Zune's Closet

Zune's Closet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zune's Closet, Clothing (Brand), Tatkon.

Export ထည်ဆိုတာ အဟောင်းလည်း မဟုတ် အတုလည်းမဟုတ်တဲ့ အသစ်ပါ❗Exportထည် ဘယ်လိုဖြစ်လာလဲ❓ပြည်ပက  နာမည်ကြီး Brand Companyတွေကမြန...
29/02/2024

Export ထည်ဆိုတာ
အဟောင်းလည်း မဟုတ်
အတုလည်းမဟုတ်တဲ့ အသစ်ပါ❗

Exportထည် ဘယ်လိုဖြစ်လာလဲ❓

ပြည်ပက နာမည်ကြီး Brand Companyတွေက
မြန်မာပြည်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ
အထည်လာအပ်တဲ့အခါ
အထည် ၁၀၀၀ အပ်ရင် ပိတ်စကို
၁၁၀၀ စာလောက် ပိုပေးပြီးအပ်ကြတယ်

စက်ရုံက ၁၁၀၀ စာချုပ်ပေးရတယ်
အဲ့ဒီ့ထဲကမှ
အကောင်းဆုံးအထည် ၁၀၀၀ ကိုပဲ ရွေးထုတ်ပြီး
official website မှာရောင်းကြတယ်

ကျန်တဲ့ ၁၀၀ ထဲမှာတော့
ချည်ကျော်တာ၊ ကြယ်သီး reject ဖြစ်တာ၊
Cutting ပုံမမှန်တာ
ဘောပင်ခြစ်ရာ နဲ့အစွန်း ပါတာ
စတဲ့ Error မျိုးရှိတတ်ပေမဲ့
လုံး၀ error မပါတဲ့ အထည်တွေက ပိုများပါတယ်

အဲ့ဒီမှာ မြန်မာစက်ရုံက
အထည်ချုပ်ခဖိုး ၁၀၀၀ စာပဲရတာ‌ကြောင့်
အလုပ်သမားခ နဲ့ တခြားစရိတ်တွေ
ပြန်ကာမိအောင် ပယ်လိုက်တဲ့အထည်တွေကို
အောက်စျေးနဲ့ ပြန်ရောင်းရင်း
exportထည်ဆိုတာ ဖြစ်လာတယ်။

Exportထည်‌တွေဘာလို့ တံဆိပ်ဖြတ်ထားလဲ❓

ပယ်လိုက်တဲ့ အထည်တွေဖြစ်တာကြောင့်
အနာအဆာလည်း ပါနိုင်လို့
Brand ထည်တွေနဲ့ ဈေးတန်းတူထားရောင်းဖို့လည်း
မသင့်တော်တဲ့အတွက် ဈေးချရောင်းတယ်။

ဒီလိုဈေးချရောင်းတဲ့အတွက်
Brand imgae ထိခိုက်မှာစိုးတာကြောင့်ရော
တံဆိပ်ကိုဖြုတ်ပြီးမှ ရောင်းကြတယ်။

တစ်ခါတစ်လေ တံဆိပ်ဖြတ်ထားပေမဲ့
တစ်ခါတစ်လေ tag အပြည့်အစုံပါ,ပါတယ်
brand tag တွေမှာ ကပ်တဲ့
စျေးတောင် ပါလေ့ရှိပါတယ်။

Error ပါနိုင်‌တဲ့အထည်‌တွေမို့ ပိုင်ရှင်ကတောင်
သူတို့ Brand image ပျက်မှာစိုးလို့
မယူပဲ ပယ်ခဲ့တဲ့အထည်တွေကို
စက်ရုံဘက်က ပိုင်ရှင်ခွင့်မပြုပဲ
Brand တံဆိပ်ကို Coverလုပ်ပြီး
ပြန်မရောင်းသင့်တဲ့အတွက်
ကျန်ခဲ့တဲ့အထည်တွေကို
တံဆိပ်ဖြုတ် ရောင်းရခြင်းဖြစ်ပါတယ်။
(အတိုချို့ရရင်တော့ Ethic ပေါ့ဗျာ)

ဒါပေမဲ့ official website ကနေ
ဝယ်ပီးသုံးရတဲ့ feeling မျိုးကြိုက်ရင်
official website က ဝယ်ပါ

စျေးသက်သက်သာသာနဲ့
ချွေတာရာလည်းရောက်တယ်
အစစ်လည်းဝတ်ချင်ရင်တော့
Export ထည် ဝယ်ပါလို့ ပြောချင်ပါတယ်။

😔😔Export oulet ထည်၀ယ်ပြီး
Error သေးသေးလေးမှလက်မခံနိုင်ရင်
Export outlet မ၀ယ်ပါနဲ့
Website မှာ၀ယ်ပါ😔😔

Photo crd

Address

Tatkon

Website

Alerts

Be the first to know and let us send you an email when Zune's Closet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share