May Wa Clothing online store

May Wa Clothing online store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Wa Clothing online store, Yangon.

*** ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့***     •••••••••••••••••••••••(သန္ဓေ၊တောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိဟာ) ဓမ္မစကြာတရားတော...
20/07/2024

*** ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့***
•••••••••••••••••••••••

(သန္ဓေ၊တောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိဟာ)

ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည် ။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ "ပဉ္စဝဂ္ဂိယကထာ" အမည်ဖြင့်လာရှိပါသည်။ ပဋိသမ္ဘိဒါ မဂ္ဂပါဠိတော်၌ "ဓမ္မစက္က ပဝတ္တနဝါရ" အမည်ဖြင့်လာရှိပါသည်။ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ "ဓမ္မစက္က ပဝတ္တန သုတ္တ" အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္က ပဝတ္တန-၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို သိစေ လည်စေတော်မူခြင်းဟု အဓိပ္ပါယ် ရပါသည်။ (ဓမ္မစက္က-တရားတော် + ပဝတ္တန- ဖြစ်စေ လည်စေခြင်း)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားတော်ကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။

ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှား "အစွန်း (၂) ခု"ကို ရှောင်ကြဉ်ရေး မဇ္ဈိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြာင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက် ရှိကြပါသည်။

(ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )
.....................

မြန်မာ့ရိုးရာ (၁၂)လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ
နေသောနေ့ဖြစ်၍ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်
မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။

၈။ "ဧဟိ ဘိက္ခု" ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါဝိသသေအကြောင်း
များကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်
တို့ကဤဝါဆိုလပြည့်နေ့၌ကျောင်းကန်
ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ
ကပ်လှုခြင်း၊ ဝါဆိုသင်္ကန်း လှုဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်
သရဇ္ဈာယ်ခြင်းအားဖြင့် "ဝါဆိုလပြည့်
ဓမ္မစကြာအခါတော်နေ့" ကို ဆင်နွှဲ
ပြုလုပ်ကြပါသည်။

{ မာဂဓီ (သာစည်) အခါတော်နေ့များ }

Credit #

အိမ်ရှင်မ တို့ရဲ့ တစ်နေ့တာ..
25/06/2024

အိမ်ရှင်မ တို့ရဲ့ တစ်နေ့တာ..

ငယ်ငယ်ကဆင်းရဲခဲ့ပြီး ကြီးမှပြည့်စုံလာတဲ့ လူတချို့ဟာ သူတို့သားသမီးတွေကို အရမ်းဖြည့်ဆည်းပေးကြတယ်။သူတို့တုန်းက မရခဲ့တာတွေကိ...
24/06/2024

ငယ်ငယ်ကဆင်းရဲခဲ့ပြီး ကြီးမှပြည့်စုံလာတဲ့
လူတချို့ဟာ သူတို့သားသမီးတွေကို
အရမ်းဖြည့်ဆည်းပေးကြတယ်။
သူတို့တုန်းက မရခဲ့တာတွေကို
သားသမီးတွေအလှည့်မှာ
တောင်းဆိုစရာမလိုအောင်
ဖြည့်ဆည်းပေးတတ်ကြတယ်။
"လူ့လောဘဟာ ဘယ်တော့မှ
အတောမသတ်တာကို မေ့ထားရင်းနဲ့”

ကျနော်ကလေး ဘဝမှာ
လိုချင်တာတွေသိပ်များခဲ့တယ်။
ကလေးကလည်း ကလေးအလျောက်
လောဘရှိခဲ့တာပဲ။ လောဘနဲ့အစွမ်းအစမှာ
လောဘက အသာရသွားရင် အဲ့ဒီလူဟာ
မသမာသူဖြစ်သွားတတ်တယ်။

လောဘဟာ အစွမ်းအစကိုမကျော်သ၍
ခင်ဗျားဘယ်လောက်ဆင်းရဲဆင်းရဲ ၊
အေးချမ်းပါသေးတယ်။
ထမင်းငတ်လောက်အောင်တော့
အစွမ်းအစမနည်းနဲ့ပေါ့လေ။

ကလေးဘဝဆိုတာ လောဘသာရှိပြီး
အစွမ်းအစမရှိသေးတဲ့ဘဝပါ။
အစွမ်းအစကမမြင့်ဘဲ လောဘတွေမြင့်လာရင်
အဲ့ဒီကလေးဟာ ဆိုးသွမ်းလာပါလေရော။

ကျနော်တစ်တန်းနှစ်မှာ အပူချိန် ၁၀၄ရှိတဲ့
အဖျားကြီးတစ်ခု ခံစားခဲ့ဖူးတယ်။
အဲ့တုန်းက မေမေက ကျနော့်အတွက်
၆၀တန် ဒိုင်နိုဆောရုပ်လေးနဲ့ ၈၅ကျပ်တန်
လေယာဉ်လေးတစ်စီး ဝယ်ပေးဖူးတယ်။
အဖျားကို မေ့သွားသည်အထိ
ကျနော်ပျော်ခဲ့ပါတယ်။
လေယာဉ်လေးကတော့ အချိန်တစ်ခုမှာ
ပျက်စီးခဲ့ပြီး ရာဘာဒိုင်နိုဆောရုပ်လေးက
ပျောက်ခြင်းမလှပျောက်သွားတယ်။

ကျနော် လောဘကြီးခွင့်မရခဲ့ပါဘူး။
အရုပ်ဆိုင်လေးတွေမြင်ရင် ငေးမောမိပေမယ့်
ပူဆာခွင့်ရှိတယ်မထင်လို့ နှုတ်ဆိတ်နေခဲ့တယ်။
မိဘရဲ့မပြေလည်မှုကို
ကျနော် နားလည်နေခဲ့တယ်လေ။

ကျနော် မိဘဖြစ်လာရင် ကျနော့်သားကို
နင်းကန်ဝယ်ပေးပစ်ရမလား။
ဟင့်အင်း အဲ့လိုမလုပ်ဘူး။
ရံဖန်ရံခါမှာ ဆုလာဘ်အဖြစ်နဲ့တော့
သား/သမီးကိုဝယ်ပေးမယ်။
ဒါကို ရပိုင်ခွင့်တစ်ခုလို ရင်သွေးက
မြင်သွားမှာ ကျနော်မလိုလားဘူး။
ဘာအစွမ်းအစမှ မရှိခင်မှာ သူလိုချင်တိုင်း
ရနေရင် ဒီကလေးဟာ မာန်တက်နေလိမ့်မယ်။

အကယ်၍ ကျနော်ချမ်းသာလာသည်ဆိုဦးတော့။
သူ့ရဲ့တစ်နေ့တာ ကိုယ်ပိုင်သုံးစွဲမယ့်ငွေဟာ
အခြေခံ နေ့စားအလုပ်သမားရဲ့ တစ်ရက်စာ
ဝင်ငွေထက်မကျော်ရဘူး။ ရံဖန်ရံခါတော့
ဆုလာဘ်အဖြစ်နဲ့ တနင့်တပိုးပေးမယ်။

မိဘပိုက်ဆံကို ရပိုင်ခွင့်လို မြင်လာခြင်းဟာ
သားသမီးအတွက် ပျင်းရိပျက်စီးမယ့် လမ်းစပဲ။
သူဌေးသားသမီးတွေဟာ အုပ်ထိန်းမှုမတတ်ရင်
လူပေါ့လူသွမ်းဖြစ်နိုင်ခြေပိုများတယ်။
ငွေအပေါ်တန်ဖိုးထားမှု၊အချိန်ပေါ်တန်ဖိုးထားမှု
မတတ်တဲ့ သူဌေးသားတွေ
များစွာ မြင်ဖူးခဲ့တယ်။

သိန်းကို သိန်းနဲ့ချီပြီး ချမ်းသာတဲ့
အန်တီတစ်ယောက်က
ကျနော့်ကို ရင်ဖွင့်ဖူးတယ်။
သူ့သားဟာ မိဘပိုက်ဆံကို ရပိုင်ခွင့်လို့
ထင်နေပြီး ၂၀ကျော်အရွယ်ကတည်းက
ဓားကြိမ်းကြိမ်းပြီး အမွေတောင်းပါသတဲ့။
သူ့ရဲ့ ငယ်ဘဝကို မေးမြန်းကြည့်တော့
ငယ်စဉ်ကတည်းက လိုချင်တာရခဲ့တဲ့
ကလေးငယ်ဖြစ်ခဲ့တယ်။
သိန်းနဲ့ချီတန်တဲ့ အရုပ်တွေကို ဖျက်ဆီးတယ်။
အသုံးအဖြုန်းကြီးတယ်။
ပညာရေးကို ငွေလမ်းနဲ့လျှောက်ခဲ့တယ်။

Rich kidsတွေရဲ့ ဘဝဟာ အားကျစရာ
အားသာချက်တွေရှိသလို ထောက်ချင့်စရာ
အားနည်းချက်တွေလည်းရှိတယ်။
လက်ဖြန့်ရုံနဲ့ ငွေငါးသိန်းရတဲ့
သူဌေးသားလေးဟာ တစ်လ ၂သိန်းရမယ့်
အလုပ်ကို ဘယ်လုပ်ချင်ပါ့မလဲ။

အဲ့ဒိလူငယ် GTC second year
ရောက်တဲ့အချိန်မှာ ပညာရေးကို
စိတ်မဝင်စားတော့ဘဲ မိန်းမခိုးပြေးတယ်။
ဘာအလုပ်မှ မလုပ်ဘူး။ဒီတိုင်းထိုင်စားတယ်။
ကလေးနှစ်ယောက်ရတော့ မိန်းမကို
မပေါင်းတော့လို့ သူ့ရဲ့မိဘက
ချွေးမနဲ့မြေးတွေကို အိမ်ခေါ်ထားရတယ်။

မွေးလာတဲ့သားသမီးအပေါ်
ဘာတာဝန်ယူချင်စိတ်မှ မရှိတဲ့
ဖခင်ဖြစ်လာပေမယ့် သူကိုယ်တိုင်ကျတော့
သူ့မိဘဆီက ရပိုင်ခွင့်တွေ
ရှိတယ်ထင်နေတုန်းပဲ။
နောက်ပြီး သူကတစ်ဦးတည်းသောသားလေ။

သူ့မိဘတွေဟာ ငွေကြေးချမ်းသာတဲ့
သူဌေးကြီးတွေဖြစ်ပေမယ့် ဒီသားအပေါ်
အလိုလိုက်မှားခဲ့တာကြောင့် စိတ်ဆင်းရဲရှာတယ်။
သူ့ကို ဘယ်လိုတရားနဲ့ ဆုံးမလို့ရနိုင်ဦးမှာလဲ။

ကလေးတွေဟာ မိဘမွေးတဲ့အတိုင်း
ကြီးပြင်းလာကြတာပဲ။
အတ္တကြီးအောင်မွေးရင် အတ္တကြီးတယ်။
ဒေါသကြီးအောင်မွေးရင် ဒေါသကြီးတယ်။
လောဘကြီးအောင်မွေးရင် လောဘကြီးတယ်။
ကလေးတွေရဲ့ လောဘကို
စျေးမကြီးစေချင်ဘူးလေ။


#ရွှေမိတ်သစ်

 #မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၏နယုန်လပြည့်နေ့(မဟာသာမယနေ့) လေးမှာစိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလ...
21/06/2024

#မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၏

နယုန်လပြည့်နေ့(မဟာသာမယနေ့) လေးမှာ

စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်

ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါကြောင်း

16/06/2024

Cute. 💚💛💙

ဝမ်းဆက် ..ပေါင်ချိန် 125ဝန်းကျင်

12/06/2024

ျည်ကွက်ဘီရှည်+stickerT shirt

11/06/2024

နိုင်ငံတကာ အလံလေးတွေ ကို စိတ်ဝင်စားတဲ့

မင်မင့် တူ တော်မောင် သားသားခန့်မင်းသော် @ Zack

10/06/2024


ျည်ကွက်ဘီရှည်
#အသားကောင်းရုပ်ထွက်လှ

တစ်စုံ 7500ks

page cb or Viber 09790638145

09/06/2024

တီရှပ်ချည်ကွက် တစ်စုံချင်း 7500/

ကမ္ဘာ့ အမြန်ဆုံးလက်လေးတွေ  ချစ်လို့ 😘ပုံ..သူများဟာ
05/06/2024

ကမ္ဘာ့ အမြန်ဆုံးလက်လေးတွေ ချစ်လို့ 😘

ပုံ..သူများဟာ

မင်္ဂလာ နံနက်ခင်းပါရှင် ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 😊😊😊
05/06/2024

မင်္ဂလာ နံနက်ခင်းပါရှင် ။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 😊😊😊

Address

Yangon

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00

Telephone

+959790638145

Website

Alerts

Be the first to know and let us send you an email when May Wa Clothing online store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share