13/08/2020
UNICODE မြန်မာ ဖြင့်လည်းဖော်ပြထားပါသည်၊၊
CONGRATULATIONS! Metta Breeze Pass Rate Surpasses Rakhine State and National Averages!
SONE-TU's Metta Breeze Residential Education Centre is pleased to announce our students’ national exam results. On the Ten Standard National Matriculation Exam, the 34.6% success rate for Metta Breeze students exceeded the pass rates for Rakhine State (27.3%), Yangon Division (32.8%), and the National pass rate of 32.1%. The students’ success this year is remarkable given the fact they faced continued disruption due to the Covid-19 pandemic and trauma resulting from the ongoing conflict in the region.
Once again, one hundred percent of our Grade Nine students passed their exams.
Since it began in 2002, the Metta Breeze Centre has provided educational tuition, food, medical care, and lodging for over 500 Chin students living in Minbya, Myebon, and Mrauk U townships in Rakhine State.
We are tremendously proud of our teachers and staff who work diligently to help the students stay safe and be successful; we honour their commitment and dedication.
SONE-TU extends our sincere gratitude to all our customers whose purchases help support the Metta Breeze Residential Education Centre.
UNICODE
SONE-TU, Traditional Textile Arts စုန်းတူရက်ကန်းအဖွဲ့၏ ကိုယ်ထူကိုယ်ထ ပညာဒါနပြုနေသော မေတ္တာလေပြည် ပညာ့ရိပ်မွန်မှ ယခုနှစ် ၂၀၂၀ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းတွင် (34.6%) ဖြင့်အောင်မြင်မှုရရှိခဲ့ပါသည်၊၊
မေတ္တာလေပြည်၏ အောင်မြင်မှုမှာ ရခိုင်တစ်ပြည်နယ်လုံး၏ အောင်ချက် (27.3%)
မြန်မာတစ်နိုင်ငံလုံးအောင်ချက် (32.1%) နှင့် ရန်ကုန်တိုင်းအောင်ချက် (32.8%) တို့ထက်ကျော်လွန်ခဲ့ပါသည်၊၊
ယခုကဲ့သို့ ရခိုင်ပြည်နယ်၌ စိတ်မချမ်းမြှေ့ဖွယ်ရာ စစ်မက်ဖြစ်ပွားနေချိန်တွင် အရေးကြီးသော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို ကျောင်းသားများ စိတ်သောကကြီးစွာဖြင့် ဖြေဆိုခဲ့ရသည့်ကြားမှရခဲ့သော အောင်မြင်မှုမှာ မေတ္တာလေပြည်ပညာ့ရိပ်မွန်၏ ဂုဏ်ယူဝင့်ကြွားရသော သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ပါသည်၊၊
မေတ္တာလေပြည်ကိုထူထောင်ခဲ့သည့် လွန်ခဲ့သော ၁၈ နှစ်မှ စ၍ မင်းပြား၊ မြေပုံ၊ မြောက်ဉီးမြို့နယ်ရှိ အထက်တန်းကျောင်းမရှိသော ကျေးရွာများမှ ကျောင်းသူကျောင်းသား စုစုပေါင်း ၅၀၀ ကျော်ခန့်ကို ပညာဒါနပြုခဲ့ပြီးဖြစ်ပါသည်၊၊
မေတ္တာ ဂရုဏာရှေ့ထားပြီး စေတနာအပြည့်ဖြင့် စာသင်ကြားပေးသော ဆရာ၊ဆရာမများနှင့် ကျောင်းသူကျောင်းသားများအား မိမိ၏ရင်ဝယ်ပိုက်သားသမီးများသဖွယ် တစ်နှစ်ပတ်လုံး ပြုစုပျိုးထောင် အိပ်ရေးအပျက်ခံပြီး ဂရုတစိုက်နှင့် Study Guide လုပ်ပေးသော မေတ္တာလေပြည်မှ မောင်ငယ် ညီမငယ် ဝန်ထမ်းများအား ဂုဏ်ယူလေးစားစွာဖြင့် ဂုဏ်ပြုပါသည်၊၊
ကျွနုပ်တို့ဒေသ၏ ပညာရေးဆိုင်ရာ အခွင့်အလန်းများအောင်မြင်မှုရှိစေရန် စုန်းတူအနုစိတ်လက်ရက်ကန်းအထည်များကိုဝယ်ယူခြင်းဖြင့်အားပေးကူညီကြသော မိတ်ဆွေသူငယ်ချင်း ၊ ဝယ်ယူသူများအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါသည်၊၊