ခေတ် - Khit Collection

ခေတ် - Khit Collection Limited edition Ready to Wear ladies clothing

ခေတ်ရင်ဖုံးလေးကို ဘယ်လိုတွဲဝတ်ရမလဲဆိုပီးသိချင်နေကြတဲ့ ခေတ်ပရိတ်သတ်တွေအတွက်မင်မင် အပြင်သွားရင်းပေါ့ပေါ့ပါးပါးလေး ဝတ်ပြထား...
07/09/2026

ခေတ်ရင်ဖုံးလေးကို ဘယ်လိုတွဲဝတ်ရမလဲဆိုပီး
သိချင်နေကြတဲ့ ခေတ်ပရိတ်သတ်တွေအတွက်
မင်မင် အပြင်သွားရင်းပေါ့ပေါ့ပါးပါးလေး ဝတ်ပြထားပါတယ်။ 🥰

ခေတ်ရင်ဖုံး collection လေးကအရမ်းပေါ့ပါးတဲ့
Mul cotton သားနဲ့သုံးထားပီး pattern လေးကထမီနဲ့ရော
ဘောင်းဘီနဲ့ပါတွဲဝတ်လို့ရပါတယ်။ 🥰

ဒီအရောင်လေးကတော့ ခေတ်ရဲ့ သံပုရာဝါလေးဖြစ်ပါတယ်
မျက်နှာလေးကိုလင်းစေတယ်။ အရောင်ထွက်ကလူငယ်ဆန်ပီး fashion ကျစေလို့ မင်မင်အကြိုက်ဆုံးအရောင်လေးပေါ့ရှင် ။ မင်ဝတ်ထားတာ small size ပါရှင်😘

“ ဧရာနဒီ “Jacket လေးနဲ့ လှနေကြတဲ့ချစ်ရတဲ့ ကိုယ့်အမတွေ 😍ပူတဲ့ အချိန်ဆို အသားလေးအေးပြီး အေးတဲ့အချိန်ဆို အနွေးဓာတ်လေးပေးတဲ့...
29/08/2026

“ ဧရာနဒီ “Jacket လေးနဲ့ လှနေကြတဲ့
ချစ်ရတဲ့ ကိုယ့်အမတွေ 😍

ပူတဲ့ အချိန်ဆို အသားလေးအေးပြီး အေးတဲ့အချိန်ဆို
အနွေးဓာတ်လေးပေးတဲ့ ဝတ်ရတာ ပေါ့ပါးပြီး
ဘယ်တော့မှ မရိုးသွားတဲ့
သဘာဝ လက်ငင်ချည်ထည်လေးပါ
နိုင်ငံတကာ ခေတ်မှီတဲ့ Jacket Design လေးကို
Local Fabric နဲ့ ပေါင်းစပ် ထုတ်လုပ်ထားတဲ့
မြန်မာ အမျိုးသမီးလေးတွေ ဂုဏ်ယူစွာ
ဝတ်ဆင်နိုင်မဲ့ အင်္ကျီလေး ပါရှင် 🥰

Preorder လေးတွေ မှာလို့ရပါသေးတယ်ရှင့်♥️

ဧရာနဒီ collection ဆိုပီးနာမည်လေးပေးရတဲ့ အကြောင်းအရင်းက ဒီ collection လေးဟာ ဧရာဝတီမြစ်ထဲက cruise ပေါ်မှာ ပြုလုပ််ခဲ့တဲ့ A...
24/08/2026

ဧရာနဒီ collection ဆိုပီးနာမည်လေးပေးရတဲ့ အကြောင်းအရင်းက ဒီ collection လေးဟာ ဧရာဝတီမြစ်ထဲက cruise ပေါ်မှာ ပြုလုပ််ခဲ့တဲ့ Ayeyawady Brilliance: She glow retreat ရဲ့ အေးချမ်းလှတဲ့ Healer အမတွေကို ပထမဦးဆုံး ဂုဏ်ယူစွာဆင်မြန်းပေးခဲ့တဲ့ အမှတ်တရအနေနဲ့ဖြစ်ပါတယ်။

ကျမတို့ ခေတ်ရဲ့ motto ဟာ မြန်မာအမျိုးသမီးများကို support လုပ်ပေးပီး
မြန်မာမှုကို နိုင်ငံတကာကအမျိုးသမီးများ ဂုဏ်ယူစွာဝတ်ဆင်နိုင်ဖို့ဖြစ်ပါတယ်။ အခုလို အမျိုးသမီးများရဲ့ စိတ်ငြိမ်းချမ်းရေးနဲ့ well being ကိုဦးစားပေးပီး Healing တွေပေးနေတဲ့ healer အမတွေက တန်ဖိုးထားပီး ဝတ်ဆင်ပေးကြတာ ဘယ်လောက်တောင် ကျက်သရေရှိအေးချမ်းလှပလဲဆိုတာမြင်နိုင်သလို ဒီ collection လေးဝတ်တဲ့သူတိုင်းဟာလည်း အေးချမ်းမှုနဲ့ ကျက်သရေရှိမှုကိုထပ်တူရရှိမယ်လို့ ယုံကြည်ပါတယ်။

မြန်မာမှူကိုတန်ဖိုးထားပေးကြသလို
မြန်မာအမျိုးသမီးလေးများကို ကိုယ်စားပြုပီး ဒီ ဧရာနဒီလေးကို တန်ဖိုးထားပေးကြလို့ တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။

#ဧရာနဒီ

ခေတ် ရဲ့ Collection အသစ် အနေနဲ့ ထုတ်ဖြစ်တဲ့ “ဧရာနဒီ” Jacket လေး😍နိုင်ငံတကာ ခေတ်မှီ Jacket Design လေးကို Local Fabric နဲ့...
23/08/2026

ခေတ် ရဲ့ Collection အသစ်
အနေနဲ့ ထုတ်ဖြစ်တဲ့
“ဧရာနဒီ” Jacket လေး😍

နိုင်ငံတကာ ခေတ်မှီ Jacket Design လေးကို
Local Fabric နဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့
Design လေးပါ

သဘာဝလက်ငင် ချည်သားလေးပေါ်မှာ
လက်တစ်စုံချင်းစီ ရဲ့ အချိန်၊ စိတ်ရှည်မှုနဲ့ ချစ်ခြင်းတွေထည့်ပြီး ဖန်တီးထားတဲ့ Floral Handmade ပန်းထိုးလက်ရာအသေးစိတ်လေးတွေ နဲ့
ပေါင်းစပ်ဖန်တီးထားပါတယ် 🌼🤍

Jacket Design လေးက ခေတ်မှီပြီး ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ဝတ်ဆင်လို့ရသလို
ဝတ်ရတာ Comfortable ဖြစ်ပြီး ကိုယ်နှစ်သက်ရာ Style တိုင်းနဲ့ လိုက်ဖက်အောင်
ချုပ်လုပ်ထားပါတယ်

အပေါ်ထပ် Jacket အနေနဲ့ ဘောင်းဘီ၊ ထဘီ၊ Skirt
စတဲ့ ကိုယ်နှစ်သက်ရာ Bottoms လေးတွေနဲ့ အလွယ်တကူ တွဲဖက်ဝတ်ဆင်လို့ရတာမို့
Casual Look ဖြစ်ဖြစ်၊
Traditional ဆန်ဆန် Look ဖြစ်ဖြစ်
ကိုယ့်စတိုင်နဲ့ ကိုယ် ဖန်တီးလို့ရမဲ့
Jacket လေးပါ ရှင်🥰

Support Local.
Support Women.
Wear with Pride.🤍

Preorder 4 Weeks
Half Prepaid

ပေါ့ပါး၊ အေးမြ၊ နူးညံ့ပြီး နေ့စဉ် ဝတ်ဆင်ဖို့ သင့်တော်တဲ့ Mul Cotton 😍ပေါ့ပါးပြီး နူးညံ့တဲ့ချည်သား စစ်စစ် Mul Cotton လေးက...
19/08/2026

ပေါ့ပါး၊ အေးမြ၊ နူးညံ့ပြီး
နေ့စဉ် ဝတ်ဆင်ဖို့ သင့်တော်တဲ့ Mul Cotton 😍

ပေါ့ပါးပြီး နူးညံ့တဲ့
ချည်သား စစ်စစ်
Mul Cotton လေးက
ပူပြင်းတဲ့ရာသီတွေမှာ ပါ ဝတ်ဆင်လို့ အဆင်ပြေတဲ့
Cotton Fabric လေးတစ်မျိုးပါ
အသားပါးပြီး လေဝင်လေထွက်ကောင်းတာကြောင့် ဝတ်ထားရင် အပူမပိတ်ဘဲ အေးအေးလေးနဲ့ သက်တောင့်သက်သာရှိစေပါတယ်
ကိုယ် ပေါ်မှာ လေးလံ တဲ့ ခံစားချက်မရှိဘဲ
ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရတာက
Mul Cotton ရဲ့ အားသာချက်လေး ပါနော်

အသားရဲ့ သဘာဝကျတဲ့ Texture လေးနဲ့ ရိုးရှင်းတဲ့ Design တွေကို တွဲဖက်လိုက်တဲ့အခါ မျက်စိအေးပြီး နူးညံ့သပ်ရပ်တဲ့ Look လေးကို ရရှိစေပါတယ် ရှင် 🤍

Order လေးတွေ Chat box မှာ မှာယူနိုင်ပါတယ်
Preorder 2 weeks
Half Prepaid ♥️

ခေတ် ရဲ့ Second Collection လေး အနေဖြင့် အသား အေးအေးလေးနဲ့ ဝတ်လိုက်ရင် ပေါ့ပါးပြီး သက်တောင့်သက်သာရှိစေတဲ့ Mul Cotton လေးန...
12/08/2026

ခေတ် ရဲ့ Second Collection လေး အနေဖြင့်
အသား အေးအေးလေးနဲ့
ဝတ်လိုက်ရင် ပေါ့ပါးပြီး
သက်တောင့်သက်သာရှိစေတဲ့
Mul Cotton လေးနဲ့
“ ခေတ် “ ရင်ဖုံး အကျီ လေး ဖန်တီး ဖြစ်ပါတယ် 😍

Design လေး ကို
အထည်ရဲ့ လှပမှု နဲ့ ပန်းချည်ထိုးလေးတွေ ပေါ်လွင်အောင် ရိုးရိုးရှင်းရှင်းလေး
ဖန်တီးထားပါတယ်🤍

ရိုးရှင်းပေမဲ့ ဘယ်တော့မှ ရိုးမသွားမဲ့
Timeless ဖြစ်တဲ့ Design လေး ဖြစ်ပြီး
သပ်သပ်ရပ်ရပ်နဲ့ မိန်းမသားဆန်တဲ့
အလှလေးကြောင့် ဘုရားသွား၊
ကျောင်းတက်၊ အလှူအတန်းသွားတဲ့အခါ ဝတ်ဖို့လည်း အရမ်းလိုက်ဖက်ပါတယ် နော်

ရွေးချယ်စရာ အရောင်လေး
(၄) ရောင် ရှိပါမယ်
အသားရောင်၊ပန်းရောင်၊အပြာနု ၊သံပုရာ ဝါ လေးပါ

သူ့ အသားလေးက ချည်သား နုနု ပါးပါးလေး ဖြစ်တာမလို့
ဝတ်ရတာအေးမြပြီး
ချည်သား စစ်စစ် ရဲ့ အရသာလေး ပေါ်လွင်အောင်လို့
ကပ်ပိတ်လေး မခံ ထားပါဘူးရှင့်

ပေါ့ပါး အေးမြပြီး ရိုးရှင်းလှပတဲ့
ခေတ် Collection ရဲ့
“ ခေတ် “ ရင်ဖုံး အင်္ကျီ လေးပါ ရှင် 😍

Preorder 2 Weeks
Half Prepaid
゚viralシ #မြန်မာ

Japan ကနေ တကူးတက မှာထားတဲ့ လက်ငင်ချည်ထည်လေးတွေ 😍US ကနေလည်း အမှာလေးတွေ ရှိလို့ ပြင်ဆင်ပေးနေပါပြီရှင်📦✈️နိုင်ငံခြား ရောက်န...
08/08/2026

Japan ကနေ တကူးတက
မှာထားတဲ့
လက်ငင်ချည်ထည်လေးတွေ 😍
US ကနေလည်း အမှာလေးတွေ ရှိလို့
ပြင်ဆင်ပေးနေပါပြီရှင်📦✈️

နိုင်ငံခြား ရောက်နေကြပေမဲ့
ကိုယ့် နိုင်ငံက Local Made လေးတွေကို မမေ့ပဲ
အားပေးကြတဲ့အတွက်
တကယ် ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🤍
အဝေးကနေတောင် Local Made လေးတွေကို
ယုံယုံကြည်ကြည်နဲ့ Support ပေးကြတဲ့အတွက် ဝမ်းသာရသလို
ဒီလို အားပေးမှုလေးတွေကနေ
ကိုယ်တွေ လို Local Made လေးတွေ
ဖန်တီးပေးတဲ့သူတွေ အတွက် လည်း
အများကြီး အားဖြစ်စေပါတယ် 🥰

Thank you so much for supporting
Local Made from miles away 🫶🏻

နေ့စဉ် ပေါ့ပေါ့ပါးပါး ဝတ်လို့ အဆင်ပြေပြီး Simple & Smart ဖြစ်နေစေမဲ့ Design လေး နဲ့ အင်္ကျီလေး ကိုယ့် အတွက် ချုပ်ရင်း ကြ...
04/08/2026

နေ့စဉ် ပေါ့ပေါ့ပါးပါး ဝတ်လို့ အဆင်ပြေပြီး
Simple & Smart ဖြစ်နေစေမဲ့
Design လေး နဲ့ အင်္ကျီလေး
ကိုယ့် အတွက် ချုပ်ရင်း
ကြိုက်ကြပြီး မေးတဲ့ သူလေးတွေ များလို့
Order လေး ကောက်ပေးပါမယ်ရှင် 😍

ရင် ၃၆
M size -79000
ရင် ၃၈
L size - 82000
ရင် ၄၀
XL size - 84000
ရင် ၄၂
2XL size - 89000
ရင် ၄၄
3XL size - 100000
ရင် ၄၆
4XL size - 100000

Limited Items လေး မလို့
အထည် အရေအတွက် အများကြီး မရပါဘူးရှင့်
လက်ငင်ချည် အသား အိအိလေး ကို ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ဆင်လို သူတွေ အတွက် အဆင်ပြေပါတယ် 🥰

Preorder 2 weeks
Half Deposit ပါ

ခေတ် Collection ရဲ့  First Batch လေးဖြစ်တဲ့ ချယ်ရီမေ နဲ့ စိန်ပန်းမေ လေး သတ်မှတ် အထည်ရေ ပြည့်သွားပြီမလို့ Order လေး ပိတ်လ...
03/08/2026

ခေတ် Collection ရဲ့ First Batch လေးဖြစ်တဲ့
ချယ်ရီမေ နဲ့ စိန်ပန်းမေ လေး
သတ်မှတ် အထည်ရေ ပြည့်သွားပြီမလို့
Order လေး ပိတ်လိုက်ပါပြီရှင့် 📣

သဘာဝ လက်ငင်ချည်ထည် လေးကို
ယုံကြည်စွာ အားပေးခဲ့ကြတဲ့
Customer တစ်ယောက်ချင်းစီကို
အထူး ကျေးဇူးတင်ပါတယ် ရှင် 🤍

Customer လေးတို့ စိတ်တိုင်းကျပြီး ကြိုက်ကြတဲ့ အထည်လေး ဖြစ်တာမလို့ နောက်ပိုင်းတွေ မှာ
ဒုတိယအကြိမ် ပြန်လည်လက်ခံပြီး
ထပ်ထုတ်ပေးပါမယ်နော် 🥰

Second Batch အသစ်ထွက်မဲ့
ဒီဇိုင်းအသစ်တွေလည်း စတင်ပြင်ဆင်နေပါပြီ ရှင်
မကြာခင်မှာ ပိုလှတဲ့ Collection အသစ်တွေနဲ့
မိတ်ဆက် ပေးသွားမှာဖြစ်လို့
စောင့်မျှော်ပေးကြပါဦးနော်
အားပေးမှုတိုင်းအတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🤍🌿

ခေတ် Collection ရဲ့ First Batch အထည်လေးတွေကို အများကြီး အားပေးကြတဲ့အပြင် ဒီလို Honest Review လေးတွေလည်း ပြောပေးတဲ့ အတွက်...
31/07/2026

ခေတ် Collection ရဲ့ First Batch အထည်လေးတွေ
ကို အများကြီး အားပေးကြတဲ့အပြင်
ဒီလို Honest Review လေးတွေလည်း ပြောပေးတဲ့ အတွက် အားလည်းဖြစ်ရသလို
ကျေးဇူး လည်းအများကြီး တင်ပါတယ် 😍
သဘာဝ လက်ငင်ချည်ထည် လေးကို အမြတ်တနိုး ဝတ်ဆင်ပေးပြီး Local made လေးကို
Support လုပ်ပေးကြတဲ့ အတွက်လည်း
ဂုဏ်ယူရပါတယ် ရှင့် ♥️
Order လေးတွေလည်း
အစဉ်လိုက် တစ်သုတ်ချင်းစီခွဲပြီး
ပို့ပေးနေပါတယ်ရှင့်

Support Local.
Support Women.
Wear with Pride.🤍

Address

Taunggyi

Telephone

+959451464748

Website

Alerts

Be the first to know and let us send you an email when ခေတ် - Khit Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share