31/07/2026
💧 𝗧𝗼𝗿𝗿𝗶𝗱𝗲𝗻 𝗚𝗹𝗼𝘄 𝗠𝗶𝘀𝘁 𝗥𝗲𝘃𝗶𝗲𝘄 💧
အသားခြောက်တဲ့သူတွေ ၊ fresh look လေးလိုချင်တဲ့သူတွေ ၊ makeup လိမ်းတိုင်း cakey ဖြစ်နေတယ်ဆိုရင် ဒါလေးဆောင်ထားလို့ရပါတယ်
❌️❌️❌️ Torriden Mist ကို setting spray အစားထိုးသုံးလို့မရပါဘူးနော် makeup မလိမ်းခင် skin prep အဆင့်မှာသုံးလို့ရသလို foundation လိမ်းပြီးရင်လည်း ဖျန်းပေးလို့ရပါတယ် သူက fresh and hydration glow mist ပါ
အရမ်းကြီးပြောင်စိိုတင်းနေတာမျိုးတော့မရပါဘူးနော်
natural dewy အနေအထားလောက်ဘဲရပါတယ်
သူ့ကိုဖျန်းပြီးရင် အသားကမခြောက်ဘဲစိုစိုလေးဖြစ်သွားစေတယ် အရမ်း glow နေတာမျိုးမဟုတ်ပါ
makeup lookကို dewy ဘက်သွားတာကြိုက်တဲ့သူတွေအတွက် အစိုဓါတ်လေးလည်းထိန်းပေးပြီး soothingလည်းဖြစ်စေလို့အဆင်ပြေပါတယ်
▪︎ ဖျန်းပြီးရင် စေးကပ်တာမျိုးမရှိဘူး
▪︎ အနံ့မပါဘူး
▪︎ spray ခေါင်းကဖျန်းလိုက်ရင် ရေမှုန်သေးသေးလေးနဲ့တမျက်နှာလုံးကိုဖြန့်သွားတာမို့လို့ ဖျန်းလို့ကောင်းတယ်
Ingredients တွေအနေနဲ့ 5D Hyaluronic Acid/Panthenol (Vitamin B5)/Allantoin/Ceramide NP + Cholesterol/Squalane တို့အဓိကပါဝင်ပါတယ်
✅ Dry skin
✅ Normal skin
✅ Dehydrated combination skin
✅ Sensitive skin (fragrance-free formula)တွေသုံးလို့ရတယ်
Very oily skin ဆိုရင်တော့ dewy ပိုဖြစ်နိုင်ပါတယ်
⚠️ fungal acne ရှိတဲ့သူတွေအတွက်ဆိုရင်တော့မသုံးတာပိုကောင်းပါတယ် ingredients ထဲမှာ shea butter နဲ့ olive-derived components တွေပါဝင်တာဖြစ်တဲ့အတွက် prone to Malassezia အသားအရည်အတွက်ဆိုမသင့်တော်ပါဘူးနော်
စျေးနှုန်းအရတော့ ၇သောင်းဝန်းကျင်မှာရှိပါတယ်