03/03/2025
Ramadan ဆိုတာ အစ္စလာမ်ဘာသာဝင်တွေရဲ့ကြီးမြတ်တဲ့လပါ
Fajr မတိုင်ခင်အစားစားလို့ရပါတယ်
Fajrကစလို့Maghribထိ မစားမသောက်ရပါဘူး သက်ကြီးရွယ်အို အသက်မပြည့်သေးသူ ရောဂါရှိသူ အမျိုးသမီးများ ဓမ္မတာလာစဉ်ဥပုဉ်မယူတဲ့အတွက် စားလို့သောက်လို့ရပါတယ်
အိမ်ထောင်သည်အမျိုးသား အမျိုးသမီးများ လင်မယား အဖြစ်ဆင်ခြင်ရပါတယ်
မြန်မာတို့ရေ မိမိဘာ ဘာသာပဲကိုးကွယ်နေပါစေ ယုံကြည်နေပါစေ သူတပါးရဲ့ ဘာသာယုံကြည်မှု့ကို မစော်ကါးပါနဲ့နော် ကိုယ်တွေဘာသာသူများစော်ကါးလာရင်မကြိုက်သလို သူတို့လဲထပ်တူပါ
တနေကုန်အစားမစားရပဲကုသိုလ်ယူတာမို့ ကိုယ်က ပါရမီဖြည့်ပေးရတာကုသိုလ်ရပါတယ် တာဝန်ဆိုတာထက် Ramadanလမှာ အထူးစေတနာထားရမှာပါ
မနက်အစော စားတယ် ညစာညနက်မှစားတယ် ခလေးတွေအဘွားအိုတွေရှိတဲ့အိမ်တွေ က မနက်နေ့လည် ည သုံးနပ်တူပေမဲ့ ညစာအရမ်းနောက်ကျတယ် မနက်စာအစောလုပ်ရတယ် အိပ်ချိန်နဲပါတယ် များသောအားဖြင့်ပါ တချို့အိမ်တွေမနက်စာမလုပ်ပေးရဘူး တချို့ကတော့ fajrမတိုင်မီ မိနစ်လေးဆယ်မှာအပြီးလုပ်ပေးရပါတယ်
ဖိုက်တင်းပါ Ramadanလရောက်တိုင်း အမည်မဲ့ပိုစ့်တွေနဲ့ပွဲရှာတာများလွန်းနေတယ်ထင်မိလို့တင်လိုက်တာပါ မြန်မာဂရုဆိုပေမဲ့ မြန်မာ အစ္စလာမ်ဘာသာဝင်တွေရှိတယ် Omani People တွေရဲ့ဇနီးတွေရှိတယ် မြန်မာစာနဲ့ရေးပေမဲ့ Google က ရှာဖတ်လို့ရနေပါပြီနော် အထူးဆင်ခြင်ပါ ကိုယ်တယောက်ကြောင့် ကိုယ့်လူမျိုးမထိခိုက်စေချင် အထင်သေးမခံစေချင်ကြပါနဲ့🙏🙏🙏ဖိုက်တင်းမြန်မာ💪💪💪
ကိုယ့်နိုင်ငံရေးမကေါင်းချိန်မိသားစုအတွက်ခဏတာ အနစ်နာခံရတာအားတင်းထားနော် Two Year ခဏလေးပါ ၂၄လထဲပါ
၇၃၀ရက်ထဲပါ၁၇၅၀၀နာရီထဲပါ1,051,200မိနစ်ထဲပါ6,307,200စက္ကန့်ထဲပါ မကြိုက်တဲ့စကါးတွေပြောလာလဲ တဖက်နားကပြန်ထုတ်ပြစ်လိုက် ပြောတဲ့စကါးတိုင်း ရင်ဘတ်ဆီမပို့နဲ့
အကောင်းဆုံးအပြုံးတွေနဲ့ လစာတွေနဲ့အတူ သည်းခံခြင်းပညာတွေ အစားအသောက် ချက်ပြုတ်ပညာတွေသင်ယူကြမယ်နော်
Crd