Shwe SaParr Fashion

Shwe SaParr Fashion Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe SaParr Fashion, သဲတော/ဝမ်းတွင်းလမ်းမကြီးဘေး။, Wundwin.

᠌လင်မယား စုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…အချိန်တော်တော်ကြာမှအသက်ကယ်လှေတစ်စင်းရောက်လာတယ်…အသက်ကယ်လှေပေါ...
17/07/2023

᠌လင်မယား စုံတွဲတစ်တွဲပါလာတဲ့
သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…
အချိန်တော်တော်ကြာမှ
အသက်ကယ်လှေတစ်စင်းရောက်လာတယ်…

အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့
တစ်နေရာဘဲ ကျန်တော့တယ်…
အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို
သူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်
အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်…

အဲဒီ အမျိုးသမီး ကတော့
တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီး
သူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်…

ဒီနေရာအထိပြောပြီးတော့ ဆရာမက
ကျောင်းသားတွေကို မေးလိုက်တယ်…

“မင်းတို့ ခန့်မှန်းကြည့်…
အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”

ကျောင်းသားတွေကတော့ အလုအယက်
ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…
“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”

အဲဒီအချိန်မှာ ဆရာမက
ကျောင်းသူလေးတစ်ယောက်ကို
ဘာမှမပြောတာကို သတိထားမိတော့
ဆရာမက သူ့ကိုမေးလိုက်တယ်…

အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…
“ဆရာမ… သမီး ထင်တယ်…
အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …
ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…

ဆရာမက အံ့သြသွားတယ်…
သူ့ကို ပြန်မေးလိုက်တယ်…
“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”

ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…
“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး
ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”

ဆရာမက ပြန်ပြောလိုက်တယ် ….
“အဖြေမှန်ပါတယ်ကွယ်…”

သင်္ဘော နစ်မြှုပ်သွားပါတယ်…
ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး
သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစု
စောင့်ရှောက်ပေးခဲ့တယ်…

နှစ်ပေါင်းများစွာကြာပြီးနောက်
အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့
သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ
သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…

အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…
ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ
မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…

အရေးပေါ်အချိန်မှာ
ဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကို
အရောက်ပြေးခဲ့တယ်…

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက
“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ
နစ်မြှုပ်သွားလိုက်ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…
သမီးလေးအတွက်ကြောင့်..
ဒီပင်လယ်ရေနက်အောက်မှာ..
နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”

ပုံပြင်ပြောလို့ပြီးသွားပါပြီ…
အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…
ဆရာမကသိတယ်…
သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို
နားလည်လိမ့်မယ်လို့…

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…
တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…
ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…
ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး
အလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…

ပိုက်ဆံရှင်းချိန်မှာ
ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…
သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…
သူက ဒီသူငယ်ချင်း သံယောဇဉ်ကို
ငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…

အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့
ပိုပြီးကြိုးစားလုပ်တဲ့သူဟာ
သူ အ နေလို့မဟုတ်ဘူး…
သူက တာ၀န်သိတတ်လို့ပါ…

ရန်ဖြစ်တဲ့အချိန်မှာ
အရင်ဆုံး တောင်းပန်တဲ့သူဟာ
သူမှားနေလို့မဟုတ်ဘူး…
ကိုယ့်ဘေးက လူကို
သူ တန်ဖိုးထားရမှန်းသိနေလို့ပါ…

မင်းကိုအမြဲကူညီနေတဲ့သူဟာ
မင်းဆီကနေ တစ်ခုခုပြန်ရဖို့
တောင့်တနေတာမဟုတ်ဘူး…
မင်းကို သူငယ်ချင်း
အစစ်တစ်ယောက်အနေနဲ့
တန်ဖိုးထားလို့ပါ…

မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာ
သူအားယားနေလို့မဟုတ်ပါဘူး…
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…


Crd- မူရင်း
copy - DrShweTun

-To Original Writer
လေးစားစွာဖြင့် ပြန်လည်မျှဝေသည်.....

ချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူ ဆိုပြီး ကွဲပြားသွားရတဲ့ အဓိက အကြောင်းအရင်း➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ဥပမာ ထားပါတော့ ကျွန်တော့်မှာ ကြက...
16/07/2023

ချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူ ဆိုပြီး ကွဲပြားသွားရတဲ့ အဓိက အကြောင်းအရင်း
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဥပမာ ထားပါတော့ ကျွန်တော့်မှာ ကြက်သုံးကောင် ရှိတယ် ဆိုကြပါစို့။

တစ်ကောင်ကို အရက်သမားလက်ထဲ ပေးလိုက်မယ်။ ဒါဆို ဘာဖြစ်သွားမယ်ထင်သလဲ..? သေချာပါတယ်၊ အမြည်းဖြစ်သွားမှာပေါ့။

နောက်တစ်ကောင်ကို ကြက်တိုက်သမား လက်ထဲ ပေးလိုက်မယ်။ သေချာတယ်၊ အဲ့ဒီကြက်က တိုက်ကြက်ဖြစ်သွားလိမ့်မယ်။

နောက်ဆုံးတစ်ကောင်ကို မွေးမြူရေးသမား လက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင် သူဟာ အဲ့ဒီကြက်ကိုမွေးပြီး နောက်ထပ် ကြက်တွေအများကြီးပေါက်လာအောင် လုပ်လိမ့်မယ်။

ရလာတဲ့ကြက်အပေါ် သူတို့တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းမှာ ရှိတဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ် မူတည်ပြီး အမြည်း၊ တိုက်ကြက်၊ မွေးမြူရေးကြက်ဆိုပြီး ပြောင်းလဲသွားတယ်။

ဒီသဘောပဲ။ လူတွေမှာလည်း ကြွယ်ဝချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူဆိုပြီး ကွဲပြားသွားစေတာဟာလည်း ပိုက်ဆံအပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ်မှာ မူတည်ပြီး ကွဲပြားသွားစေတာ ဖြစ်တယ်။

တချို့က ရှိတယ်။ ထီပေါက်ရင် ချမ်းသာမယ်၊ မိဘဆီက အမွေတွေရရင် ချမ်းသာမယ်၊ လစာကောင်းတဲ့ အလုပ်ရှိရင် ချမ်းသာမယ် ဒီလိုထင်ကြတယ်။

တကယ်က မဟုတ်ဘူး။ ဘယ်လောက်ပဲ လစာကောင်းကောင်း၊ ဘယ်လောက်ကြီးတဲ့ ထီဆုကြီးပဲ ပေါက်ပေါက် ပိုက်ဆံအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ စိတ်နေသဘောထားက လွဲနေရင် အဲ့ဒီလွဲတဲ့ လမ်းကြောင်းအတိုင်းပဲ လိုက်သွားလိမ့်မယ်။

ခုနကလိုပေါ့ အရက်သမားကို ကြက်တွေအများကြီးသွားပေးလည်း သူနေ့တိုင်း အရက်နဲ့ မြည်းလို့ရပြီဆိုတဲ့ အမြင်ပဲ ရှိတာကြောင့် အမြည်းဖြစ်ရုံသာရှိမယ်။ ကြက်သမားလည်း ဒီတိုင်းပဲ။ မွေးမြူရေးသမားထက်ထဲရောက်မှသာ ရလာတဲ့ကြက်တွေကို မွေးရင်း မွေးရင်းနဲ့ ကြက်တွေများသထက်များလာပြီး ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။

အလားတူပဲ တစ်လကို သိန်း ၂၀ ရှာနိုင်ရှာနိုင် ၃၀ ရှာနိုင်ရှာနိုင်၊ ရှာနိုင်တဲ့ ပိုက်ဆံကို သုံးစရာအဖြစ်ပဲ မြင်နေရင် သုံးစရာအဖြစ်ပဲ ရောက်သွားလိမ့်မယ်။ စုဆောင်းစရာ၊ ကိုယ့်ကို ငွေပြန်ရှာပေးနိုင်တဲ့အရာလို့ မြင်မှ ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။

ဒါကြောင့် ချမ်းသာကြွယ်ဝဖို့အတွက်ဆိုရင် ဝင်ငွေကောင်းဖို့က အရေးကြီးတယ်ဆိုတာ မှန်ပေမယ့် ဝင်ငွေအပေါ်မှာ သဘောထားတဲ့ ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားတွေက ပိုပြီး အရေးကြီးတယ်။

အဲ့ဒီစိတ်နေသဘောထားကပဲ လူချမ်းသာ၊ လူဆင်းရဲ ဆိုပြီး ကွဲပြားသွားအောင် အဓိက ဆုံးဖြတ်ပေးနေတာ ဖြစ်တယ်။

အတွေ့အကြုံမှ သင်ယူပါ_____________________       တစ်ခါတုန်းက ခြင်္သေ့တစ်ကောင် ၊ မြည်းတစ်ကောင် နဲ့ မြေခွေးတစ်ကောင်တို့ဟာ မ...
15/07/2023

အတွေ့အကြုံမှ သင်ယူပါ
_____________________

တစ်ခါတုန်းက ခြင်္သေ့တစ်ကောင် ၊ မြည်းတစ်ကောင် နဲ့ မြေခွေးတစ်ကောင်တို့ဟာ မိတ်ဆွေဖွဲ့၍ အမဲလိုက်ထွက်ကြတယ် ။ သူတို့တွေ တောကောင် တော်တော်များများ ရလာတဲ့အခါ ခြင်္သေ့က မြည်းကို ဝေစုခွဲဖို့ ပြောလိုက်တော့တယ် ။ ထိုအခါ မြည်းကလည်း အညီအမျှ သုံးပုံပုံ၍ ကြိုက်ရာပုံကို ယူဆောင်စားသုံးဖို့ ခြင်္သေ့အား ပြောလိုက်၏ ။

အဲဒီလို ပြောလိုက်သောအခါ ခြင်္သေ့က မြည်းကို ဒေါသထွက်၍ ခုန်အုပ်ပြီး ဝါးမျိုစားသောက် လိုက်တော့တယ် ။ အဲလို မြည်းကို စားသောက်ပြီးတဲ့ နောက်မှာ မြေခွေးကို ဝေစုခွဲဖို့ ပြောလိုက်ပြန်တော့တယ် ။

ထိုအခါ မြေခွေးကလည်း သားကောင် အားလုံးနီးပါးကို အပုံကြီးကြီး တစ်ပုံပုံလိုက်၍ သူ့အတွက်တော့ အနည်းငယ်မျှကိုသာ ချန်ထားလိုက်တယ် ။ ထို့နောက် မြေခွေးက ခြင်္သေ့ကို သူ့စိတ်ကြိုက် စားသောက်ဖို့ ပြောလိုက်တယ် ။

ခြင်္သေ့က " ဒီလို ပုံနည်းကို ဘယ်သူက သင်ပေးတာလဲ " ဟု မြေခွေးကို မေးလိုက်တယ် ။ မြေခွေးကလည်း " မြည်း ဘာဖြစ်သွားသလဲ ဆိုတာက သင်ပေးလိုက်တာပါ " ဟု ခြင်္သေ့ကို ပြန်ဖြေလိုက်တယ် ။
Ref : The Lion , the Ass and the Fox

ကျွန်တော်တို့ဟာ
တစ်ခြားသူတွေရဲ့ ကံမကောင်းမှုတွေ
ရှုံးနိမ့်မှုတွေကို လက်တွေ့ မြင်တွေ့တဲ့အခါ
အသိပညာ အမြော်အမြင်တွေ ရရှိလာစေပါတယ် ။

မှားယွင်းမှုတွေ
ရှုံးနိမ့်မှုတွေ
ကံမကောင်းမှုတွေကို မြင်တွေ့လာသောအခါ
ထိုသူတို့၏ အသိပညာ
ဉာဏ်အမြော်အမြင်တွေကို
ကျွန်တော်တို့ သင်ယူ ရရှိနိုင်ပါတယ် ။

ဘယ်လို လုပ်လိုက်ရင်
ဘယ်လိုမျိုး ရလဒ်တွေကို ရတတ်တယ်ဆိုတာလည်း သိမြင် တတ်မြောက် နေသောကြောင့်
မှားယွင်းမှုတွေ ရှုံးနိမ့်မှုတွေ မဖြစ်အောင်
သတိထား၍ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ် ။

မှားယွင်းမှုတွေ
ကျရှုံးမှုတွေဟာ
ကျွန်တော်တို့ရဲ့ ဘဝအတွေ့အကြုံသာ ဖြစ်၏ ။
ထိုအတွေ့အကြုံမှ
သင်ခန်းစာယူပြီး လက်တွေ့ ဘဝမှာ
အကောင်းဆုံးဖြစ်အောင်
ကြိုးစား လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ။


#မေတ္တာဖြင့်

__________________________________


မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာပေးပါသည်"

13/07/2023

"တန်ဖိုး''

ကြပ်တည်းလာတဲ့အခါ...
ငွေရဲ့တန်ဖိုးသိလိမ့်မယ်။

အသက်ရွယ် ကြီးလာတဲ့အခါ...
ငယ်ရွယ်ခြင်းရဲ့ တန်ဖိုးကိုသိလိမ့်မယ်။

ဖျားနာတဲ့အခါ...
ကျန်းမာခြင်းရဲ့ တန်ဖိုးကိုသိလိမ့်မယ်။
နောက်ကျတဲ့အခါ...
အချိန်ရဲ့တန်ဖိုးကိုသိလိမ့်မယ်။

ဝေးကွာတဲ့အခါ...
ဆုံစည်းခြင်းရဲ့ တန်ဖိုးကိုသိလိမ့်မယ်။

ဒုက္ခရောက်တဲ့အခါ...
မိဘရဲ့တန်ဖိုးကို သိလိမ့်မယ်။

တကယ်တော့...
အရာအားလုံးက အချိန်တိုင်း...
သူ့တန်ဖိုးနဲ့သူ ရှိနေကြတာပါ။

ဒါပေမဲ့ ဆုံးရှုံးသွားတဲ့အရာတွေကို နှမျောတမ်းတနေမဲ့အစား
ကျန်ရှိနေတဲ့ အရာတွေကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။

ဒါကြောင့် နောင်တမရအောင်...
ကြိုးစားပြီး ပျော်အောင်နေပါ။
အရာအားလုံးကို လက်ခံနိုင်အောင်
ကြိုးစားပြီး အေးချမ်းအောင်နေပါ။

Credit-OriginalWriter

ဈေးရောင်းခြင်းအနုပညာဈေးရောင်းတယ်ဆိုတာ အဓိကအချက်ကတော့  ခင်ဗျားတို့အတွက် ကျွန်တော်ဘက်က ဘာလုပ်ပေးနိူင်တယ်ဆိုတာ သွယ်ဝိုက်တဲ့...
24/02/2020

ဈေးရောင်းခြင်းအနုပညာ

ဈေးရောင်းတယ်ဆိုတာ အဓိကအချက်ကတော့ ခင်ဗျားတို့အတွက် ကျွန်တော်ဘက်က ဘာလုပ်ပေးနိူင်တယ်ဆိုတာ သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြဖို့ပါနော်။

ဆန် လာဝယ်ရင် ထည့်စရာရှာပြီးချိန်တွယ်ရတဲ့အလုပ်ကို သက်သာအောင်

မြန်မြန်နဲ့ လွယ်ကူစွာ ဝယ်ယူလို့ရအောင်

သန့်သန့်ရှင်းရှင်းနဲ့ သယ်ယူလို့ရအောင်

ဆန် တစ်ပြည် ထည့်အိတ်လေးကို ကိုယ်ပိုင်းနာမည်လေးနဲ့ ထုတ်ပြီး ရောင်းတာ အဆင်ပြေပါတယ်

ဒီနေ့ တရက်ထဲကို တော်တော် ရောင်းရတယ်

"ဆရာကြီး ဦးအောင်သင်းပြောပြတဲ့ ဗိုလ်ချူပ်အောင်ဆန်းအကြောင်း"စစ်တိုက်ခါနီးပေါ့ကွာ။ဗိုလ်ချူပ်က သူ့ရဲဘော်တွေကိုပြောတယ်။"မင်း...
19/07/2019

"ဆရာကြီး
ဦးအောင်သင်းပြောပြတဲ့
ဗိုလ်ချူပ်အောင်ဆန်းအကြောင်း"

စစ်တိုက်ခါနီးပေါ့ကွာ။

ဗိုလ်ချူပ်က
သူ့ရဲဘော်တွေကိုပြောတယ်။

"မင်းတို့ စစ်မြေပြင်ကိုသွားရမယ်။
မင်းတို့အတွက်ဘာရမလဲဆိုတော့
ပင်ပန်းမယ်။ဆင်းရဲမယ်။
ဒါဏ်ရာရမယ်။ သေမယ်။
ငါလည်းမင်းတို့နဲ့အတူလိုက်မယ် "

ကြည့်စမ်း-

ငါလည်းမင်းတို့နဲ့
အတူလိုက်မယ် ဆိုတဲ့စကား။
သူမလုပ်နိုင်ပဲ
သူများကိုမခိုင်းဘူး။
ဘယ်လောက်ကောင်းတဲ့
ခေါင်းဆောင်လဲ။

ခင်ဗျားရဲ့ ဝင်ငွေသိပ်မကောင်းဘူး .. ဒါပေမယ့် မိသားစုနဲ့အတူတူနေခွင့်ရတယ် ..ကျုပ်ရဲ့ ဝင်ငွေလေး ခင်ဗျားထက်စာရင်နည်းနည်းလေးပိ...
16/07/2019

ခင်ဗျားရဲ့ ဝင်ငွေသိပ်မကောင်းဘူး ..
ဒါပေမယ့် မိသားစုနဲ့အတူတူနေခွင့်ရတယ် ..
ကျုပ်ရဲ့ ဝင်ငွေလေး ခင်ဗျားထက်စာရင်နည်းနည်းလေးပိုကောင်းတယ် .. ဒါပေမယ့်မိသားစုနဲ့ အတူတူနေခွင့်မရဘူး ..

ခင်ဗျားက ကျုပ်ကို အားကျမယ် .
ကျုပ်က ခင်ဗျားကို အားကျမယ် . (လူ့သဘာဝ လောဘ ဆန္ဒ)

အိမ်ကို ဧည့်သည်လိုနေရပြီး.. မိသားစုနဲ့ဝေးရာ အလုပ်ဆီကို အိမ်သဖွယ်နေနေရတယ် ..
အရင်အခေါက်တွေထက် ဒီတခေါက်ဟာ ပိုကျေနပ်ပြည့်စုံတယ်လို့ ခံစားရသလို မိသားစုကိုထားခဲ့ပြီးပြန်လာရတဲ့ခံစားချက်ဟာ ပိုပြီး နာကျင်ရသလိုပဲ 😊 ..

လုပ်ပေးခွင့်ဖြည့်ဆည်းခွင့်ရတာတွေအတွက် ကျေနပ်တယ် .ကျေးဇူးတင်ပါတယ် .
ပျက်ကွက်မူ လစ်ဟာမူတို့အတွက် နောက်များမှာပိုကြိုးစားရဦးမယ် ..

အိမ်ကို အပြီးပြန်နိုင်ဖို့ဆို အများကြီးကြိုးစားရဦးမယ်😔 .......

မူရင်းရေးသားသူအား ကျေးဇူးပါ ..

"ပြောင်းလဲမှုတိုင်းမှာ အခက်အခဲ ဆိုတာ ရှိတယ်။ အခက်အခဲ တိုင်းမှာ လိုအပ်ချက် ဆိုတာ ရှိတယ်။ လိုအပ်ချက် ဆိုတာ ..တန်ဖိုးတစ်ခု ထ...
12/07/2019

"ပြောင်းလဲမှုတိုင်းမှာ အခက်အခဲ ဆိုတာ ရှိတယ်။
အခက်အခဲ တိုင်းမှာ လိုအပ်ချက် ဆိုတာ ရှိတယ်။
လိုအပ်ချက် ဆိုတာ ..တန်ဖိုးတစ်ခု ထည့်ပေါင်းနိုင်ရင် ..စီးပွားရေး အခွင့်အလမ်းပဲ။ "

မနက်ဖြန်မှာ ပြောမယ့် ဟောပြောပွဲ ပါအကြောင်းအရာတစ်ခု ရဲ့ ကောက်နုတ်ချက် ဖြစ်ပါတယ်။

တက်ရောက်ဖို့ အတွက် ငွေကြေးကုန်ကျစရာမလိုဘူး။
အခမဲ့ လုပ်ထားပေးတယ်။

လက်ရှိမှာ စာရင်းပေးထားတာပဲ ဦးရေ ၉၀၀ ကျော်နေပြီ။
နေရာရဖို့ ..စောစောသာလာခဲ့ကြပါ ခင်ဗျာ။

မနက်ဖြန်မှာ တွေ့ ဆုံကြပါစို့ ။ မိတ်ဆွေများ ...။

#မာသင်

အခွင့်အရေးဆိုတာကို လူတော်တော်များများ လက်လွတ်သွားကြတယ်။ဘာဖြစ်လို့လဲဆိုတော့  လူတော်တော်များများ လျှောက်နေကျ လမ်းအတိုင်ပဲ ...
24/06/2019

အခွင့်အရေးဆိုတာကို လူတော်တော်များများ လက်လွတ်သွားကြတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများ လျှောက်နေကျ လမ်းအတိုင်ပဲ လျှောက်နေကြတယ်။

အခွင့်အရေးလက်လွတ်မသွားအောင် လျှောက်နေကြ လမ်းကနေ ဘေးထွက် လျှောက်ရမယ်။

အဲတော့ ဘာဖြစ်လဲ ထုံးစံမဟုတ်တဲ့ အခွင့်အရေးတွေ ရမယ်။

#ဖတ်ခဲ့သမျှ
Note

Address

သဲတော/ဝမ်းတွင်းလမ်းမကြီးဘေး။
Wundwin

Telephone

+959794002002

Website

Alerts

Be the first to know and let us send you an email when Shwe SaParr Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share