21/06/2026
“အဖေများနေ့"
‘အဖေ’ ဆိုတဲ့ ဝေါဟာရကို ကြားလိုက်ရုံနဲ့တင် ရင်ထဲမှာ အားအင်တွေ ပြည့်သွားရလောက်အောင် အဖေဆိုတဲ့ အရိပ်အရှိန်အဝါက ကြီးမားလွန်းပါတယ်။
လုံခြုံမှု၊ နွေးထွေးမှုတွေအပြည့်နဲ့... "ငါဘာဖြစ်ဖြစ် ငါ့နောက်မှာ အဖေရှိတယ်၊ ငါ့အဖေ ရှင်းပေးလိမ့်မယ်" ဆိုပြီး ရဲရဲဝံ့ဝံ့ ရင်ကော့ပြီး ပြောရဲလောက်တဲ့အထိ အဖေဆိုတဲ့ တံတိုင်းကြီးက ခိုင်မာလွန်းလှတယ်...။
ဒီနေ့ကျရောက်တဲ့ Father’s Day မှာ ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်ပီသသော အဖေတိုင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး သားသမီးတွေနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို အကြာကြီး ဖြတ်သန်းသွားနိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်...။ ♥️