17/04/2024
"မေတ္တာ သည် သာ အေးချမ်းရာ"
☘ မေတ္တာ သည် အအေးဓါတ်ဖြစ်ပါတယ်။
အေးချမ်းမှုကို ဖြစ်စေတယ်။
မေတ္တာ သည် (အဒေါသ) ဖြစ်ပါတယ်။
☘ စိတ်မှာ ဖြစ်ပေါ်တဲ့ Positive Emotions နှင့် Negative Emotions များ အပေါ်မူတည်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ Cell သန်းပေါင်းများစွာက ပြောင်းလဲ ဖြစ်ပေါ်လာပါတယ်။
☘ Positive Emotion ဖြစ်တဲ့ မေတ္တာဓါတ်ရှိသူသည် ရုပ်ပိုင်းဆိုင်ရာ ကြည်လင်မှု ဖြစ်ပါတယ်။
☘ ကမ္ဘာကြီး ပူနွေးလာမှုက မေတ္တာဓါတ်များ ခမ်းခြောက်လာခြင်း, လောဘ ဒေါသ မောဟ အပူဓါတ်များ တိုးပွားလာခြင်းကြောင့်လဲပါ,ပါတယ်။
☘ ပြင်ပက ပူတဲ့ အပူထက် စိတ်ကပူတဲ့ အပူကို လျော့ချဖို့လိုပါတယ်။
☘ မေတ္တာသည် သူတပါးအကျိုးလိုလားခြင်းပါ။
မေတ္တာ ထားတတ်သူက အေးချမ်းမှုကို ရရှိစေပါတယ်။
☘ မေတ္တာ Frequency လှိုင်းတွေက စွမ်းအားကြီးမားပါတယ်။
မေတ္တာ ပွားပါ,
မတ်ေတာ ထားပါ။
☘ မေတ္တာထား တတ်ခြင်းသည် စိတ်ဓါတ် မြင့်မားခြင်း တစ်မျိုးပင်ဖြစ်ပါတယ်။
☘ သက်ရောက်မှုတိုင်း တန်ပြန်သက်ရောက်မှုရှိပါတယ်။
မေတ္တာထားသူ မေတ္တာပိုရပါတယ်။
☘ ပူလောင်လှတဲ့ ရာသီမှာ အေးချမ်းအောင် မေတ္တာပွားပါ။
မိမိကိုယ်က စပြီး
မိသားစုတစ်ယောက်ချင်းဆီကို
မိတ်ဆွေ တစ်ယောက်ချင်းဆီကို
စိတ်ထဲ အေးချမ်းကြပါစေ လို့
၁၀ မိနစ်လောက် မေတ္တာ ဓါတ်တွေ ပို့ လွှတ်ကြည့်ပါ။
☘ အရင်ဆုံး မိမိ စိတ်အေးချမ်းရပါတယ်။
☘ ယခု စာကို ဖတ်နေရသူ အားလုံး ကျန်းမာ ချမ်းသာပါစေ။
ဘဝ အပူတွေ လျော့နည်းပါစေ..
💦💦 နှစ်သစ်မဟာသင်္ကြန်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ...🙏🙏