01/07/2026
ဇူလိုင်လစလေးမှာ မာလာရေစင်လေး ကပ်လှူဖို့မမေ့နဲ့နော်🌼
ဘာပဲလုပ်လုပ် အဆင်ပြေချင်တယ်ဆိုရင် မာလာရေစင်လေး ပြုလုပ်ပြီး ကုသိုလ်ယူပါနော်...💦🌼
🙏🏻 မာလာရေစင်ကပ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ...💦🌼
🙏🏻 စီးပွားရေး အဆင်ပြေစေမယ်
🙏🏻 ငွေကြေးအခက်အခဲတွေပြေပျောက်မယ်
🙏🏻 စိတ်ရှုပ်ထွေးပြီး ပူပင်နေရတာတွေ ပျောက်မယ်
🙏🏻 စိတ်ကိုအေးချမ်းကြည်နူးစေနိုင်တာကြောင့် မာလာရေစင် ကပ်လှုစေချင်ပါတယ်ရှင်။
💦 မာလာရေစင်ကပ်လှုခြင်းကို တိဘက် ရှမ်ဘဲလားဒေသရဲ့ ရိုးရာကပ်လှုပူဇော်မှုတစ်ခုဖြစ်ပြီး နီပေါနဲ့ ဘူတန်ဒေသတွေမှာလည်း ကပ်လှုပူဇော်ကြတဲ့ အလေ့အထ ရှိကြပါတယ်...🙏🏻
🙏🏻 မာလာရေစင်ကပ်လှုနည်းလေးရေးပေးပါမယ်နော်...
🌼 နှစ်သက်ရာ ပန်းပွင့်၊ပန်းရွက်လေးတွေကို ရေဆေးပေးပါ။
🌼 ဖန်ထည်၊မြေထည်၊ဇလုံ၊ပန်းကန်လုံး၊ကြွေထည် ကြိုက်နှစ်သက်ရာထဲမှာ ပန်းပွင့်များကိုထည့်ပါ။
🌼 မိမိပြုလုပ်မဲ့ ဇလုံလေးထဲသို့ ရေခွက်သေးလေးနဲ့ ရေအေးလေး ၇ခွက် လောင်းထည့်ပေးပါ။(ရေခဲရေလည်း ရပါတယ်)
🌼 ပန်းပွင့်များကိုတော့ လှပစွာ ပုံဖော်ပြီး ကပ်လှုပေးပါ။
🌼 ကိုးကွယ်ရာဘာသာအသီးသီးမှ ဘုရားရှင်များအပါအ၀င် ဘိုးဟောင်းဘွားဟောင်း၊ပဌာန်းဆက်ရှိသူ အပေါင်းကိုလည်း လှုဒါန်းပေးနိုင်ပါတယ်။
🌼 မာလာရေစင်ကို မနက်၊ညနေ ကြိုက်နှစ်သက်တဲ့အချိန် ကပ်လှုနိုင်ပြီး အဆင်ပြေတဲ့အချိန် စွန့်လို့ရပါတယ်ရှင့်။
🙏🏻 မာလာရေစင်ရဲ့ အဓိပ္ပာယ်လေးက န၀င်းလာဘ်ပွင့်စေတဲ့ကုသိုလ်လို့ ဆိုပါတယ်။
▪️မာလာရေစင်က ရေနဲ့ပန်းကို လှုဒါန်းတာပါ။
ရေက ၄ + ပန်းက ၅ - ၉န၀င်းပါ။
ကပ်လှုတဲ့အခါ သုံးတဲ့လင်ဗန်းက - ၉န၀င်းပါပဲ...
ပန်းအရေအတွက်က-
ငွေန၀င်း ၂၇ပွင့်လည်း ရသလို လာဘ်ပွင့် ၄၅ပွင့် လည်းရပါတယ်ရှင်။
🙏🏻 မာလာရေစင် လှုတဲ့အခါ ရွတ်ရမှာက-
▪️ဘ၀ပေါင်းများစွာက တော်စပ်ခဲ့ဖူးသော ဘိုးဟောင်းဘွားဟောင်းများနဲ့တကွ ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော်အပေါင်း၊ မမြင်အပ်တဲ့ပုဂ္ဂိုလ်များအား ကျွန်ုပ်မှ အပြစ်များရှိပါက -
🙏🏻 ကြေအေးပေးပါ၊ကျေနပ်ပေးပါ၊ခွင့်လွတ်ပေးပါ
သင်တို့အားလုံးကိုယ်စား ကျွန်ုပ်မှ မြတ်စွာဘုရားရှင်ကို ဤမာလာရေစင်ဖြင့် ကပ်လှုပူဇော်ပါသည်။
🙏🏻 ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ မေတ္တာတော်အနန္တ၊ သစ္စာတော်အနန္တ၊ ပါရမီအနန္တတို့နှင့်ပြည့်စုံတော်မူသော သက်တော်ထင်ရှားမြတ်စွာဘုရားအား ဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍ -
အကျွန်ုပ် ကိုစောင့်ရှောက်သော ကိုယ်စောင့်နတ်၊ အစောင့်အရှောက်များနှင့်တကွ ဆွေဆက်၊မျိုးဆက်၊ပဠာန်းဆက်၊ဆွေတော်မျိုးတော် အပေါင်း၊
မမြင်အပ်သော ပုဂ္ဂိုလ်များနှင့်တကွ သိုက်နန်းရှင်အားလုံးတို့ကို ရည်စူး၍ ၎င်းတို့နှင့်ပေါင်းစပ်၍ ၎င်းကောင်းတို့နှင့်တကွ ဤမာလာရေစင်ကို မြတ်စွာဘုရားရှင်ကို သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှုပူဇော်ပါ၏။
“ အလှုခံတော်မူပါဘုရား ”၃ကြိမ်ရွတ်ဖတ်ပူဇော်ပေးပါ။
💦 မာလာရေစင် လှုဒါန်းပုံ
▪️လင်ဗန်း(သို့)ကြွေပန်းကန်ထဲကို ရေထည့်ပါ။
▪️ပန်းပွင့် ၂၇ပွင့်(သို့) ၄၅ပွင့် ထည့်ပေးပါ။
▪️ခုနှစ်နေ့၊ရှစ်ရက်သားသမီးများ လာဘ်ပွင့်စေဖို့
▪️ဖယောင်းတိုင် ၈တိုင်၊ အမွှေးတိုင် ၈တိုင် ထွန်းပြီး မာလာရေစင်နှင့်တကွ ကပ်လှုကာ တိုင်တည်ဖိတ်ကြားဆက်ကပ် လှုဒါန်းပေးပါ။
💦 မာလာရေစင်ကပ်လှုခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ -
▪️ကိုယ့်စိတ်နှလုံးဟာ ရေလိုအေးပြီး၊ ကိုယ့်ဂုဏ်သတင်းဟာ ပန်းလိုမွှေးစေနိုင်ပါတယ်။
▪️ကိုယ့်ရဲ့ ကိုယ်စောင့်နတ်တွေဖြစ်တဲ့ စိတ်နှလုံးအလိုကျ နတ်မင်း၊ ဘုန်းတန်ခိုးကြီးစေတဲ့နတ်မင်း၊ ရတနာရွှေငွေ ပြည့်စုံစေတဲ့နတ်မင်း၊ အိမ်ခြံတွေကို စောင့်တဲ့နတ်တွေက မစကြလို့ ဘုန်းတန်ခိုးတွေကြီးပြီး စိတ်နှလုံးအေးချမ်းရွင်ပြုံးလျက် အိမ်၊ခြံ၊ကျောင်းများ ဆောက်လုပ်လှုဒါန်းနိုင်လာပါလိမ့်မယ်၊ လက်၀တ်ရတနာများ ပြည့်စုံလာပါလိမ့်မယ်ရှင်...🌸💦
ချစ်တဲ့
Ashley Phyu (The Light Giver_The Lamp Holder)