Thrifty Clothes by Nge

Thrifty Clothes by Nge စျေးနှုန်းသင့်တင့်၍ အရည်အသွေးကောင်

03/07/2022


02/07/2022
ဘေထုပ်အကြောင်း တစေ့တစ်စောင်းVintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand ...
29/06/2022

ဘေထုပ်အကြောင်း တစေ့တစ်စောင်း

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothingsပါ.....
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အ
သန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းအထည်တွေအထိပါပါတယ်...
နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ..
Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာအဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေးကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..😜)
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်....

ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......

✅၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားကလာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

✅၂ အချက်💲 စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် ✔️Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

✅၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

✅ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့....

ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ အမြန်ဝယ်လိုက်တော့နော် 🙆

ကဲ ပိုက်ပိုက်လည်းချွေတာရင်း smart ကျကျနဲ့ဘေဝတ်ကျမယ်ကွာ

Org ....

29/06/2022

"Thrifty Clothes by Nge" မှကြိုဆိုပါတယ်ရှင့်💞

error ကင်းပြီး အသစ်နီးပါးသန့်တဲ့ Vintage& Branded Prelove အထည်တွေကို စျေးနှုန်းချိုသာစွာဖြင့် မင်မင်တို့ရဲ့ page လေးကနေ ရောင်းချပေးပါမယ်ရှင်😍🤗

စျေးနှုန်းချိုသာပြီးcuttingလည်းကျ luxury လည်းဆန်တဲ့ ကွန်တိန်နာကျအထည် တွေကိုရောင်းပေးမှာမို့ ပေးရတဲ့စျေးနဲ့ ရလိုက်တဲ့ အထည်ရဲ့ quality 100% တန်စေရမယ်ဆိုတာ အာမခံပါတယ်နော်👌👌

တစ်ခါဝယ်ပြီးတိုင်း နောက်အမြဲမှာချင်နေမဲ့ qualityကောင်းအထည်သန့်တွေကို ပုံရိုက်ပြီး size & price နဲ့တကွ ရောင်းချပေးသွားပါမယ်ရှင်☺😊

အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေရှင်🙏🙏

𝐓𝐡𝐫𝐢𝐟𝐭 (ခြိုးခြံချွေတာခြင်း)❣️𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 ဆိုတာ ပိုင်ရှင်က၀တ်ပီးသော်လည်း နောက်တစ်ဦး ၀တ်ဖို့အတွင် လုံလောက်တဲ့ quality ...
28/06/2022

𝐓𝐡𝐫𝐢𝐟𝐭 (ခြိုးခြံချွေတာခြင်း)❣️
𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 ဆိုတာ ပိုင်ရှင်က၀တ်ပီးသော်လည်း နောက်တစ်ဦး ၀တ်ဖို့အတွင် လုံလောက်တဲ့ quality နဲ့ သက်တမ်းရှိပြီးသားပါ....

Branded တွေ ၀တ်မှSmart ကျတဲ့ ခေတ်က နောက်ကျကျန်ခဲ့ပါပီနော် အခုဆို လူငယ်တော်တော်များအနေနဲ့ ကိုယ်နဲ့ comfortable ဖြစ်ပီး ဈေးသက်သက်သာသာနဲ့ ရနိုင်တဲ့
secondhand clothes ( 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬) လို့ခေါ်တဲ့ မြန်မာ မှာဆိုရင် (ဘေထုပ်)လို့ လူသိများတဲ့ အ၀တ်အထည်တွေကို ရွေးချယ်၀တ်ဆင်နေကြပါပီ ....နိုင်ငံတကာမှာလည်း
𝐓𝐡𝐫𝐢𝐟𝐭 Store တွေ တော်တော်များများရှိတာ တွေ့နေရပါတယ် တစ်ချို့ အနောက်နိုင်ငံသားလူငယ်တွေဆိုရင် second hand clothes တွေကိုတောင်save money အနေနဲ့ ရှာဖွေ ၀တ်နေကြပါပီနော်
မြန်မာမှာ (ဘေထုပ်)၀တ်တာနဲ့ ပိုက်ဆံမတက်နိုင်လို့ ၀တ်တယ်ဆိုတဲ့ ခေတ်က ကုန်သွားပါပီနော်....
ဟုတ်ပီ ...ဒါဆို ဘာလို့ 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬(ဘေထုပ်) ကို ၀တ်ဆင်ကြသလဲ?????

✅ပိုက်ဆံ အကုန်အကျ သက်သာမယ်...
(𝐒𝐚𝐯𝐞 𝐌𝐨𝐧𝐞𝐲)
✅ဖိအားမရှိဘူး(𝐒𝐚𝐯𝐞 𝐒𝐭𝐫𝐞𝐬𝐬)

🟢ပိုက်ဆံအကုန်အကျသက်သာမယ်....

𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬ထဲမှာ ရွေးချယ်နိုင်ရင်
တကယ့် branded အ၀တ်အစားတွေပါအစ ပါပါတယ် ပုံမှန် အ၀တ်အစားစတိုး ဆိုင်တစ်ခုမှာ branded အကျီတစ်ထည်အနေနဲ့ ပေးရမဲ့ ပမာဏ ထက်အဆပေါင်းများစွာ သက်သက်သာသာနဲ့ ၀တ်ဆင်နိုင်ပါမယ် ဒါဆို သင့်ရဲ့ ပိုက်ဆံအကုန်အကျများစွာ သုံးစရာမလိုတော့ဘူးပေါ့(ရွေးတတ်ဖို့တော့ လိုတာပေါ့နော် )

🟢ဖိအားမရှိဘူး.....

အ၀တ်အစား ၀တ်ပီဆိုတာနဲ့ ကိုယ်ဈေးကြီးကြီးပေး၀ယ်ထားတဲ့အ၀တ်အစားဆိုရင် ဘာ်နေကာသွားသွား ဂရုတစိုက်တော့ရှိရတယ် အစွန်းအထင်းတွေ ပေသွားမလား /ညစ်ပတ်သွားမလားဆိုပြီးပေါ့....
ဘာလို့လဲ ကိုယ့်လုပ်အားခနဲ့ပိုက်ဆံအကုန်အကျများများပေး၀ယ်ထားရတာကို ဒါဆို ဒီ𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬တွေ၀တ်တဲ့အခါ အဲ့တာအပေါ်စိတ်မသက်ရောက်ဘူး ဈေးသက်သက်သာသာနဲ့‌ပေး၀ယ်ထားတာကြောင့်စွန်းပေသွားလည်း
လွှင့်ပစ်လို့ရတယ် /မကြိုက်တော့ဘူးလား အ၀တ်အထည်တွေ ပြန်လှူဒါန်းလို့တောင်ရပါသေးတယ် ....

Brand အစွဲမရှိပဲ ကိုယ်နဲ့ comfortable
ဖြစ်နိုင်ပီး အ၀တ်အစားတစ်မျိုးကို အချိန်အကြာကြီး ပေးမ၀တ်ချင်တဲ့ လူငယ်တွေအနေနဲ့ကတော့ 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 တွေကတော့ ရွှေပါပဲရှင်

#ဘေထုတ် #ကွန်တင်နာကျ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thrifty Clothes by Nge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share