mr.bale second branded quality shop

mr.bale second branded quality shop mr.bale quality shop ဆက်သွယ်ရန်ဖုန်းနံပတ် 09764300882

Vintage အကြောင်း တစေ့တစောင်းSean Wotherspoon ဆိုရင် မသိတဲ့ သူ သိပ်မရှိလောက်ပေမဲ့ သူ့ရဲ့ ဆိုင် Round Two ကိုတော့ မသိတဲ့ သ...
15/05/2022

Vintage အကြောင်း တစေ့တစောင်း
Sean Wotherspoon ဆိုရင် မသိတဲ့ သူ သိပ်မရှိလောက်ပေမဲ့ သူ့ရဲ့ ဆိုင် Round Two ကိုတော့ မသိတဲ့ သူရှိပါလိမ့်မယ် Round Two မှာမှ Vintage by Round Two ဆိုတာက Vintage အဝတ်အစားတွေပဲရောင်းတဲ့ ဆိုင်တစ်ခုပါ။
မြန်မာလို လွယ်လွယ် ပြောရရင် ခင်ဗျားတို့ အများစု ခေါ်ကြတဲ့ ဘေထုပ် တွေ ကို စျေးသက်သက်သာသာနဲ့ ဝယ်ပြီး စျေးကြီးကြီးနဲ့ ပြန်ရောင်းတာပေါ့ဗျာ
Round Two က LA မှာ အခြေစိုက်ပြီး LA တစ်ဝိုက် က အင်္ကျီ အဟောင်းတွေ (used) တွေကို အဓိက ထား ပြီး ရွေးချယ် ရောင်းချရုံတင်မကပဲ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘေထုပ် Supplier တွေနဲ့လည်း ချိတ်ဆက်ရောင်းချပါတယ်။
Round Two ကို စဖွင့်တုန်းက ၁၀ ပေ ပတ်လည် ဆိုင်ခန်းလေးနဲ့ စခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့ ပထမရည်ရွယ်ချက်ကတော့ ဒီလိုပဲ စိတ်ကြိုက် အင်္ကျီလေးတွေကို ကိုယ့်ဖာကို ဘေထုပ်က အဟောင်းတန်းက ရွေးပြီးဝတ်ကြတာပါပဲ။ ဒါပေမဲ့ နောက်ပိုင်းကျ ဒါဟာ စီးပွားရေးအဖြစ် ပြောင်းလဲ နိုင်တာကို မြင်လာလို့ ဖွင့်ဖြစ်သွားကြတာပါ။
အခုအချိန်မှာတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး Vintage Clothing Store အဖြစ် လူသိများနေရုံတင်မကပဲ Physical ဆိုင်ပေါင်းများစွာ ပိတ်သိမ်းနေရချိန်မှာ Round Two ကတော့ ဆိုင်ပေါင်းများစွာ ဖွင့်လှစ်ပြီး အောင်မြင်လျက်ရှိပါတယ်။
နောက်တစ်ခု သိစေချင်တာက Sean က Recycle Fashion ကို အားပေးတဲ့ သတ်သတ်လွတ်သမား ဖြစ်ပါတယ်။ သူ့သားလေးကိုဆို အဝတ်အစားအသစ် ဝယ်ပေးခဲ ပါတယ်။
မြန်မာနိုင်ငံက လူငယ်အများစုကတော့ စောက်စုတ်တွေ လေဘေး အလှူတွေ အဟောင်းတွေ လို့ သတ်မှတ်ကြပေမဲ့ Round Two ကို အားပေးနေတဲ့ လူငယ်တွေကတော့ သူတို့ရောင်းချတဲ့ အဝတ်အစားတွေရဲ့ နောက်ကွယ်က သမိုင်းကို သဘောကျကြတာရယ် အင်္ကျီတိုင်းက ပေးတဲ့ Vintage Feeling ကို သဘောကျကြတာရယ်ကြောင့် ဝယ်ကြတာတွေ့ရပါတယ်
တစ်ခုတော့ ရှိတာက သူတို့ရောင်းတဲ့ အင်္ကျီတွေက ဘေထုပ်ဖြစ်ပြီးရော အဟောင်းဖြစ်ပြီးရော ရောင်းတာမဟုတ်ပဲ Sean Wotherspoon နဲ့ Round Two Team ကိုယ်တိုင်က သေသေချာချာ Hand Select လုပ်ထားတာပါပဲ
လူငယ် တွေ ရွေးချယ်ပြီး ပြန်လည်ရောင်းချတာကို လူငယ်အများစုက relate လုပ်နိုင်တာကြောင့်လည်း အောင်မြင်ရတာလို့ ကျွန်တော်က မြင်ပါတယ်။
ဥပမာ Round Two Vintage မှာ Sony က ထုတ်ခဲ့တဲ့ PlayStation1,2 အင်္ကျီတွေရှိတယ် ဒါမှမဟုတ် Stone Cold, The Rock, The Undertaker တို့လို WWE အင်္ကျီတွေ နောက် Titanic, The Matrix တို့လို အင်္ကျီတွေ Cartoon Network ခေတ်က Powerpuff Girls တို့ လို အင်္ကျီတွေ Green Day , Eminem စတဲ့ အင်္ကျီတွေကို သေချာ ရှာဖွေ ရွေးချယ်ထားတာကို တွေ့ရမှာပါ။ သေချာ မြင်ရအောင် ကို သွားကြည့်စေချင်ပါတယ်။
ဟိုတနေ့က ကြည့်ရတာဆို Sean က အင်ဒို သွားပြီး ဘေထုပ် ရှော်ပင်လုပ်ပါတယ်။ Nike Vintage Track Jacket ကို အင်ဒိုမှာ ၁၂ ကျပ်လောက်နဲ့ ဝယ်ပြီး အင်္ကျီ ပေါ်က ပေတာ ကွက်တာ ကွန်ဒစ်ရှင်ပေါ်မူတည်ပြီး ၆၀-၉၀ လောက် အမေရိကမှာပြန်ရောင်းပါတယ်။ ဒါကလည်း အမေရိကမှာ တန်း sold out ဖြစ်ပါတယ်။
One man's trash is another man's treasure ဆိုတဲ့ အတိုင်း တန်ဖိုးသိတဲ့ သူက လည်း ရွေးချယ်ပြီး သူဝယ်ခဲ့တဲ့ စျေးထက် ၃-၄-၅ ဆ တင်ရောင်းသလို တန်ဖိုးကို သိတဲ့ နောက်လူကလည်း အဲ့စျေးကို ဂျင်းထည့်တယ် ဘာညာမပြောပဲ ပြန်ဝယ်ပါတယ်။
အဓိက ပြောချင်တာကတော့ ဒီလို Hand Select အင်္ကျီ အဟောင်း ကို သေချာ ပြန်ရွေးဖို့ကလည်း ထင်သလောက်မလွယ်သလို ဒါကို ပြန်ရောင်းတာကလည်း စောက်ပြစ်ကြီးမဟုတ်ပါဘူး။ မင်း ၂သောင်းလောက် နဲ့ ဝယ်ပြီး ၁ သိန်းနဲ့ပြန်ရောင်းတယ် ဂျင်းကောင်လို့ သွားပြောလို့မရပါဘူး
ဘာလို့လည်းဆိုတော့ သူသွားရွေးရတဲ့ ဝီရိယ ရှိသလို သူ့မှာ ရွေးချယ်နိုင်တဲ့ Taste တစ်ခုလည်း ရှိသေးတယ်ဆိုတာ ကို သတိထားရမှာဖြစ်ပါတယ်။ ဒီ Thrfiting ဆိုတာ Free For All ပါ အားလုံး ရှာဖွေ ကြည့်လို့ရနိုင်တာပဲဆိုတော့။
Vintage , Thrifting အဓိက ဝတ်ကြတာကတော့ ဒီ င်္အကျီတွေ နောက်က သမိုင်းတွေ အမှတ်တရတွေကြောင့်ပဲ..
Round Two က အခုဆို International Shipping နဲ့ပါ Vintage အဝတ်အစားတွေကို ရောင်းချနေပါပြီ
https://vintagebyroundtwo.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မြန်မာ ကိုတောင် ပို့တယ်ဗျ ဟိုးခေတ်က ဟာလေ အင်္ကျီတွေ ကိုလာ အင်္ကျီတွေ Band Merch တွေ အစုံရှိတယ် သဘောကျစရာတွေကြီးပဲ။

´sK

14/05/2022
quality ချစ်သူအားလုံး မဂီလာပါခင်ဗျာကျွန်တော်တို့ page လေး စစပြုလုပ်ချင်းအနေနဲ့အောက်က adidas နဲ့ diesel collabrate လုပ်ထာ...
14/05/2022

quality ချစ်သူအားလုံး မဂီလာပါခင်ဗျာ
ကျွန်တော်တို့ page လေး စစပြုလုပ်ချင်းအနေနဲ့
အောက်က adidas နဲ့ diesel collabrate လုပ်ထားတဲ့
jean ဘောင်းဘီတိုလေးအားချိုချောင်စေ◌ျးဖြင့်ရောင်းချပေးချင်ပါတယ်ဗျ
နောက်လည်းအရမ်းမိုက်တဲ့ brand တွေကို ရောင်းချပေးမှာမို့
page လေးကိုလည်း like and share follow လေ လုပ်သွားပေးခြင်ဖြင့် ကူညီပေးကြပါဉီးဗျ😍😍
ဘောင်ဘီဆိုဒ်ကတော့ ခါးဆိုဒ် 42 41 သမားတွေအဆင်ပြေပါမယ်ဗျ
စေ◌ျးနှုန်းလေးကတော့ ၁၅၀၀၀ ကျပ်ပါဗျ
နယ်မြို့တွေဆိုရင်တော့ ငွေလွှဲ ဂိတ်ချပေးပါတယ်ဗျ
kpay no 09764300882 ကို ငွေလွှဲပြီးဝယ်ယူနိုင်ပါတယ်ဗျ
ဆက်သွယ်ရန် - ၀၉၇၆၄၃၀၀၈၈၂

Address

Taungoo
08101

Telephone

+959764300882

Website

Alerts

Be the first to know and let us send you an email when mr.bale second branded quality shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to mr.bale second branded quality shop:

Share