17/03/2024
လွန်ခဲ့တဲ့ ၇နှစ်လောက်ကထင်ပါရဲ့ ရူးရူးနှမ်းနှမ်းနဲ့ တွဲခဲ့ဖူးတဲ့ ကိုယ့်ထက်၁၀နှစ်နီးပါးကြီးတဲ့ (ကိုယ့်တွက် အရာရာအညးကိုးရပြီထင်ခဲ့တာနော်)ယောက်ျားက ကိုယ့်တုန်းက တွဲတဲ့တလျှောက်မဖောက်ပြန်ဘူးဆိုတဲ့အရာကလွဲ စိတ်ဒဏ်ရာ ပရပွပေး truma ပေါင်းစုံပေးတဲ့အပြင် ပြတ်မယ်ပြောတိုင်း အရှက်ခွဲနည်းပေါင်းမြောက်များစွာနဲ့ ခွဲဖို့ ခြိမ်းခြောက်အပြစ်တင် ဆဲဆိုတဲ့အပြင် ကိုယ့်မိဘတွေပါထိပါးလာတော့ သည်းမခံနိုင်တဲ့အဆုံး အဆက်သွယ်ဖြတ်ပစ်ခဲ့တယ် သိပ်မကြာဘူး မိန်းမရပြီဆိုတဲ့အကြောင်းကြားရတယ် နောက်တော့ ကိုယ့်ကိုဖုန်းလှမ်းဆက်တောင်းပန်တယ် သူမှားခဲ့တဲ့အကြောင်းတွေရယ် ခုယူထားတဲ့မိန်းမကိုတော့ လက်ဖျားနဲ့မထိဖြစ်တော့မယ့်အကြောင်းတွေရယ် သူ့သားလေးအပေါ် ဘယ်လိုထားမယ့်အကြောင်းတွေရယ်ပြောပြတော့ ဪ သူတောင်ပြောင်းလဲ လာပြီထင်ပါရဲ့လို့တွေးနေခဲ့တာ
ဒီနေ့ သူ့မိန်းမ အကောင့်တက်လာလို့ ဘာရယ်မဟုတ်ဘူး ဝင်ကြည့်မိတာ ကွဲသွားကြပုံပေါ်ပါတယ် အဲ့မှာ ဆက်ဆွဲ ကြည့်မိတော့ သူရှယ်ထားတာအတော်များများက လက်ပါတတ်တဲ့ယောက်ျားတစ်ယောက်နဲ့ပတ်သက်ပြီးရှယ်တာများတယ် ဒီအမျိုးသမီးလေး ဘယ်လောက်တောင် စိတ်ကင်ဆာရနေရှာမလဲ နှစ်နှစ်ခြိုက်ခြိုက်တောင်အိပ်ပျော်နိုင်ရဲ့လား ကလေးမှာရော စိတ်ဒဏ်ရာရနေရှာမလားဆိုတဲ့အတွေးအပြင် အိမ်ထောင်တစ်ခု,rs တစ်ခုမှာ အသက်ကြီးတာ ငယ်တာ ဆင်းရဲတာ ချမ်းသာတာနဲ့မဆိုင်ဘူး မဖောက်ပြန်ရုံနဲ့မပြီးဘူး အချင်းချင်း စိတ်ကင်ဆာမပေးမိကြဖို့နဲ့ အမျိုးသမီးတွေအပေါ် ညှာတာတတ်တဲ့ယောက်ျားနဲ့ ဆုံဖို့က ပိုအရေးကြီးတာမလား
ဘာရယ်မဟုတ်တွေးမိရာလေး 😊
#အမျိုးသမီးတိုင်း ညှာတာတတ်သော အမျိုးသားနဲ့ စုံကြပါစေ
#ငါကတော့ဆုံနေပြီမသနားနဲ့တော့😆