Natty Fashion & Design

Natty Fashion & Design Natty Fashion & Design is a modern approach to tradition and for those who want to learn about fashion and design.

ကိုယ့်စိတ်ကူးထဲက ပုံရိပ်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖန်တီးနိုင်ဖို့..." 👗✨ စက်ချုပ်ပညာဖြင့် အနာဂတ်ကို ပုံဖော်မည့်သူများ...
01/03/2026

ကိုယ့်စိတ်ကူးထဲက ပုံရိပ်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖန်တီးနိုင်ဖို့..." 👗✨

စက်ချုပ်ပညာဖြင့် အနာဂတ်ကို ပုံဖော်မည့်သူများအတွက် သင်တန်းသစ် (၂) မျိုး

ဝါသနာပါရာကို ထိထိရောက်ရောက် သင်ယူနိုင်ဖို့အတွက် မြန်မာဝတ်စုံသီးသန့်တန်း နှင့် Ready To Wear (RTW) အတန်း တို့ကို သီးခြားစီ ခွဲဖွင့်လှစ်လိုက်ပါပြီ။

🎀 မြန်မာဝတ်စုံသီးသန့်အတန်း (Myanmar Traditional Class)
✅မြန်မာ့ရိုးရာ အထည်ဒီဇိုင်းတွေကို စနစ်တကျနဲ့ အချိုးအစားကျကျ ချုပ်လုပ်တတ်စေဖို့
အခြေခံကစပြီး သင်ကြားပေးမည့်အတန်း ။

✂️သင်ကြားမည့်အချက်များ:
* ကိုယ်ခန္ဓာတိုင်းတာနည်း စနစ်များ။
* ရင်ဖုံး ၊ ရင်စေ့၊ရင်ဖြတ်ဆက်
* ရင်ဖုံးတု ၊ နှစ်၁၀၀ ရင်ဖုံး
* လည်ထောင် နှင့် ကော်လံပုံစံများ
* ပုခုံးပျောက်ဂုတ်ချိတ်လက်
* Off shoulder
* ဇာနဲ့ပိုး ( အုံအပါနှစ်ထပ်ချုပ်နည်း)
* ရင်ခံ နှင့် ဇာအပါး
* ပတ်ထမိန် ၊ ချိတ်ထမိန် ၊ ၃ လွှာ ၊ ၄ လွှာ
* ဘေးဆက်ကြောင်းပါ ပတ်ထမိန်

ဘယ်သူတွေတက်သင့်လဲ❓
အပ်ထည်လက်ခံလိုသူများ၊ မြန်မာဝတ်စုံကို စနစ်တကျချုပ်လိုသူများ။

👗 Modern RTW အထည်တန်း (Ready To Wear Class)
ဈေးကွက်ထဲမှာ ရောင်းတမ်းဝင်မယ့် အင်္ကျီဒီဇိုင်းမျိုးစုံ ကို Pattern စနစ်တကျဖြင့် သင်ကြားပေးမှာပါ။

✂️သင်ကြားမည့်အချက်များ:
* Standard Size တိုင်းတာနည်းနှင့် Pattern ဆွဲနည်း။
* Blouse (အင်္ကျီပွ)၊ Shirt (ရှပ်အင်္ကျီ) နှင့်
* Oversized shirt
* ဟာဝေယံရှပ်
* Off shoulder
* ကော်လံပုံစံများ။
* (Skirt) ပုံစံမျိုးစုံ။
* ဂါဝန်တို/ရှည် ဒီဇိုင်းများ။
* Pant with elastic ( သရေကြိုးတပ် ဘောင်းဘီတို / ရှည် ဒီဇိုင်းများ။
* အိတ်ကပ်တပ်နည်း၊ ဇစ်တပ်နည်းနှင့်
* Size Chart တွေပါ ပါဝင်ပါသည်။

ဘယ်သူတွေတက်သင့်လဲ❓:
ကိုယ်ပိုင် Brand ထောင်လိုသူများ၊ ခေတ်မီဝတ်စုံများ ဝါသနာပါသူများ။

✨ သင်တန်း၏ ထူးခြားချက်များ
* အခြေခံ လုံးဝမရှိသူများလည်း တက်ရောက်နိုင်အောင် သင်ကြားပေးခြင်း။
* လက်တွေ့ သင်ကြားမှုပုံစံဖြစ်၍ နားမလည်သည်များကို တိုက်ရိုက်မေးမြန်းနိုင်ခြင်း။
* သင်တန်းပြီးဆုံးပါက မိမိဘာသာ ဒီဇိုင်းအသစ်များ ဖန်တီးနိုင်သည်အထိ လေ့ကျင့်ပေးခြင်း။

* နေရာ: ၆/၁၇၇ ၊ ပန်းချီတံခါးလမ်း ၊ တောင်ငူမြို့
📩 စာရင်းသွင်းရန် သို့မဟုတ် အသေးစိတ်မေးမြန်းရန်:
📥Message Box (သို့မဟုတ်)
☎️ဖုန်း - 09979849894 သို့ ဆက်သွယ်နိုင်ပါသည်။
"Only 5 Seats Available!"

အကယ်ဒမီပွဲတက်ဝတ်စုံများ 🩷🤍🩵🧡 #မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ
07/02/2026

အကယ်ဒမီပွဲတက်ဝတ်စုံများ 🩷🤍🩵🧡
#မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ

စက်အပ် အခေါ်အဝေါ် 👇🏻👇🏻📌 HA=ခြေနင်းစက်အပ်📌 DB=စက်ကြီးအပ်📌 DC=ဓါးစက်အပ် စက်အပ် အသုံးပြုနည်း...... (စက်အပ် ၄မျိုး ရှိပါတယ်)...
18/12/2025

စက်အပ် အခေါ်အဝေါ် 👇🏻👇🏻
📌 HA=ခြေနင်းစက်အပ်
📌 DB=စက်ကြီးအပ်
📌 DC=ဓါးစက်အပ်

စက်အပ် အသုံးပြုနည်း...... (စက်အပ် ၄မျိုး ရှိပါတယ်)

No11 - အချွန်းဆုံး အပါးဆုံးအပ် ပါးတဲ့ဇာတွေနဲ့ဆွဲသားချုပ်တဲ့အခါ အသုံးပြုရပါတယ်...

No14 - ပုံမှန်အသား အရမ်းမထူလွန်းမပါးလွန်းတဲ့ အစတွေမှာအသုံးပြုရပါတယ် ...

No16- ပုံမှန်ပိတ်စမျိုးထက် နည်းနည်းပိုထူတဲ့အစတွေ ရှပ်ကော်လံတို့ စတစ်တို့ချုပ်တဲ့အခါတို့ ပိတ်အကြမ်းတွေမှာ အသုံးပြုရပါတယ် ...

No18 - အိတ်တွေချုပ်တဲ့အခါ အထူသားပိတ်စတွေချုပ်တဲ့အခါ အသုံးပြုရပါတယ် ...


- Garment Accessories Wholesale & Retail

အတန်းသစ်အတွက် လိုအပ်မယ့် ပစ္စည်းတစ်ချို့ပါ📚Note မှတ်ဖို့အတွက် စာအုပ်- ပေတံ ၊ ပေကွေး ၊ ပေကြိုး-လှိမ့်ဆူး နဲ့ tracing pape...
19/11/2025

အတန်းသစ်အတွက် လိုအပ်မယ့် ပစ္စည်းတစ်ချို့ပါ
📚Note မှတ်ဖို့အတွက် စာအုပ်
- ပေတံ ၊ ပေကွေး ၊ ပေကြိုး
-လှိမ့်ဆူး နဲ့ tracing paper
-ပင်အပ် ၊ မှတ်ခဲ
-ကပ်ကြေး (၃)မျိုး
(ချည်ဖြတ်အသေး၊ ပိတ်ညှပ် ၁ခု၊စာရွက်ညှပ် ၁ ခု)
-လွန်းဆံ ၊ လွန်းအိမ်

ကျန်တာကတော့ကိုယ်သုံးနေကျ ဘောပင် ခဲတံ ခဲဖျက်လေးတွေပါရင် ရပါပြီ 💕
#မြန်မာဝတ်စုံအခြေခံအတန်း

14/11/2025

မြန်မာဝတ်စုံတန်းအတွက်
ထပ်ပြင်ဆင်ထားတဲ့
ထမိန်သီးသန့် notes လေးတွေ💕✂️
#မြန်မာဝတ်စုံ အခြေခံသင်တန်း
Basic Class
#စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင်

ဆောင်းဝင်တော့မယ် ❄️အချစ်ထက် ပိုပြီးဘယ်မီးဖိုက နွေးပါ့မလဲ.🌸💕🤎 ညို 🤎ရင်ဖုံးလေးပေမယ့် ရိုးရိုးလေးလှတယ်နော်❣️
05/11/2025

ဆောင်းဝင်တော့မယ် ❄️
အချစ်ထက် ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ.🌸💕

🤎 ညို 🤎
ရင်ဖုံးလေးပေမယ့် ရိုးရိုးလေးလှတယ်နော်❣️

🌟စက်ချုပ်ပညာကို အချိန်နှင့် ရည်ရွယ်ချက်အလိုက် စိတ်ကြိုက်ရွေးချယ် သင်ယူပါ! 🌟သင်ကြားမှု ထိရောက်စေရန်နှင့် သင်တန်းသားများ အ...
04/11/2025

🌟စက်ချုပ်ပညာကို အချိန်နှင့် ရည်ရွယ်ချက်အလိုက် စိတ်ကြိုက်ရွေးချယ် သင်ယူပါ! 🌟

သင်ကြားမှု ထိရောက်စေရန်နှင့် သင်တန်းသားများ အဆင်ပြေစေရန်အတွက် အတန်းနှစ်မျိုးကို
သီးခြားအချိန်ဇယားဖြင့် ဖွင့်လှစ်လိုက်ပါပြီ။

မိမိနှစ်သက်ရာ သင်တန်းကို ရွေးချယ်ပြီး ကိုယ်ပိုင်ဖန်တီးမှု‌တွေ လုပ်နိုင်ဖို့ ပထမဆုံး ခြေလှမ်းလှမ်းလိုက်ပါ✂️🎀

🌸မြန်မာဝတ်စုံ အခြေခံအတန်း🌸

-လုံချည် အမျိုးမျိုး ( ပတ်/ချိတ် ၊ သုံးလွှာ၊လေးလွှာ)
-ရင်ဖုံး ၊ ရင်စေ့ ၊ ရင်ဖြတ်ဆက် ၊ ရင်ဖုံးပုံစံများ
-စတစ်ကော်လံ နှင့် ကော်လံထောင် ပုံစံများ
-ဒေါက်ကစားနည်း အမျိုးမျိုး
-ပိုး နဲ့ ဇာ တွဲဆက်ပုံစံ
-လက်ပက်တန် များကို
ပက်တန်ဆွဲနည်းကနေ ချုပ်လုပ်ပြီးစီးသည်အထိ
အခြေခံစက်နင်းမှစ၍ သင်ကြားပေးပါမည် ။

🌹Ready to wear Basic Class 🌹

- A line skirt
- Pleated skirt
- Gathered skirt
- Circle skirt
- Wrap skirt ( စသဖြင့် Basic Skirtမှ ထပ်ဆင့် ဆန်းသစ်ထားသော ပုံစံများ)
- Elastic pant (သရေကြိုးဘောင်းဘီအပွဒီဇိုင်း)
- RTW အင်္ကျီ ဒီဇိုင်းပုံစံများ၊
- blouse ပုံစံအပွနှင့် ဂါဝန်ပုံစံများ
- ဒေါက်ရွှေ့နည်း နှင့် လက်ပုံစံများ၊အတွန့်အထပ်ယူနည်းများကို အခြေခံမှစ၍ သင်ကြားပေးမည့် အတန်းဖြစ်ပါသည်။

ကိုယ့်ရဲ့ အားလပ်ချိန် နဲ့ စိတ်ကြိုက်ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်တာမို့

🧵မြန်မာဝတ်စုံလား ?
👗RTW လား!?
🔥 ဒီနှစ်လခွဲဟာ သင့်ဘဝရဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ🔥
သင့်ရဲ့ အိပ်မက်တွေ ၊ သင့်ရဲ့ဒီဇိုင်းတွေကို
ကိုယ်တိုင်ဖန်တီးနိုင်မယ့် အခွင့်အရေးကို လက်လွှတ်မခံပဲ ကိုယ်ပိုင်လုပ်ငန်းလေးကို တနိုင်တပိုင်စနိုင်ဖို့
ခုပဲစာရင်းပေးလိုက်ပါ ✂️

☎️09-979849894 or
📥 page cb သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
သင်တန်းသားဦးရေ (၅) ဦးသာ လက်ခံမှာမို့
စရံ (၁)သိန်းကျပ်ပေးသွင်း၍
စာရင်းပေးအပ်နှံထားနိုင်ပါပြီ💓

သင်တန်းအချိန်/ သင်တန်းကြေး နှင့် နေ့ရက်များအား ယခုပိုစ့်ရဲ့ comment ထဲတွင် ဝင်ရောက်ကြည့်ရှုပေးပါရှင်👗🪡

31/10/2025

မကြာခင်မှာ ဖွင့်မယ့် မြန်မာဝတ်စုံ
အခြေခံအတန်းအတွက်
သင်ရိုးလေးတွေပြင်ထားပါပြီ 🌸🍀



23/10/2025

Ready to wear class
သင်တန်းသူလေးတွေရဲ့လက်ရာလေးတွေ
🎀✂️🧡❤️🩵
အတန်းသစ်လေးအတွက် ကြိုတင်အပ်ထားနိုင်ပါပြီရှင်

🔥Weekend Special! Ready-to-Wear Basic Class သင်တန်း🔥တစ်ပတ်လုံး အလုပ်များနေလို့ အထည်ချုပ်ပညာကို မသင်ယူဖြစ်ဘူးလား?စနေ ၊ တန...
22/10/2025

🔥Weekend Special! Ready-to-Wear Basic Class သင်တန်း🔥

တစ်ပတ်လုံး အလုပ်များနေလို့ အထည်ချုပ်ပညာကို
မသင်ယူဖြစ်ဘူးလား?စနေ ၊ တနင်္ဂနွေ(Sat & Sun)နေ့ရက်တွေမှာ အချိန်ပေးပြီး ကိုယ်ပိုင်ဖက်ရှင်ကို ဖန်တီးချင်သူတွေအတွက် အခြေခံ သင်တန်း ဖွင့်လှစ်ပါပြီ!

❌စက်လုံးဝ မနင်းတတ်လဲ စိတ်မပူပါနဲ့
✅အခြေခံကနေစပြီး တစ်ဆင့်ချင်းစီ သင်ကြားပေးမှာမို့ စက်နင်းကနေ အထည်ပြီးအထိ တတ်မြောက်ရမှာပါ။

သင်တန်းမှာ ဘာတွေသင်ယူရမလဲ ❓

🔸စက်နင်းအခြေခံ နှင့် အသုံးပြုရမည့် ပစ္စည်းကိရိယာများ။

🔸ကိုယ်တိုင်းယူနည်း မှန်ကန်တိကျစွာလေ့လာခြင်း

🔸အခြေခံပက်တန်ဆွဲနည်းများ

🔸Ready to wear Basic Design များ
(ဥပမာ-ရိုးရှင်းသော အင်္ကျီ ၊ စကပ် ၊ သရေကြိုးဘောင်းဘီ၊ ဂါဝန် နှင့်လက်ဒီဇိုင်း အခြေခံပုံများစွာ)ကို ပက်တန်ဆွဲခြင်း၊ အထည်ဖြတ်ခြင်း၊ ချုပ်လုပ်ခြင်း တို့ကို စာတွေ့လက်တွေ့သင်ကြားပေးခြင်း။

🔸ချုပ်ရိုးချုပ်သား သပ်ရပ်လှပစေရန် အချောသတ်နည်းလမ်းများ။

🌸Weekend တန်းခွဲ ဖြစ်လို့ အလုပ်နားရက်ကို
အကျိုးရှိရှိအသုံးချပြီး ဝါသနာပါတဲ့သူတွေအတွက်
အဆင်ပြေမယ့် အတန်းလေးဖြစ်ပါတယ်။

📌သင်တန်းအသေးစိတ်
✨တန်းခွဲ: စနေ ၊ တနင်္ဂနွေ
⏰ သင်တန်းအချိန်: နံနက် ၁၀ နာရီ ညနေ ၃ နာရီ
⌛️သင်တန်းကာလ: နှစ်လခွဲ
💰သင်တန်းကြေး-၃၅၀၀၀၀ ကျပ်
🎀စတင်မည့်ရက် - ၁.၁၁.၂၀၂၅

နေရာအကန့်အသတ်လေးရှိတာမို့ ခုပဲ ဆက်သွယ်စာရင်းပေးသွင်းပြီး ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းလေးတစ်ခု စတင်ဖို့ ပထမခြေလှမ်း လှမ်းလိုက်ပါ💓

အသေးစိတ်သိရှိလို့ပါက
☎️09979849894 or
💬 Chat Box မှတဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်
📌သင်တန်းတည်နေရာ - ၆/၁၇၇ ပန်းချီတံခါးလမ်း၊ တောင်ငူမြို့။

Address

6/177 Pan Chi Takar Street (Jail Street)
Taungoo

Opening Hours

Monday 10:00 - 15:00
Tuesday 10:00 - 15:00
Wednesday 10:00 - 15:00
Thursday 10:00 - 15:00
Friday 10:00 - 15:00
Saturday 10:00 - 15:00
Sunday 10:00 - 15:00

Telephone

+959979849894

Alerts

Be the first to know and let us send you an email when Natty Fashion & Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share