Marigold Fashion

Marigold Fashion အရည်အသွေး ကောင်းမွန်သော pajamas များ ဝယ်ယူနိုင်ပါတယ်ရှင်

ကြက်ဘူဖေး
28/11/2024

ကြက်ဘူဖေး

🪔သီတင်းကျွတ်ဆုတောင်း🪔🎆🎇မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော သီတင်းကျွတ်အချိန်ခါသမယတွင်ချစ်ရသူများအားလုံး ကိုယ်ရောစိတ်ပါကျန်းမာ...
17/10/2024

🪔သီတင်းကျွတ်ဆုတောင်း🪔

🎆🎇မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
သီတင်းကျွတ်အချိန်ခါသမယတွင်
ချစ်ရသူများအားလုံး ကိုယ်ရောစိတ်ပါ
ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ
ဒီရေအလား ကြီးပွါးတိုးတက်ကြပါစေရှင်
🙏🙏🙏

မိသားစုတွေထဲမှာ အပြစ်တင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကြမ်းဖက်မှုပါ။ကိုယ့်ကို အပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှန...
29/09/2024

မိသားစုတွေထဲမှာ အပြစ်တင်ခြင်းဟာ
စိတ်ပိုင်းဆိုင်ရာကြမ်းဖက်မှုပါ။
ကိုယ့်ကို အပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှနေချင်ကြမှာ
မဟုတ်ဘူးလေ​။ ငါက သူ့ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောနေတာကို မနေချင်လည်း မ နေနဲ့ပေါ့လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်သူမှ မနေချင်ကြပါဘူး။
သေးသေးလေးကအစ အပြစ်မြင်နေရင် အပြောခံရသူဘက်ကလည်း တွေးလာတော့မှာပဲလေ။ ဘာလို့ အပြစ်မရှိအပြစ်ရှာနေတာလဲပေါ့။ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ပြောပုံဆိုပုံခြင်းတောင် ကွာတတ်ကြပါတယ်။

ဒီအချိန်မှာ အပြောခံရတာများလာတဲ့
လူဟာလည်း တခုခုဆို ပြန်တုံ့ပြန်ဖို့ပြင်နေပါပီ။ စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောဖို့တောင်
သူ့အတွက်ခက်နေပါပြီ။ သူဘာပြောပြော
သူဘာလုပ်လုပ် အပြစ်တင်ခံနေရတာလေ။
သူ့အတွေးထဲမှာ ဘယ်တော့များအပြောခံရဦး
မလဲဆိုတဲ့ အတွေးတွေနဲ့။ အဲ့လူနားရောက်ရင် တင်းကျပ်နေပြီး မလုပ်ရဲမကိုင်ရဲနဲ့ကို ဘာအရည် အသွေးမှ ထွက်မလာတာ။

ဒါကို လောင်းရိပ်မိတယ်လို့လည်း
သုံးနှုန်းတတ်ကြတယ်။
အမှန်ပါပဲ.. လောင်းရိပ်မိနေတဲ့သစ်ပင်ဟာ
ကြီးထွားဖွံ့ဖြိုးဖို့ နှေးကွေးသလို
အပြစ်တင်ခံနေရတဲ့ ပတ်ဝန်းကျင်မှာ
ကြီးပြင်းလာတဲ့ကလေး တွေဟာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်း
တတ်ပါတယ်။ တခြားအရာတွေအပေါ်
အကောင်းမြင်စိတ်လည်း ပျောက်ကွယ်
နေတတ်တယ်။
သူကိုယ်တိုင်က အဆိုးမြင်ခံနေရတော့
အကောင်းမြင်တယ်ဆိုတာ ဘာမှန်းမသိတော့ဘူး။ တခြားသူတွေကိုလည်း အဲ့လိုပဲ ဆက်ဆံ
သွားတော့တာ။ ပညာမတတ်...မျက်စိပွင့်နားပွင့်လည်းမရှိ... စာလည်းမဖတ်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုဟာ အ​ပြောအဆိုတွေ ရုန့်ရင်းကြမ်းတမ်းပြီး နောက်ဖြစ်လာတဲ့ မျိုးဆက်တွေကလည်း
မုန့်လုံးစက္ကူကပ်နေတော့တာ။

အပြစ်တင်ခံနေရတာများတဲ့
လူတစ်ယောက်ဟာလည်း
နဂိုစိတ်အခံလေးကောင်းနေရင်တောင်
ပြောနေသူနဲ့ဆက်ဆံတဲ့အခါ... အဆိုးဘက်ကို ရောက်ဖို့များနေမှာပဲ။ အဲ့လိုနဲ့ပဲ မိသားစုအတွင်းမှာ ရန်တွေဖြစ် ပြဿနာတွေများနဲ့
စိတ်ချမ်းသာစရာကို မကောင်းတော့တာ။
ကိုယ့်ကို အပြစ်မတင်တဲ့သူနဲ့ဆို ကောင်းကောင်းမွန်မွန်ဆက်ဆံနေတော့တာ။
ဒီလိုနဲ့ပဲ အိမ်သားတွေနဲ့ဆို မကောင်းဘူး။
အပြင်လူနဲ့ပဲ ကောင်းတယ်ဆိုတာတွေဖြစ်လာတာ။

ဒါကြောင့် မိသားစုအတွင်း...
သူငယ်ချင်းတွေကြား ပေါင်းသင်းဆက်ဆံရေးအဆင်ပြေချင်တယ်ဆိုရင် အပြစ်တင်တာတွေ လျော့ကြပါလို့။ ဖြစ်လာတဲ့ကိစ္စတွေကို အပြစ်တင်နေတာထက် အတူရင်ဆိုင်ဖြေရှင်းပေးလိုက်ရင် ကောင်းမွန်တဲ့ဆက်ဆံရေးလေးတည်ဆောက်နိုင်ပြီး.... အေးချမ်းမှုကိုခံစားရတဲ့ပတ်ဝန်းကျင်ကနေ ဘယ်သူမှထွက်သွားတော့မှာ မဟုတ်တော့ပါဘူး။ မိသားစုအတွင်းမှာလည်း အချင်းချင်း နားလည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...

22/09/2024

ဒုတိယ မိသားစုဆိုတာ
လူတိုင်းလိုလိုမှာ ရှိပါတယ်။

ကိုယ့်ရဲ့မိသားစုအရင်းလို ကိုယ့်အပေါ်ကောင်းတဲ့၊
တချို့ဆို ကိုယ့်ရဲ့မိသားစုအရင်းထက်တောင် ပိုကောင်းတဲ့
ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ်။

ရေစက်ကောင်းတွေပါပြီး
ဒီဘဝမှာ ပြန်ဆုံရတယ်ပဲ ပြောရမလား ..

သွေးလည်းမတော် သားလည်းမစပ်၊
မွေးစားတာမျိုးလည်း မဟုတ်၊
ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်

ကိုယ့်အပေါ် မှာ တကယ့်မိသားစုတစ်ခုလို
နွေးထွေးလုံခြုံစေတယ်။
ကြင်နာယုယပေးတယ်။
ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။
ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။
နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။
ပျော်ရွှင်အေးချမ်းစေတယ်။
လင်းလက်တောက်ပစေတယ်။

ဒါဟာ ဒုတိယမိသားစုပါပဲ။

တချို့အတွက် အလုပ်နဲ့ အလုပ်ရှင်
တချို့အတွက် လုပ်ဖော်ကိုင်ဖက်
တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ
တချို့အတွက် အိမ်နီးနားခြင်း
တချို့အတွက် သူငယ်ချင်း
တချို့အတွက် ချစ်သူ

ဒုတိယမိသားစုဟာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်

:

မေတ္တာစူးရင်သိပ်ကြောက်ဖို့ကောင်းတယ်ဒါကြောင့်မေတ္တာမစူးစေနဲ့...~တစ်ဖက်သားရဲ့ စေတနာ၊မေတ္တာတွေကို တန်ဖိုးမထားရင်တောင်မစော်က...
14/09/2024

မေတ္တာစူးရင်သိပ်ကြောက်ဖို့ကောင်းတယ်
ဒါကြောင့်မေတ္တာမစူးစေနဲ့...
~တစ်ဖက်သားရဲ့ စေတနာ၊မေတ္တာတွေကို တန်ဖိုးမထားရင်တောင်မစော်ကားမိပါ‌ေစနဲ့ အသိအမှတ်မပြုရင်တောင် မပစ်မှားပါနဲ့‌ေပးတဲ့သူကမေတ္တာစစ်မေတ္တာမှန်‌ေနရင် ဘဝအဆက်ဆက်ဝဋ်ကြွေးခံရတတ်တယ်...
~သူကဘာမှ မသိပါဘူးဆိုပြီး တစ်ဘဝကောင်းစားရေးကို မမျှော်ကိုးနဲ့ သံသရာအတွက် အကြွေးတစ်ခုတင်သွားပြီလို့သာမှတ်ပါ...
~အကြွေးပဲ... ယူပြီးပြန်မပေးလဲရတယ်ဆိုပြီး မသိသလိုမနေပါနဲ့ လောကမှာ ကြောက်စရာအကောင်းဆုံးကအကြွေးပါ ဘယ်လိုအကြွေးမျိုးမဆို တစ်ဖက်လူဆီကယူပြီးရင် မသိသလိုနေလို့ရပေမဲ့ နောက်ဘဝအထိဝဋ်ကြွေးတွေပါသွားတတ်ပါတယ်...
~မေတ္တာလည်း ထိုနည်း၎င်းပါပဲ...
မေတ္တာနဲ့မထိုက်တန်တဲ့သူဆိုတာ လောကမှာမရှိဘူး မေတ္တာကိုတန်ဖိုးမထားတတ်တဲ့သူပဲ ရှိတယ် အဲ့ဒီအထဲ သင်မပါပါစေနဲ့ မေတ္တာစူးရင် နှုတ်ရခက်ပါတယ် ...
~တစ်ဖက်သားရဲ့မေတ္တာ၊စေတနာတွေကို အသိအမှတ်မပြုတဲ့အပြင် နာကျင်အောင်၊ ဝမ်းနည်းအောင်၊စိတ်ထိခိုက်အောင်၊နောက်ဆုံးရုပ်ပိုင်းဆိုင်ရာအထိပါစော်ကားမိရင် သူနဲ့တန်တဲ့အကျိုးကို တန်ပြန်ခံရတတ်တယ်ဆိုတာမမေ့ပါနဲ့...
~သင်ပြုသမျှအရာရာဟာ ဘယ်သူမှမသိဘူးဆိုရင်တောင် သင့်စိတ်ကို သင်...ညာလို့ မရပါဘူးဒါကြောင့် မေတ္တာပေးတဲ့သူကို မေတ္တာနဲ့မတုန့်ပြန်ချင်ရင်တောင် အသိအမှတ်ပြုပေးပါ
မေတ္တာစူးရင် ဘဝတစ်လျှောက်လုံး ဘာလုပ်လုပ် သင်ပြုခဲ့တဲ့တစ်ဖက်လူအပေါ်အပြုအမူအတိုင်း ဝဋ်ကြွေးတွေပြန်ရတတ်ပါတယ်...
***********************************
#စာပေဗဟုသုတလူတိုင်းရ #စာအုပ်စာပေလူ့မိတ်ဆွေ #ဗဟုသုတ #စာပေ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားရိုသေစွာဖြင့်

ငယ်ငယ်က​တော့ ဟိုလူက မ​ခေါ်လို့ဒီလူက မ​ခေါ်လို့ ဆိုပီး ဝမ်းနည်းခဲ့ဖူးတယ်ခု အသက်ကြီးလာ​​တဲ့ အချိန်မှာ​တော့ဘယ်သူ ​ခေါ်​ခေါ်...
13/09/2024

ငယ်ငယ်က​တော့ ဟိုလူက မ​ခေါ်လို့
ဒီလူက မ​ခေါ်လို့ ဆိုပီး ဝမ်းနည်းခဲ့ဖူးတယ်

ခု အသက်ကြီးလာ​​တဲ့ အချိန်မှာ​တော့
ဘယ်သူ ​ခေါ်​ခေါ် မ​ခေါ်​ခေါ် ​
ဘယ်သူ ​ပေါင်း​ပေါင်း မ​ပေါင်း​ပေါင်း
ဂရုလဲ မစိုက်တတ်သလို
လိုက်လဲ မခံစားတတ်​​တော့ဘူး

မ​ခေါ်ချင်လဲ ရတယ်
မ​တော်ချင်လဲ ရတယ်
မပက်သက်ချင်လဲ ရတယ်

မ​ခေါ်ချင် မ​ပြောချင်ပဲ
​စိတ်ထဲက မပါတဲ့ ဆက်ဆံ​ရေး​မျိုးဆို
ဟန်​ဆောင်ပီး​တောင်
လာမပက်သက်​စေချင်ဘူး

ကိုယ်တိုင်လဲ စိတ်အပင်ပန်းမခံနိုင်သလို
တခြားသူကိုလဲ ကိုယ့်​ကြောင့် စိတ်မပင်ပန်း​စေချင်လို့

ကိုယ့်ကိုယ် မလိုအပ်ဘူးဆိုတဲ့
အရိပ်အ​ယောင်မျိုး​တွေ့တာနဲ့ အဲ့​နေရာက​နေ တခါတည်း
တာ့တာ 🖐ပြတတ်သူပါ

Crd

နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေကိုတော့ မသိချင်ယောင်ဆောင်တတ်ရတယ် ဒါမှစိတ်ချမ်းသာရမှာပါ။သင်မရှိရင် မဖြစ...
11/09/2024

နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေကိုတော့ မသိချင်ယောင်ဆောင်တတ်ရတယ် ဒါမှစိတ်ချမ်းသာရမှာပါ။

သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး နေအလင်းရောင်တစ်ခုတည်းနဲ့ကမ္ဘာကြီးလင်းနေရင် ညဆိုတာဖြစ်လာမှာမဟုတ်ဘူး‌ေလ။

ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင် ကိုယ်ပဲပင်ပန်းရလိမ့်မယ်။လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချတတ်အောင်သင်ယူပါ။ဆွဲထားသမျှပူလောင်နေရင် အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ။

�ဒါကြောင့် မှန်နေရင်တောင် မငြင်းနဲ့တိတ်ဆိတ်နေခြင်းကပညာပါ။မြင်နေရင်တောင် မပြောပဲနေရမယ့်အနေထားဆိုရင် မသိ‌ချင်ယောင်ဆောင်ထားလိုက်ပါ တချို့တွေက စေတနာရဲ့တန်ဖိုးကို နားလည်မှာမဟုတ်ဘူး။

ဘဝမှာ အများကြီးပေးလို့အများကြီးပြန်ရတာဆိုလို့ မေတ္တာပဲရှိတယ် ဒါပေမဲ့ မေတ္တာနဲ့မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ ပြန်ရတာကနောင်တဆိုရင် အဲ့ဒီနောင်တအပေါ် ဒေါသဖြစ်ခြင်းကြောင့် ပေးသမျှမေတ္တာတွေက ဒဏ်ရာအဖြစ်ပြန်ရမယ့်အတူတူ မသိချင်ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။

crd

09/09/2024

တစ်ဖက်က စိတ်ခုအောင်လုပ်ရင်
ဘာမှဆက်မပြောတော့ပဲ
တိတ်ဆိတ်သွားတတ်တဲ့အကျင့်တစ်ခု ကျွန်မမှာရှိတယ်။
ဘဝမှာ မုန်းတဲ့လူရယ်လို့ သက်သက်မရှိပေမယ့်...
ဘဝမှာ မပတ်သက်ချင်တဲ့လူတွေတော့ ရှိတယ်။
တစ်ဖက်လူအပေါ်ဘယ်လောက်ပဲကောင်းပြနေပါစေ...
အကြောင်းတွေသိတော့
တချို့စိတ်ဓာတ်လေးတွေကို ရွံ့မုန်းမိတယ်။
သူတို့ဆက်ဆံတဲ့အတိုင်း
ပြန်ဆက်ဆံတော့
ပြန်ပြုံးပြနိုင်သူက ရှားတယ်လေ။
ဒါကြောင့်
တချို့ကိုစိတ်ရင်းနဲ့ပေါင်းတယ်။
တချို့ကိုကျတော့ အပေါ်ယံပဲပေါင်းတော့တယ်။

မူးရင်းရေးစားသူအား လေးစားစွာဖြင့်

31/05/2024

ဘဝ က မတိုပါဘူး အရှည်ကြီး….
အချောင်မခိုနဲ့အချောင်မလိုချင်နဲ့
ကြိုးစားရင် ကြိုးစားသလောက်ရတယ်…💐

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ။

အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး.....
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ပြောချင်တာက.....
မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။

တစ်ဖက်မှာအားနည်းရင်.....
တစ်ဖက်ဖက်မှာအားသာလာအောင်
ကြိုးစားကြပါ။

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။

နောက်ဆုံးမှာ......
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။

အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။

ဒါပေမယ့်......
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...။
သိပ္ပံဘွဲ့ရတယ်။
အံ့အားသင့်စရာအကောင်းဆုံးက
လေယာဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ

ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...။

လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်။

အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ။

အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို

သင့်ရဲ့ အားနည်းချက်ဆိုတာ
မေ့ထားပြီးကြိုးစားကြည့်ပါ။
သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်...

အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ကိုယ့်ရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။
ပွဲတစ်ပွဲရဲ့အဖြေဟာ.....
ကိုယ့်လက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ

#လေးစားစွာဖြင့် .....

မှတ်သားစရာ 💜
24/05/2024

မှတ်သားစရာ 💜

{  ကဆုန်လပြည့် ဗုဒ္ဓနေ့  }"ယခုလာမည့်ဥပုသ်နေ့သည်   ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်သည်"ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ*******...
22/05/2024

{ ကဆုန်လပြည့် ဗုဒ္ဓနေ့ }
"ယခုလာမည့်ဥပုသ်နေ့သည်
ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်သည်"
ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
***************🌺******************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

လှလိုက်တာ ❣️
21/05/2024

လှလိုက်တာ ❣️

Address

Thanlyin

Website

Alerts

Be the first to know and let us send you an email when Marigold Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share