Mommy Saw

Mommy Saw သားသား Star ရဲ့မေမေတင်ဆက်တဲ့ Parenting, Food, Travel & Lifestyle blog လေးပါ။

Post အသစ်တွေတင်ရင်သိရဖို့ page ကို Like & Follow လုပ်ထားပေးပါဦးနော်။ ❤️

28/08/2026

ဒီမေမေ ၃၁ ရက်နေ့ အလုပ်စဝင်တော့မှာမို့ Page လေးကိုနားပါပြီ အရာအားလုံးက တစ်နေ့မှာတော့အဆုံးသတ်ကြရစမြဲပါ။

26/08/2026

Head shaking at 9 months 🐵

24/08/2026

သားသား Star Ko Ko ရဲ့ shower time လေးပါရှင့်။ 🛁🫧

သားသား Star လေး အသက် ၉ လမှာ Ivenet Grain Friend Roll (Sweet Potato) မုန့်လေးကျွေးဖြစ်နေပါတယ်ရှင်။ 🌾ကလေးငယ်လေးတွေရဲ့ ဖွံ့...
23/08/2026

သားသား Star လေး အသက် ၉ လမှာ Ivenet Grain Friend Roll (Sweet Potato) မုန့်လေးကျွေးဖြစ်နေပါတယ်ရှင်။ 🌾

ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက်သင့်တော်ပြီး အာဟာရလည်းအလွန်ပြည့်ဝပါတယ်။ အသက် ၉ လနဲ့အထက်မှာ စကျွေးလို့ရပြီး ကိုယ်တိုင်လက်နဲ့ကိုင်စားရတာဖြစ်လို့ BLW (Baby-Led Weaning) ကျင့်နေတဲ့ မေမေတို့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။

🌾 ကိုရီးယားနိုင်ငံထွက် အရည်အသွေးမြင့် ကောက်နှံသီးနှံ ၈ မျိုးဖြစ်တဲ့ Brown Rice၊ White Rice၊ Corn၊ Millet၊ Black Bean၊ Black Rice၊ Barley နဲ့ Glutinous Rice တို့ကို ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။

💪🏻 သာမန်မုန့်တွေလို ဆီနဲ့ကြော်ထားတာမဟုတ်ဘဲ အပူပေးပြီးဖုတ်ထားတဲ့နည်းလမ်းကို အသုံးပြုထားတာကြောင့် အဆီပိုမဖြစ်စေဘဲ ဘေဘီလေးတွေ အလွယ်တကူအစာကြေညက်လွယ်စေပါတယ်။

🦴 ကလေးငယ်တွေရဲ့ အရိုးနှင့်သွား ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ Calcium ဓာတ်လည်း အထူးပါဝင်ဖြည့်တင်းပေးထားပါတယ်။

🚫 တာရှည်ခံဆေး၊ အရောင်တု၊ ဓာတုပစ္စည်းများနှင့် MSG လုံးဝမပါဝင်တာကြောင့် ချောင်းဆိုးတာ၊ ချွဲကျပ်တာတွေအတွက် စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချကျွေးနိုင်ပါတယ်ရှင်။

📦 တစ်ဘူးချင်းစီမှာမှ 5g စီပါဝင်တဲ့ အိတ်ငယ်လေးတွေနဲ့ တစ်ဘူးကို ၈ ထုပ် သီးသန့်စီ ထုပ်ပိုးပေးထားတာမို့ အပြင်သွားတဲ့အခါတွေမှာ အလွယ်တကူထည့်သွားလို့ရသလို မစိုစွတ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

21/08/2026

ဝင်ဒါမီယာထဲက တအားစားကောင်းတဲ့ဆိုင်မှာ ဘာတွေသွားစားဖြစ်လဲဆိုတာလေး video ထဲကြည့်ပေးပါနော်။ 🫶🏻

သီချင်းသံလေး mute ဖြစ်သွားလို့ အောက်က YouTube လင့်မှာ နားဆင်နိုင်ပါတယ်ရှင့်။ 👇🏻
https://youtube.com/shorts/gDOL0RiJZ1E?si=PTJz7dOwIJ33NO5R

AI မဟုတ်ဘူးနော် တကယ့်ပုံအစစ်ပါ။ သားသားဖွားဖွားနေထိုင်တဲ့ ကြည့်မြင်တိုင်အိမ်ကိုပြန်ဖြစ်တုန်းက ထီးတန်းဈေးထဲရောက်တုန်း ရိုက...
20/08/2026

AI မဟုတ်ဘူးနော် တကယ့်ပုံအစစ်ပါ။ သားသားဖွားဖွားနေထိုင်တဲ့ ကြည့်မြင်တိုင်အိမ်ကိုပြန်ဖြစ်တုန်းက ထီးတန်းဈေးထဲရောက်တုန်း ရိုက်ဖြစ်တဲ့အမှတ်တရလေးပါ။ 📸

ကလေးငယ်တွေရဲ့အနာဂတ်အတွက် အလွန်အရေးပါတဲ့ Zero to Three အဖွဲ့အစည်းက အခမဲ့ထုတ်ဝေထားတဲ့ Word Wonders (Early Language & Liter...
19/08/2026

ကလေးငယ်တွေရဲ့အနာဂတ်အတွက် အလွန်အရေးပါတဲ့ Zero to Three အဖွဲ့အစည်းက အခမဲ့ထုတ်ဝေထားတဲ့ Word Wonders (Early Language & Literacy Curriculum) လေးကို ဒီနေ့လေ့လာဖြစ်ခဲ့ပါတယ်။ 🌟

အသက် ၁၈ လကနေ ၄၈ လအထိ ကလေးငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး Kindergarten နဲ့ အနာဂတ်မှာ ပညာရေးပိုင်းဆိုင်ရာ အောင်မြင်မှုတွေရရှိစေဖို့ language-rich experience တွေကို ဖန်တီးပေးနိုင်မယ့် အကောင်းဆုံး အစီအစဉ်တစ်ခုဖြစ်ပါတယ်။ 🧩

Science of Reading ကို အခြေခံထားပြီး ကလေးတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေထဲမှာ အလွယ်တကူ အကောင်အထည်ဖော်နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ 🌱

💡 ဘာတွေပါဝင်လဲဆိုတော့—
🎮 20 Play-based Learning Activities (ပျော်စရာ ကစားနည်းအခြေခံ သင်ယူမှုလုပ်ငန်းစဉ် ၂၀ ခု)

🎵 10 Original Songs and Rhymes (မူရင်းသီချင်းနဲ့ ကာရန်အလှ ၁၀ ပုဒ်)

📖 Teacher's Guide (သုတေသနနှင့် ကလေးဖွံ့ဖြိုးမှုအပေါ် အခြေခံထားသော ဆရာလမ်းညွှန်)

✂️ Classroom-Ready Materials (အချိန်ကုန်ခံပြင်ဆင်စရာမလိုဘဲ ချက်ချင်းအသုံးပြုနိုင်သော သင်ထောက်ကူပစ္စည်းများ)

ပုံမှန်ကစားနေကျ ကစားနည်းတွေ၊ သီချင်းတွေ၊ ပုံပြင်ပြောခြင်းတွေနဲ့ စကားပြောဆိုမှုတွေကနေတဆင့် ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဘာသာစကားစွမ်းရည်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ စနစ်တကျ ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။ 🧠

မိဘများ၊ ဆရာ/ဆရာမများနှင့် ကလေးသူငယ် စောင့်ရှောက်သူများအတွက် သေချာပေါက်လက်စွဲထားသင့်ပါတယ်။ အောက်ပါ Link ကနေ Curriculum နဲ့ Songs တွေကို အခမဲ့ Download ရယူနိုင်ပါတယ်ရှင့်။ 👇
🔗 https://www.zerotothree.org/resource/word-wonders-curriculum-and-songs

Page မှာ post အသစ်တွေတင်ရင်သိရဖို့ Like & Follow လုပ်ထားပေးပါဦးနော်။ 💛

ဘာဝန်ဆောင်မှုပဲပေးပေး အမြဲအကောင်းဆုံး ကြိုးစားခဲ့ပါတယ်ရှင့်။ 😍
18/08/2026

ဘာဝန်ဆောင်မှုပဲပေးပေး အမြဲအကောင်းဆုံး ကြိုးစားခဲ့ပါတယ်ရှင့်။ 😍

Mommy Saw ကလေးအသက် ၉ လမှာ ကုမ္ပဏီအလုပ်ပြန်ဝင်တော့မှာမို့ ရှေ့အပတ်ကစပြီး Meal Plan ဝန်ဆောင်မှုလေးနားပါပြီရှင့် အားပေးခဲ့ကြတဲ့ကာကာတိုင်းကို ကျေးဇူးတင်ပါတယ်။

PS- ရှေ့အပတ်အတွက် Meal Plan လေးတောင် ကြိုဆွဲထားမိတာ မထင်မှတ်ဘဲ မနေ့တုန်းက offer လေးရသွားလို့။ 🥹

18/08/2026

ကိုယ်မရိုက်ထားတဲ့ ပုံနဲ့ဗီဒီယိုတွေ ဖုန်း Gallery ထဲမှာအများကြီးပဲတွေ့တယ် သားသားလေးလက်ဆော့ထားတာ။ 😆👶🏻📸

15/08/2026

ဘဝမှာ အောင်မြင်ပြီးသား၊ နောက်ခံကောင်းတွေ ဒါမှမဟုတ် ထောက်ပံ့ပေးမယ့်အသိုင်းအဝိုင်း ရှိပြီးသားသူတွေအတွက် နောက်ထပ်အောင်မြင်မှုတွေ ထပ်ဖန်တီးဖို့ဆိုတာ အရင်ကထက် ပိုပြီးလွယ်ကူနိုင်ပါတယ်။ သူတို့မှာ လမ်းပြမယ့်သူတွေ၊ အရင်းအနှီးတွေနဲ့ အခွင့်အလမ်းကောင်းတွေ လက်တစ်ကမ်းမှာ ရှိနေတတ်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတိုင်းက အဲဒီလို ကံကောင်းတဲ့အစပြုခွင့်နဲ့ ဘဝကိုစတင်ကြရတာတော့မဟုတ်ပါဘူး။ 🌟

ဘာနောက်ခံမှ မရှိဘူး၊ အကူအညီပေးမယ့် ကျောထောက်နောက်ခံလည်းမရှိဘဲ ကိုယ့်အားကိုယ်ကိုးပြီး တစ်လှမ်းချင်း ရှေ့ဆက်နေရတဲ့သူတွေအတွက်တော့ အောင်မြင်ဖို့ဆိုတာ ဆူးခင်းလမ်းကြီးပေါ် လျှောက်ရသလိုပါပဲ။ လမ်းမှာ အမှားတွေနဲ့ ရင်ဆိုင်ရမယ်၊ မရေရာမှုတွေနဲ့ ကြုံရမယ်၊ အချိန်တွေ အများကြီးပေးဆပ်ရပါမယ်။ အဲဒါကြောင့်ပဲ အောင်မြင်မှုဆီရောက်ဖို့ အချိန်ပိုကြာတတ်ပြီး ပင်ပန်းရတာသဘာဝပါပဲ။ 🛤️⏳

ဒီလိုအချိန်မျိုးမှာ ကိုယ်က လိုချင်တဲ့ပန်းတိုင်ကို မရောက်သေးဘူး၊ လူတွေထက် နောက်ကျနေတယ်လို့ ခံစားရရင် ဘယ်တော့မှစိတ်ဓာတ်မကျပါနဲ့။ အောင်မြင်မှုဆိုတာ အမြန်နှုန်းနဲ့ တိုင်းတာလို့ မရတဲ့ ကိုယ်ပိုင်ခရီးစဉ်တစ်ခုဖြစ်ပြီး နှေးကွေးနေတာက လမ်းပျောက်နေတာကို လုံးဝမဆိုလိုပါဘူး။ မီးခိုးတိတ်တိတ်နဲ့ တောက်နေတဲ့မီးပုံလိုပါပဲ၊ အချိန်တန်ရင် အလင်းရောင်က အထင်ရှားဆုံးထွက်လာမှာပါ။ 💪❤️

နောက်ခံအထောက်အပံ့မပါဘဲ၊ ကိုယ့်ရဲ့ ချွေးနှဲစာ၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ အကြိမ်ကြိမ်လဲကျရာကနေ ပြန်ထလာတဲ့ကြိုးစားမှုတွေနဲ့ တည်ဆောက်ယူခဲ့ရတဲ့အောင်မြင်မှုက ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးရှိပါတယ်။ တခြားသူတွေအတွက် သာမန်အောင်မြင်မှုတစ်ခုဖြစ်နိုင်ပေမဲ့ ကိုယ့်အတွက်တော့ ဘဝကို အကောင်းဆုံးရုန်းကန်ပြနိုင်ခဲ့တဲ့ အထောက်အထားဖြစ်ပြီး အရာရာထက် ပိုပြီးဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှုအစစ်အမှန်ပါပဲ။ 🏆🔥

Address

Buliding A5 Wing-C, Star City,
Thanlyin

Website

Alerts

Be the first to know and let us send you an email when Mommy Saw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share