Pa Pa Wa di

Pa Pa Wa di Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pa Pa Wa di, Lama. 183, South Rupa quarter, Sittwe.

🍀ဈေးနှုန်းမှန်ကန်စွာနဲ့ ခရီးသွားကြပါ
မေ🎯
🍀ပျော်စရာအချိန်လေးတွေကို ခရီးထဲမှာ ဖန်တီးကြပါမေ🎯
🍀သင့်အတွက် စိတ်ချရတဲ့ ခရီးသွားဝန်ဆောင်မူ🎯
🍀ကိုယ်တိုင်လည်း ခရီးသွားနေကျသူမို့ အဆင်ပြေတဲ့ ခရီးတွေဖြစ်ဖို့ ဝန်ဆောင်မူပေးပါရစေ🎯

🍀Adminတို့ညီအစ်မ နှစ်ယောက်စလုံးကK-Drama &Thai Series Fan တွေမို့Fan Meeting /Tour/Show တွေရှိရင် အမြဲတမ်း Promotion တွေလ...
23/06/2026

🍀Adminတို့
ညီအစ်မ နှစ်ယောက်စလုံးက
K-Drama &Thai Series Fan တွေမို့
Fan Meeting /Tour/Show တွေရှိရင်
အမြဲတမ်း Promotion တွေလုပ်သွားမှာပါ🍀
(ဘောလီဝုဒ် Actors တွေရဲ့ activities တွေလည်းပါပါတယ်ရှင့်)

🍀 Admin အကြီးဆိုရင်
အခု Heo Nam-Jun ရဲ့ ပန်ကာ
အသစ်ဖြစ်လာတာမို့
Heo Nam-Jun မှာ
Fan Meeting ရှိလာရင်
Promotion တွေ ထပ်လုပ်အုံးမှာပါ😁🍀
(ကြိုပြီး ‌ကြော်ငြာထားတာပါ)

🎯 Fandom တွေ အတွက်သာမက
အခြား မိတ်ဟောင်းမိတ်သစ်များအတွက်လည်း
Admin တို့ အနေနဲ့
Promotion တွေ ထပ် ပြီး ရှိတာမို့
2026 ထဲမှာ
Admin တို့ဆီက ဝယ်ယူအားပေးခဲ့တဲ့
တယောက်ချင်းစီတိုင်းကို
Cashback 1,000 -10,000 MMK အထိ့
လာမယ့် အောက်တိုဘာလထဲမှာ
Random စနစ်နဲ့
ပြန်လည်ပေးအပ်သွားမှာပါရှင့်🌴

🎯ကားလက်မှတ်၊လေယာဉ်လက်မှတ်၊
Tour Package, Accomodations အပါအဝင်
Visa Service အားပေးဝယ်ယူထားတဲ့
တယောက်ချင်းစီကို
Admin တို့သေချားလေး
Noteလေး ယူထားတာမို့
အောက်တိုဘာလကုန်ရင်
အားလုံးကံကောင်းကြပါစေလို့
ဆုမွန်လိုက်ပါတယ်ရှင့်🙏🙏🙏

🎯Heo Nam Jun ပုံလေးက
အဆစ်ထည့်လိုက်တာပါ😁😁😁



🍀အဝေးကြီးကနေပဲ ငေးနေရတဲ့ ကိုယ့်ရဲ့အချစ်တော်ကြီး Byeon Woo Seok (ဝူဆော့) ကို လူကိုယ်တိုင် အနီးကပ်သွားတွေ့ပြီး အားပေးဖို့ ...
23/06/2026

🍀အဝေးကြီးကနေပဲ ငေးနေရတဲ့ ကိုယ့်ရဲ့အချစ်တော်ကြီး Byeon Woo Seok (ဝူဆော့) ကို
လူကိုယ်တိုင် အနီးကပ်သွားတွေ့ပြီး အားပေးဖို့ ပြင်ဆင်နေကြပြီလားဟင်... 🥺💙

🩵ဝူဆော့ရဲ့ "The Secret Library" Asia Fanmeeting Tour ပွဲလေးတွေကို သွားရောက်အားပေးမယ့် ချစ်ရတဲ့ "Woo Che Tong" (우체통) အားလုံးအတွက် Papawadi Travels & Tours ကနေ အတူတူရင်ခုန်ရင်း အထူးသက်သာမယ့် ခရီးစဉ် Cash Back အစီအစဉ်လေး လုပ်ပေးထားပါတယ်ရှင့်🥳✨

🌳ကိုယ့်ရဲ့ အချစ်တော်လေးရှိရာ ၈ မြို့နယ်စလုံး (Seoul, Bangkok, Yokohama, Singapore, Taipei, Manila, Jakarta, Hong Kong) အတွက် ခရီးစဉ်တွေ စီစဉ်ပေးနေပါပြီနော်။ 🥰

🌟 ဖန်တွေအတွက် အထူးသီးသန့် Cash Back ခံစားခွင့် 🌟

• One-Way (အသွား သို့မဟုတ် အပြန်) ခရီးစဉ်တစ်ခု ဝယ်ယူတိုင်း - ၅,၀၀၀ MMK Cash Back 💸
• Round Trip (အသွားအပြန်) ခရီးစဉ် ဝယ်ယူမယ်ဆိုရင်တော့ - ၁၀,၀၀၀ MMK Cash Back တန်းပြန်ရမယ့် အထူးအခွင့်အရေးပါရှင့်။ ✨

🎯ဝူဆော့ကို သွားတွေ့မယ့် ခရီးလမ်းမှာ စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေပြေ သွားနိုင်ဖို့အတွက် Ticket ဖြတ်တာကအစ အစစအရာရာကို Papawadi ကနေ အကောင်းဆုံး တာဝန်ယူကူညီပေးပါရစေနော်။ 🤝✈️

🎯ပွဲလေးတွေ သွားဖို့အတွက်ဖြစ်ဖြစ်၊ အသေးစိတ် စုံစမ်းချင်တာပဲဖြစ်ဖြစ် Page Messenger ကနေဖြစ်စေ၊ အောက်ကဖုန်းနံပါတ်တွေဆီဖြစ်စေ အချိန်မရွေး လှမ်းခဲ့ပေးပါနော်။
🎯 ကိုယ်တိုင်လည်း ဝူဆော့ရဲ့ ဖန်မို့လို့ သူငယ်ချင်းတွေလို စကားပြောရင်း အကောင်းဆုံး စီစဉ်ပေးပါ့မယ်ရှင့်။ 💙

📞 Papawadi Travels & Tours သို့ ဆက်သွယ်ရန် နံပါတ်များ👇👇👇
• 09-442728313
• 09-421769288
• 09-442816653

📧Email:[email protected]

💜✈️ BTS World Tour Arirang  (BKK) December 2026 အတွက် သတင်းကောင်းလေး 💜✈️🎯ARMY လေးတွေ အတွက် ပပဝတီမှ အထူးအစီအစဉ်လေး လာပါပြ...
23/06/2026

💜✈️ BTS World Tour Arirang (BKK) December 2026 အတွက် သတင်းကောင်းလေး 💜✈️

🎯ARMY လေးတွေ အတွက် ပပဝတီမှ အထူးအစီအစဉ်လေး လာပါပြီနော် 🥰

🎯ဒီဇင်ဘာလ BTS Tour (Bangkok) 🇹🇭
(ရန်ကုန် ✈️ ဘန်ကောက် /ဘန်ကောက်✈️ ရန်ကုန် ) အတွက် လေယာဉ်လက်မှတ် ဝယ်ယူမယ့် ARMY တိုင်းကို တစ်စောင်ဝယ်ယူတိုင်း
5,000 MMK Cash Back ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ် 💸💜

🎯ကိုယ်ချစ်ရတဲ့ BTS ကို သွားရောက်အားပေးဖို့ စီစဉ်နေပြီဆိုရင် အခုအခွင့်အရေးလေးကို လက်မလွတ်လိုက်ပါနဲ့နော် ✨

🎫 BTS Tour (BKK) အတွက်လေယာဉ် လက်မှတ်ဝယ်ယူရုံနဲ့
💵 5,000 MMK Cash Back ရယူနိုင်မယ်
✈️ အဆင်ပြေချောမွေ့တဲ့ ခရီးစဉ်စီစဉ်မှု
💜 ARMY တွေအတွက် အထူးရည်ရွယ်ထားတဲ့ Promotion

🎯အသေးစိတ် သိရှိလိုပါက အောက်ဖော်ပြပါများသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် 🤗

📞09-442 728 313
📞09-421 769 288
📞09-442 816 653
📧 [email protected]

#ပပဝတီ





💜✈️

22/06/2026
တခါလောက်တော့ဒီအလှတွေကို ကိုယ့်မြန်မာတွေပေါ့ပေါ့ပါးပါး ခံစားစေချင်မိ့ပါတယ်🎯
22/06/2026

တခါလောက်တော့
ဒီအလှတွေကို ကိုယ့်မြန်မာတွေ
ပေါ့ပေါ့ပါးပါး ခံစားစေချင်မိ့ပါတယ်🎯

22/06/2026

ကိုရီးယားမှာ မြန်မာလူမျိုးတွေလို တိုင်းရင်းသားတွေ ရှိလား
မြန်မာနိုင်ငံမှာ “တိုင်းရင်းသား” လို့ပြောလိုက်တာနဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးကြီးတွေကို စဉ်းစားမိကြပါတယ်။ တောင်တန်းဒေသ၊ မြစ်ဝှမ်းဒေသ၊ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ မတူညီတဲ့ ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုတွေ ပေါင်းစုံနေထိုင်ကြတာ မြန်မာနိုင်ငံရဲ့ ထူးခြားချက်တစ်ခုပါ။
ဒါဆို ကိုရီးယားမှာလည်း မြန်မာလို တိုင်းရင်းသားတွေ ရှိလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာကောင်းပါတယ်။ အဖြေကို တိုတိုပြောရရင် ကိုရီးယားမှာ မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းများစွာရှိတဲ့ ပုံစံမျိုး မရှိပါဘူး။ ကိုရီးယားလူမျိုးအများစုက ကိုယ့်ကိုယ်ကို “한민족”၊ “조선민족” လို့ခေါ်တဲ့ ကိုရီးယားလူမျိုးတစ်မျိုးတည်းအဖြစ် ခံယူကြပါတယ်။ ဘာသာစကား၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုအမြစ်တွေ အတော်လေးတူညီနေကြတာကြောင့် ကိုရီးယားကို လူမျိုးရေးအရ တစ်မျိုးတည်းနီးပါးရှိတဲ့ နိုင်ငံလို့ မြင်ကြပါတယ်။
သို့သော် “လုံးဝ မတူကွဲပြားမှုမရှိဘူး” လို့ဆိုလို့တော့ မရပါဘူး။ ကိုရီးယားမှာလည်း ဒေသအလိုက် အကျင့်စရိုက်၊ စကားပြောသံ၊ အစားအသောက်၊ ယဉ်ကျေးမှုကွာခြားချက်တွေ ရှိပါတယ်။ ဥပမာ ဂျွန်လာဒေသ၊ ကျောင်ဆန်ဒေသ၊ ချွန်ချောင်ဒေသ၊ ဂန်ဝန်ဒေသ၊ ဂျယ်ဂျူကျွန်းတို့ဟာ တစ်နေရာနဲ့တစ်နေရာ စကားသံ၊ အစားအသောက်အရသာ၊ လူမှုစရိုက်တွေ ကွာခြားကြပါတယ်။ ဒါပေမယ့် ဒီကွာခြားချက်တွေကို မြန်မာနိုင်ငံလို “တိုင်းရင်းသားလူမျိုး” အဖြစ် မခွဲခြားကြဘဲ “ဒေသခံယဉ်ကျေးမှု” အဖြစ်သာ မြင်ကြတာများပါတယ်။
ဒီထဲမှာ အထူးခြားဆုံးကတော့ ဂျယ်ဂျူကျွန်းသားတွေပါ။ ဂျယ်ဂျူကျွန်းမှာ ကိုယ်ပိုင်စကားသံ၊ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ပင်လယ်နဲ့ဆက်နွယ်တဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ အတော်လေးထူးခြားပါတယ်။ ဂျယ်ဂျူအမျိုးသမီးရေငုပ်သမား “Haenyeo” ယဉ်ကျေးမှု၊ ကျွန်းသူကျွန်းသားတွေရဲ့ ယုံကြည်မှုနဲ့ ဘဝနေထိုင်မှုပုံစံတွေက ကိုရီးယားပြည်မနဲ့ မတူညီတဲ့ အရသာရှိပါတယ်။ ဂျယ်ဂျူစကားဟာလည်း ပျောက်ကွယ်အန္တရာယ်ရှိတဲ့ ဘာသာစကားအဖြစ် သတ်မှတ်ခံထားရလောက်အောင် ထူးခြားပါတယ်။ ဒါပေမယ့် ဂျယ်ဂျူလူမျိုးတွေကိုလည်း မြန်မာလို သီးခြားတိုင်းရင်းသားတစ်မျိုးအဖြစ် မသတ်မှတ်ကြဘဲ ကိုရီးယားလူမျိုးထဲက ဒေသခံယဉ်ကျေးမှုတစ်ခုအဖြစ်သာ မြင်ကြပါတယ်။
ကိုရီးယားရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကွဲနေခြင်းပါ။ ဒီကွဲပြားမှုက လူမျိုးကွဲလို့မဟုတ်ဘဲ နိုင်ငံရေးစနစ်၊ စစ်အေးခေတ်သမိုင်းနဲ့ အစိုးရအုပ်ချုပ်မှုပုံစံကြောင့် ဖြစ်လာတာပါ။ မြောက်ကိုရီးယားသားနဲ့ တောင်ကိုရီးယားသားတွေဟာ အခြေခံအားဖြင့် ကိုရီးယားလူမျိုးတစ်မျိုးတည်း ဖြစ်ပေမယ့် နှစ်ပေါင်းများစွာ ခွဲနေရတဲ့အတွက် စကားအသုံးအနှုန်း၊ ဘဝနေထိုင်မှု၊ စိတ်ဓာတ်ပိုင်းမှာ ကွာခြားလာကြပါတယ်။
ယနေ့ခေတ်တောင်ကိုရီးယားမှာတော့ နိုင်ငံခြားသားနေထိုင်သူတွေ ပိုများလာပါတယ်။ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မောင်ဂိုလီးယား၊ အမေရိကန်၊ အရှေ့တောင်အာရှနိုင်ငံတွေက အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ လက်ထပ်ရွှေ့ပြောင်းလာသူတွေရှိလာပါတယ်။ ထိုအထဲမှာ ကိုရီးယားနွယ်ဖွားတရုတ်နိုင်ငံသား “Joseonjok”၊ အလယ်အာရှဒေသက ကိုရီးယားနွယ်ဖွား “Koryo-saram” တို့လည်း ပါဝင်ပါတယ်။ သူတို့ဟာ ကိုရီးယားသွေးနွယ်ရှိပေမယ့် နိုင်ငံသားအရ တရုတ်၊ ဥဇဘက်ကစ္စတန်၊ ရုရှား စတဲ့နိုင်ငံတွေနဲ့ ဆက်စပ်နေသူတွေပါ။
ဒါကြောင့် ကိုရီးယားနိုင်ငံကို မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ရင် အဓိကကွာခြားချက်က မြန်မာနိုင်ငံဟာ မူလကတည်းက ဘာသာစကား၊ လူမျိုး၊ ရိုးရာယဉ်ကျေးမှု ပေါင်းစုံအခြေခံထားတဲ့ နိုင်ငံဖြစ်ပြီး ကိုရီးယားနိုင်ငံကတော့ ကိုရီးယားလူမျိုးတစ်မျိုးတည်းအခြေခံတဲ့ နိုင်ငံအဖြစ် ဖွံ့ဖြိုးလာခဲ့တာပါ။ မြန်မာမှာ “တိုင်းရင်းသား” ဆိုတာ နိုင်ငံရေး၊ သမိုင်း၊ နယ်မြေ၊ ဘာသာစကားနဲ့ အလွန်ချိတ်ဆက်နေတဲ့ အဓိပ္ပါယ်ရှိသလို ကိုရီးယားမှာတော့ “ဒေသခံကွာခြားမှု” နဲ့ “ခေတ်သစ်ရွှေ့ပြောင်းနေထိုင်သူများ” ဆိုတဲ့ ပုံစံက ပိုထင်ရှားပါတယ်။
အကျဉ်းချုပ်ပြောရရင် ကိုရီးယားမှာ မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးကြီးတွေ မရှိပေမယ့် ဒေသအလိုက် ယဉ်ကျေးမှုကွာခြားချက်တွေ၊ ဂျယ်ဂျူလို ထူးခြားတဲ့ ဒေသခံအမွေအနှစ်တွေ၊ နိုင်ငံခြားသားရွှေ့ပြောင်းနေထိုင်သူတွေကြောင့် ပိုမိုစုံလင်လာတဲ့ လူမှုဘဝအသစ်တွေ ရှိလာနေပါတယ်။ အရင်က “ကိုရီးယားလူမျိုးတစ်မျိုးတည်း” ဆိုတဲ့ ပုံရိပ်နဲ့ လူသိများခဲ့တဲ့ ကိုရီးယားဟာ ယနေ့ခေတ်မှာတော့ တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှုပေါင်းစုံကို လက်ခံလာရတဲ့ နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲနေပြီလို့ ဆိုနိုင်ပါတယ်။
#ကိုရီးယားသမိုင်း #ကိုရီးယားယဉ်ကျေးမှု #တိုင်းရင်းသား #မြန်မာနဲ့ကိုရီးယား #ဗဟုသုတ

22/06/2026
22/06/2026

Madrid is calling! Starting 26 October 2026, we’ll launch five weekly flights to Madrid’s Adolfo Suárez Madrid-Barajas Airport via Barcelona. From art and architecture to rich culinary flavours and late-night energy, this eclectic city is now within reach.

22/06/2026

Myanmar, Flight Schedule, Airline Booking, Flight Date, flight schedule, Flight Booking, all cheap flights, Flight Availability, international flight schedule, Myanmar Airline

အရမ်းကြီးတော့ နောက်မကျဖို့လိုပါတယ်😁Admin ဆို ၉ နာရီခွဲမှနိုးလို ရွှာထဲက အိမ်ဆိုင်တွေဆီက မုန့်တွေကုန်သွားလို့ ကိတ်ခြောက်န...
22/06/2026

အရမ်းကြီးတော့ နောက်မကျဖို့လိုပါတယ်😁
Admin ဆို ၉ နာရီခွဲမှနိုးလို ရွှာထဲက အိမ်ဆိုင်တွေဆီက မုန့်တွေကုန်သွားလို့ ကိတ်ခြောက်နဲ့ အဆာဖြေခဲ့ရတယ်😁

ဒီအချက်တွေ မသိဘဲ ချင်းမိုင်ကို မလာပါနဲ့!
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ ချင်းမိုင်ဆိုတာ ဘန်ကောက်လို မိုးမျှော်တိုက်ကြီးတွေ၊ ဆူညံနေတဲ့ City ကြီး မဟုတ်ပါဘူး။ သဘာဝတောတောင်တွေ၊ လမ်းကြားလေးတွေထဲက ကော်ဖီဆိုင်တွေနဲ့ ငြိမ်းချမ်းတဲ့ Slow Life ကို သွားတဲ့ မြို့ပါ။

★ နေရာတော်တော်များများက ချက်ချင်းကြီး "Wow" ဖြစ်သွားလောက်အောင် ခမ်းနားမနေကြပါဘူး။ ဒါကြောင့် သဘာဝကို မချစ်ဘူး၊ Chill ဖြစ်တဲ့ Vibe ကို သဘောမကျရင် လာရတာ ပိုက်ဆံကုန်၊ အချိန်ကုန်ရုံပါပဲ။

★ ကျွန်တော်တို့ မြန်မာခရီးသွားတွေဆီက ခဏခဏ ကြားရတဲ့ စကားတစ်ခုရှိပါတယ်။ "ငါတို့ မြန်မာနိုင်ငံက တောင်တန်းတွေ၊ ရေတံခွန်တွေက ဒီထက်တောင် ပိုလှသေးတယ်" တဲ့။ မှန်ပါတယ်။

★ ဒါပေမဲ့ ချင်မိုင်က သဘာဝကို ခံစားဖို့ သွားလာရလွယ်တဲ့ Infrastructure၊ တောထဲရောက်နေပေမဲ့ ရေ ၊ မီး ၊ Internet ၊ သန့်ရှင်းတဲ့ အိမ်သာ၊ Aesthetic ဆန်တဲ့ Cafe တွေနဲ့ လုံခြုံမှုရှိတာ စတဲ့ Experience (အတွေ့အကြုံ) နဲ့ Service ကို အဓိက ရောင်းတာပါ။

★ ဒါပေမဲ့ ချင်းမိုင်မှာ တကယ့်ကို ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုလေးတွေ ရှိပါတယ်။ လမ်းကြားလေးတွေထဲမှာ ပုန်းနေတဲ့ ကော်ဖီဆိုင်လေးတွေ၊ သစ်ပင်အုပ်အုပ်လေးတွေကြားက အေးချမ်းတဲ့လေထုနဲ့ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တတ်တဲ့ ဒေသခံတွေရဲ့ အငွေ့အသက်က တကယ့်ကို စိတ်အေးချမ်းစရာကောင်းပါတယ် ။ ချင်းမိုင်လူမျိုးတွေရဲ့ ဖော်ရွေမှုကတော့ နိုင်ငံတကာက အသိအမှတ်ပြုလောက်တဲ့ အထိပါ ။

★ တစ်ခုတော့ ကြိုသတိပေးမယ်နော်... ဒီမြို့က အရမ်း Slow Life ဖြစ်လွန်းတော့ မနက်စောစောထတတ်တဲ့ ကိုယ်တွေ မြန်မာတွေအတွက် မနက်စာဆိုင် ရှာရတာ တော်တော်လေး ဒုက္ခရောက်ပါတယ်။ မနက် ၆ နာရီ၊ ၇ နာရီလောက် ဗိုက်ဆာလို့ အပြင်ထွက်ရင် 7-Eleven ကလွဲပြီး အားကိုးစရာ သိပ်မရှိပါဘူး။

★ နာမည်ကြီး ဆိုင်အများစုက မနက် ၉ နာရီ၊ ၁၀ နာရီလောက်မှ မျက်စိပွတ်ပြီး တံခါးစဖွင့်ကြတာဆိုတော့ ၊ ချင်းမိုင်လာရင် ငတ်မနေအောင် အိပ်ရာထနောက်ကျဖို့သာ ကြိုပြင်ထားပေတော့နော် ။

★ ချင်းမိုင်ကို ရောက်ဖူးတဲ့သူတွေရှိကြရင်လဲ ဒီမြို့လေးရဲ့ ဘယ်လို Vibe မျိုး၊ ဘယ်လိုအတွေ့အကြုံလေးတွေကို အကြိုက်ဆုံးလဲ? အားမလိုအားမရ ဖြစ်ခဲ့ရတာလေးတွေ ရှိရင်လည်း နောက်လာမယ့်သူတွေ ကြိုသိသွားရအောင် Comment မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးနော် ။

Address

Lama. 183, South Rupa Quarter
Sittwe

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

09979687741

Website

Alerts

Be the first to know and let us send you an email when Pa Pa Wa di posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share