SUE Dress Making & Bridal Design

SUE Dress Making & Bridal Design Dress Making & Bridal Design
"U can order any kind of dress what u want"
*waiting time at least 2 week*

HappyBirthday ပါ သမီးလေးရေ....🎂🎉💐🎁Birthday Gown ရွှေရောင်လေးနဲ့လှနေတဲ့ သမီးချောလေး 😍.....👗 SUE Dress Making & Bridal Des...
04/11/2024

HappyBirthday ပါ သမီးလေးရေ....🎂🎉💐🎁
Birthday Gown ရွှေရောင်လေးနဲ့လှနေတဲ့ သမီးချောလေး 😍.....

👗 SUE Dress Making & Bridal Design

04/08/2024

ဆိုင်မှ ရွေးသွားပြီးအထည်များအား ❌၃လ❌ ကျော်ပြီးမှ ပြန်ဝတ်ကြည့်ပြီး အဆင်မပြေခြင်း complaint အား တာဝန်ယူပေးဖို့အဆင်မပြေပါ....
လက်မခံပါရှင့်

လာရွေးစဥ် စိတ်တိုင်းမကျမခြင်းစိတ်ကြိုက်ဖြစ်အောင် Fitting ချပေးခြင်းဖြင့် ဝန်ဆောင်မှုပေးပါမည်...

ခြွင်းချက်အနေဖြင့် မိမိခန္ဓာကိုယ်အပြောင်းအလဲ ဖြစ်လာသောကြောင့် အနည်းအငယ်ပြန်လည် ကျဥ်း/ကျယ် လုပ်ပေးရန် request မျိုးသာ လက်ခံပေးပါမည်...

အပ်ထည်အတွက် customer များသို့ မေတ္တာရပ်ခံချင်တာလေးပါ....🙏🙏🙏

Sue Dress Making & Bridal Design School မှ Advanced Class သင်တန်းသူ သဲစုထွေး ရဲ့ သင်တန်းဆင်း ထိုင်မသိမ်းလက်ရာလေး...✨Desi...
10/07/2024

Sue Dress Making & Bridal Design School မှ Advanced Class သင်တန်းသူ သဲစုထွေး ရဲ့ သင်တန်းဆင်း ထိုင်မသိမ်းလက်ရာလေး...✨

Designer 👗 - Thae Thae ( SUE Dress Making & Bridal Design )
Model 👸- Myint Myat Moe
Photo 📸 - Rae Thu Aung
MUA 💄- Nann Yatti Win Lae

Sue Dress Making & Bridal Design School မှ Advanced Class သင်တန်းသူ သီရိဘုန်းလှိုင် ရဲ့ သင်တန်းဆင်း ထိုင်မသိမ်းလက်ရာလေး....
08/07/2024

Sue Dress Making & Bridal Design School မှ Advanced Class သင်တန်းသူ သီရိဘုန်းလှိုင် ရဲ့ သင်တန်းဆင်း ထိုင်မသိမ်းလက်ရာလေး...✨

Designer 👗 - Thiri Phone Hlaing ( SUE Dress Making & Bridal Design )
Model 👸- Hanny Su San
Photo 📸 - Rae Thu Aung
MUA 💄- Nann Yatti Win Lae

So this is love....two hearts that beat as one...💞Designer 👗- Sue
01/07/2024

So this is love....two hearts that beat as one...💞

Designer 👗- Sue

မေမေဗိုက်လေးအတွက် ပွဲတက်အတွက်ချုပ်ပေးထားတာလေးအမှတ်တရ... 😍
29/06/2024

မေမေဗိုက်လေးအတွက် ပွဲတက်အတွက်ချုပ်ပေးထားတာလေးအမှတ်တရ... 😍



အတွေ့အကြုံက စျေးကြီးတယ်"""""""""""""""""""""""""""""""""""""""""""ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။မည်သူမျှ မပြုပြင်န...
24/04/2024

အတွေ့အကြုံက စျေးကြီးတယ်
"""""""""""""""""""""""""""""""""""""""""""

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော
စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ
သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ
တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာ ကို ညင်သာစွာ ခေါက်လိုက်သည်။
မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။
အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန်
စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း
ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို.....?" ဟု ပိုင်ရှင်က မကျေမနပ် နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူး ငါ့ကို အသေးစိတ်
ဘေလ်ရေးပေးပါ။"

စက်ပြင်ဆရာက
ဘေလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..

- တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ
အတွက် ပညာကြေးက - $9,998
( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို
ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရရန်
အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျှင်၊ ဤကဲ့သို့ မိနစ် 30 နဲ့
ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ
သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့
ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက စျေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့
လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

11/04/2024

YKKO TV commercial လေးထွက်လာပါပြီ… 🎉🎉🎉

သရုပ်ဆောင် Lwin Gyi အတွက် costume Designer အဖြစ် ပါဝင်ဖန်တီးထားပါတယ်🍜☘️

မင်းသားရဲ့ ကြေးအိုးမယ် ဝတ်စုံလေးကိုလည်း ကြည့်ရင်း video လေးကိုအားပေးကြပါဦးနော် 😍😍





Singapore မှလှမ်းအပ်တဲ့ Dress လေး 𝗕𝗲𝘀𝘁 𝗗𝗿𝗲𝘀𝘀 𝗔𝘄𝗮𝗿𝗱  ပါရတယ်ဆိုတော့ အတိုင်းအထက်အလွန်ပီတိပေါ့ရှင်... ပိုင်ရှင်လေးပေါ်မှာပို...
07/04/2024

Singapore မှလှမ်းအပ်တဲ့ Dress လေး
𝗕𝗲𝘀𝘁 𝗗𝗿𝗲𝘀𝘀 𝗔𝘄𝗮𝗿𝗱 ပါရတယ်ဆိုတော့ အတိုင်းအထက်အလွန်ပီတိပေါ့ရှင်...

ပိုင်ရှင်လေးပေါ်မှာပိုတောက်ပပြီး ကြွကြွရွရွလေးလှနေလိုက်တာ 😍😍

သကြင်္န် ဘာ အစီစဉ်မှ မရှိတဲ့သူတွေအတွက်  #သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ     " မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "နှစ်သစ်ပိတ...
03/04/2024

သကြင်္န် ဘာ အစီစဉ်မှ မရှိတဲ့သူတွေအတွက်

#သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ
" မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "

နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေ
ပြုလုပ်ရင်း မေတ္တသုတ် အဓိဋ္ဌာန်ဝင်ကြရအောင်

၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်
ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။

၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၁၀၈) ခေါက်
အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ
လျှောက်ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်
ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌
ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး
နတ်ဗြဟ္မာတို့အား ပရိတ်တရားနာ
ကြွပါရန် ဖိတ်ကြားပါ။

၅။ မေတ္တသုတ်ပရိတ်တော်ကို
စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက်နာ ဆောင်ရွက်ရန်
***************************
နေ့စဉ် (၁၀၈) ခေါက်နှုန်းဖြင့်
သင်္ကြန်ပိတ်ရက်(၅)ရက်
အဓိဋ္ဌာန် ဝင်ရပါမယ်

နေ့စဉ် (၁၀၈) ခေါက် အဓိဋ္ဌာန်
အောင်မြင်သွားတိုင်း မေတ္တာပို့ရပါမယ်

မေတ္တာပို့နည်း
******************
(၁) ဧတံ ပုညဘာဂံ ဤကဲ့သို့ ကျင့်ကြံပွားများအားထုတ် လှူဒါန်းပူဇော်ကန်တော့ရသော ကုသိုလ်ကောင်းမူကံစေတနာ အဖို့ဘာဂတို့အား အနန္တစကြဝဠာ အတွင်း၌ မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော အနတ္တလူနတ်ဗြဟ္မာ၊အနတ္တသတ္တဝါများအားလုံး ၊အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊ အရပ်ဆယ်မျက်နာ၌ ရှိကြကုန်သော အနန္တ နတ်၊ လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်။

(၂) သာသနာတော်အား စောင့်ရှောက်
လျက်ရှိသော ဘိုးတော်သိကြားမင်းနှင့်တကွ
သာသနာစောင့်နတ်မင်းကြီး ၄ ပါး
အားလည်းကောင်း။

(၃) တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊
ရုက်ခစိုး၊ဘုမ်မစိုး၊
သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊
ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊
လစောင့်နတ်၊နတ်မင်းအပေါင်းနှင့်
ကြှနျုပျ၏ကိုယျစောင့ျနတျတို့အားလညျးကောငျး၊
သာသနာတော်အား
စောင့်ရှောက်လျက်ရှိကြကုန်သော
နတ်မင်းအပေါင်းတို့အားလည်းကောင်း။

(၄) ဝိရူပက္ခမြွေနတ်နဂါးမင်း၊
ဆဗျာပုတ္တမြွေနတ်နဂါးမင်းနှင့်တကွ
နတ်နဂါးမင်းအပေါင်းတို့အားလည်းကောင်း။

(၅) ဘုရားသိုက်၊နဂါးသိုက်၊ကုလားသိုက်၊
ရှမ်းသိုက်၊ဘီလူးသိုက် အစရှိသဖြင့် သိုက်နန်းရှင်၊
သိုက်ချုပ်၊ သိုက်ဝင်အပေါင်းတို့နှင့်တကွ
နဂါး ဂဠုန် ကု မ္ဘဏ် ယက္ခ၊ဂန္ဓဗ္ဗ
နတ်အပေါင်းတို့အားလည်းကောင်း။

(၆) ဘုရားတပည့်တော်ဘဝအဆက်ဆက်
သံသရာ၌ တော်စပ်ခဲ့သော မိခင်၊ဖခင်၊ဆရာသခင်၊
ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အားလည်းကောင်း၊
ယခုဘဝတော်စပ်ကြကုန်သော
မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အား လည်းကောင်း၊၊

(၇) ပထဝီ၊တေဇော၊အာဘော၊ဝါယော
ဓာတ်အကြီးလေးပါးကို မှီ၍ ဖြစ်ပေါ်
ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ
အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊
သြကာသလောက၊သင်္ခါရလောက၊သတ္တလောက
လောကသုံးပါး ကိုမှီ၍ ဖြစ်ပေါ်ကြကုန်သော
အနန်တ နတ် လူ ဗြမ္မာ အနန်တသတ်တဝါအားလုံးတို့အား လည်းကောင်း ၊ ယမမင်းနှင့်တကွ ငရဲသူ ငရဲသားတို့အားလည်းကောင်း။

ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ချမ်းသာကြပါစေ၊
ဒေါသ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ကြပါစေ၊
ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ကြပါစေ၊
နှလုံးစိတ်ဝမ်းငြိမ်းချမ်း သာယာ ကြပါစေ ကုန်သတည်း။

တပည့်တော်-
ပြုခဲ့သော ကုသိုလ် ကောင်းမူကံ
စေတနာ ၊ ဒါနကုသိုလ် ၊ သီလ ကုသိုလ်၊
ဘာဝနာကုသိုလ်၊ သစ်စာကုသိုလ်
မေတ္တာ ကုသိုလ် အစုစုတို့အား
ဝသုန္ဓရေ မြေနတ်သားအား
သက်သေအရာထား၍ လည်းကောင်း
အမျှအတန်းပေးဝေပါ၏။

တပည့်တော်နှင့် ထပ်တူထပ်မျှရ၍
သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။

ကျွတ်နိုင် လွတ်နိုင် နိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ။

အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
ယူတော်မူကြပါကုန်လော့ 🙏🙏🙏

သူတော်ကောင်း သူတော်မြတ် အပေါင်းတို့၏ ပြု ပြုသမျှ ကောင်းမူကုသိုလ် အစုစုတို့အားလည်း ကြှနျုပျမှ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုပါ၏။ ထပ်တူ ထပ်မျှ ရ ရပါလို၏။

သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။

၆။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌
မိမိအဓိဋ္ဌာန်ကို သစ္စာပြု၍ လိုရာဆုကို
တောင်းရမည်။
( အဓိဋ္ဌာန်ကာလအတွင်း တစ်မျိုးတည်းသော
ဆုကိုသာ တောင်းရမည်)

အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများ
အနေဖြင့် (၁၀၈)ခေါက် အဓိဋ္ဌာန် မဝင်နိုင်ပါက
မေတ္တသုတ်ပရိတ်တော်ကို နေ့စဉ်
(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်
ပူဇော်နိုင်ပါကလည်း အကျိုးထူးများ
ရစေနိုင်မည် ဖြစ်ပါတယ်🙏🙏🙏

မောင်လေးနှင့်ညီမလေးတို့ရဲ့မင်္ဂလာရက်မြတ်မှစ၍ နှစ်တရာတိုင်ပါစေ နော် 🎉❤❤မောင်ကျော်ကျော် + မဆွေဆွေအောင်❤ တို့ရဲ့မင်္ဂလာအခမ်...
28/03/2024

မောင်လေးနှင့်ညီမလေးတို့ရဲ့မင်္ဂလာရက်မြတ်မှစ၍ နှစ်တရာတိုင်ပါစေ နော် 🎉❤

❤မောင်ကျော်ကျော် + မဆွေဆွေအောင်❤
တို့ရဲ့မင်္ဂလာအခမ်းအနားလေးအတွက် မင်္ဂလာသတို့သမီးဝတ်စုံမှစ၍ ပန်းကြဲအရံလေးတွေအတွက်ဝတ်စုံအထိပါစီစဥ်ပေးဖြစ်သောပွဲလေး....




📌 ယနေ့ 25.3.2024 မှ 27.3.2024 အထိဆိုင်နှင့်သင်တန်းများပိတ်ပါတယ်ရှင့်...📌 😍
24/03/2024

📌 ယနေ့ 25.3.2024 မှ 27.3.2024 အထိဆိုင်နှင့်သင်တန်းများပိတ်ပါတယ်ရှင့်...📌
😍

Address

Thingangyun

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00

Telephone

+959421037606

Website

Alerts

Be the first to know and let us send you an email when SUE Dress Making & Bridal Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share