Wang Hao-Ze

Wang Hao-Ze Welcome to my page

14/03/2026

မီးဖိုချောင်သုံး စာလုံးများ
အပိုင်း(၁)

14/03/2026

မီးဖိုချောင်သုံး ပစ္စည်းများ အပိုင်း (၁)

14/03/2026

မီးဖိုချောင်သုံး ပစ္စည်း
အပိုင်း ၁

25/02/2026

ကျွန်တော်ကြိုက်သည့် အစားအစာ သင်ခန်းစာ လေးပါ

22/02/2026

ကိုယ်လေ့လာ ထားသမျှ ဝေမျှပေးတာပါ မိခင် ဘာသာစကား မဟုတ်တော့ လိုအပ်ချက်တွေရှိဦးမှာပါ

01/02/2026
01/02/2026
10/01/2026

မသင်ပေးရတာကြာပြီ ဖြေးဖြေးချင်း ပြန်သင်ပေးမယ်နော်

အစားအစာမျာ အခန်း(၁)

https://www.facebook.com/share/1DZWLrDm6H/
22/12/2025

https://www.facebook.com/share/1DZWLrDm6H/

ကျမငယ်ငယ်က အိမ်ကို အစ်မတစ်ယောက် ရောက်လာပြီး၊ မကြာခဏ လက်ဝတ်လက်စားတွေ လာပေါင်တတ်တယ်။ ခဏခဏဖြစ်လာတယ်၊ တခါတလေ မျက်နှာမှာ ညိုမည်းနေတတ်တယ်။ အဖွားက တစ်ရက်ကျ .. အဲ့အစ်မကို .. သမီးရေ တစ်မျိုးတော့မထင်ပါနဲ့ .. ခက်ခဲနေတာ တစ်ခုခုအဆင်မပြေတာများဖြစ်နေသလား၊ ငွေကြေးဆိုတာထက် အိမ်တွင်းရေးပါ၊ အဆင်ပြေရဲ့လား ဆိုတော့ .. အဲ့အစ်မက “ဟို .. အဆင်ပြေပါတယ် .. ရတယ်အန်တီ ဘာမှမဖြစ်ဘူး ဘာမှမဖြစိဘူး” လို့၊ ပြောရင်း ခပ်သွက်သွက် ပြန်ထွက်သွားတယ်။

တော်တော်ကြာပေါ်မလာတော့ဘဲ၊ တစ်လလောက်နေတော့ လက်စွပ်လေးတစ်ကွင်း လာပေါင်ပြန်တယ်။ ဒီတခါလည်း သူ့မျက်နှာမှာ ညိုမည်းနေတယ်။ အဲဒါနဲ့ အဖွားက ရေလေးတစ်ခွက်တိုက်ရင်း၊ အဆင်ပြေရဲ့လားလို့ ထပ်မေးတယ်။ ဒီတစ်ခါတော့ အဲ့ဒီအစ်မက ဟိုကြည့်ဒီကြည့်နဲ့ စိတ်မလုံခြုံဟန်ရှိတယ်မို့၊ အဖွားက ..”ရတယ်နော် ကြီးကြီးနဲ့ မြေးလေးပဲရှိတာ ပြောစရာရှိတာ ပြောပါ”ဆိုတော့ .. ရုတ်တရက် ထငိုပါလေရော ..။ အတောအတန် ရှိုက်ငိုနေပြီးမှ၊ “ကျမ အတွင်းမီး အပြင်ထုတ်သလိုများဖြစ်နေမလား” တဲ့။ အဖွားက ပြုံးရင်း .. “အဲ့ဒီအတွင်းမီးက ထိန်းမနိုင်အောင် လှိုက်လောင်လာရင် အပြင်ကလူတွေ ဝင်ကယ်လို့မရဖြစ်မယ်” တဲ့။ အဲ့ကျတော့မှ .. အဲဒီ့အစ်မရဲ့ အဖေဟာ သူငယ်ငယ်တည်းက အငယ်အနှောင်းရှိပြီး၊ သူ့မိခင်ကိုလည်း လက်ရှိပေါင်းနေကြောင်း၊ မူးလာရင် သားအမိနှစ်ယောက်စလုံးကို ခြေပါလက်ပါလုပ်ပြီး၊ အငယ်နဲ့သူနဲ့အတွက် ပိုက်ဆံတောင်းကြောင်း၊ ပေးစရာမရှိရင် ပိုရို က်တာမို့၊ ရှိတာလေးတွေ ရောင်းချပြီး ပေးရကြောင်း။ သူက အမေကို ထွက်ပြေးဖို့၊ တိုင်တန်းဖို့ ပြောပေမဲ့၊ သူ့အမေက ကျောင်းဆရာမဆိုတော့ .. အသက်နဲ့လူလုပ်တာမဟုတ်ဘူး အရှက်နဲ့လူလုပ်တာ၊ ဂုဏ်သိက္ခာကျလို့မဖြစ်ဘူး နင်လည်း ဒီအကြောင်းကို ဘယ်သူမှ မသိစေနဲ့ အတွင်းမီးအပြင်မထုတ်နဲ့” လို့၊ ပြောကြောင်း ရင်ဖွင့်ရင်း ငိုရှာပါတယ်။ အဲလိုခံစားလာရတာ အနှစ် ၂၀လောက်ရှိနေပြီဖြစ်ပေမဲ့၊ ဒီနေ့အထိ ဟန်မပျက်နေထိုင် လာကြဆဲဖြစ်ကြောင်း၊ သူငယ်ငယ်ကဆို အမေရော သမီးရော ကျောင်းသွားရင် အဖေရို က်ထားတာတွေ မမြင်ရအောင် သနပ်ခါးအထူကြီးလိမ်းပြီး သွားရကြောင်း၊ သူ့မှာ သူငယ်ချင်းလည်း မထားရဘဲ၊ အိမ်ကို သူငယ်ချင်းခေါ်ရင် အမေက မိသားစုအကြောင်း လူသိမှာစိုးကြောင်း၊ ပြောပါတယ်။ အဲဒီ့ အစ်မကြီးကို အဖွားက သိပ်သနားလွန်းလို့၊ လက်စွပ်လေး ပြန်ပေးပြီး၊ ဒီတိုင်း ငွေသားနည်းနည်းပေးပါတယ်။ အလုပ်လိုချင်ရင် အိမ်မှာလာလုပ်နိုင်ကြောင်း။ ဒီအိမ်မှာ နယ်ကနေ ကျောင်းတက်အလုပ်လုပ်ရင်း ဘဝကို အဆင်ပြေအောင် လျှောက်လှမ်းသွားကြတဲ့ အမျိုးသမီးလေးတွေရှိကြောင်း၊ မိခင်ကို အဝေးကနေ ထောက်ပံ့တာ ဒါမှမဟုတ် အဖေမသိအောင် တခြားနေရာကို ရွှေ့ပြောင်းအခြေချပြီး၊ ဘဝသစ်စဖို့ အားမွေးဖို့ အများကြီး ပြောပြလိုက်ပါတယ်။ အဲဒီ့ အစ်မဟာ အားရှိသွားတဲ့ပုံနဲ့ ကျေးဇူးတင်စကားပြောပြီး၊ ပြန်သွားပါတယ်။ ဒီတစ်ခါတော့ လအတန်ကြာသည်အထိ ထပ်မရောက်လာတော့ပါဘူး။

တစ်ရက်မှာတော့ .. အဲ့အစ်မဟာ အိမ်ကိုအထုပ်ကလေးဆွဲလို့ ရောက်ချလာပြီး၊ အမေကတော့ သူအကျိုးအကြောင်း ရှင်းပြတဲ့အခါ သူ့ကိုစိတ်ဆိုးကြောင်း၊ အတွင်းမီးအပြင်ထုတ်လို့ သူ့ကို သွားချင်သွားလို့ နှင်ချကြောင်း၊ စစချင်းတော့ သူမှားပြီထင်ပေမဲ့၊ ကြာလာလေ သူတို့အခုလိုဖြစ်နေတဲ့ သံသရာကိုအဆုံးသတ်ချင်လေမို့၊ သူထွက်လာတာဖြစ်ကြောင်းပြောပါတယ်။ အဲ့အစ်မဟာ အိမ်မှာ တစ်နှစ်လောက်အလုပ်လုပ်သွားပြီး၊ ပြည်ပနိုင်ငံတစ်ခုကို ထွက်ခွါသွားနိုင်ခဲ့ပါတယ်။ သူ့မိခင်ကိုတော့ အဝေးကထောက်ပံ့ရင်းပေါ့ ..။

ကျမတို့ဘဝမှာ တချို့ရဲ့အတွေးအမြင်လွဲမှားမှုလေးတွေဟာ၊ ကာယကံရှင်တွေအတွက် ကြိတ်မှိတ်ခံစားနိုင်တယ်ဆိုရင်တောင်၊ ဘာမှမသိနားမလည်တဲ့မိသားစုဝင် ကလေးတွေအဖို့၊ ကြားကနေ မြေဇာပင်ဖြစ်နေကြတာ မနည်းမနောပါပဲ၊ ဒါကြောင့် .. တရားမျှတမှုအတွက် ကြိုးစားခြင်း၊ လွတ်မြောက်အောင်နေတတ်ခြင်းဟာ အမှားမဟုတ်ပါဘူး။ လူမှန်ရင် စိတ်ချမ်းသာခွင့်၊ ကိုယ်ကျန်းမာခွင့်၊ ပျော်ရွှင်ခွင့်ဟာ အားလုံးနဲ့ထိုက်တန်ပါတယ်။ ပုဂ္ဂိုလ်သတ္တဝါဟူသမျှ မတရားသော အခြေအနေအရပ်ရပ်တို့မှ ရုန်းထွက်လွတ်မြောက်နိုင်ကြပါစေ 🤍✨🧜🏻‍♀️

Witchy Candy 🍭

Photo - Aunty NOK

07/12/2025

ကိုယ်သင်ယူထားတာတွေကို အများသိစေချင် တတ်စေချင်ပါတယ် မိခင် ဘာသာစကား မဟုတ်တဲ့ အတွက်ကြောင့် ကွဲလွဲမှုတွေရှိလာနိုင်ပါတယ် like and share လေးတောင်မရတာတော့ ဝမ်းနည်း စရာပေါ့ ဒါပေမဲ့ တယောက်လောက်တွက် အကျိုးရှိမယ်ထင်ရင် လဲ ကျေနပ်စရာပါပဲ

ခေါင်းစဉ်က

ကျွန်တော်နှစ်သက်ဆုံး သစ်သီးများ

Welcome December..,..
01/12/2025

Welcome December..,..

21/11/2025

ဟင်းသီးဟင်းရွက်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Wang Hao-Ze posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share