Nina's Thirft Shop

Nina's Thirft Shop အကင်္ျိင်္ီထည်လဲ ဝတ်ရတာကြိုက်သူလေးတွေအတွက် အသစ်နီးပါး Used ထည်လေးတွေရပါတယ်ရှင့်

Hello welcome back 🥰
02/09/2022

Hello welcome back 🥰

28/08/2022

Good Morning🤩

🛍️Vintage clothing 🛒Vintage Clothings ဆိုတာ  မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothin...
13/12/2021

🛍️Vintage clothing 🛒

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့

Bale ဆိုတာ English လို အစီးကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...

ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အိတ် ဖိနပ် ဦးထုပ် ခါးပတ် အမျိုးးအစား အစုံပါပါတယ်...

နိုင်ငံတကာမှာ Vintage Store တွေ Thrift Shop/Thrift Market တွေ အများကြီး ရှိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆို Weekend Thrift Market အကြီးကြီးဖြစ်တဲ့ ChauktuChauk ရှိပါတယ်...လူစည်ချက်ကတော့ မျက်စိလည်.... မူးတောင်သွားမယ်။
ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်မှာလည်း ဘေထုပ်ဒိုင်စျေးကြီး Rong Khruea Market ရှိပါတယ်..
မြဝတီ-မဲဆောက်ဘက်မှာလည်း Vintage Stores တွေရှိပါတယ်..
Europe က နိုင်ငံတော်တော်များများမှာလည်း Thrift Store တွေ Vintage Clothings Shop တွေ ရှိပါတယ်... မြန်မာပြည်မှာလို လေဟာပြင်စျေးတန်းတွေသာမက Ocean လို Super Market နဲ့ကို second hand, good quality တွေရောင်းတာနော်....အဲ့မှာဆိုရင် ကိုယ်လို Vintage ဝတ်ရတာ...ရှာရတာ ကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေးကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)

Vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...ဘယ်သူနဲ့မှကို မတူချင်တဲ့ သူတို့ စတိုင် Inspiration တွေက Vintage wears တွေမှာ ရှာတွေ့နိုင်လို့ပါပဲ..(တချို့တွေကို customize ဖြတ် ညှပ် ကပ် ပြန်ပြင်ပါတယ်)..... နာမည်ကြီး အဆိုတော် Taylor Swift , fashion မမ Kylie Janner , လူမည်းအဆိုတော် Chris Brown, Rihana, Justin Bieber အဆုံး Hollywood က ကြယ်ပွင့်တော်တော်များများကို vintage wears တွေနဲ့ ထသွားထလာတွေရော ပွဲတက်လာတာတွေရော တွေ့နိုင်ပါတယ်။
အဆိုတော် Macklemore တောင် Thrifting ဘေထုပ်နှိုက်တဲ့ အကြောင်း သီချင်းတောင် စပ်ဆိုထားသေးတယ်.... အဲသီချင်းများ နာမည်ကြီးချက်...song title ကိုက ‘Thrift Shop’... တော်တော်များများ သိပြီးကြမှာပါ.... မသိသေးရင် သူ့ရဲ့ Music Video ကို Download လုပ်ပြီး နားထောင်ကြည့်လိုက်ပါဦး...
ကိုယ်တွေက အဲ့သီချင်းပေါ်ခါစကဆို အဲ့သီချင်းဆိုပြီးတော့ကို ဘေထုပ်နှိုက်ခဲ့တာ...ကိုယ့်ကိုယ် ဘေဆရာကြီးပေါ့လေ....

ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
✅၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

✅၂ အချက်💲 စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် ✔️Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ရှင် ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

✅၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

✅၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့.....အပေါက် အပြဲ အစွန်းအထင်းတွေပါတာ ရွေးလာမိတာ သိရင် ဂွမ်းပေါ့....
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....

😍
04/11/2021

😍

ဒီတခါတော့ ဆောင်းတွင်းအတွက် ဆွယ်တာလေးတွေတင်ပေးထားပါတယ်ရှင့်🤵‍♀️မင်မင် Page မှာမိန်းကလေး၀တ်လေးတွေဘဲတင်နေလို့ ယောက်ျားလေး အ...
22/10/2021

ဒီတခါတော့ ဆောင်းတွင်းအတွက် ဆွယ်တာလေးတွေတင်ပေးထားပါတယ်ရှင့်🤵‍♀️

မင်မင် Page မှာမိန်းကလေး၀တ်လေးတွေဘဲတင်နေလို့ ယောက်ျားလေး အတွက်မပါဘူးလားမေးနေတဲ​့ ဘရားသားတို့လဲ (Gf /wifey/ sis) လေးတို့အတွက်၀ယ်ပေးပြီးအမှတ်ယူလို့ရတယ်နော် 😜

Price on each photo ❤️

'sthriftshop

တက်တင်းဆွယ်တာ လေးတွေပါ 🥰 'sthriftshop
22/10/2021

တက်တင်းဆွယ်တာ လေးတွေပါ 🥰

'sthriftshop

Jean Boiler On Fire❤️‍🔥အမိုက်စား Trending Design သီးသန့်ထုတ်လားလို့ထင်ရတာမျိုး😌 'sthriftshop
17/10/2021

Jean Boiler On Fire❤️‍🔥

အမိုက်စား Trending Design သီးသန့်ထုတ်လားလို့ထင်ရတာမျိုး😌

'sthriftshop

တက်တင်းဆွယ်တာ လေးတွေပါ🥰မကြာခင် ဆောင်းဝင်တော့မှာဆိုတော့ 🌨️🌨️🌨️ဒီလို တက်တင်းဆွယ်တာ မထူမပါးလေးတစ်ထည်လောက်တော့ ရှိသင့်တယ်နော...
13/10/2021

တက်တင်းဆွယ်တာ လေးတွေပါ🥰
မကြာခင် ဆောင်းဝင်တော့မှာဆိုတော့ 🌨️🌨️🌨️
ဒီလို တက်တင်းဆွယ်တာ မထူမပါးလေးတစ်ထည်လောက်တော့ ရှိသင့်တယ်နော်
Price on each photo!!

မင်မင်ကိုယ်တိုင်ရိုက်ထားတာဖြစ်လို့အပြင်နဲ့မတူမှာမစိုးရိမ်ပါနဲ့နော် အပြင်မှာပိုလှပိုမိုက်

ဒါကအထည်အနည်းငယ်ဘဲ ပုံရိုက်ပြီးပြတာပါ
နောက်ထပ် တက်တင်းဆွယ်တာလှလှ လေးတွေအများကြီး ရှိပါသေးတယ်နော် Live Sale လေးလုပ်ပြီးရောင်းပေးပါ့မယ်ရှင့်

'sthriftshop

ဒီလို တက်တင်းဆွယ်တာလေးတွေ မကြာခင်ရပါတော့မယ်ရှင့် လက်တို , လက်ရှည် , Crop Top လေးတွေ အစုံပါပါမယ်🩱🩱🩱 💁‍♀️စျေးနှုန်းလေးက 3,...
08/10/2021

ဒီလို တက်တင်းဆွယ်တာလေးတွေ မကြာခင်ရပါတော့မယ်ရှင့်
လက်တို , လက်ရှည် , Crop Top လေးတွေ အစုံပါပါမယ်🩱🩱🩱 💁‍♀️

စျေးနှုန်းလေးက 3,000 MMK😍 ဝန်းကျင်လေးတွေဘဲနော်😍
စျေးနှုန်းတန်တန်လေးနဲ့ လှလှလေးဝတ်ချင်သူတွေ Like & Follow လေးလုပ်ပေးကြပါအုံးရှင့်😘 😘 😘

fashion 🧍‍♀️
21/09/2021

fashion 🧍‍♀️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nina's Thirft Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nina's Thirft Shop:

Share