Lynn Vintage Shop

Lynn Vintage Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lynn Vintage Shop, Men's clothes shop, Yangon.

17/11/2022

(ဘေဆိုတာနဲ့ အပေါစားလို့ထင်နေတဲ့သူတွေသိဖို့)
📌 ဘေထုပ်အကြောင်း တစေ့တစောင်း

Vintage clothing (သို့) ဘေထုပ် (Bale)

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့ (၂ ပတ် ၃ ပတ် မကလည်း ရစ်နိုင်ပါတယ်)
Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အ
သန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store
ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...
နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...
Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ
အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငြံခားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေး
ကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...
ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
✅၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

✅၂ အချက်💲 စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် ✔️Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

✅၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

✅၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့..
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....
ဒီလို အချိန်မပေးနိုင် ဘေထုပ်နှိုက်ခြင်း အနုပညာ မတတ်တဲ့သူတွေအတွက် Admin တို့လို ဘေသရဲ၊ ဘေခရေဇီ တွေက သေချာ ဂေါင်ထည်အသန့် ရွေးချယ်ပြီး ပြန်လည်ရောင်းပေးနေတဲ့ page တွေ group တွေရှိပါတယ်....စျေးကတော့ အပုံစျေးနဲ့တော့ မယှဉ်နဲ့ပေါ့ဗျာ.... ပညာရှင်ကြေးတော့ ပေးရတာပါ့...
ကဲ.... ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ အမြန်ဝယ်လိုက်တော့နော်

ကဲ အားလုံးစောင့်မျှော်နေကြလို့ မအားတဲ့ကြားက တင်ပေးလိုက်တယ်နော် မင်မင် အလုပ်နဲ့ သင်တန်းတွေနဲ့မို့ ဈေးရောင်းတဲ့ဘက်ကောင်းကေ...
14/08/2022

ကဲ အားလုံးစောင့်မျှော်နေကြလို့ မအားတဲ့ကြားက တင်ပေးလိုက်တယ်နော်
မင်မင် အလုပ်နဲ့ သင်တန်းတွေနဲ့မို့ ဈေးရောင်းတဲ့ဘက်ကောင်းကောင်းမလှည့်ပေးနိုင်တာကို စောင့်ဝယ်ကြတဲ့ ကာကာတို့ကိုကျေးဇူးတင်ပါတယ်

L. E V. I. S only အနည်းငယ် တင်ပေးလိုက်တယ်နော်

တထည် 8000 ကျပ်ပါ

📌မင်မင် ရန်ကုန်ကပါ ရှင့်

Sunday only ဘဲ deli ပို့ပါတယ် နော်

ငွေချွေတာရေး လမ်းပြပေးတာပါ ချမ်းသာချင်ရင်တော့ လာဝယ်ကြပါ 🤭🤗🤗 မနက် 5နာရီထ ည 8နာရီမှ ရုံးအလုပ်ပြန်ရလို့ မင်မင် အရောင်းpostမ...
09/08/2022

ငွေချွေတာရေး လမ်းပြပေးတာပါ ချမ်းသာချင်ရင်တော့ လာဝယ်ကြပါ 🤭🤗🤗

မနက် 5နာရီထ ည 8နာရီမှ ရုံးအလုပ်ပြန်ရလို့ မင်မင် အရောင်းpostမတင်နိုင်ပေမယ့် ဈေးရောင်းပါသေးတယ် cbမှာ လိုချင်တာ လာမှာထားကြပါနော်

မင်မင်က ရုံးအလုပ်တဖက်နဲ့ အထည်ရောင်းရတာမို့ စာပြန်ကြန့်ကြာတာ ပစ္စည်းချက်ချင်းမပြပေးနိုင်တာရှိပါတယ် စိတ်ရှည်စွာစောင့်ပီး ခ...
24/07/2022

မင်မင်က ရုံးအလုပ်တဖက်နဲ့ အထည်ရောင်းရတာမို့ စာပြန်ကြန့်ကြာတာ ပစ္စည်းချက်ချင်းမပြပေးနိုင်တာရှိပါတယ် စိတ်ရှည်စွာစောင့်ပီး ခုလိုလေးပြောလာပေးတာ အတိုင်းမသိဝမ်းသာမိလို့ အမှတ်တရလေးသိမ်းထားပါရစေ reviewပိုင်ရှင်အား ကျေးဇူးအထူးတင်လျက်ပါ

22/07/2022

မင်မင် အလုပ်မအားဖြစ်နေတာနဲ့ အရောင်းpostမတင်ပေးနိုင်ဘူး မပြပေးနိုင်ဘူးဖြစ်နေတာ မနက်ဖြန် ရုံးပိတ်ရက်မို့ အကုန်ပြပေးမယ်နော် အများကြီးရောင်းပေးပါအုံးမယ်
ဒီရက်ထဲ ဘတ်ဈေးတက်လို့ အထုပ်ဈေးက ဇတိုး တက်သွားပါတယ် လိုချင်တာလည်းဝယ်မရတဲ့ထိ ပါဘဲ ဈေးလေး အနည်းငယ်ဘဲ မင်မင်တက်ပါမယ် နဂိုတည်းက အမြတ်အများကြီးယူမထားတာမို့ ဈေးရော qualityရော စိတ်ချယုံကြည်စွာ အားပေးလို့ရတယ်နော် 🤗

အသစ်စက်စက် page လေးမို့ promote လုပ်တဲ့အနေနဲ့ buy 1 get 1 အစီစဉ်လေး နဲ့ ရောင်းပေးလိုက်မယ်နော် 👉ဒီpageကနေပြီး branded အထည...
16/07/2022

အသစ်စက်စက် page လေးမို့ promote လုပ်တဲ့အနေနဲ့ buy 1 get 1 အစီစဉ်လေး နဲ့ ရောင်းပေးလိုက်မယ်နော်
👉ဒီpageကနေပြီး branded အထည်ကောင်းအထည်သန့်တွေဘဲ ရောင်းပေးမှာမို့ seefirst, like လုပ်ထားပေးပါနော် 🥰

📌 တစ်ထည် 6500ပါ တစ်ထည်ဝယ် နှစ်ထည် ရမှာပါနော်🤗

📌မင်မင်က ရန်ကုန်ကပါ

📌ရန်ကုန် အိမ်ရောက်ငွေချေ

📌နယ်မြို့များ ငွေကြိုလွှဲပါ ငွေလွှဲဝင်မှ order confirm ဖြစ်ပါမယ်နော်

📌လိုချင်တဲ့အထည်ကို ပုံပို့ပြီး အမည် လိပ်စာ တခါတည်း ပို့ထားပေးပါ ရတာ မရတာ အချိန်အနည်းငယ်အတွင်း မင်မင်ဘက်က အကြောင်းပြန်ပေးပါမယ်နော်

📌Use အထည်တွေမို့ useအနေထား အနည်းငယ်ရှိပါမယ်နော် အထည်ကောင်းအထည်သန့်တွေဘဲ မင်မင်ရောင်းပေးပါတယ်

👉Sunday ပိတ်ရက်မှ မင်မင် deliပို့ပေးပါတယ်နော်ရန်ကုန်ရော နယ်ဂိတ်ချရော အကုန်လုံးပါ အထည်မှာပြီးရင် ချက်ချင်းမပို့ပါဘူးနော် ငွေကြိုလွှဲထားသူများအတွက် ရည်ရွယ်ပါတယ်

ဝယ်ယူအားပေးမှု့အတွက် ကျေးဇူးအများကြီးတင်ပါတယ် pageအသစ်လေးမို့ ဝန်းရံပေးကြပါအုံးရှင့် 🥰

Page အသစ်လေးပြန်ဖွင့်ရတာပါ အဟောင်းက လုံးဝ ကျသွားတာ ပြန်သုံးမရတော့လို့ likeလေး နဲ့ ကူညီပေးကြပါအုံးနော် ကျေးဇူးပါ 🥰
15/07/2022

Page အသစ်လေးပြန်ဖွင့်ရတာပါ အဟောင်းက လုံးဝ ကျသွားတာ ပြန်သုံးမရတော့လို့ likeလေး နဲ့ ကူညီပေးကြပါအုံးနော် ကျေးဇူးပါ 🥰

Hello!ပျော်စရာကောင်းသော နေ့ရက်လေးဖြစ်ပါစေ Happy Friday
15/07/2022

Hello!ပျော်စရာကောင်းသော နေ့ရက်လေးဖြစ်ပါစေ

Happy Friday

Men's clothes shop

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lynn Vintage Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share