Perfect Myanmar Dress & Accessories

Perfect Myanmar Dress & Accessories ✅အကောင်းဆုံးပစ္စည်း အကောင်းဆုံးအရည်အသွေး
💯 အသက်သာဆုံးဈေးနှုန်း 💯

ဘယ်စက်ပြင်မှ မချပြတဲ့ပြင်နည်းတွေကို ဆရာစားမချန် ရှင်းပြပေးထားပါတယ်။ဥာဏ်ရှိသလို အသုံးပြု့ပါ။_____________________________...
02/12/2025

ဘယ်စက်ပြင်မှ မချပြတဲ့ပြင်နည်းတွေကို ဆရာစားမချန် ရှင်းပြပေးထားပါတယ်။ဥာဏ်ရှိသလို အသုံးပြု့ပါ။
_______________________________________________
အပ်ချူပ်စက် မှန်သမျှ ချည်ကျော်တဲ့အခါ
ပိတ်စအပါးမှာ ချည်ကျော်ရင် အပ်အတိုင်ချပေးရတယ်။
ပိတ်စအထူမှာ ချည်ကျော်ရင် အပ်အတိုင်ကို ရွေ့ယုံလောက် ပြန်တင်ပေးရပါတယ်။

အထည်ချူပ်စက် မှန်သမျှသည်
ပိတ်စအောက်ဘက်က ချည်ချူပ်ရိုး တင်းနေ/လျော့နေရင် အပေါ်ချည်အလျော့အတင်းကို အတင်း/အလျော့လုပ်ပေးရပါတယ်။
ပိတ်စ အပေါ်ဘက်က ချည်ချူပ်ရိုး တင်းနေ/လျော့နေရင် အောက်ချည်အလျော့အတင်းကို အတင်း/အလျော့
လုပ်ပေးရပါတယ်။

ချည်အလျော့အတင်း မှန်သမျှက တင်းသလောက်/လျော့သလောက် မတင်း/မလျော့ပဲ ဖြစ်နေရင်
၄င်းတန်းရှင်းအုံကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်ပါ။
သူ့မှာပါတဲ့ စပရိန်ကို အနည်းငယ် စွဲဆန့်ပါ။
ပြီးလျင် ဖြုတ်တဲ့အတိုင်း ပြန်တတ်ပြီး ချည်မလှမခြင်း
တင်းတင်း/လျော့လျော့ ချူပ်ပေးရပါတယ်။

စက်ချူပ်တဲ့အခါ ဘိစွဲတယ်ဆိုတာ ဘိဖိအားများလို့ပါ။စက်တိုင်းလိုလို ဘိအတိုင်ရဲ့ အထိပ်မှာ ပုံစံမတူတဲ့
ဘိဖိအား အလျော့အတင်းလေး ပါတတ်ကြပါတယ်။
ဘိဖိအားကို အလျော့အတင်းလုပ်ကြတဲ့အခါမှာ
ဘယ်လက်က ဘိကို မမကြည့်ပြီး
ညာလက်က အလျော့အတင်း လိုသလောက်
လုပ်ပေးရပါတယ်။

တစ်ချိူ့တွေ ခေါင်းစဉ်တတ်ထားတဲ့ စက်ချူပ်ရင် ဘိစွဲသလိုဖြစ်တယ်ဆိုတာ တကယ်တော့ ဘိရဲ့သက်ရောက်မူက သိပ်မများပါဘူး။ခွေးသွားစိပ်ကသာ အထည်ကို ရှေ့နောက် တွန်းပို့ပေးတာဖြစ်လို့
ချုပ်ရိုး တစ်ဖြောင့်တည်း မသွားခြင်း
ပိတ်စက တွန့်သွားခြင်း လိပ်သွားခြင်း
အထည်ကို စွဲဖြဲနေသလိုဖြစ်ခြင်း
ပိတ်စအရှေ့မသွားပဲ တစ်နေရာတည်းပဲ ပေါက်နေခြင်း
အစရှိတဲ့ သွားလာမူကို ဖီလာကန့်လန့်ဖြစ်အောင်
လုပ်နေတာဟာ ခွေးသွားစိပ် အစွဲမမှန်ခြင်းနဲ့
ခွေးသွားစိပ် အနိမ့်/အမြင့် မညီညာခြင်းကြောင့်ပါ။

ချည်အလျော့အတင်း ဘယ်လောက်ပဲ တင်းတင်း/လျော့လျော့ အပေါ်ချည်/အောက်ချည် တစ်ခုခု
သီးမြဲ သီးနေလျင်။
ပိတ်စက စက်နင်းတာမှန်ပြီး အရှေ့မသွားပဲ
အနောက်ပြန်သွားနေတာဆိုလျင်။
ချည်သီးလျင် ဆန်းထရစ်လိုက်နည်းဆိုပြီး တင်ပေးထားတာ ရှိပါတယ်။အဲ့ဒီလုပ်နည်းက အပေါ်မှာ ဖြစ်တဲ့
အရာတွေကို အကုန်ကုစားပေးပါတယ်။

စက်ပြင်နည်းတွေကို စာတွေ့ကော/လက်တွေ့ကော ဘယ်လောက်ပဲတင်ထား တင်ထား ဒီဂရုထဲကို ဝင်ထားပေမည့် တကယ်စက်ပျက်ပြီဟေ့ဆို
ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြရပါတယ်။
အဲ့ဒီလိုမဖြစ်ရအောင် ကိုယ့်အတွက် အသုံးဝင်မည့်
လုပ်နည်းတွေကို ကိုယ့်ဖုန်းထဲမှာ လိုက်မရှာရအောင် Saveထားကြပါ။ပျက်မှ ဂရုထဲပြန်ရှာကြည့်ရင် အချိန်တွေကုန်ပါတယ်နော်။

Crd: Zin Min Htay

#စက်ချုပ်
#စက်ချုပ်ပညာ
____________________________
စက်ချူပ်သူတိုင်း သိထားရမည့် ပြင်နည်းများ🔳🔳🔳

အသံဆူညံခြင်းများ🔳
ဒီနေရာမှာ စက်တစ်မျိူးခြင်းကို
ပြောတာမျိူး မဟုတ်ပဲ လက်ရှိမိမိအိမ်နှင့် ဆိုင်မှာချူပ်နေတဲ့စက်အားလုံးကို ပြောပြနေတယ်လို့ နှလုံးသွင်းပြီး လေ့လာပါ။
အသံဆူတဲ့စက်တွေက အိမ်စက်တွေမှာ အဖြစ်များပေမည့် စက်အကြီးပိုင်းတွေမှာတော့ စက်ကမဟုပ်ပဲ ကိုယ်ထည်ဖြစ်တဲ့ခုံတွေက စက်ရဲ့တုန်ခါအားကိုမခံနိုင်တော့ပဲ ချောင်လာတာတွေကြောင့်သာဖြစ်လာရပါတယ်။၄င်းလုပ်နည်းကတော့ စက်ရဲ့ ဆီခံခွက်အပေါ်ထောင့်လေးခုမှာပါတဲ့ ရာဘာတုံးတွေကို အသစ်လဲပေးရင် စက်ကပြန်ငြိမ်သွားတာများပါတယ်။
မော်တာကြိုးတတ်ထားတာ တင်းလွန်း လျော့လွန်းရင်လဲ စက်လူးတာ ခုံမငြိမ်တာတွေဖြစ်တတ်တာမို့ မော်တာတွေမှာပါတဲ့ ပူလီကြိုးအလျော့အတင်းလုပ်တဲ့ဟာကို ဖြုတ်ပြီး မလျော့မတင်းထားတတ်ပေးရပါတယ်။
အိမ်စက်တွေမှာကတော့ စက်ကလဲမြည်တတ်သလို ခြေနင်းခုံတွေကလဲ မြည်တာများပါတယ်။ဒီတော့ ကိုယ့်စက်က အသံဆူတဲ့အခါ ခုံကမြည်တာလား စက်ကလား ကွဲအောင် ကြိုးဖြုတ်ပြီး တစ်ခုခြင်း စမ်းသပ်ရပါမယ်။
ခုံကမြည်တာဆိုရင် ခြေနင်းပြားအထိပ်က ဘောစားပြီးချောင်နေရင် ဖြုတ်ပြီး အသစ်လဲလို့လဲရသလို မလဲခြင်ရင် အဲ့ဒီဘောထဲကို အဝတ်စလေးညှပ်ထည့်ပြီး အသုံးပြု့ရင်လဲ အသံငြိမ်ပါတယ်။
ခြေနင်းဘီးအဝိုင်းရဲ့အလယ်က ဂေါက်ကျင်းစုံရဲ့ ဘောလေးတွေထွက်သွားရင်လဲ အသံဆူပြီး နင်းမရတာမျိူးဖြစ်တတ်တာမို့ အဲ့ဒီဂေါက်ကျင်းကိုဖြုတ်ပြီး အသစ်လဲလို့လဲရသလို မလဲခြင်ရင်လဲ ကလေးစီးစက်ဘီးတွေရဲ့ အရှေ့ဘီးမှာအသုံးပြု့တဲ့ ဘောအသေးလေးတွေကို အမဲဆီသုပ်ပြီး ထည့်ရင်လဲ ပြန်ကောင်းပါတယ်။
စက်ကမြည်တဲ့အခါ စက်ရဲ့ ခေါင်းမှာချည်ရိုက်တံကလဲ မြည်တာများသလို စက်အောက်က လခြမ်းစားသွားရင်လဲမြည်တာများပါတယ်။
ချည်ရိုက်တံနားက တစ်ဂျက်ဂျက်မြည်နေရင် ချည်ရိုက်တံက ဖြစ်တာမဟုပ်ပဲ ချည်ရိုက်တံရဲ့ဘောကို ထည့်လည်နေတဲ့ စက်ရဲ့ဘီလူးခေါင်း မြောင်းတွေက အံကျယ်သွားတာမို့ ဘီးလူးခေါင်းကိုဖြုတ်လဲပေးလဲရသလို မလဲခြင်ရင် ချည်ရိုက်တံရဲ့ဘောကို သရေ သို့မဟုပ် ရာဘာအသေးကို စွပ်ပြီး အမဲဆီသုပ်ကာ တတ်သုံးရင်လဲ အဆင်ပြေပါတယ်။ဖီတင်လဲကျသွားသလို သံသံခြင်းပွတ်တိုက်အားလဲမဟုပ်တော့တဲ့အတွက် အသံလဲမထွက်တော့ပါဘူး။
လခြမ်းချောင်ပြီး အသံဆူနေရင် လခြမ်း သို့မဟုပ် ငါးမန်းစွယ်ကြံဖတ်ကိုဖြုတ်လဲကို လဲပေးမှရပါတယ်။

ချည်မကောက်ခြင်းများ🔳
အပ်တွေမှာက တစ်ကြောင်းစက်တိုင်းလဲ သုံးတဲ့အပ်တွေက အမျိူးအစား မတူကြပါဘူ။အတိုအရှည်လဲကွာသလို အပ်အထိပ်တွေမှာပါတဲ့ ပိတ်စကိုဖောက်နိုင်မည့် Ball Pointတွေကလဲ ကွဲပြာသွားကြတာမို့ သူ့စက်ရဲ့သူ့အပ်ဟုတ်မှလဲ ချည်ကောက်နိုင်မှာပါ။သူ့အပ်တော့ဟုပ်ပေမည့် အပ်ဆိုဒ်အကြီးအသေးကြောင့်လဲ ချည်ကျော်တာမျိူးဖြစ်တတ်ပါတယ်။ဥပမာ ပိတ်စပါးပါးလေးကို အပ်ဆိုဒ်အကြီးဆုံးနဲ့ချူပ်မယ်ဆိုရင် ဘယ်လောက်ပဲတော်တဲ့ စက်ပြင်ဆရာကပဲ တိုင်ပင်အကောင်းဆုံးချိန်ချိန် ချည်ကျော်မှာကျိန်းသေပါပဲ။မနိုင်ဝန်ထမ်းလို့မရတဲ့သဘောပဲမို့ အပ်ဆိုဒ်တွေရဲ့ သက်ရောက်မူကိုလဲ တကယ်သိထားဖို့လိုအပ်ပါတယ်။
အပ်တတ်တာပြောင်းပြန်တတ်မိရင်လဲ ချည်ကျော် ချည်မကောက်ဖြစ်တတ်တာမို့ သတိမမူ ဂူမမြင်ဆိုသလို အသိလေးထားတတ်ဖို့ လိုပါတယ်။
အဓိကအချက်နစ်ခုကတော့ အပ်အတိုင်အနိမ့်အမြင့်နဲ့ ချည်ကောက်ပေးတဲ့ပစ္စည်းတွေ တိုင်မင်မမှန်ရင် ချည်ကျော် ချည်ပြတ် ချည်မကောက်တတ်တာမို့ စက်တွေမှာ သတ်မှတ်ထားတဲ့ တိုင်ပင်မတ်သတ်တွေကို ပြန်ချိန်ပေး တည့်ပေးရပါတယ်။လုပ်နည်းတွေစာနဲ့ရှင်းပြရင် ပြီးမှာမဟုတ်လို့ ကျနော်တင်ပေးထားတဲ့ အခမဲ့စက်ပြင်ပညာဒါနဆိုတဲ့ ဂရုထဲမှာ ကိုယ်သိခြင်တဲ့စက်ရဲ့ တိုင်ပင်ချိန်နည်းတွေကို ရှာကြည့်ပြီး လိုက်လုပ်ကြည့်ပါ။

အပ်ကျိူးခြင်းများ🔳
အပေါ်မှာပြောခဲ့သလိုပဲ အပ်ဆိုဒ်တွေဟာ မနိုင်ဝန်ပိလို့မရတဲ့အတွက် ဂျင်းသားကို အပ်ဆိုဒ် ၉ သို့မဟုပ် 11နဲ့ချူပ်ရင် အပ်ကျိူးသလို အရာရာ သူ့အပ်လဲမှန် သူ့ပိတ်စလဲဟုပ်ရဲ့နဲ့ အပ်ကျိူးတဲ့အနေထားတွေက အပေါ်ချည်တွေ တအားတင်းထားရင်လဲ ဆိုးသွမ်းနေတဲ့နွားကို နဖားကြိုးတတ်ထားသလို ရုန်းရင်းဆန်းခတ်ဖြစ်ပြီး အပ်ကျိူးတတ် ချည်ပြတ်တတ်ပါတယ်။ဘိအပေါက် မှန်ပြင်အပေါက် ချည်ကောက်ပေးတဲ့ပစ္စည်းတွေနဲ့ မလွှတ်ရင်လဲ အပ်ကျိူးတတ်တာမို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် တွန်းတင်ပေးရပါမယ်။နောက်ဆုံးတစ်ချက်ကတော့ စောနကပြောခဲ့တဲ့ဟာတွေ တစ်ခုမှမဖြစ်ပဲ တိုင်ပင်လွဲလို့ အပ်တိုင်အနိမ့်အမြင့်မမှန်လို့ အပ်ကျိူးတဲ့အခါမှာ သတ်မှတ်တိုင်ပင်ပြန်ရအောင် ကျနော်တင်ပေးထားတဲ့Videoတွေကို နည်းနာယူပြီး ပြု့ပြင်ပေးရပါမယ်။
မှန်ပြင်နဲ့အပ်နဲ့ မလွတ်ရင် မှန်ပြင်အပေါက်ကို ချဲ့ခြင်ချဲ့ မချဲ့ခြင်ရင် အပ်အတိုင်ယိမ်းပေးရပါမယ်။
ဘိနဲ့အပ်နဲ့ မလွတ်ရင် ဘိတိုင်နက်ကိုလျော့ပြီး ဘိကို ရွေ့ပေးရပါတယ်။
စက်တိုင်းမှာပါတဲ့ ချည်ကောက်ပေးတဲ့ပစ္စည်းတွေနဲ့ အပ်နဲ့မလွတ်ရင် ၄င်းပစ္စည်းတွေကို အပ်နဲ့လွတ်အောင် နက်လျော့ပြီး ရွှေ့ရတဲ့ဟာကိုရွှေ့ပါ။ရွှေ့မရတဲ့ဟာဆို ယိမ်းပေး ဖြောင့်ပေး ကောက်ပေးကိုပေးရပါတယ်။တစ်ချိူ့သော ပစ္စည်းများသည် အသစ်လဲတိုင်း ကောင်းတာမျိူး မဟုပ်ပါဘူး။

ချည်ပြတ်ခြင်းများ🔳
ယခင့်အရင် ပိုစ်တွေမှာလဲ ချည်ပြတ်ခြင်းရဲ့သဘောတရားတွေကို အကျယ်တဝင့်ရှင်းပြထား လုပ်ပြထားပြီးပေမည့်။ဒီနေရာမှာတော့ ဆားမပါတဲ့ဟင်းမဖြစ်ရအောင် ကိုကားပြီးထပ်ဆင့်ပြောပြပေးပါမယ်။ချူပ်သူအများစု ကြုံတွေ့နေရတဲ့ ချည်ပြတ်ခြင်းများဟာ သာမာန်ကာလျှံကာအနေနဲ့ ကြည့်မယ်ဆို အလွန်ထူးဆန်းတဲ့ ချည်ပြတ်နည်းတွေပါဝင်ပါတယ်။
အဲ့ဒီအထဲမှာမှ စက်ချူပ်စားခြင်စိတ်ပါပျောက်သွားတဲ့ ချည်ပြတ်နည်းတွေကတော့ အဖြေရှာမရတဲ့ချည်ပြတ်နည်းတွေပါပဲ။ဟိုဟာကြောင့်လိုလို ဒီဟာကြောင့်လိုလိုနဲ့ နဲနဲလောက် လျှောက်ကလိလိုက်ရင် ကောင်းသွားတတ်ပေမည့် ပြန်ဖြစ်လို့ ပြန်ကလိတဲ့အခါမှာ ထင်ထားသလို ရလာဒ်မကောင်းလာတော့တာတွေကြောင့် စိတ်ပျက်ခြင်းများ တစ်သွေမတိမ်းဖြစ်လာကြရပါတယ်။အဖြေမရှိဘူးထင်ရတဲ့ ချည်ပြတ်ခြင်းတွေကြုံလာတဲ့အခါ ဟုတ်နိုးနိုးကလိမှာထက် သေချာတဲ့အချက်တွေကို လှန်လှောကြည့်တတ်ဖို့အတွက်
ချည်ထိုးထားတာမှန်ရဲ့လား
ချည်အပေါက်တွေကျော်ထိုးထားတာလား
အပ်တတ်တာ ဘက်မှားနေလား စောင်းနေလား
အပေါ်ချည်နဲ့အောက်ချည်ကို မမျှမတပဲ အလျော့အတင်းလုပ်ထားတာလား
မှန်ပြင်အပေါက် ချည်ရိုက်တံအပေါက် လွန်းအိမ်ချည်ထွက်ပေါက်တွေမှာ ရှတတဖြစ်ပြီး လွှလိုတိုက်ဖြတ်နေတာလားဆိုတာ လိုက်စစ်ရင် သေချာပေါက်အဲ့ဒီထဲက တစ်ခုခု ချိူ့ယွင်းနေတာတွေ့ရပါလိမ့်မယ်။
ချည်ထိုးနည်းအမှန်ကို ကျနော်ခနခနပြောခဲ့ဘူးသလိုပဲ ကိုယ့်ရဲ့ဆရာသမားတွေပြောပြထားလို့ ဒီနည်းကသာ အမှန်ပါဆိုပြီး တစ်ထစ်ချသတ်မှတ်ထားလို့မရသလို ကျနော်ပြောပြလို့ဆိုပြီး အမှန်ပါလို့လဲ လက်ခံထားလို့မရပါဘူး။စက်ခြင်းတူရင်တောင် ချည်ထိုးနည်းကွဲပြားတာ မမြဲခြင်းသဘောတရားတွေပါပဲ။အဲ့ဒီအတွက် ကိုယ့်စက်နဲ့ ကိုက်ညီမည့်ချည်ထိုးနည်းကတော့ ချည်အလျော့အတင်းတွေကို အရင် မလျော့မတင်းတန်းညှိပေးပါ။ပြီးလျင် ချည်ထိုးပေါက်တွေကို သူ့လမ်းကြောင်းနဲ့သူထိုးကြည့်ပြီး စမ်းချူပ်ကြည့်ပါ။ချူပ်ကြည့်လို့ ချည်ထွက်လှတယ်ဆိုတဲ့ရလာဒ်ကိုရလာရင် အဲ့ဒီထိုးနည်းကို ကိုယ့်စက်ရဲ့ လိုက်ဖက်တဲ့ချည်ထိုးနည်းလို့ သတ်မှတ်ပါ။
ရလာဒ်မကောင်းပဲ ထွက်လာရင် လက်ရှိထိုးထားတဲ့ ချည်လမ်းကြောင်းမှာ ကောက်နေ ဖြောင့်နေတဲ့ချည်ထိုးပေါက်ကို အနေထားပြောင်းပြီး ထိုးကြည့်ပါ။
တစ်ကြောင်းစက်အများစုမှာ ချည်ထိုးနည်းပညာ အကျယ့်တဝင့်မရှိပေမည့် ချည်လုံးများတဲ့စက်တွေမှာတော့ ကျနော်ပြောတဲ့ သီအိုရီက မသုံးမဖြစ် သုံးရမည့် လော့ဂျစ်တစ်ခုပဲဖြစ်ပါတယ်။ ဘာလို့ဆို ကျနော်စက်ပြင်လာတဲ့သက်တမ်းတစ်လျှောက်မှာ ကိုယ်မသိတဲ့စက်တွေကိုလဲ ချည်မပြတ် ချည်လှအောင် ချည်ထိုးခဲ့ရဘူးပါတယ်။အဲ့ဒီအခါတွေမှာ အပေါ်က လော့ဂျစ်နဲ့ပဲ အဆင်ပြေခဲ့ရတာမို့ လူကြီးမင်းတို့ကိုလဲ ကျနော့်လိုပဲ အဆင်ပြေသွားစေခြင်ပါတယ်။
Crd to zinminhtay( 09793948476)
_____________________________________
Page Admin Team အနေနဲ့
ဒီ post ကို ပညာဒါန တစ်ခု အနေ့ နဲ့ သာ ကူးတင်ပေးခဲ့တာပါ.... မမျှော်လင့်ပဲ ပို့က Share သူများပြီး
ကွန့်မန့်မှာ မေးခွန်းတွေ များလာတော့ ကျတော်လဲ ကိုယ့်လိုင်းမဟုတ်တော့ မဖြေနိုင်ပါ 😁 .....
ပိုသိချင် မေးချင်သူများအတွက် မူရင်းပညာဒါန ရေးသားသူ Ko Zin Min Htay ရဲ့ ပညာ ဒါန Group ကို လိုက်ရှာပြီး Link ချ ပေးလိုက်ပါတယ်ခင်ဗျာ
အဆင်ပြေကြပါစေ.........😍
( Admin 😁)...............................
မူရင်းရေးသားသူ ၏ " စက်ပြင်ပညာဒါန Group "
Link ချ ပေးလိုက်ပါတယ်ဗျာ.... ဝင်ရောက် လေ့လာသင်ယူနိုင်ကြပါစေ........🥰
https://www.facebook.com/groups/323575862712400/?ref=share&mibextid=NSMWBT

ကလစ်လေးတွေ အားပေးချင် ရပါတယ်နော် ♥️မင်မင်တို့ Page အသစ်လေးပါ ...
29/07/2025

ကလစ်လေးတွေ အားပေးချင် ရပါတယ်နော် ♥️

မင်မင်တို့ Page အသစ်လေးပါ ...

ဟိုတနေ့က ရောင်းတဲ့ အသစ်လက်ကျန်ဖြတ်ထဲမှာနောက်ဆုံးကျန်တဲ့ စက်ချုပ်ပစ္စည်းလေးတွေပါရှင့် ..တော်တော်များများရောင်းထွက်သွားပြီ...
14/06/2025

ဟိုတနေ့က ရောင်းတဲ့ အသစ်လက်ကျန်ဖြတ်ထဲမှာ
နောက်ဆုံးကျန်တဲ့ စက်ချုပ်ပစ္စည်းလေးတွေပါရှင့် ..

တော်တော်များများရောင်းထွက်သွားပြီး
ဒါလေးတွေပဲ ကျန်ပါတော့တယ်...

အများကြီး အားပေးကြလို့လည်း
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် ... 🩷

ပစ္စည်းတွေကအသစ်တွေချည်းပဲမို့
စိတ်ချလက်ချနဲ့သာ ယူပါနော် ...

စာအ၀င်အရမ်းများလို့ Reply ပြန်ဖို့ ကျန်ခဲ့ရင်လည်း
တောင်းပန်ပါတယ်ရှင့် ...

ဈေးတွေက လျော့ထားပြီးသားဖြစ်လို့
ဈေးထပ်မဆစ်ဖို့ ထပ်ပြီး
မေတ္တာရပ်ခံချင်ပါတယ်ရှင့် 🙏🙏🙏

09-779744164 (Viber )

❌ကုန်သွားတာလေးတွေကို ပုံအောက်မှာ ရေးထားပေးပါတယ်ရှင့် ❌စက်ချုပ်ပစ္စည်းအသစ်တွေကိုလက်ကျန်ဖြတ်ဈေးနဲ့ လျော့ရောင်းမှာမို့ လိုအ...
12/06/2025

❌ကုန်သွားတာလေးတွေကို ပုံအောက်မှာ ရေးထားပေးပါတယ်ရှင့် ❌

စက်ချုပ်ပစ္စည်းအသစ်တွေကို
လက်ကျန်ဖြတ်ဈေးနဲ့ လျော့ရောင်းမှာမို့ လိုအပ်တဲ့သူရှိရင် အားပေးကြပါဦးနော် 🩷

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေရပြီး
တခြားမြို့တွေက ငွေကြိုလွှဲပေးရပါမယ်ရှင့် ...🩷

,ဈေးတွေက လျော့ထားပြီးသားတွေဖြစ်လို့
ဈေးထပ်မဆစ်ဖို့ မေတ္တာရပ်ခံချင်ပါတယ် 🩷

၁သိန်းဖိုးပြည့်တာနဲ့ deli Free နဲ့ ပို့ဆောင်ပေးပါ့မယ်နော် 🩷
09779744164 (Viber)

ကိုယ်တိုင်ပတ်ဖို့ပဲဖြစ်ဖြစ်လက်ဆောင်ပေးချင်လို့ပဲဖြစ်ဖြစ်နာရီကောင်းကောင်း တစ်လုံးရှာနေတယ်ဆိုရင်တော့မင်မင်တို့ဆီမှာ အသစ်ရေ...
08/03/2025

ကိုယ်တိုင်ပတ်ဖို့ပဲဖြစ်ဖြစ်
လက်ဆောင်ပေးချင်လို့ပဲဖြစ်ဖြစ်
နာရီကောင်းကောင်း တစ်လုံးရှာနေတယ်ဆိုရင်တော့
မင်မင်တို့ဆီမှာ အသစ်ရောက်ထားတဲ့
ဒီ MK Watch အဖြူလေး ရှိမယ်ရှင့် ... 🤍

လက်သေးတဲ့မိန်းကလေးတွေအတွက်လည်း အရမ်းအဆင်ပြေပါတယ် ... အရောင်က အဖြူလေးဖြစ်လို့ ဘယ်အ၀တ်အစားနဲ့မဆို လိုက်ဖက်နေမှာ သေချာပါတယ် 🤍🤍

MK Watch လေးက BKK Made ဖြစ်ပြီး Quality ကလည်း 1:1 High Quality ဖြစ်တဲ့အပြင် ဒိုင်ခွက်အားလုံး အလုပ်လုပ်ပါတယ်နော် ... သူ့ကို ယူမယ်ဆိုရင်တော့ Box လေးနဲ့ဖြစ်ပြီး နာရီဓာတ်ခဲပါ လက်ဆောင်ပါပါတယ် ... 🤍🤍

ပုံတွေအားလုံးက ကိုယ်တိုင်ရိုက်ထားတဲ့အပြင်ပုံဖြစ်ပါတယ်
ဘာ Effect မှ မသုံးထားလို့ ဓာတ်ပုံနဲ့အပြင်နဲ့ မတူမှာကို လုံး၀စိတ်ပူစရာမလိုပါဘူးနော် ...

ကြိုက်နှစ်သက်လို့ မှာယူချင်တယ်ဆိုရင်တော့
ဈေးနှုန်းလေးက ၉၇၅၀၀ ကျပ်တိတိကျပါမယ်ရှင့် 🤍🤍

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေဖြစ်ပြီး
တခြားမြို့နယ်တွေက ငွေကြိုလွှဲပေးရပါမယ် ...

in-stock ဖြစ်လို့ ဒီနေ့မှာတာနဲ့ နောက်နေ့ deli အပ်ပေးပါ့မယ်နော် ... မြို့နယ်အလိုက် deli ခ ကျခံပေးရပါမယ်ရှင့် ...

ဆက်သွယ်လိုပါက - 09-250366891 သို့ မေးမြန်းနိုင်ပါပြီ ..

Page လေးကို ဒီတိုင်းထားရမှာ နှမြောလို့ တခြားပစ္စည်းတွေ တင်ရောင်းတဲ့အခါကျရင်လည်း အားပေးကြပါဦးနော် ♥️မင်မင်တို့ဆီက ပစ္စည်း...
07/03/2025

Page လေးကို ဒီတိုင်းထားရမှာ
နှမြောလို့ တခြားပစ္စည်းတွေ တင်ရောင်းတဲ့အခါကျရင်လည်း အားပေးကြပါဦးနော် ♥️

မင်မင်တို့ဆီက ပစ္စည်းတွေဆိုရင်တော့ Quality ပိုင်းက
စိတ်ပူစရာမလိုပဲ မျက်စိမှိတ်၀ယ်လို့ရတယ်နော် 😁

အာမခံချက်နဲ့ တာ၀န်ယူမှု တာ၀န်ခံမှုအပြည့်ရှိတာမို့
အရင်က အားပေးခဲ့တဲ့သူတွေဆို အသိဆုံးဖြစ်မှာပါ ♥️

စက်ချုပ်ပစ္စည်းနဲ့ပတ်သက်တဲ့ Post တွေတော့ မဖြတ်တော့ဘူး ဒီအတိုင်းပဲထားလိုက်တော့မယ် 🥰

မင်မင်တို့ ဘယ်လိုပစ္စည်းတွေ စပြီးရောင်းချမလဲဆိုတာ
စောင့်ကြည့်ပေးကြပါဦးနော် ...🥰🥰💯

26/10/2024

ဘာမှသိပ်မတင်ဖြစ်တော့ မင်မင်တို့ Page လေးကို မေ့နေရောပေါ့ 🥺!!

တကယ်လိုအပ်တဲ့သူတွေဆီ ရောက်ပါစေကွယ် ... 💌
13/09/2024

တကယ်လိုအပ်တဲ့သူတွေဆီ ရောက်ပါစေကွယ် ... 💌

12/09/2024

ရေဘေးသင့်ပြည်သူများအတွက်
လုံလုံခြုံခြုံနဲ့ နွေးမယ့် အ၀တ်အစားတွေ လှူဒါန်းချင်ပါတယ်ရှင့် ...

တစ်ခါမှမ၀တ်ရသေးတဲ့ အသန့် အသစ်တွေပါ
ထုပ်ပိုးပြီး သေချာလှူဒါန်းမှာမို့ တကယ်လိုအပ်သူများ ဆက်သွယ်ပေးပါရှင့် ...

တကယ်လိုအပ်သူပဲ ဆက်သွယ်ပေးပါနော်
ဒုက္ခရောက်တာကို အခွင့်ကောင်းယူပြီး ပြန်ရောင်းမယ့်သူတွေ မဆက်သွယ်ပါနဲ့ရှင့် ...

ရန်ကုန်ကပါ ...

အသစ်ရောက်ရှိသော နံရံကပ်ချည်လုံး ၄၀ ဆံ့တဲ့ ချည်စင် Design လေးတွေပါ 🤎ချည်လုံးအရမ်းကြီးတာတွေဆို မရပါဘူးရှင့်ဒေါင်းချည်လောက်...
05/09/2024

အသစ်ရောက်ရှိသော နံရံကပ်
ချည်လုံး ၄၀ ဆံ့တဲ့ ချည်စင် Design လေးတွေပါ 🤎

ချည်လုံးအရမ်းကြီးတာတွေဆို မရပါဘူးရှင့်
ဒေါင်းချည်လောက်ဆို ရပါတယ် ... 🤎

Design လေးတွေက တစ်သုတ်နဲ့တစ်သုတ် ပုံစံမတူတာတွေရောက်တတ်လို့ ပုံမှာ ပြထားတဲ့ Design တွေက အမြဲမရှိပါဘူးရှင့် ....

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေဖြစ်ပြီး
တခြားမြို့နယ်တွေကတော့ ငွေကြိုလွှဲပေးရမှာပါရှင့် ..

၀ယ်ယူလိုပါက
09779744164 (or) 09250366891
Page Messenger သို့
ဆက်သွယ်၀ယ်ယူမေးမြန်းနိုင်ပါပြီ ...

#စက်ချုပ်ပစ္စည်း နဲ့ပတ်သက်လို့ ဘာပဲလိုလို Perfect Myanmar မှာရှာပါ 🤎

#ချည်စင်

Address

Yangon

Telephone

+959250366891

Website

Alerts

Be the first to know and let us send you an email when Perfect Myanmar Dress & Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share