04/07/2022
https://m.facebook.com/story.php?story_fbid=362305226042860&id=111178481155537&sfnsn=mo
စိုစွတ်တဲ့ မိုးကာလမှာ ကိုယ်တန်ဖိုးထားတဲ့ အင်္ကျီလေး မိုးမိသွားရင် ဘယ်လိုလုပ်ကြမလဲ ?
🌧 အရင်ဆုံးတော့ သေချာပေါက် အမြန်ဆုံး လျှော်ပစ်ရပါမယ်.. မိုးရေထဲမှာ ဖုန်မှုန့်တွေလည်း ပါဝင်တာကြောင့် ဒီအတိုင်းကြီး လှန်းရုံလှန်းထားမယ်ဆို အဝတ်အထည်ကို ပျက်စီးစေနိုင်သလို ဖျောက်ရခက်တဲ့ အောက်သိုးသိုးအနံ့ဆိုးကြီးကလည်း စွဲကျန်နေခဲ့ပါလိမ့်မယ်
🌧 ဒါကြောင့် အနံ့ဆိုးကြီးကနေ ဝေးအောင် လျှော်တဲ့အခါမှာ Scented Detergent ပါ တခါတည်း ထည့်သုံးပေးလိုက်ပါ.. ဒီနေ့ခေတ်မှာ အိမ်ရှင်မတိုင်းလိုလို အသုံးများလာကြတဲ့ အမွှေးရည်၊ အမွှေးခဲလေးတွေ ထည့်သုံးလို့ ရပါတယ်.. ဒီလိုမှသာ အထည်လေးက ပြန်မွှေးသွားပြီး Fresh ဖြစ်တဲ့ Mood လေးကို ရမှာပါ 😎
🌧 တကယ်လို့များ အဝတ်မှာ အနံ့ဆိုး စွဲကျန်နေပြီဆိုရင်တော့ - Vinegar ဒါမှမဟုတ် Baking Soda နဲ့ အဝတ်ကို ခဏ စိမ်ထားပြီးမှ လျှော်ပါ.. ပြီးရင်လည်း အပြင်ဘက် လတ်ဆတ်တဲ့လေမှာ အခြောက်ခံ လှန်းရင်လည်း ရသလို indoor မှာ အခြောက်ခံမယ်ဆိုရင်လည်း Scented Candle လို အမွှေးရနံ့သင်းသင်းလေးတွေ ထုတ်ပေးတဲ့အရာလေးတွေကို အနားမှာ ထားလို့ ရပါတယ် 🥰
ကဲ ဒီလောက်ဆို Juz Bae ကနေ ဝေမျှခဲ့တဲ့ မိုးရာသီမှာ အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေက Bae လေးတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်.. နောက်များမှလည်း အခုလို ဗဟုသုတရစရာလေးတွေ အမြဲ ချစ်တဲ့စိတ်နဲ့ Shaing လုပ်သွားပါဦးမယ်နော် 😘