25/10/2023
မှောက်သွားတဲ့ ကော်ဖီတစ်ခွက်
ဘယ်သူမှ လျှာနဲ့ မလျက်ဘူး ၊
အသစ်တစ်ခွက် မှာရင် မှာမယ် ၊
သူ့မှာ အနံ့ အရသာ အပြင်အဆင်
တန်ဖိုးကြီးပင် ညားသော်လည်းပဲ ၊
ကြမ်းပြင်ပေါ်မှာ ဖိတ်ကျသွားရင်
နှမျောတသပဲ ဖြစ်ကြမှာ ၊
လျှာနဲ့တော့ မလျက်ပါဘူး ၊
အခုအခါမှာ သူက တန်ဖိုးမဲ့သွားပြီလေ ၊
ဒီလိုပဲ
လူတစ်ယောက်ဟာ
အဆင့်အတန်းကြီးမားပါသော်လည်း
ပညာဉာဏ်ပြည့်ဝပါသော်လည်း
ရုပ်ရှည်ချောမောပါသော်လည်း
ကိုယ်ကျင့်တရား ချို့ယွင်းသွားရင်
ဘယ်သူမှ ပေါင်းသင်းချင်မှာ မဟုတ်တော့ဘူး ၊
ကိုယ်ကျင့်တရား မကောင်းတာ တစ်ချက်တည်းနဲ့
ဂုဏ်ပုဒ်များစွာဟာ မြောင်းထဲကျသွားခဲ့ပြီ ၊
စောစောက ကော်ဖီတစ်ခွက်လိုပဲ
အနံ့ အရသာတွေ စျေးကြီးတာတွေ
အပြင်အဆင်ကောင်းတာတွေဟာ ၊
ကြမ်းပြင်ပေါ် မှောက်သွားတဲ့အခါ တန်ဖိုးမဲ့သွားသလိုပေါ့ ။
Credit