Bangkok Home Destiny

Bangkok Home Destiny Help and guide people to get their dreamed home or invest property in Bangkok with confidence.

Helping people to get their dreamed home or invest safely in Thailand.

 #အခန်းနှစ်ခန်းပါလို့ လူကြိုက်များတဲ့ 1Bed Plus အခန်းကျယ်အစိမ်းလိုင်းကို (3)မိနစ်သာ လမ်းလျှောက်ရတဲ့ Supalai Veranda Sukh...
24/08/2025

#အခန်းနှစ်ခန်းပါလို့ လူကြိုက်များတဲ့ 1Bed Plus အခန်းကျယ်

အစိမ်းလိုင်းကို (3)မိနစ်သာ လမ်းလျှောက်ရတဲ့ Supalai Veranda Sukhumvit 117 ရဲ့ 1Bed Plus အခန်းက (52 sq.m)တောင် အကျယ်ရှိပြီးတော့ နှစ်ခန်းပါတဲ့အတွက် လူကြိုက်များတဲ့ Unit လေး ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း ဘတ်(3.9)သန်းလောက်နဲ့ ဝယ်ယူလို့ရတာ ဖြစ်တဲ့အတွက် 2Bedroom ပုံစံမျိုးလည်း လိုချင်တယ် စျေးတန်တာမျိုးလည်း ရတဲ့သူဌေးမင်းတို့အတွက် အလွန်တန်သော အခန်းဖြစ်ပါတယ်။ လူကြိုက်များပြီး အဝယ်လိုက်တဲ့အတွက် အခန်းကလည်း ကွန်ဒိုတစ်ခုလုံးမှာ (၄)ခန်းသာ ကျန်တော့တာ ဖြစ်ပါတယ်။

Supalai Veranda Sukhumvit 117 ကွန်ဒိုရဲ့ အားသာချက်တွေကတော့
▪️ BTS နဲ့ နီးတဲ့အတွက် ဘယ်သွားသွား အလွယ်တကူနဲ့ သွားလာလို့ရမှာဖြစ်မယ်။
▪️ (5)မိနစ် လောက် လမ်းလျှောက်ရုံနဲ့ စျေးဝယ်လို့ ကောင်းတဲ့ BigC ရောက်မယ်။
▪️ Chalong Rat Expressway နဲ့ နီးတာ ဖြစ်တဲ့အတွက် မြို့ထဲလား မြို့ပြင်လား ကားမကြပ်ပဲ အေးဆေးလို့ရမယ်။
▪️ Imperical Workd Samrong, Samrong New Market တို့ကို BTS (၁)ဘူတာပဲ စီးပြီးသွားလို့ ရတယ်။ နောက်ပြီး အဝါလိုင်းကိုလည်း Interchange လုပ်ပြီး သွားလာလို့ရမှာ ဖြစ်ပါတယ်။
▪️ St. Andrews တို့လို International ကျောင်းတွေနဲ့ ဆေးရုံများစွာက ဝန်းရံထားတာဖြစ်လို့ နေရထိုင်ရတာအင်မတန်ကိုမှ အဆင်ပြေတဲ့နေရာဖြစ်ပါတယ်။
▪️ Sky Lounge နှစ်ထပ်ရှိတဲ့အတွက် WFH သမားတွေအတွက်လည်း တော်တော်လေး အဆင်ပြေပါတယ်။
▪️ ဘေးပတ်ဝန်းကျင်မှာ Panasonic, TOYOTA, Globo, TOA, Mercedes Benz စတဲ့ နာမည်ကြီးကုမ္ပဏီရုံးချုပ်ပေါင်းများစွာရှိပါတယ်။
ဒီအချက်တွေကြောင့် Supalai Veranda Sukhumvit 117 ကွန်ဒိုဟာ ကိုယ်တိုင်နေဖို့ အတွက်လည်း ကောင်းသလို ပြန်ဌားဖို့ ရင်းနှီးမြူပ်နှံမယ်ဆိုရင်လည်း အဌားသွက်တဲ့ နေရာပဲ ဖြစ်ပါတယ်။

 #ဘတ်(၆)သိန်းလောက်ရှိရုံနဲ့ အဝါလိုင်းနားမှာ ကွန်ဒိုတစ်ခန်းပိုင်ဆိုင်နိုင်ပါပြီ..Supalai Senese Srinakarin ကွန်ဒိုဟာ Down...
27/07/2025

#ဘတ်(၆)သိန်းလောက်ရှိရုံနဲ့ အဝါလိုင်းနားမှာ ကွန်ဒိုတစ်ခန်းပိုင်ဆိုင်နိုင်ပါပြီ..

Supalai Senese Srinakarin ကွန်ဒိုဟာ Down Payment (30)% ပေးသွင်းပြီး ကျန်ငွေ (70)% ကို 2026 ခုနှစ်- Project ပြီးတဲ့ချိန် အခန်းအပ်တာနဲ့ ကျန်တဲ့ 70% ကို ငွေချေရုံပဲဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း 1sq.m ကို 60,000 ~ 70,000 ဝန်းကျင်လောက်သာ ဖြစ်ပါတယ်။

📍 Location အရ ကွန်ဒိုကနေ လမ်း ၅ မိနစ်လောက်လျှောက်လိုက်တာနဲ့ ဘန်ကောက်ရဲ့ အကြီးဆုံး Shopping Mall 5 ခုထဲက တစ်ခုဖြစ်တဲ့ Season Square ကိုရောက်ရှိမှာဖြစ်ပြီး အဲ့ဒီ Shopping Mall ဟာဆိုရင်လည်း MRT အဝါလိုင်း ‎Suan Luang Rama 9 နဲ့ ချိတ်ဆက်ထားတာဖြစ်လို့ ကွန်ဒိုနဲ့ MRT ကလည်း နီးနီးလေးလို့ဆိုနိုင်ပါတယ်။

📍 ဘေးပတ်ဝန်းကျင်မှာလည်း Makro, 7/11, Paradise Park Shopping Mall တွေရှိသလို အပန်းဖြေ အလည်ပတ်သွားလို့ကောင်းတဲ့ ဧက(၂၀၀)ရှိတဲ့ Suan Luang Rama 9 ပန်းခြံနဲ့လည်း နီးပါသေးတယ်။

📍 ပညာရေးအတွက်ဆိုရင်လည်း St.Marks Australian international school, Dusit Thani College စတဲ့ကျောင်း အကောင်းတွေဝန်းရံလို့နေပါတယ်။ ကျန်းမာရေးအတွက်ဆိုရင်လည်း Synphaet Srinakarin Hospital, Sw Thainakarin Hospital, Samitivej Sukhumvit hospital စတဲ့ အဆင့်မြင့်ဆေးရုံများစွာရှိပါတယ်။

ရရှိနိုင်သော အခန်းအမျိုးအစားတွေကတော့
🟧 1 Bed - 25 sqm to 41 sq.m - 1.91 M ~ 3.125 M
🟧 1 Bed Plus - 40.5sqm - 3 M (only 5 units left)
🟧 2 Bed - 45.5 -53 sqm - 3.7 M ~ 4.55 M စတာတွေပဲ ဖြစ်ပါတယ်။ ကွန်ဒိုက အခုနောက်ပိုင်းအဝယ်များလာတဲ့ Low Rise ကွန်ဒိုဖြစ်ပြီး Modern Life တစ်ခုကို အပြည့်အဝခံစားနိုင်မဲ့ Facilities တွေလည်း ထည့်သွင်းပေးသလို အခန်းတွေဖွဲ့စည်းပုံကလည်း တကယ့်ကို ကျစ်ကျစ်လစ်လစ် Layout တွေ ဖြစ်ပါတယ်။

2026 ထဲမှာ ပြီးစီးမဲ့ Supalai Sense Srinakrin ကြိုပွိုင့် Project လေးမှာ 2Bedroom ကို ဘတ်(၃)သန်းကျော်လောက်နဲ့ ဝယ်ယူလို့ရ...
25/07/2025

2026 ထဲမှာ ပြီးစီးမဲ့ Supalai Sense Srinakrin ကြိုပွိုင့် Project လေးမှာ 2Bedroom ကို ဘတ်(၃)သန်းကျော်လောက်နဲ့ ဝယ်ယူလို့ရပါတယ်။ 1 sq.m ကို 70,000 ဝန်းကျင်လောက်ပဲနော်....😉😉

တကယ့်ကို စျေးတန်တဲ့ အပြင် Location အရလည်း Srinakarin လမ်းမကြီးပေါ်မှာ တည်ရှိပြီး အဝါလိုင်းကို (၇)မိနစ်လမ်းလျှောက်တာနဲ့ ရောက်ပါပြီ။ ကွန်ဒိုလမ်းထိပ်ရှေ့တင် ဘန်ကောက်ရဲ့ အကြီးဆုံး Shopping Mall 5 ခုထဲက တစ်ခုဖြစ်တဲ့ Season Square ကို ရှိပါတယ်။

နောက်ပြီး အခန်းရဲ့ 30% ကိုသာ ကနဦးငွေချေရမှာ ဖြစ်ပြီးတော့ Project ပြီးမှ ကျန်တဲ့ 70% ကို ပေးချေရမှာ ဆိုတော့ လောလောဆယ် ပေါ့ပေါ့ပါးပါးနဲ့ ရင်းနီးမြုပ်နှံထားချင်တဲ့ သူငှေးမင်းတွေအတွက် အဆင်ပြေသောလေး ဖြစ်ပါတယ်။ အခုနောက်ပိုင်း အဝယ်များလာတဲ့ Low-rise ကွန်ဒိုအမျိုးအစားဖြစ်ပြီးတော့ Tower A,B,C ဆိုပြီး တိုက်(၃)လုံးနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ Modern Life တစ်ခုကို အပြည့်အဝခံစားနိုင်မဲ့ Facilities တွေလည်း ထည့်သွင်းပေးသလို
အခန်းတွေကလည်း တကယ့်ကို ကျစ်ကျစ်လစ်လစ် Layout လေးနဲ့ ဖွဲ့စည်းထားပါတယ်။

✔ ဘေးပတ်ဝန်းကျင်မှာလည်း Makro, 7/11, Paradise တို့တွေ ရှိပါတယ်။
✔ ကျောင်းအနေနဲ့ St.Marks Australain international school, Dusit Thani College
✔ ဆေးရုံတွေ အနေနဲ့ Synphaet Srinakarin Hospital, Sw Thainakarin Hospital, Samitivej Sukhumvit hospital
✔ အပန်းဖြေ အလည်ပတ်သွားလို့ကောင်းတဲ့ ဧက(၂၀၀)ရှိတဲ့ Suan Luang Rama 9
စတဲ့နေရာတွေက ပတ်ချာလည်မှာ ဝန်းရံထားပါတယ်။

ရရှိနိုင်သော အခန်းအမျိုးအစား
1 Bed - 25 sqm to 41 sq.m - 1.91 M ~ 3.125 M
1 Bed Plus - 40.5sqm - 3 M (only 5 units left)
2 Bed - 45.5 -53 sqm - 3.7 M ~ 4.55 M

Contact - +66822526976 (Mobile/WhatsApp)

✨ကမ္ဘာကျော်နာမည်ကြီးအနုပညာရှင်များစွာ လာရောက်ဖျော်ဖြေတဲ့ Rajamangala National Stadium ကပ်ရပ်က Supalai Veranda Ramkhamhae...
20/07/2025

✨ကမ္ဘာကျော်နာမည်ကြီးအနုပညာရှင်များစွာ လာရောက်ဖျော်ဖြေတဲ့ Rajamangala National Stadium ကပ်ရပ်က Supalai Veranda Ramkhamhaeng ကွန်ဒို ✨

✅ လူပေါင်း (၅)သောင်းကျော်လောက်ဆံ့တဲ့ SAT Campus ထဲက Outdoor Rajamangala National Stadium ဟာ လူ(၅၀,၀၀၀)လောက်ထိဆံ့တဲ့ ထိုင်းနိုင်ငံမှာ အကြီးဆုံး ဘက်စုံသုံးအမျိုးသားအားကစားရုံဖြစ်ပါတယ်။Kpop ရဲ့ နာမည်ကြီးတွေဖြစ်တဲ့ Black Pink, G dragon, BTS တွေအပြင် International မှာ နာမည်ကြီးတဲ့ Lady GaGa, Bruno Mars, Maroon 5, Ed Sheeran စတဲ့ နိုင်ငံတကာဖျော်ဖြေပွဲများကိုလည်း ကျင်းပလေ့ရှိပြီးတော့ AFF Championship, AFC Asian Cup ကဲ့သို့သော ဘောလုံးပြိုင်ပွဲတို့ကိုပါ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာနေရာတစ်ခုဖြစ်ပါတယ်။ လာမဲ့ (10)လပိုင်းမှာ Blankpink ရဲ့ World Tour Thailand 2025 အတွက်ကိုလည်း ဒီကွင်းမှာပဲ ကျင်းပမှာ ဖြစ်ပါတယ်။

✅ Rajamangala National Stadium မှာ ဘောလုံးပွဲ၊ ဖျော်ပြေပွဲ၊ အားကစားအမျိုးမျိုးရဲ့ပွဲတွေကို ကျင်းပလေ့ရှိပြီးတော့ Sports Center (SAT) ရဲ့ Campusထဲမှာရှိတဲ့အတွက်ကြောင့် အားကစားလေ့ကျင်းခန်းအမျိုးအမျိုးကိုလည်း Outdoor Workout ပြုလုပ်လို့ရပါတယ်။ ဒီ Campus ထဲမှာပဲ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဖြစ်လာမဲ့မွေ့ထိုင်းကျောင်းလည်း ဆောက်လုပ်နေပါသေးတယ်။

✅ Supalai Veranda Ramkhamhaeng ဟာ ဒီStadium နဲ့ အနီးဆုံးမှာရှိပြီးတော့ (5)မိနစ်လောက် လမ်းလျှောက်ရင်ရောက်တာဖြစ်လို့ ဘယ်ပွဲပွဲပဲရှိရှိအလွယ်တကူ ဝင် Join လို့ရမှာဖြစ်ပါတယ်။ နောက်ပြီး Supalai Veranda Ramkhamhaeng မှာ ဘတ် (၂)သန်းကျော်နဲ့ အခန်း စတင်ဝယ်ယူလို့ရနေပြီဖြစ်လို့ ရင်းနှီးမြုပ်နှံချင်သူများအနေနဲ့ ဝယ်ယူထားသင့်တဲ့ ကွန်ဒိုပဲဖြစ်ပါတယ်။

✅ဇူလိုင်လအတွင်း အခန်းဝယ်တာနဲ့ Furniture Set + Electric Appliances ပါ တစ်ခါထဲပေးမဲ့ Supalai Veranda Ramkhamhaeng ကွန်ဒိုမှာ ဘတ်(၂.၅၅)သန်းနဲ့ Discount ရရှိနိုင်တဲ့ Studio အခန်းက တစ်ခန်းထဲသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ တခန်းထဲ ကျန်တော့တာဆိုတော့ လက်သွက်မှရမယ်နော….

✨Main လမ်းမကြီးတွေရဲ့ဆုံချက် Location ကောင်းကောင်းမှာရှိလို့ အဌားသွက်နေတဲ့ The Nest Sukhumvit 71✨📍ရင်းနှီးမြှုပ်နှံဖို့အ...
17/07/2025

✨Main လမ်းမကြီးတွေရဲ့ဆုံချက် Location ကောင်းကောင်းမှာရှိလို့ အဌားသွက်နေတဲ့ The Nest Sukhumvit 71✨

📍ရင်းနှီးမြှုပ်နှံဖို့အတွက် နေရာကောင်းမှာ တည်ရှိတဲ့ ဒီကွန်ဒိုတစ်ခုလုံးမှာ (၉)ခန်းသာ ရောင်းဖို့ကျန်တော့တယ်နော်📍

⭐️The Nest Sukhumvit 71 ကွန်ဒိုဟာ Main လမ်းမကြီး သုံးခုဆုံရာမှာတည်ရှိတာကြောင့် ဘယ်သွားသွား ဘယ်လာလာ အလွယ်တကူသွားလာလို့ရပြီးတော့ BTS အစိမ်းလိုင်း Phre Khanong ဘူတာနဲ့ မီတာ ၈၀၀ လောက်သာကွာဝေးပြီး လမ်းလျှောက်မယ်ဆို ၁၀ မိနစ်သာကြာပါတယ်။ လမ်းတစ်လျှောက်မှာလည်း စားချင်စရာ၊ ဈေးဝယ်ချင်စရာ ဆိုင်များစွာရှိတဲ့အပြင် လမ်းမလျှောက်ချင်သူတွေအတွက်လည် BTS စီစဉ်ပေးထားပါသေးတယ်။ ကွန်နားတစ်ဝှိုက်မှာ International School၊ ဆေးရုံ တို့နဲ့ ဝန်းရံနေတဲ့အပြင် လူငယ်တွေအကြိုက် W-District နဲ့ Summer Hill တို့ကလည်းရှိပါသေးတယ်။

⭐️ဘန်ကောက်ရဲ့ လူကုံထန်တွေများတဲ့ Thonglor တို့ Ekkamai တို့ ရဲ့ အနီးဝန်းကျင်ပဲမလို့ တကယ့်ကို ပတ်ဝန်းကျင်ကောင်း မှာ အေးချမ်း သာယာစွာနေရမှာပါ။ ဈေးနှုန်းအနေနဲ့ကလည်း 1 sqm ကို ဘတ် ၁ သိန်းဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာဖြစ်တဲ့အပြင် Fully Furnisher ဖြစ်တာမို့ တအားတန်တယ်လို့ပြောလို့ရပါတယ်။ Condo ဆို Low rise မှ ကြိုက်တယ်ဆိုတွေအနေနဲ့လည်း ‌ပေးရတဲ့ဈေးနဲ့ တန်တယ်ဆိုတဲ့ ခံစားချက်ကို အပြည့်ရရှိစေမှာပဲဖြစ်ပါတယ်။

Condo အနောက်ဖက် က Bangkok Expats preferred T77 Community ရှိတော့ စည်ကား တဲ့ Phra Khanong အပိုင်း ကို ခဏနားထားပြီး ညနေပိုင်း လမ်းအေးအေး လျှောက်ချင်သူ တွေ အတွက် တော့ အားသာ ချက်တခုပါ။

Contact +66822526976 (Mobile/WhatsApp)

ရှားပါး တဲ့ 24 Hour Gym Access နဲ့ Premium Life Style အတွက် အကောင်းဆုံးရွေးချယ်မှု Ideo Sukhumvit Rama 4တိုးတတ်နေတဲ့ ဘန်...
17/07/2025

ရှားပါး တဲ့ 24 Hour Gym Access နဲ့ Premium Life Style အတွက် အကောင်းဆုံးရွေးချယ်မှု Ideo Sukhumvit Rama 4

တိုးတတ်နေတဲ့ ဘန်ကောက်မြို့ကြီးမှာ အခြေချနေထိုင်ဖို့ စဉ်းစားနေတဲ့ သူဌေးမင်းတို့အတွက် တစ်ချိန်ပြန်ဌား၊ ပြန်ရောင်းရင်ဖြစ်စေ ကိုယ်တိုင်နေဖို့ဖြစ်စေ တကယ်ကိုမှ သင့်တော်ပြီးရွေးချယ်သင့်တဲ့ကွန်ဒိုလေးကတော့ Ideo Sukhumvit Rama 4လို့ပဲပြောပြပါရစေ။

တည်နေရာအရကလည်း ဘန်ကောက်မြို့ရဲ့ စီးပွားရေး အချက်ချာနေရာဖြစ်တဲ့ Thonglor, Ekkamai စတဲ့ နေရာတွေနဲ့ နီးတဲ့အပြင် ဘန်ကောက်မြို့ရဲ့ နာမည်ကြီး ပရောဂျက်တစ်ခုဖြစ်တဲ့ The Royal Siam Haven Entertainment Complex ဆောက်လုပ်မယ့်နေရာနဲ့ မီတာ ၆၀၀ သာကွာဝေးပါတယ်။

ကျန်းမာရေးအတွက်အဓိကဦးစားပေးပြီးတည်ဆောက်ထားတဲ့ ဒီကွန်ဒိုမှာဆိုရင် ၂၄ နာရီ အသုံးပြုနိုင်တဲ့ Gym, Green Space ကျယ်၊ ရေကူးရင်း ကြွက်သားသန်မာလာစေဖို့ လေ့ကျင့်နိုင်မယ့် 𝐀𝐪𝐮𝐚 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞 𝐄𝐪𝐮𝐢𝐩𝐦𝐞𝐧𝐭 𝐒𝐰𝐢𝐦𝐦𝐢𝐧𝐠 𝐏𝐨𝐨𝐥 ၊ ကွန်ဒိုတွင်းမှာပဲ golf ရိုက်နိုင်မယ့် Golf simulator အခန်း၊ ဆေးရုံအမြန်သွားနိုင်ဖို့ Halicopter ရပ်နားကွင်း စတဲ့ တစ်ခြားသော ကွန်ဒိုတွေမှာ မြင်ရခဲတဲ့ Facility တွေပါရှိပါတယ်။

ဆူညံသံတွေကင်းဝေးပြီး သက်သောင့်သက်သာ နားနေနိုင်ဖို့ ကွန်ဒိုနဲ့ ကားလမ်းအကွာအဝေးကိုသေချာတိုင်းတာတည်ဆောက်ထားတာဖြစ်ပြီးတော့ လေဝင်လေထွက်ကောင်းမွန်စေဖို့ လေဝင်ပေါက်များကို သေချာစွာ စနစ်တကျ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။

ဘယ်တော့မှ အိပ်စက်မသွားတဲ့ဘန်ကောက်ရဲ့လူနေမှုဘဝကိုမျက်ဝါးထင်ထင် ထိတွေ့ခံစားနိုင်မှာဖြစ်သလို စိမ်းဆိုတဲ့ တောအုပ်ပုံစံငယ် Green yard ကျယ်ကြီးနဲ့ ခြောက်ထပ်အမြင့်ရှိတဲ့ရေတံခွန်ပုံစံငယ်ဟာ တစ်ချိန်ထဲမှာပဲ ရသနှစ်မျိုးလုံးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

အခန်းဈေးနှုန်းအနေနဲ့ကလည်း တကယ့်ကို ဘန်ကောက်မြို့ရဲ့ စီးပွားရေးအချက်ချာကျတဲ့နေရာတွေထဲမှာမှ 1 sq.m ကို ဘတ် ၁၇၀,၀၀၀ ကနေ ဘတ် ၂၀၀,၀၀၀ ဝန်းကျင်သာ ပေးရတာကြောင့် ဘယ်မှမရနိုင်အောင် အရမ်းတန်တဲ့ဈေးလို့ ပြောလို့ရပါတယ်။

📲 +66822526976 (Mobile/WhatsApp)

***Supalai Veranda Ramkhamhaeng******Last Studio Unit***Price = THB 2.55Mil (Including Furnitures  # #+ Electrical Appli...
17/07/2025

***Supalai Veranda Ramkhamhaeng***

***Last Studio Unit***

Price = THB 2.55Mil (Including Furnitures # #+ Electrical Appliances)

ပထမဆုံး Bangkok Home Destiny မှ မိတ်ဆက်ပေးချင်တဲ့ 2023 မှ ပြီးထားတဲ့ Condo တခု။ ကိုယ်တိုင်နေလည်း သင့်တော် Future Appreciation အတွက်လည်း အလားအလာ ကောင်းတဲ့ နေရာ (2027 နှစ်မှာ ဖွင့်မဲ့ Orange MRT station - SAT က အိမ်ရှေ့ မှာ) Ramkhamhaeng လမ်းမ ရဲ့မြို့နဲ့ နီးတဲ့ အပိုင်း လောက်မှာ ရှိ တော့ Central World/Pratunum ကို တိုက်ရိုက်ရောက်တဲ့ Bus 113, 11, 60, 69 ကြိုက်တဲ့ Aircon ကား THB20-25 လောက်နဲ့ အေးအေး သက်သာ တက်စီး ။ Pratunum/Platinum ရှေ့တန်းရောက်။ 115/22 စီးပြီး ONE Bangkok သွား မလား တန်းရောက်ပါတယ်။ ကျန်တာ တော့ လာကြည့် တဲ့ အချိန် ပြော ဖို့ ချန်ထားပါမယ်။

အရေးကြီး တဲ့ အချက်က ပထဆုံး မိတ်ဆက်တဲ့ Project ဆို ထူးခြား မူ ရှိမှ Admin ကိုယ်တိုင် ငွေ ပိုရင် ချက်ချင်း ဝယ် ဖြစ်မဲ့ Project၊ နောက်ဆုံး တခန်းကို နောက်ဆုံး ပိတ် အိတ်နဲ့ လွယ်သွားရအောင် Promotion က ***ဇူလိုင်လအတွင်း အခန်းဝယ်တာနဲ့ Furniture Set + Electrical Appliances ပါ တစ်ခါထဲပေးမဲ့ဘတ်(၂.၅၅)သန်း နဲ့ ရရှိနိုင်တဲ့ Studio အခန်းက တစ်ခန်းထဲသာ ကျန်ပါတော့ တယ်။ ငွေရှင်းပြီးတာ နဲ့ အထုတ်ဆွဲ ချက်ချင်း တက်နေ လို့ရမဲ့ အခန်း မို့ လက်သွက်မှရပါမယ် အမျိုးတို့။

နဲနဲ ပို ဖတ်ချင်ရင် အောက် ပါ အတိုင်းပါပဲ ခင်ဗျ။

Supalai Veranda Ramkhamhaeng ကွန်ဒိုဟာ
⭕ ကွန်ဒိုရှေ့တင် MRT orange line
⭕ ဘေးကပ်ရပ်မှာ Sports Authority of Thailand (SAT)
⭕ (5)မိနစ်လမ်းလျှောက်တာနဲ့ SAT Night Market
⭕ (7)မိနစ်လောက် လမ်းလျှောက်တာနဲ့ Ramkhamhaeng University
⭕ ကွန်ဒိုနောက်မှာ Assumption University (Huamak Campus)

ကွန်ဒိုက Orange Line စဖွင့်တာနဲ့ ဘယ်ကိုသွားသွားလွယ်လွယ်ကူကူသွားလို့ရမှာ ဖြစ်ပြီးတော့ အခန်း ဝယ်/ငှား demandကလည်း ဒီထက်မက တတ်နိုင်ချေ အများကြီး ရှိပါတယ်။ နောက်ပြီး ကျောင်းကြီးတွေနဲ့ နီးတာ ဖြစ်တဲ့အတွက် အငှားအရမ်းသွက်ပါတယ်။ တကယ်လို့ ကိုယ့်အနေနဲ့ ဝယ်ပြီး အငှားချမယ်ဆိုလည်း သွက်သွက်ကလေး အငှားတင်လို့ရပါတယ်။

Night Market နဲ့လည်း နီးနီးလေးဖြစ်တဲ့အတွက် လူကြီးလူငယ်မရွေးကြိုက်ကြတဲ့ ကွန်ဒိုပဲ ဖြစ်ပါတယ်။ ဒီ Night Market အစားအသောက်တွေက စျေးပေါလို့ နာမည်ကြီး။

ကွန်ဒိုထဲ ဝန်းထဲ မှာကို Tops Market ကြီးရှိတဲ့အပြင် တခြားသော hotpot၊ coffeeဆိုင်တွေပါ အများအပြားရှိပါသေးတယ်။ ဘေးမှာလည်း ထိုင်းမှာ အကြီးဆုံးဖြစ်လာမဲ့ မွေ့ထိုင်းကျောင်းကိုလည်း ဆောက်လုပ်နေတာဖြစ်လို့ Foreign Investor တွေသာမက ထိုင်း Investor တွေပါ အကြိုက်တွေ့နေတဲ့ Condo ပဲဖြစ်ပါတယ်။

ကွန်ဒို က Ramkhamhaeng လမ်းမ နဲ့ Hua Mak လမ်း မ ကြား မြေ အပြည့် ယူထားတော့ ကိုယ်ပိုင်ကား ရှိရင် လမ်းမ ၂ ဖက် အဝင် အထွက်ရ တဲ့ ထူးခြား ကွန်ဒို တခု။

လွတ်သွားမှ နောင်တ မရအောင် လက်မနှေး အမြန်သာ ဖုန်းခေါ် ပြီး လာကြည့် ဖို့သာ ပြော ပါရစေ။

Contact > +66822526976 (Mobile/WhatsApp)

**Supalai Veranda Sukhumvit 117**Bangkok Home Destiny မိတ်ဆက်ပေးချင်တဲ့ စျေးတန် location ကောင်းအငှါး သွက်တဲ့ ဘတ် ၂ သန်းအ...
17/07/2025

**Supalai Veranda Sukhumvit 117**

Bangkok Home Destiny မိတ်ဆက်ပေးချင်တဲ့ စျေးတန် location ကောင်းအငှါး သွက်တဲ့ ဘတ် ၂ သန်းအောက် ကွန်ဒို တခု။

Price = Starting from THB 1.8 Mil ++
Common Fees = THB35/sqm

💃 - 3-minute walk to BTS Pu Chao Station
🛒 - 500m to BigC Supercenter

💥 ဘတ်ငွေ (1.8 M Baht) နဲ့ BTS အစိမ်းလိုင်းကို (၃)မိနစ်လမ်းလျှောက်တာနဲ့ရောက်တဲ့ Supalai Veranda Sukhumvit 117 ကွန်ဒိုမှာ လူကြိုက်များတဲ့ Studio အခန်းကို စတင်ဝယ်ယူနိုင်ပါပြီ။
အစိမ်းလိုင်းကပ်လျက်ကိုမှ 1sq.m ကို 70,000ကျော်ဝန်းကျင်လောက်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

▪အစိမ်းလိုင်းနဲ့ နီးတာဖြစ်တဲ့အတွက် ဘယ်သွားသွားအလွယ်တကူသွားလာလို့ရမဲ့ အပြင် ကွန်ဒိုက အရှေ့တောင်အာရှရဲ့ အကြီးဆုံးဈေးဝယ်စင်တာကြီးဖြစ်လာမယ့် Bangkok Mall နဲ့လည်း (၂)ဘူတာသာ ကွာဝေးပြီးတော့ New Sukhumvit CBD Area ဖြစ်လာမဲ့နေရာတည်ရှိနေတယ် ဆိုလည်း မမှားပါဘူး။
▪စျေးဝယ်လို့ကောင်းတဲ့ BigC, International School တွေ၊ ဆေးရုံတို့နဲ့လည်း နီးသလို Imperial Mall Samrong ကိုလည်း တစ်မှတ်တိုင်သာ စီးရုံပဲ ဖြစ်ပါတယ်။

▪Supalai ကွန်ဒိုတွေရဲ့ အားသာချက်တွေအတိုင်း အခန်းကျယ်ပြီး Facilities တွေ ပြောစရာမလိုအောင်ပြီးပြည့်စုံတဲ့အပြင် Green Space ကျယ်ကျယ်နဲ့ အေးဆေးအနားယူလို့မယ့် နေရာတွေများစွာကိုလည်း ထည့်သွင်းပေးထားပါတယ်။

*** ဒီ ကွန်ဒို ရဲ့ နောက် တခု ထူးခြား ချက်က တခြား mid ranged condo လို Gym က အဖြစ်သဘော ထားပေးတာ မဟုတ်တဲ့ အပြင် ကျယ်ဝန်း တဲ့ နေရာ နဲ့လုံလောက်တဲ့ Gym equipment ရှိတော့ Gymmer/Work out/ သမားတွေ အတွက် အတော်ကို အဆင်ပြေပါတယ်။ အချိန်ကုန် ငွေ ကုန်ပြီး အပြင်ထွက် commercial gym သပ်သပ် သွားစရာ မလို့တော့ပါဘူး။ ပြီးတော့ ကျယ်ဝန်းတဲ့ သီးသန့် Yoga room လည်း ရှိပါတယ်***

Contact +66822526976 (Mobile/WhatsApp)

https://maps.app.goo.gl/qZENDSkHzCqtKcnC6?g_st=ipc

❗️New Project - Supalai Sense Srinakrin ❗️Down payment 30% နဲ့ ကြိုပွိုင့် Off plan ကို ဝယ်ယူလိုက်ပါ..‼🔥2026 ထဲမှာ ပြီးစ...
14/07/2025

❗️New Project - Supalai Sense Srinakrin ❗️

Down payment 30% နဲ့ ကြိုပွိုင့် Off plan ကို ဝယ်ယူလိုက်ပါ..‼🔥

2026 ထဲမှာ ပြီးစီးမဲ့ Supalai Sense Srinakrin Project လေးဟာ မြန်မာငွေ သိန်းနှစ်ထောင်ကျော်ကနေ စတင်ပြီး ဝယ်ယူလို့ရပါတယ်။ အခန်းရဲ့ 30% ကိုသာ ကနဦးငွေချေရမှာ ဖြစ်ပြီးတော့ Project ပြီးမှ ကျန်တဲ့ 70% ကို ပေးချေရမှာ ဆိုတော့ ငွေနဲနဲနဲ့
လောလောဆယ် ရင်းနီးမြုပ်နှံထားချင်တဲ့ သူငှေးမင်းတွေအတွက် အဆင်ပြေသောလေး ဖြစ်ပါတယ်။😉😉

ထိုင်းနိုင်ငံရဲ့ Top(10) Lists ထဲမှာပါတဲ့ Supalai Developer က ဆောက်လုပ်ထားတဲ့ Supalai Sense Srinakrin ကွန်ဒိုက MRT အဝါလိုင်းနဲ့ 700 m သာ ကွာဝေးပြီးတော့ လမ်းလျှောက်သွားရင်လည်း (၅)မိနစ်လောက်သာ သွားရမှာ ဖြစ်ပါတယ်။
အခုနောက်ပိုင်း အဝယ်များလာတဲ့ Low-rise ကွန်ဒိုအမျိုးအစားဖြစ်ပြီးတော့ Tower A,B,C ဆိုပြီး တိုက်(၃)လုံးနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ Modern Life တစ်ခုကို အပြည့်အဝခံစားနိုင်မဲ့ Facilities တွေလည်း ထည့်သွင်းပေးသလို
အခန်းတွေကလည်း တကယ့်ကို ကျစ်ကျစ်လစ်လစ် Layout လေးနဲ့ ဖွဲ့စည်းထားပါတယ်။

✔ နောက်ပြီး Seacon Square လို Shopping Mall ကြီးနဲ့လည်း 600m သာ ကွာဝေးပါတယ်။
✔ ဘေးပတ်ဝန်းကျင်မှာလည်း Makro, 7/11, Paradise တို့တွေ ရှိပါတယ်။
✔️အစား အသောက် pub များ စုံလင်တဲ့ Train Night Market အနီး မှာရှိလို့ night life အပြည့်အဝ ရပါမယ်။
✔ ကျောင်းအနေနဲ့ St.Marks Australain international school, Dusit Thani College
✔ အပန်းဖြေ အလည်ပတ်သွားလို့ကောင်းတဲ့ ဧက(၂၀၀)ရှိတဲ့ Suan Luang Rama 9
စတဲ့နေရာတွေက ပတ်ချာလည်မှာ ဝန်းရံထားပါတယ်။

ရရှိနိုင်သော အခန်းအမျိုးအစား

1 Bed - 25 sqm to 41 sq.m - 1.91 M ~ 3.125 M
1 Bed Plus - 40.5sqm - 3 M (only 5 units left)
2 Bed - 45.5 -53 sqm - 3.7 M ~ 4.55 M

📲- 0822526976 (Mobile/WhatsApp)

*** Bangkok မှာ ကွန်ဒို ဝယ် ရင် သိရမဲ့ အချက်များ***Admin လည်း ကိုယ်တိုင် နေဖို့ ၊ Investment, Rental income ရဖို့ Bangko...
12/07/2025

*** Bangkok မှာ ကွန်ဒို ဝယ် ရင် သိရမဲ့ အချက်များ***

Admin လည်း ကိုယ်တိုင် နေဖို့ ၊ Investment, Rental income ရဖို့ Bangkok မှာ condo အချို့ ဝယ်ထား တဲ့ အတွေ့အကြုံအရ သိ သင့်တဲ့ အချက် တွေ မျှဝေ ပါမယ်။

1. ကိုယ်တိုင် နေဖို့

- ကိုယ်တိုင်နေဖို့ ဆိုရင် မိသားစု ရဲ့ လိုအပ်ချက် က အရေးကြီးပါတယ်။

မိသားစု ဘယ်နှစ် ယောက်နေမှာလည်း၊ ကျောင်းတက်မဲ့ ကလေး ပါလား၊ အသက်ကြီးတဲ့ သူ ပါလား စတဲ့ အချက်တွေ ကြည့်ပြီး ကျောင်းနီး စျေးနီး ဆေးရုံဆေးခန်း နီး တဲ့ အပြင် သွားလာရ အဆင်ပြေတဲ့ public transport နီးတဲ့ နေရာ စတာတွေ ကို သေချာ စဉ်းစား ဖို့ လိုပါတယ်။ ဘန်ကောက် condo အရွယ်အစား က မြန်မာ ပြည် တိုက်ခန်း နဲ့ စာရင် သေးငယ် တာမို့ limited budget ကြောင့် ကနဦး အခန်းသေးသေး မှာ စုနေလည်း ရနိုင်တယ် ဆိုပေမဲ့ ရေရှည် မှာ တော့ အဆင်မပြေမူတွေ ကြုံနိုင်ပါတယ်။ ဘယ်အရာ က မရှိမဖြစ် (Non negotiable) ဘယ် အရာ တော့ လျှော့ပေးနိုင် (Compromise) သလဲ ကို သိထားရပါမယ်။

ဘန်ကောက် အိမ်ခြံမြေ အထူးသဖြင့် condo တခုဝယ်ပြီးရင် ငှါးဖို့ လွယ် သလို ရှိပေမဲ့ အခန်း သေးပြန်ရောင်း အခန်း ကြီး/နေရာပြောင်းဖို့ ပြန်ဝယ် စတဲ့ အ ပြောင်းအလွဲလုပ်ဖို့က အပြောလွယ်သလောက် အလုပ် ခက် ပါတယ်။ ပြန်ရောင်းထွက် ဖို့ အချိန် တော်တော် စောင့်ရတတ်ပါတယ်။ Agent/အရောင်း ကိုယ်စားလှယ်က ရောင်းပေးမယ် ပြောပေမဲ့ ကိုယ်တိုင်က အဲဒီအချက် ကို အရမ်း အားကိုးလို့မရပါဘူး၊ အထူးသဖြင့် ငလျင် နောက်ပိုင်း Bangkok အိမ်ခြံမြေ အေးတာကလည်း အကြောင်း အရင်း တခုဖြစ် သလို မိမိနိုင်ငံ မဟုတ်တဲ့ အတွက် Agent အပေါ် အနည်းအများ မှီခို ရတော့ စိတ်ရှည်ဖို့ လိုပါတယ်။

မြန်မာပြည် လို ကိုယ်တိုင် Facebook မှာ အရောင်းတင်ပေမဲ့ အိမ်ခြံမြေ ဥပဒေ အရ လုပ်စရာ တွေ က မြန်မာ ပြည် တိုက်ခန်း အရောင်းအဝယ် လုပ်သလို မလွယ် ကူပါဘူး။ မဝယ်ခင် မိသားစု နဲ့ သေသေချာချာ တိုင်ပင် plan လုပ် condo project တွေ မကြည့်ခင် desktop research (location/market price) စတာတွေ ကို သေချာ လေ့လာ Shortlist လုပ်ထားပြီး မှ Project လိုက်ကြည့်၊ ပြီးမှ ဆုံးဖြတ်ချက် ချတာ အမှားနည်း ပါတယ်။

2. Investment အတွက် ပြန်ငှါးပြီး passive income ပုံမှန်ဝင်ငွေ ရဖို့

- ဒီအနေအထားမှာလည်း ဖြစ်နိုင် ရင် rental income ရရင် ပြီးရော ဆို တာ ထက် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် ပြန်နေဖို့ လို အပ် လာရင် လည်း နေဖို့ သင့်တဲ့ နေရာ ဖြစ်ဖို့ စတဲ့ အချက်ပါ ထည့်သွင်းစဉ်းစား ထားသင့်ပါတယ်။ လစဉ် Rental income ရပေမဲ့ Bangkok Condo ရဲ့ common fees (မြန်မာ ပြည် အခေါ် maintenance fee) ကလည်း Developer Company/Condo ရဲ့ grade/level ပေါ်မူတည်ပြီး ပေးရတဲ့ common fees (maintenance fees) က မတူညီကြဘူး။ ပုံမှန်အားဖြင့် THB35 - THB75/sqm အတွင်းရှိတတ်ပါတယ်။ ပြီးရင် အများအားဖြင့် တစ်နှစ်စာ ကြိုသွင်းရပါတယ်။

အငှါး လခ ကတော့မြန်မာပြည်လို 6 လ/တစ်နှစ်စာ ကြို ရတာ မဟုတ်ပါဘူး။ Deposit 2 လ နဲ့ တစ်လစာကြိုရ တယ် ဆိုပေမဲ့ ငှါးတဲ့သူ က လစဉ် ပဲ ပေးတာ ထုံးစံပါ။ ဒါ့အပြင် Special cost/ repair cost စတဲ့ common fees အပြင် အခြား အထွေထွေ စရိတ် တွေ လည်း ရှိတတ်ပါတယ်။ အဲ့ဒီ စရိတ်တွေ က အိမ်ရှင် Owner က ကျခံပေးရပါတယ်။ Juristic office (Management office) ရဲ့ စီမံခန့်ခွဲ မူ အနည်းအများ ကွာ နိုင်ပေမဲ့ common fees နဲ့ အခြားအထွေထွေ ကုန်ကျစရိတ် ပါ Rental income ထဲ ကနေ ဖဲ့ပေးရမယ် ဆိုတာ သိထား expect လုပ်ထားဖို့ လိုပါတယ်။

မြန်မာပြည် ငွေစျေး အရ THB 10,000 (MMK 13/14 သိန်း) ရတယ် ဆိုပေမဲ့ အထွေအထွေ စရိတ် နုတ်ပြီး ကျန်တဲ့ ငွေ မှသာ မိမိ ကိုယ်ပိုင် ဖြစ်တယ် ဆိုတာ သိထားသင့်ပါတယ်။ တကယ်လို့ ကိုယ်တိုင်က Thailand မှာ ရေရှည် နေ တဲ့သူ (Calendar year တစ်နှစ် အတွင်း - မှာ ရက်ပေါင်း 180 နှင့်အထက်) နေတဲ့သူ ဆိုရင်လည်း Rental income အတွက် Personal Income tax ပေးဖို့ လည်း တာဝန်ရှိသွားပါတယ်။

မြန်မာပြည်ပဲ နေလို့ မြန်မာငွေ နဲ့ တွက်ရင် တွက်ခြေ ကိုက်သလို ရှိပေမဲ့ ထိုင်းမာနေ ပြီး ထိုင်ငွေ ပြန် သုံးရမယ် ဆိုရင် လည်း မိမိ life style အရ ရတဲ့ အငှါးဝင်ငွေ က အသုံး မခံဘူး လည်း ဖြစ်တတ်ပါတယ်။

3. သုံးမဲ့ ငွေ အနေအထား budget

- ဒါကတော့ ရှင်းပါတယ်။ ကိုယ့်တတ်နိုင်တဲ့ ငွေ အင်အား ထက်ကျော်ပြီး Agent အပြောကောင်းလို့ Condo ကို ကြည့် ပြီး အရမ်းကြိုက်သွားလို့ (ကွန်ဒို စကြည့်ခါစ မှာ ဖြစ်တတ်) ကိုယ်ရဲ့ အနေအထား ကျော်ပြီး ချေးငှါး ဝယ် ဖို့ လောက် အထိ တန်တဲ့ ကွန်ဒို အိမ်ခြံမြေ တော့ ကျနော မတွေ့ကြုံဖူးသေးပါဘူး။ ချေးငှါး ပြီး Invest လုပ် ခဲ့ရင် လည်း ရတဲ့ အကျိုးအမြတ် က Invest လုပ်ထားသလောက် proportionate အဆတူ ပဲရတတ်တာမို့ ချေးငှါးပြီး Invest လုပ် မယ်ဆိုရင် သေချာစဉ်းစား စေချင်ပါတယ်။ Bangkok အိမ်ခြံမြေက မြန်မာပြည် မှာလို့ အတက် မကြမ်းပါဘူး။ ဖြေးဖြေးချင်းပဲ စျေးတက်ပါတယ်။ တခြား ပြင်ပ နိုင်ငံ ရေး စီးပွါးရေး macro economy ရဲ့ ရိုက်ခက်မူ ကြောင့် လည်း condo စျေး အတက် နှေးတာ ဖြစ်တတ်ပါတယ်။

ခုလောလော ဆယ်တော့ THB ~ USD က လွန်ခဲ့ ၂ နှစ် ၃ နှစ် လောက် က ထက် တော်တော် မာ နေ Strong နေတော့ မြန်မာ ပြည် ငွေသား ထား နေမှာထက် စာရင် ထိုင်း မှာ သင့်တော်တဲ့ condo မှာ ရင်းနှီး မြုပ် ထား ဖို့ တော့ အလွန်ကောင်းပါတယ်။

အထက်ပါအချက်တွေက Admin ရဲ့ ကွန်ဒို အချို့ ဝယ်ဖူးတဲ့ experiences အရ စဉ်းစား မိတာတွေပါ။ အမျိုးတွေကော ဘယ်လ်ို ထင်ပါလဲ။ ထပ်ဖြည့်စရာ ရှိရင် လည်း စာဖတ်သူ တွေ သိ ရအောင် comment မှာ မျှဝေ ပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဘန်ကောက် မှာ ကွန်ဒို ဝယ်ဖို့ စဉ်းစားနေလို့ ဘယ် က စရ မယ် မှန်း မသိရင် messenger မှာ မေးနိုင်ပါတယ်။

နောက် ပို့စ်တွေ မှာ စျေးတန် သင့်တော် တဲ့ Project တွေ ကို အလျင်းသင့်သလို မျှဝေ သွားပါမယ်။ စောင့်မျှော် ဖတ်ရူပေးပါအုံး ခင်ဗျာ။

…Invest with confidence by Bangkok Home Destiny…

Address

Mandalay

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

092014435

Website

Alerts

Be the first to know and let us send you an email when Bangkok Home Destiny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bangkok Home Destiny:

Share