သာပျောက်ကင်းစေပါသည်။သွေးလည်ပတ်မှုပုံမှန်ဖြစ်စေသည့်အပြင်အာရုံကြောနှင့်မျက်စိကိုလည်းအထောက်အပံ့ဖြစ်စေသည်။အဆီလျော့ကျစေသည့်အပြင်အိပ်မပျော်ခြင်းအရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းညောင်းညာကိုက်ခဲခြင်းများအတွက်အထူးသင့်တော်ပါသည်။နေ့စဥ်မှန်မှန်သောက်သုံးခြင်းအားဖြင့်ဆီး၊ဝမ်းမှန်အသားရည်စိုပြေလှပစေပါသည်။ကင်ဆာရောဂါမဖြစ်အောင်အထူးတားဆီးကာကွယ်ပေးပါသည်။

ယခုကဲ့သို့ကျန်းမာရေးအတွက်အကျိုးကျေးဇူးများပြားသောကျန်းမာရေးအထောက်အကူပြုဓနိဖူးခြောက်ရေနွေးကြမ်းကိုကျွန်တော်တို့ MOMOKO အမှတ်တံဆိပ်ဓနိဖူးခြောက်ရေနွေးကြမ်းလုပ်ငန်းမှ 150 g အထုပ်ကြီးတစ်ထုပ်လျှင် 5000ks နှုန်းဖြင့်တစ်နိုင်ငံလုံးအနှံ့ဖြန့်ချီရောင်းချပေးနေပါပြီ။

# လေ့လာမှီငြမ်း

ယုံကြည်စွာ အားပေးကြလို့ ကျေးဇူးအထူးတင်ပါတယ်ရှင့် 🙏ဓနိဖူးခြောက်ရဲ့အကျိုးကို သိတဲ့သူတွေတော့ လက်မနှေးကြတော့ဘူးနော် 💓😘💓
14/10/2021

ယုံကြည်စွာ အားပေးကြလို့ ကျေးဇူးအထူးတင်ပါတယ်ရှင့် 🙏

ဓနိဖူးခြောက်ရဲ့အကျိုးကို သိတဲ့သူတွေတော့ လက်မနှေးကြတော့ဘူးနော် 💓😘💓

📢 Instock ရှိပါပြီနော်။ 📢ကြိုက်သလောက် မှာယူအားပေးနိုင်ပါပြီ 😊
14/10/2021

📢 Instock ရှိပါပြီနော်။ 📢

ကြိုက်သလောက် မှာယူအားပေးနိုင်ပါပြီ 😊

🌿 "ဓနိဖူး၏ ဆေးဖက်ဝင်ပုံများ "🌿📌 ကျန်းမာရေးနှင့်ပတ်သက်၍အဓိကအကြောင်းအရာတွင် Nipa Palm ၏ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း...
13/10/2021

🌿 "ဓနိဖူး၏ ဆေးဖက်ဝင်ပုံများ "🌿

📌 ကျန်းမာရေးနှင့်ပတ်သက်၍အဓိကအကြောင်းအရာတွင် Nipa Palm ၏ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း ပြန်လည်တင်ပြပေးချင်ပါသည်။
Nipa Palm သည် အခြားအပင်နှင့်အသီးများတွင် ရှိသော ဗီတာမင် စီနှင့် ဗီတာမင် အေ တို့ထက်ပါဝင်မှုအပိုင်းပိုများကြောင်းတွေ့ရှိရသည်။

ကျွမ်းကျင်သောသုတေသနပညာရှင်များ၏သုတေသနစမ်းသပ်ချက်များအပြီးတွင် ဓနိပင်တွင် အလွန်ကောင်းသော Antioxidants ဓာတ်များစွာပါဝင်ကြောင်းအတည်ပြုပြီးဖြစ်သည်။
ဓနိပင်နှင့်ပက်သက်၍ ထူးခြားသောအချက်အလက်များအပြင် ကျန်းမာရေးဆိုင်ရာ အံ့သြစရာအကျိုးကျေးဇူးများစွာကိုလေ့လာတွေ့ရှိရပါသည်။
ထို့ကြောင့် ကျွန်တော်တို့အနေနဲ့လည်း Nipa Palm ၏အကျိုးကျေးဇူးများကိုလေ့လာတင်ပြပေးသွားပါ့မယ်။

✅ ( 1)As cancer killer substances

ကင်ဆာသည်များစွာသောအကြောင်းအရင်းများကြောင့်ဖြစ်သောရှားပါးရောဂါတစ်ခုဖြစ်ပြီးကင်ဆာဆဲလ်သည် ထူးဆန်းသောဆဲလ်တစ်ခုဖြစ်သည်။
Nipa Palmသည် Antioxidant ဓာတ်အလွန်ကောင်းသောကြောင့် ကင်ဆာကိုကုသရန်ဆေးဘက်ဝင်အပင်များမှ တစ်ခုဖြစ်လာပါသည်။
ထို့ကြောင့် Nipa Palm Tea ဓနိဖူးခြောက်ရေနွေးကြမ်းကိုနေ့စဥ်သောက်သုံးပေးခြင်းအားဖြင့်ကင်ဆာရောဂါကို တားဆီးကာကွယ်နိုင်သည့်အပြင် ကင်ဆာရောဂါဝေဒနါရှင်များအနေနဲ့လည်းလျော့ကျသက်သာစေနိုင်ပါသည်။

✅ ( 2)Free Radical

Nipa Palm တွင်ရှိသော Antioxidant ဓာတ်သည် သဘာဝAntioxidant ဓာတ်ဖြစ်သောကြောင့် ၄င်းသည် Free Radical မှတားဆီးနိုင်သည်။
Free Radical သည် နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါစသည်တို့ကဲ့သို့သော မည်သည့်ရောဂါကိုမဆိုဖြစ်စေနိုင်သည်။
ထို့ကြောင့်ဓနိဖူးခြောက်ရေနွေးကြမ်းသည် နှလုံးနှင့်ဆိုင်သောရောဂါများနှင့် ကျောက်ကပ်နှင့်ဆိုင်သောရောဂါများကိုတားဆီးကာကွယ်ပေးနိုင်သည်။

✅ ( 3)ချောင်းဆိုး ၊ဖျားနာ ၊လည်ချောင်းနာ

ရှေးယခင်ဆေးမှတ်တမ်းများတွင်ဓနိပင်မှထွက်သောအရည်ကိုခံယူကာသဘာဝပျားရည်ဖြင့်ရောသောက်ခြင်းဖြင့်ချောင်းဆိုးခြင်းရောဂါကိုပျောက်ကင်းကြောင်းတွေ့ရှိရသည်။လကိတွေ့တွင်လည်းဓနိဖူးခြောက်ရည်ကိုသောက်သုံးခြင်းဖြင့်
ခန္ဓာကိုယ်အပူချိနိကိုထိန်းထားပေးပြီး
ချောင်းဆိုးခြင်း ၊ ဖျားနာခြငိးနှင့် လည်ချောင်းနာခြင်းများကိုလည်းသက်သာပျောက်ကင်းစေသည့်အပြင်
အစားအစာဓာတ်မတည့်မှု Allergies ကြောင့်ဖြစ်သော အရေပြားယားနာရောဂါများနှင့်အဖုအပိန့်များထွက်ခြင်းကိုလည်းသက်သာပျောက်ကင်းစေပါသည် ။

✅ ( 4 )သွေးတိုးနှင့် ဆီးချိုရောဂါကိုလည်းအထူးတားဆီးကာကွယ်ပေးသည့်အပြင် Cholesteralကိုလျော့ကျစေသောကြောင့်စားဝင် ၊အိပ်ပျော်ပြီး နှလုံးနှင့်ဆိုင်သောရောဂါများကိုလည်းသက်သာပျောက်ကင်းစေပါသည်။

✅ ( 5) ဆီး၊ဝမ်း မှန် အသားရည်စိုပြည်လှပစေပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါသည်။

✅ ( 6 ) Prevent from obesity အဝလွန်ခြင်းမှလည်းကာကွယ်ပေးနိုင်သည်။

✅ ( 7) Clear up Toxin

Nipa Palm သည် သဘာဝ Antioxidant ဓာတ်များစွာပါဝင်သောကြောင့်ခန္ဓာကိုယ်အတွင်းရှိအဆိပ်အတောက်များကို ရှင်းလင်းပေးပါသည်။

✅ ( 8)မျက်ရိုးကိုက်ခြင်းမျက်စိအတွင်းတိမ်စသော အမြင်အာရုံဝေဝါးခြင်း အာရုံကြောကြောင့်ဖြစ်သောရောဂါများကိုလည်းသက်သာပျောက်ကင်းစေပါသည်။

✅ ( 9 ) ခေါင်းကိုက်နေလား...?
ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်နေလား... ?
ဓနိဖူးခြောက်ရေနွေးကြမ်းကိုသောက်ခြင်းဖြင့်ခေါင်းကိုက်ခြင်းဝေဒနါကိုသက်သာပျောက်ကင်းစေသည်။ထို့ပြင်သွားကိုက်ခြင်းနှင့်သွားဖုံးရောင်ခြင်းကိုလညိးသက်သာပျောက်ကင်းစေသည်။

Nipa Palm နှင့်ပက်သက်ပြီးလေ့လာစရာများစွာသည် များပြားကျယ်ပြန့်လှပါသည်။
အသေးစိတ်လေ့လာချင်သူများအနေဖြင့်လည်း Google တွင်ရှာဖွေလေ့လာနိုင်ပါသည်။

Ⓜ MOMOKO ( အစ / ဧရာဝတီ - ၀၀၅၇၆)Ⓜ

ဓနိဖူးခြောက် ရခိုင်မှာဆိုတော့ဓ နိပေါတယ်။‌ရေခြောက်ခပ်သလိုမျိုး ဓနိဖူးခြောက်ကို ရေနွေးထဲထည့်သောက်လို့ရတယ်။အဖြူရောင်မဖြစ်မခ...
13/10/2021

ဓနိဖူးခြောက်

ရခိုင်မှာဆိုတော့ဓ နိပေါတယ်။‌ရေခြောက်ခပ်သလိုမျိုး ဓနိဖူးခြောက်ကို ရေနွေးထဲထည့်သောက်လို့ရတယ်။အဖြူရောင်မဖြစ်မချင်း အာနိသင်မပြေဘူး။အာနိသင်တို့ကတော့ သွေး တိုး ဆီးချို သွေးတွင်းအဆီဓါတ်တွေကို ခြေဖျက်နိုင်တယ်ပြီးတော့ အစာအိမ်သမားများအတွက်လည်းသက်သာစေတယ်။အစွမ်းထက်လှပါတယ်ဆိုတဲ့

ကိုရီးယားဂျင်စင်းထက် ၄၄ ဆပိုပြီး အ စွမ်းသတ္တိရှိတဲ့ မြန်မာပြည်က ဓနိဖူးခြောက်အကြောင်း – ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတော များတွင် ဖြစ်ထွန်း သည်။ အုန်းပင်ပေါက်နှင့် ဆင်တူပါသည်။ အခြားသီးနှံများ ကဲ့သို့ ဓာတ်မြေသြဇာ ကျွေးရခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း လုံး၀ လုပ်စရာ မလိုသောအပင်ဖြစ်ကာ ဒီရေ များနှင့်ပါလာသော နုန်းမြေ များသည် ဓနိခြံ အတွင်းတွင်

တင်ကျန်နေခဲ့ပြီးသဘာ ဝမြေသြဇာ အဖြစ်နှင့်ဓနိပင် များ ကို ကြီးထွားစေသောကြောင့် ဓနိထွက် အစား အ စာမှန်သမျှ သဘာဝစစ်စစ် အော်ဂင်းနစ်များသာ ဖြစ်ပေသည်။ ဓနိပင်သည် လူသားတို့အတွက် အသုံး အ ဆောင်များအစားအစာများ ပေးစွမ်းသည်သာမက ဓနိဖူးသည် ဂျင်စင်းထက်သာသော ဆေး ဘက်ဝင် အဖိုးတန်ရတနာ တပါးဖြစ်နေသည်ကို သိရှိသူ ရှားပါးလှပေသည်။

ဓနိဖူးခြောက်သည် ကိုးရီးယားလူမျိုးအများစုရဲ့တန်ဖိုးထားရသော ဂျင်ဆင်းထက် ဓနိဖူးတွင် A n t io x i d a n t အဆပေါင်း ၄၄ဆပိုသည်ဟု ကိုရီးယား အစားအစာနှင့်အဟာရပညာရှင်များ ဆိုပါသည်။

ထို့ကြောင့် ယခုအခါ ဓနိဖူးခြောက်သည် ကိုးရီးယားနိုင်ငံ၏ VIP အစားအစာအဖြစ်နေရာယူလျက်ရှိနေပါသည်။ဓနိဖူးကို ကိုရီးယားလို 해죽순 ဟဲဂျု့ဆွန်းလို့ ခေါ်တယ်။ ဟဲဂျု့ဆွန်းကို Y o u t u b e မှာ ရှာကြည့်လိုက်တော့အားပါးပါး ဓနိဖူးကို သုတေသနပြုထားတာတွေ ဓနိဖူးရဲ့ အကျိုးအာနိသင်တွေ ပြောပြထားတာ အ့ံသြစရာပါပဲ ။

ဓနိဖူးခြောက် သာက်သုံးခြင်းဖြင့် ရ ရှိနိုင်သော အကျိုး ကျေးဇူးများ – ဆီးချို သွေးချို သွေးတိုး အရေပြားယားနာအမျိုးမျိုး သွေးတွင်းအဆီများခြင်းနှင့် အစာအိမ်ရောဂါများ ပျောက်ကင်းနိုင်ပါသည်။သောက်သုံးနည်းကတော့ ရေနွေးနဲ့စိမ် အရောင်မပြောင်းမချင်း ရေနွေးထည့်သောက ်အာနိသင်မပြယ်ပါ။ အဖြူရောင်ဖြစ်မှ ဓနိဖူးအားသွန်ပစ်ပါ။

မြန်မာပြည်မှာတော့ဓနိဖူးခြောက်ရေနွေးကြမ်းကို တွင်တွင်ကျယ်ကျယ် မသောက်တတ်ကျသေးပေမယ့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှာတော့ ဈေးကြီးတဲ့ပစ္စည်းပါ။

ယခုမြန်မာပြည်မှာ စတင်ထုတ်လုပ်နေပြီဆိုတော့ မိမိ၏ ကျန်းမာရေးကို အထူးအထောက် အ ကူပြုသောမြန်မာပြည်ဖွား ဓနိဖူးခြောက် ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးသင့်ပါကြောင်း စေတနာများစွာဖြင့် ရေးသားတိုက်တွန်းလိုက်ရလေတော့သတည်း ။

Credit – မြင့်မိုရ်ဦး (လမ်းပြကြယ်စင် စာပေပရဟိတ မဂ္ဂဇင်း)

Address

Sagaing

Website

Alerts

Be the first to know and let us send you an email when Creation By " May " posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share