Leo Anna

Leo Anna ❝It is not easy to meet each other in such a big world❞

10/03/2026

ဘာအိပ်မက်မှမရှိတော့ပါ။

ချစ်တဲ့သူတွေ ကျန်းမာပျော်ရွှင်ဖို့ပဲ ဆုတောင်းပါတယ်။

09/03/2026

စိတ်အကြည်ဓာတ်ပေးနိုင်တဲ့ ရပ်ဝန်းတွေဆီ မျက်နှာမူပါ

" ဘဝဆိုတာ အမြဲညည်းတွားနေဖို့ မဟုတ်ပါ။
ဖြစ်တည်လာတဲ့ဘဝကို ကျေနပ်လက်ခံပြီး
ပျော်ပျော်ရွှင်ရွှင် နေသွားသင့်တယ်။
အချိန်တွေ သိပ်တန်ဖိုးရှိတယ်။
ဘဝဟာ မစစ်မှန်တဲ့လူတွေနဲ့ အချိန်ကုန်ဆုံးဖို့
အင်မတန်မှ တိုတောင်းလွန်းတယ်။
ကိုယ့်ကို မကြိုဆိုတဲ့နေရာ
ကိုယ့်အတွက် မဟုတ်တဲ့လမ်း.
ကိုယ့်အနား မနေချင်တဲ့လူ
ဒီလိုနေရာကနေ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်ပြီး
အသာတကြည် လှည့်ထွက့်ခဲ့ပြီး
စိတ်အကြည်ဓာတ်ပေးနိုင်တဲ့ ရပ်ဝန်းဆီ မျက်နှာမူပါ။"

• ဆုပ်ကိုင်ခြင်းနှင့် စွန့်လွှတ်ခြင်းဆိုတဲ့ ဒီနှစ်ခုဟာ balance မျှရမယ်။ ဆုပ်ကိုင်ရမယ့်အရာတွေကို သိရှိပြီး မဖြစ်မနေ စွန့်လွှတ်ရမယ့်အရာတွေကိုလည်း သိရမယ်။

• တကယ်တမ်း ကိုယ်တွေရင်ထဲမှာ အကြည်ဓာတ်လေးက ကိန်းအောင်းနေပြီးသားပါ။ အကြည်ဓာတ်လေးရှိမှ နေ့ရက်တိုင်းကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ ကိုယ့်အကြည်ဓာတ်ကို မပျောက်သွားအောင် ကိုယ့်ဘက်က ကာကွယ်တတ်ရတယ်။ Inner Peace လို့လည်း တင်စားချင်ပါတယ်။

• စိတ်ကလေး မောပန်းနွမ်းလျတဲ့အခါ အခုစာအုပ်လေးက မိတ်ဆွေရဲ့မျက်နှာကို ပြုံးရယ်လာအောင် ပြုလုပ်ပေးလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ လူက အရွယ်ရောက်လာတဲ့အခါ အထီးကျန်ချိန် တိုးလာတယ်။ သို့သော်လည်း အဲဒီအထီးကျန်ခြင်းကို ကျော်ဖြတ်သွားနိုင်တဲ့အခါ ဘဝဟာ နေချင်စဖွယ် ဖြစ်သွားတယ်။ အပိုဆုအနေနဲ့ ကိုယ့်အထီးကျန်ခြင်းကို မျှဝေခံစားပေးနိုင်တဲ့ လူမျိုးကို ရှာတွေ့သွားရင်တော့ ဘဝဟာ ပိုနေချင်စဖွယ် ကောင်းလာပါတော့တယ်။



#နူးနူးအောင်


ဘုတ်ခနဲ ကြားလိုက်လို့ ဘာတွေကျသွားလဲ ကြည့်လိုက်တာ အထာတွေ ဖြစ်နေတယ် 🤓
07/03/2026

ဘုတ်ခနဲ ကြားလိုက်လို့ ဘာတွေကျသွားလဲ ကြည့်လိုက်တာ

အထာတွေ ဖြစ်နေတယ် 🤓

ခေါက်ဆွဲလဲအိုးထဲမှာ .. နောက်ဘဲလဲခိုးတွဲမှာခေါက်ဆွဲဆို အမျှင်သေး .. နောက်ဘဲဆို အဆင်လေး 😝
06/03/2026

ခေါက်ဆွဲလဲအိုးထဲမှာ .. နောက်ဘဲလဲခိုးတွဲမှာ
ခေါက်ဆွဲဆို အမျှင်သေး .. နောက်ဘဲဆို အဆင်လေး 😝

05/03/2026

တစ်နေ့နေ့မှာ မင်း ကိုယ့်အကြောင်း
ဘယ်တော့မှ ကြားရတော့မှာမဟုတ်ဘူးဆိုရင်....
ဒါလေးတော့ ပြောပြချင်ပါတယ်.....
မင်းကို ကိုယ့်မှာရှိတဲ့အရာအားလုံးနဲ့ပုံအောပြီး
ချစ်ခဲ့ပါတယ်....
ဘယ်သူ့ကိုမှမပေးဖူးတဲ့ မေတ္တာတွေနဲ့
ကိုယ့်ဘဝထဲက ဦးစားပေးနေရာမှာ ထားခဲ့ပါတယ်
မင်းမမြင်ခဲ့ပေမယ့်လို့ပေါ့....
တစ်ခြားလူတွေကို
ရွေးချယ်နိုင်တဲ့လမ်းပေါင်းများစွာရှိခဲ့ပေမယ့်
မင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်.
အခုအထိလဲ မင်းကို ရွေးချယ်ဆဲပါပဲ...
ငါရဲ့ တည်ရှိခြင်းက
မင်းအတွက် ငြိမ်းချမ်းမှု မရနိုင်ဘူးဆိုတာရယ်...
ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မင်းအတွက် ဘယ်တော့မှ မလုံလောက်နိုင်ဘူးဆိုတာရယ်ကို နားလည်လိုက်ရတဲ့အတွက်
ငါမင်းကို ထပ်ပြီး မမျှော်လင့်တော့ပါဘူး....
အမှန်တရားကို သတ္တိရှိရှိ လက်ခံလိုက်ပါပြီ...
ရုန်းနေရတဲ့မင်းလက်ကလေး နာကျင်နေမှာစိုးလို့
ကိုယ်လွှတ်ပေးလိုက်ပါပြီ.....
အကယ်၍ မင်းငါ့အကြောင်းများ ဖြတ်ခနဲတွေးမိခဲ့ရင်....
မင်းအလိုမကျတဲ့ငါမဟုတ်ဘဲ..
မင်းချစ်ခဲ့ဖူးတဲ့ငါ....
မင်းနဲ့အတူရယ်မောခဲ့ဖူးတဲ့ငါ...
မင်းအသိအမှတ်ပြုခဲ့တဲ့ ငါ့ကိုပဲ...
မှတ်မိပါစေလို့ ဆုတောင်းမိပါတယ်......
ခေါ်ခွင့်မရှိတော့တဲ့နာမ်စားလေးကို ရေရွှတ်ရင်း...
နှလုံးသားရဲ့တစ်ထောင့်တစ်နေရာကတော့
ငါမပေးနိုင်တဲ့ ပျော်ရွှင်မှုတွေ၊ အေးချမ်းမှုတွေ ပေးနိုင်မယ့်
ငါ့ထက်သာတဲ့တစ်စုံတစ်ယောက်ကို ရှာတွေ့ပါစေလို့
ဆုတောင်းပါတယ်

မဆုံသောလမ်း 🥹
05/03/2026

မဆုံသောလမ်း 🥹

05/03/2026

ကမ္ဘာကြီးက ဖြစ်ချင်တိုင်းဖြစ်
ပျက်ချင်တိုင်း ပျက်နေတာနော်
ဒီကြားထဲ တယောက်အသည်းကို
တယောက်မခွဲကြနဲ့ ချစ်"ခင်"လေးနေကြ

သူငယ်ချင်း စိတ်ဆိုးသောအခါ
04/03/2026

သူငယ်ချင်း စိတ်ဆိုးသောအခါ

03/03/2026

သိပ်ချစ်တာသူသိပါကွယ် 💜 💝

Address

Yangon

Telephone

+959754567356

Website

Alerts

Be the first to know and let us send you an email when Leo Anna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share