19/11/2025
ဒီ ၄ လလုံး page မှာပျောက်နေတာက စိမ့်စိမ့်လေးတစ်ယောက်ဝိတ်တွေခိုးချနေတာပါ 🥹
၄ လဝိတ်ချတာ အိမ်မှာ ၂ လ ၁၀ ပေါင်ကျ gym ဆော့ပြီး ၂ လ ၁၈ ပေါင်ကျ အမှတ်တရ 😁 အစားကတော့ ဆီကြော် ဆီများတာမစား ထွေထွေထူးထူးဘာမှသိပ်မရှောင်ပါဘူး တစ်ရက် ခြေလှမ်း ၁ သောင်း ပြည့်အောင်လျှောက်တယ်
GYM ကတော့ ကျွန်မအမျိုးသားညွှန်းပေးတဲ့ ဆရာရှိတဲ့ gym မှာဆော့ပါတယ် Yangon Fitness Club YFC-8 က ဆရာကျော်နဲ့ဆော့တာပါရှင်
အဓိကတော့ ကိုယ့်စိတ်ပါပဲ အစားအသောက် အနေအထိုင်လေးနည်းနည်းချင့်ချိန်တာနဲ့ လူကပြောင်းလဲသွားတော့တာပဲ ဝိတ်ချနေသူများအားလုံး အားတင်းထားပါလို့