25/10/2026
8KHz Under 300K Mice! 🔥
Budget 300K အောက်မှာ 8,000Hz Polling Rate ရမယ်၊ Sensor ကောင်းကောင်း၊ Chipset ကောင်းကောင်းနဲ့ Battery Life လည်း အကြာကြီးခံပြီး Tri-Mode ပါရလို့ Gaming ရော Productivity အတွက်ပါ သုံးလို့ရတဲ့ ATK Hybrid Mouse 3 မျိုး ရပါပြီ။
ဒီတစ်ခေါက်ရောက်တာတွေက 2.0 Version တွေဆိုတော့ First Gen တွေတုန်းက အားသာချက်တွေကိုယူ၊ အားနည်းချက်တွေကို ပြင်ထားတဲ့ Version တွေ ဖြစ်သွားပြီ။
ဒီ Mouse 3 ခုက Specs အားဖြင့် သိပ်မကွာဘဲ အဓိကကွာသွားတာကတော့ Shape တွေပဲ။
🔹 X1 Ultra Max 2.0 က Razer Viper V4 Pro ရဲ့ Shape နဲ့တူတယ်။
🔹 A9 Ultra Max 2.0 က Logitech G Pro X Superlight ရဲ့ Shape နဲ့တူတယ်။
🔹 3 ခုထဲ တစ်မူထူးခြားနေတာကတော့ F1 Ultra Max 2.0 ပဲ။ သူက ဘယ်သူ့ Shape ကိုမှ ယူထားတာမဟုတ်ဘဲ ကိုယ်ပိုင် Shape နဲ့လာတာ။ Size ကလည်း X1, A9 တွေထက် ပိုသေးပြီး Medium Hand & Small Hand သမားတွေအတွက် အဓိကထုတ်ထားတာ။
Specs ကို တစ်ချက်ကြည့်ရအောင်။
သုံးမျိုးလုံးက Nano Coatingဖြစ်တာကြောင့် အထိတွေ့ကစ Premiumဆန်တယ်။
သုံးမျိုးလုံးမှာ Nordic 54L15 Chipset ကို သုံးထားပြီး Wired ရော Wireless မှာပါ 8,000Hz Polling Rate Support ပေးတယ်။
Sensor ပိုင်းမှာတော့ X1 နဲ့ A9 က PAW3950 Ultra ကို သုံးထားပြီး F1 ကတော့ PAW3395 Ultra ကို သုံးထားတယ်။
Switch ပိုင်းမှာ ATK Lightblade Mechanical Switches နဲ့ TTC Gold Scroll Wheel ကို သုံးထားပြီး Mouse 3 ခုလုံးက Weight 55g ဝန်းကျင်ပဲရှိတယ်။
Battery ပိုင်းကလည်း 800mAh Capacity အထိ ပါဝင်လာတာကြောင့် Battery Life အတွက် စိတ်ပူစရာမလိုသလောက်ပဲ။ 1,000Hz Mode မှာဆို နာရီ 600 ကနေ 800 လောက်အထိ Usageပေါ်မူတည်ပြီးအသုံးခံတယ်။
နောက်ပြီး Tri-Mode ဆိုတဲ့အတိုင်း Wired, 2.4GHz Wireless နဲ့ Bluetooth ဆိုပြီး Connection 3 မျိုးရလို့ Gaming အတွက်တင်မကဘဲ Office Work, Productivity အတွက်ပါ အဆင်ပြေတယ်။
8K Nano Dongle နဲ့ ATK HUB Software Support တွေလည်း ၃ခုလုံးမှာပါတယ့်အပြင်
ဆိုတော့ 300K အောက်မှာ ဒီလို Specs တွေရတာက တော်တော်လေးတန်တယ်လို့ ပြောရမယ်။
အထူးသဖြင့် Flagship Mouse တွေရဲ့ Shape နဲ့ Performance ကို ကြိုက်ပေမယ့် Mouse တစ်လုံးအတွက် ငွေအများကြီး မသုံးချင်တဲ့သူတွေအတွက် ရွေးချယ်စရာကောင်းတွေပါပဲ။
X1, A9, F1 သုံးမျိုးထဲက ဘယ်တစ်မျိုးကို ရွေးသင့်လဲဆိုတာကတော့ ကိုယ့် Hand Size နဲ့ Grip Style ပေါ်မှာပဲ မူတည်တယ်။
Mouse တစ်မျိုးချင်းစီရဲ့ အကြောင်းကိုတော့ နောက် Post တွေမှာ အသေးစိတ် ဆက်ပြောပြပေးသွားမယ်။