Viko-Press & Impress

Viko-Press & Impress Handmade Press-on Nails များ လက်လီ လက်ကားရောင်းချပေးပါသည်။

တိုတိုလေးပဲကြိုက်တဲ့သုတွေအတွက် အလှလေး 🍀❇️ 12,000 ks
18/06/2025

တိုတိုလေးပဲကြိုက်တဲ့သုတွေအတွက် အလှလေး 🍀

❇️ 12,000 ks

ကျောက်တွေ ဒီဇိုင်းတွေမပါတဲ့ ရိုးရိုးရှင်းရှင်းလေး 🥰 Viko-Press & Impress မှာ ကျောက်ပါတဲ့အလှလေးတွေလဲ အများကြီးရမယ်နော် 🩷
15/06/2025

ကျောက်တွေ ဒီဇိုင်းတွေမပါတဲ့ ရိုးရိုးရှင်းရှင်းလေး 🥰
Viko-Press & Impress မှာ ကျောက်ပါတဲ့အလှလေးတွေလဲ အများကြီးရမယ်နော် 🩷

07/06/2025

မင်မင်တို့ OBG For You Page လေးကို Name ပြောင်းပြီး၊ အခု Viko နာမည်နဲ့ Handmade Press-on Nails လေးတွေ ရောင်းချသွားမှာပါရှင့် 🩷

အဝတ်အစားပေါ် မူတည်ပြီး Bra ရွေးချယ်နည်း✅1. T Shirt braဗြောင်တီရှပ်တွေ ဝတ်တဲ့အခါ အင်္ကျီပေါ်မှာ ဇာလိုင်းတွေ ပေါ်မနေဖို့ တ...
13/04/2022

အဝတ်အစားပေါ် မူတည်ပြီး Bra ရွေးချယ်နည်း✅

1. T Shirt bra
ဗြောင်တီရှပ်တွေ ဝတ်တဲ့အခါ အင်္ကျီပေါ်မှာ ဇာလိုင်းတွေ ပေါ်မနေဖို့ တီရှပ်ဘရာကို ရွေးချယ်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ကွက်တိ fit ဖြစ်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါမှာလည်း တီရှပ်ဘရာက အဆင်ပြေပါတယ်။

2. ကြိုးမပါတဲ့ bra
ကြိုးမပါတဲ့ဘရာတွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ ခန္ဓာကိုယ်မှာလည်း မြဲနေတဲ့အတွက် ပြုတ်ကျသွားမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။ ပုခုံးလျှောအင်္ကျီတွေ၊ ပုခုံးမှာ အပေါက်ပါတဲ့ အင်္ကျီတွေ ဝတ်တဲ့အခါ ကြိုးမပါတဲ့ဘရာကို ရွေးချယ်သင့်ပါတယ်။

3.Convertible bra
သူ့မှာတော့ ကြိုးတွေအများကြီးပါပြီး ကြိုးတွေနဲ့ဝတ်လို့ရသလို ကြိုးတွေကို အကုန်ချွတ်ပြီးတော့လည်း ဝတ်လို့ရပါတယ်။ ပုခုံးတစ်ဖက်ပဲပါတဲ့ အင်္ကျီတွေအတွက် ဝတ်ဖို့ သင့်တော်ပါတယ်။

4.U-plunge bra
လည်ပင်းဟိုက်တဲ့အင်္ကျီတွေ ဝတ်တော့မယ် ဆိုရင်တော့ U-plunge bra က အဆင်ပြေဆုံးပါပဲ။ ပုံမှန် bra တွေက တစ်ဖြောင့်တန်းတည်း ဖြစ်ပေမယ့် U-plunge bra ကတော့ လည်ဟိုက်အင်္ကျီတွေဝတ်ရင် အဆင်ပြေဖို့ U ပုံစံဝိုက်ဝိုက်လေး ဖြစ်နေတာပါ။

5.Sticky bra
Sticky bra တွေကို များသောအားဖြင့် ဆီလီကွန်နဲ့ ပြုလုပ်ကြပြီး ဖော့နဲ့ချုပ်ထားတဲ့ sticky bra တွေလည်း ရှိပါတယ်။ ကြိုးတွေမပါတာကြောင့် ပုခုံးလျှောတဲ့အင်္ကျီတွေ၊ နောက်ကျောမပါတဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးချယ်နိုင်ပါတယ်။

6.Balcony bra
Balcony bra ကို balconette လို့လည်း သိကြပါတယ်။ ဒီဘရာကတော့ ရင်သားတစ်ဝက်လောက်ကိုပဲ ဖုံးအုပ်ပေးနိုင်တာပါ။ လည်ပင်းအလှကို ပေါ်လွင်စေတဲ့ အင်္ကျီတွေနဲ့ဆိုရင် လိုက်ဖက်ပါတယ်။

7.ဇာ bra
ဖော့တွေမပါဘဲ ဇာသက်သက်နဲ့ ချုပ်ထားတာကြောင့် အရမ်းကို မိန်းမဆန်စေတဲ့bra ပါပဲ။ ထွင်းဖောက်မြင်ရတဲ့အင်္ကျီတွေ၊ ပါးလှပ်လှပ် အင်္ကျီတွေနဲ့ တွဲဝတ်ရင် မေ့မထားသင့်တဲ့ bra ပါ။

8.Racerback bra
နောက်ကျောမှာ ဝိုက်ဝိုက်လေး ဖြစ်နေတာကြောင့် ကျောဘက်မှာ ဝိုက်ထားတဲ့ ဝတ်စုံတွေအတွက် သင့်တော်ပါတယ်။ အားကစားလုပ်တဲ့ အချိန်မှာ ဝတ်လို့လည်းရပါတယ်။

9.Demi bra
Demi bra က ရင်သားအောက်ပိုင်းကိုပဲ ဖုံးအုပ်ပေးနိုင်တာကြောင့် အပေါ်ပိုင်းက လွတ်နေပါတယ်။ သူ့ရဲ့ cup ကလည်း သေးပါတယ်။ အင်္ကျီအပါးတွေ၊ လည်ဟိုက်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးသင့်တဲ့ bra ပါပဲ။

10. Full cup bra
Full cup bra က ရင်သားကို အပြည့်အဝ ဖုံးအုပ်ပေးနိုင်ပါတယ်။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ လည်ပိတ်အင်္ကျီတွေနဲ့ တွဲဖက်ပြီး ဝတ်လို့ရပါတယ်။

11. Push -up bra
Push-up bra က ရင်သားကို ပင့်တင်ပေးတာကြောင့် ပိုကြီးသယောင် ဖြစ်စေပါတယ်။ Low-cut top တွေနဲ့ ဝတ်ရင် အဆင်ပြေဆုံးပါ။

12.Smoothing bra
Smoothing bra ဆိုတဲ့အတိုင်း ခပ်ကျပ်ကျပ် ဝတ်စုံတွေဝတ်ရင် ဝတ်ထားမှန်း မသိရလောက်အောင် အဆင်ပြေစေတဲ့ bra ပါပဲ။


တပေါင်းလပြည့်နေ့ အကြောင်း သိကောင်းစရာ🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🌷 တပေါင်းလဟာ မြန်မာ့ဆယ်နှစ်လရာသီရဲ့ နောက်ဆုံးလဖြစ်ပါတယ်။ဒါကြောင့် တပေါင်...
16/03/2022

တပေါင်းလပြည့်နေ့ အကြောင်း သိကောင်းစရာ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🌷 တပေါင်းလဟာ မြန်မာ့ဆယ်နှစ်လရာသီရဲ့ နောက်ဆုံးလဖြစ်ပါတယ်။
ဒါကြောင့် တပေါင်းလရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တပေါင်းလပြည့်နေ့အကြောင်း မိတ်ဆွေတွေကို တင်ပြပေးချင်ပါတယ်။ တပေါင်းလပြည့်နေ့ကို ပြည်တော်ပြန်နေ့လို့လည်း ခေါ်ဆိုကြပါတယ်။

ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးနေ့စဉ် အခါက အင်္ဂတိုင်းနဲ့ မဂဓတိုင်းသားတွေကို အမြိုက်တရားဟောကြားတော်မူပါတယ်။ အဲဒီအကြောင်းကို ကြားသိတဲ့ ခမည်းတော် သုဒ္ဒေါဒနမင်းကြီးဟာ ဘုရားရှင်ကို ပင့်ဆောင်ဖို့ အမတ် ၁ဝ ဦးကို ဦးဆောင်စေပြီး ရာဇဂြိုလ်ပြည်ကို စေလွှတ်ခဲ့ပါတယ်။

ဒါပေမယ့် ပင့်ဆောင်ဖို့ သွားတဲ့ အဖွဲ့ တစ်ဖွဲ့ မျှ ကပိလဝတ်တိုင်းကို ပြန်လည်မရောက်လာကြပေ။ အကြောင်းကတော့ ဘုရားရှင်ရဲ့ တရားတော်မြတ်ကို နာကြားပြီး ရဟန္တာအရှင်မြတ်တွေ ဖြစ်တော်မူသွားကြတာကြောင့်ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အမတ်ကြီးကာဠုဒါယီကနေ ရဟန္တာဖြစ်သွားတဲ့ ကာဠုဒါယီမထေရ်က တပေါင်းလရဲ့ သာယာကြည်နူးဖွယ်ကောင်းပုံကို ဂါထာနဲ့ သီကုံးဖွဲ့ဆိုကာ ကပိလဝတ်ကို ပြန်လည်ကြွမြန်းဖို့ လျှောက်တင်ခဲ့ပါတယ်။

အဲဒီလျှောက်ထားချက်ကြောင့် ဘုရားရှင်ဟာ ရဟန္တာပေါင်း နှစ်သောင်း ခြံရံပြီး ဇာတိမြေကို ကြွချီတော်မူခဲ့ပါတယ်။ အဲဒီနေ့ကား တပေါင်းလပြည့်ကျော် ၁ ရက်နေ့ဖြစ်ပါတယ်။ ရာဇဂြိုလ်ကနေ ကပိလဝတ်ကို ရက်ပေါင်း ၆ဝ ကြာ ကြွချီခဲ့ရတယ်လို့ ဆိုပါတယ်။ ဘုရှားရှင်ဟာ ကပိလဝတ်ပြည်ကို ပြန်လည်ရောက်ရှိပြီးနောက် မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားခဲ့ပြီး အဲဒီနောက်မှာ ခမည်းတော် သုဒေါ္ဒဒနမင်းကြီးက အရိယာဘောင် ဝင်တော်မူခဲ့ပါတယ်။ မိထွေးတော်ဂေါတမီကလည်း သောတာပန်တည်ရုံမက ဘိက္ခုနီသာသနာထူထောင်ခွင့်ရခဲ့ပါတယ်။

တစ်ဖန် သားတော်ရာဟုလာ အမွေတောင်းမှုကနေ ရှင်သာမဏေအဖြစ် ရောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီလို ကြည်ညိုဖွယ်ဖြစ်ရပ်တွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် တပေါင်းလပြည့်နေ့ကို ပြည်တော်ပြန်နေ့အဖြစ် သတ်မှတ်ပြီး ဗုဒ္ဓဘာသာဝင်တို့က အထိမ်းအမှတ်ကုသိုလ်ပွဲတွေ ဒီကနေ့ အထိ ပြုလုပ်ကျင်းပနေကြဆဲဖြစ်ပါတယ်။

အရှင်ကောဏ္ဍည
တောင်ဖီလာတောရ
နေပြည်တော်

အပေါ်ထပ်လေးတွေ ထပ်ရွေးလို့ရအောင် တင်ပေးလိုက်ပါပြီ 🥰
22/02/2022

အပေါ်ထပ်လေးတွေ ထပ်ရွေးလို့ရအောင် တင်ပေးလိုက်ပါပြီ 🥰


ဘယ်ကဝယ်ဝယ် တခုမှာ စျေးဝယ်ထွက်ရင် အနည်းဆုံး Admin ကိုတော့ သိထားသင့်ပါတယ် 😎သူ ဘယ်သူလဲ ဘယ်ကလဲ ...စိတ်ချယုံကြည်ရပါ့မလား ...တ...
22/02/2022

ဘယ်ကဝယ်ဝယ် တခုမှာ စျေးဝယ်ထွက်ရင် အနည်းဆုံး
Admin ကိုတော့ သိထားသင့်ပါတယ် 😎

သူ ဘယ်သူလဲ ဘယ်ကလဲ ...
စိတ်ချယုံကြည်ရပါ့မလား ...
တာဝန်ယူမှု ရှိရဲ့လား ...
ကိုယ့်ရဲ့ငွေကိုရော စိတ်အေးလက်အေးနဲ့
ပေးချင်စိတ်ဖြစ်နေရဲ့ လား ...
ဝယ်ကို ဝယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချနိုင်ပီလား ...

ဒီအချက်တွေကို သိထားပီး စိတ်ကခံစားမိပီဆိုရင်
ဝယ်ပါ ...စိတ်ချလက်ချ ဝယ်ပါ ...
ဂျီကျပါ ..Admin ကို ချွဲပါ🤪 Admin က ပြန်ချွဲပါလိမ့်မယ်....

Love U All Our Customers ... 🖤🖤🖤

အပေါ်ထပ် အပါးလေးတွေက ရုံးသွား အပြင်သွား ဆောင်ထားသင့်တယ်နော် 🥰✅ ရန်ကုန် - အိမ်အရောက်ငွေချေ✅ ကျန်မြို့များ ငွေလွှဲ၀င်ပြီး ...
21/02/2022

အပေါ်ထပ် အပါးလေးတွေက ရုံးသွား အပြင်သွား ဆောင်ထားသင့်တယ်နော် 🥰

✅ ရန်ကုန် - အိမ်အရောက်ငွေချေ
✅ ကျန်မြို့များ ငွေလွှဲ၀င်ပြီး ကားဂိတ်တင်ပေးပါသည်။
✅ KPay, AYA Acc, Wave Pay တို့မှငွေပေးချေနိုင်ပါသည်။ % ပေါင်းပေးရန်မလိုပါ။

မှာယူရန် -
✅ Page Chatbox
✅ Contact - 09 96 53 16258

Thanks All for Supporting Our Small Business 💜
OBG For You 💜 We Deliver the Best

17/02/2022

Fri - ဟဲ့,, နင် Live စျေးရောင်းတာ အဆင်ပြေနေတယ်ဆို ,,
Me -

အလှလေးတွေ ထပ်ရွေးလို့ရပြီ သဲလေးတို့ 😍ဈေးနှုန်းလေးတွေရော ထည့်ပေးထားတယ်နော် 💜
06/02/2022

အလှလေးတွေ ထပ်ရွေးလို့ရပြီ သဲလေးတို့ 😍

ဈေးနှုန်းလေးတွေရော ထည့်ပေးထားတယ်နော် 💜

Address

Yangon

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+959965316258

Website

Alerts

Be the first to know and let us send you an email when Viko-Press & Impress posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share