Ngwe Yaung Sin Baby Store

Ngwe Yaung Sin Baby Store Baby Shop

Textbook ‌အတန်းစုံရပြီKG 7000G1 11000G2 11000G3 11000G4 11000G5 11000G6 15500G7 15500G8 16000G9 20500G10 28500G11 28500G...
26/03/2024

Textbook ‌အတန်းစုံရပြီ

KG 7000
G1 11000
G2 11000
G3 11000
G4 11000
G5 11000
G6 15500
G7 15500
G8 16000
G9 20500
G10 28500
G11 28500
G12 34500

အပိုတွဲ 7500

စာအုပ်အဖုံးပါတစ်ခါတည်း ချုပ်ပေးသည်
ကတ်ထူနဲ့ တစ်အုပ် 400
ဖလင်နဲ့ တစ်အုပ် 500

Order to cb

Mommy's Note Publishing House ကထုတ်ဝေသော မြန်မာ့ရိုးရာစကားထာ5900Kyats
25/02/2024

Mommy's Note Publishing House ကထုတ်ဝေသော
မြန်မာ့ရိုးရာ
စကားထာ
5900Kyats

မူကြိုကျောင်း Order လေး တစ်ဖြတ်♥️မူကြိုအရွယ်တွေအတွက် ဉာဏ်ရည်ထက်မြက်စေဖို့ လော်တိုကစားခြင်း🤗ဘူးအတွင်းထဲကပုံတွေ မန့်မှာ ပြ...
17/02/2024

မူကြိုကျောင်း Order လေး တစ်ဖြတ်♥️
မူကြိုအရွယ်တွေအတွက် ဉာဏ်ရည်ထက်မြက်စေဖို့ လော်တိုကစားခြင်း

🤗ဘူးအတွင်းထဲကပုံတွေ မန့်မှာ ပြထားတယ်နော်

သားသားမီးမီးတို့ရေးချင်ရာရေး ပုံလေးတွေ ဆွဲချင်ရာဆွဲ ပြန်ဖျက်ရာလွယ်ကူလက်ချောင်းလည်း သန် ဦးနှောက်လည်း ဖွံ့ဈေးလည်း သင့် ရေး...
16/02/2024

သားသားမီးမီးတို့ရေးချင်ရာရေး ပုံလေးတွေ ဆွဲချင်ရာဆွဲ ပြန်ဖျက်ရာလွယ်ကူ
လက်ချောင်းလည်း သန် ဦးနှောက်လည်း ဖွံ့
ဈေးလည်း သင့်
ရေးဖျက် whiteboard

Price 6000
Order to cb

စာအုပ်၂အုပ်နဲ့ 5%Discount ရရှိသူလေးပါCongratulations 🎉🎉🎉
14/02/2024

စာအုပ်၂အုပ်နဲ့ 5%Discount ရရှိသူလေးပါ
Congratulations 🎉🎉🎉

ဖြုတ်တပ် Puzzle 2yrs+Price 2000Order to cb
10/02/2024

ဖြုတ်တပ် Puzzle 2yrs+
Price 2000
Order to cb

Ngwe Yaung Sin Baby Store(စာအုပ် သင်ထောက်ကူ ကစားစရာ အသုံးအဆောင် အဝတ်အထည်) Pageလေး ပြန်Runမှာမို့ အထိမ်းအမှတ်လေးအဖြစ် စာအ...
07/02/2024

Ngwe Yaung Sin Baby Store
(စာအုပ် သင်ထောက်ကူ ကစားစရာ အသုံးအဆောင် အဝတ်အထည်) Pageလေး ပြန်Runမှာမို့
အထိမ်းအမှတ်လေးအဖြစ် စာအုပ်2အုပ် မဲဖောက်ပေးချင်ပါတယ်နော်

ခု စာအုပ်လေးတွေက မူကြိုဆရာဆရာမတွေပဲဖြစ်ဖြစ် ကလေးငယ်ရှိတဲ့ မိဘပဲဖြစ်ဖြစ် ဆောင်ထားသင့် အရမ်းကောင်းတဲ့စာအုပ်လေးပါနော်

မဲပေါက်တဲ့သူက တစ်ဦးပဲရွေးချယ်ပြီး ၂အုပ်လုံးရမှာပါနော်
စာအုပ်အပြင် တစ်နှစ်တာ 5%Discount ကဒ်လေး ရရှိမှာပါရှင့်
အဲဒီကဒ်က Baby Store အပြင်
Ngwe Yaung Sin For Kids
-Preschool
-English Class
-KG to G4မှာပါ အကျုံးဝင်ပါတယ်ရှင့်

1.Pageလေးကို Like and Shareလုပ်ပေးပါ
2.Shareထားတဲ့postလေး ssရိုက်ပြီး ခုpostအောက်မှာ မန့်ပေးနော်

13/2/2024ည 9နာရီ မဲဖောက်ပေးမယ်နော်

Keychain ဘိုမရုပ်လေး 5000ကျပ်Order to cb
07/02/2024

Keychain ဘိုမရုပ်လေး 5000ကျပ်
Order to cb

Customer ကို ဝယ်ဝယ်မဝယ်ဝယ် လေးလေးစားစား ဆက်ဆံပါ။ လွန်ခဲ့တဲ့ ၂၄ နှစ် ၁၉၉၆ ခုနှစ်တုန်းက ကျွန်နော်က လခစား ဝန်ထမ်း တစ်ယောက်ပ...
20/09/2023

Customer ကို ဝယ်ဝယ်မဝယ်ဝယ် လေးလေးစားစား ဆက်ဆံပါ။

လွန်ခဲ့တဲ့ ၂၄ နှစ် ၁၉၉၆ ခုနှစ်တုန်းက ကျွန်နော်က လခစား ဝန်ထမ်း တစ်ယောက်ပါ။ တစ်နေ့ ကြုံလို့ Trader Hotel အခု Sule Shangri La Hotel အောက်မှာ ဖွင့်ထားတဲ့ Omega showroom ကို မဝံ့မရဲ လေးနှင့် ဝင်ကြည့်ခဲ့တယ်။ James bond မင်းသားပတ်တဲ့ နာရီကို သဘောကျလို့၊

အဲဒီက အရောင်းကောင် မလေးက ကိုယ်နှင့် အသက် မတိမ်းမယိမ်း ၂၀ ကျော် လောက်ပါဘဲ၊ ကိုယ့်လို မဝယ်နိုင်မှန်း သိတဲ့လူတစ်ယောက်ကို omega နာရီ model တစ်မျိုးပြီးတစ်မျိုး ကို စိတ်ရှည် လက်ရှည် ရှင်းပြပေးတော့ တော်တော် အံ့ဩမိပါတယ်။

ကိုယ်က မနေနိုင်လို့ မေး လိုက်တယ် "ကျွန်တော် မဝယ်နိုင်မှန်းသိရဲ့သားနှင့် ဘာကြောင့် ဒီလောက် တောင်ရှင်းပြရတာလဲ"

သူက ပြုံးပြုံးလေး ပြန်ဖြေ တယ်၊ " အခု မဝယ်နိုင်ရင် လည်း နောင်တစ်ချိန် ဝယ်နိုင်တဲ့ အခါကြတော့ စဉ်းစားလို့ရတာပေါ့တဲ့။ ဒါ အပြင် တခြားဝယ်မယ့် သူတွေကိုလည်းပြန်ပြောလို့ရတာပေါ့တဲ့"

ကျွန်တော် အဲဒီစကားလေးကို ဘယ်တော့မှမမေ့ဘူး။ နောက် ၁၂ နှစ် အကြာ ၂၀၀၈ ခုနှစ်က Singapore ရောက်တုန်း ပထမဦးဆုံး နာရီအကောင်းစားလေးတစ်လုံး ပတ်မယ်လို့ လိုက်ကြည့်ရင်းနှင့် Omega ကိုဘဲ ရွေးဖြစ်သွားတယ်။ အခုထိလည်း ကြုံရင် ပတ်နေတုန်းပါ။

၁၉၉၆ ခုနှစ် က အဲဒီ အရောင်းကောင်မလေးသာ ကိုယ့်ကို မတူသလို မတန်သလို ဆက်ဆံခဲ့ရင် ကျွန်တော် လည်း Omega နာရီဝယ်ဖြစ်မှာ မဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က အရောင်းသမား တစ်ယောက်ပါ။ လွန်ခဲ့ ဝန်ထမ်းဘဝ တုန်းက တွေ့ခဲ့ တစ်ချို့ customers တွေ က အခု ကျွန်တော်ရဲ့ services တွေ အားပေးတဲ့ loyal customers တွေပါ။

ကိုယ်ရဲ့ ဖောက်သည် ကို ရေတို မကြည့်ဘဲ တစ်သက်လုံ ရေရှည် customers ဖြစ် အောင် ရောင်းနိုင် ပြီး တစ်ချိန်မှာ ကိုယ်ပိုင် စီးပွားရေးမှာ အောင်မြင်တဲ့ လူငယ်တွေ ဖြစ်ကြပါစေ။

Credit-

Memories 2020

မူကြိုအရွယ် ပိုင်ဆိုင်ထားတဲ့ မိဘများအတွက် အချိန်ရရင် ဖတ်စေချင်ပါတယ်နော် ECCD and Child Psychology Part 1ECCDအရဆို ကလေးတွ...
11/09/2023

မူကြိုအရွယ် ပိုင်ဆိုင်ထားတဲ့ မိဘများအတွက် အချိန်ရရင် ဖတ်စေချင်ပါတယ်နော်

ECCD and Child Psychology Part 1

ECCDအရဆို ကလေးတွေက ၃နှစ်မှ ၇နှစ်လောက်ထိ ဖွံ့ဖြိုးမှု အားအကောင်းဆုံးအချိန်ဖြစ်တယ် ဒါကြောင့် ဒီအချိန်မှာ ကလေးတွေကို မူကြိုပို့သင့်ပါတယ်ရှင့်
မူကြိုဆိုသည်မှာလည်း စာချည်းပဲမဟုတ် ကစားရင်းနဲ့ လွတ်လပ်စွာ သင်ယူရမှာဖြစ်ပါတယ်ရှင့် မူကြိုအရွယ်မှာ စာရေး စာရွတ်ပဲမဟုတ်ပဲ ကလေးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်စွာ တွေးခေါ်မှုတွေ ဖန်တီးမှုတွေ လုပ်ဆောင်ချက်တွေ ဖော်ထုတ်ပြီး ခွင့်ပြုပေးရမဲ့ အရွယ်ပါရှင့်
ကလေးရဲ့ ဖွံ့ဖြိုးမှုအ‌ေပါ် မူတည်ပြီး မလုပ်ဆောင်ပေးပဲ အရာရာအတိုင်းတိုင်းကို အတင်းအကျပ်လုပ်ဆောင်မှုသည် ကလေးအတွက် ဖွံ့ဖြိုးမှုနည်းစေပါတယ်ရှင့်
ဒါကြောင့်မို့ ကလေးတွေရဲ့ စိတ် အတွေး ဖန်တီးမှုကို ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားရပါ့မယ်ရှင့်

ဖြေရှင်းခြင်း

ပြဿနာတစ်ခုခုဖြစ်တဲ့အခါ(ဥပမာ- လိုချင်တာပူဆာခြင်း) ရိုက်နှက်ခြင်း အလွန်အမင်းဆူခြင်းမပြုပဲ ကလေးတွေရဲ့ ရှင်းပြချက်တွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပြီးမှ ကိုယ်ရဲ့အမြင် အမှန်တရားကို နားဝင်အောင်ပြောပြပေးရင် ကလေးတွေအတွက် ပိုထိရောက်ပါတယ်ရှင့်

အပြောအဆိုအပြုအမူ

ကလေးတွေရဲ့ ရှေ့မှာ လူကြီးများအနေအဖြင့် အပြောအဆိုအပြုအမှု အနေအထိုင် ဆင်ခြင်သင့်ပါတယ်ရှင့် ဒီအရွယ်ဆိုသည်မှာ မြင်ရာကြားရာ အကုန်အတုယူ လိုက်တုပတတ်ပါတယ်ရှင့် ကလေးဆိုတော့ ကောင်းတာဆိုးတာ မသိတာမို့ပါ လူကြီးများကသာ သတိလေးဆင်ခြင်စေရန် အကြံပြုပါတယ်ရှင့်

ချီးမွမ်းခြင်း

ကလေးတွေအားလုံးသည် လူကြီးတွေလိုပဲ ချီးမွမ်းတာကြိုက်ကြပါတယ်ရှင့်
တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးရှင့် သူတို့ရဲ့အောင်မြင်မှုကို လုပ်နိုင်စွမ်းကို အသိအမှတ်ပြု ပေးရပါ့မယ်ရှင့်

စူးစမ်းလိုစိတ်

ဒီအရွယ်မှာ စူးစမ်းလိုစိတ်အရမ်းများတယ် အသစ်သစ်တွေကို စိတ်ဝင်စားတယ်
ဟိုဟာလေးက ဘာလေးလဲ ဘာအရောင်လဲ ဒီဟာလေးကရော ‌ဘာလေးလဲ ဆိုပြီး အမွှေစိန်လုပ်တတ်တယ်နော်
ဒါလေးတွေ နားလည်ပေးပြီး ခွင့်ပြုသင့်ပါတယ်ရှင့်

ပျင်းရိလွယ် ပြောင်းလဲလွယ်

ကလေးတွေက စိတ်ပြောင်းလဲပြန် ပျင်းရိလွယ်တယ်
သေနတ်လေး‌နဲ့ကစားနေရင်း ၅မိနစ်မကြာဘူး အရောင်ခြယ်တာဘက် ရောက်သွားချင်ရောက်သွားမယ်ပေါ့နော် ဒါမျိုးလေးတွေ နားလည်ပြီး သူတို့လိုတာလေး ကိုယ်တတ်နိုင်သလောက် လုပ်ပေးသင့်ပါတယ်

ကစားစရာတွေ သင်ထောက်ကူ စာရွက်တွေ ကတ်ကြေးညှပ် ဖြတ်ဆက်လုပ်‌တာတွေကို အပိုကုန်တယ်မမြင်ပါနဲ့နော်
လူကြီး‌ေတွအမြင်မှာ ဖျက်စီးတယ်မြင်တတ်ကြတယ်နော် ဒါပေမဲ့ သူတို့က သင်ယူနေတာပါရှင့်

အာရုံစိုက်ခြင်း

အားတဲ့အခါ ကလေးတွေကို အာရုံစိုက်ပြီး စကားပြောပေး သူတို့ဖြစ်ချင် စားချင်တာလေးတွေ မေးမြန်းပြီး တတ်နိုင်‌သလောက် လုပ်ပေးစေချင်ပါတယ် ဒီလိုလုပ်ပေးချင်ဖြင့် ကလေးက သူတို့ကို တကယ်ချစ်ပါလား ဒီလူက သူတို့အပေါ် ညှာတယ် ဂရုစိုက်တယ် ဒါတွေမှတဆင့် ကလေးတွေရဲ့စကားပြောတဲ့အခါ သေချာနားထောင်ပေးခြင်းဖြင့် ကလေးတွေရဲ့ အရေးပါတဲ့သူ ဖြစ်လာနိုင်ပါတယ်

ကတိလွယ်လွယ်မပေးပါနဲ့

ဒါနဲ့ မလုပ်ပေးနိုင်တဲ့အရာတွေဆိုရင်တော့ ကလေးတွေကို ကတိမပေးစေချင်ဘူးပေါ့နော်
မလုပ်ပေးနိုင် မဝယ်ပေးနိုင်ပဲ လုပ်ပေးမယ် ဝယိပေးမယ် ပြောထားပြီး မလုပ်ပေးနိုင်တဲ့အခါကျ ကလေးတွေက ဒီလူက လိမ်တယ် မရိုးသားဘူး ငါတို့လည်း ဒီလူအပေါ် လေးစားစရာမလို သူ့စကားနားထောင်စရာမလိုဘူး ကလေးအတွေး မှတ်ပြီး နောက်အခါ ပြောရခက် ကလေးတွေဖြစ်လာမှာပါရှင့်
ဒါကြောင့်မို့ လူကြီးတွေကလည်း ကလေးတွေဆိုပြီး လွယ်လွယ်ပြောတာရှောင်ပြီး သေချာမှသာ ကတိပေးပါရှင့်

အလုပ်တာဝန်နှင့် မျှဝေတတ်မှု

ကလေးအရွယ်ကတည်းက သူတို့ရဲ့တာဝန်လေးတွေ ပြောပြသင်ပေးထားဖို့လိုပါတယ်ရှင့်
ကစားပြီးရင် ကစားစရာလေးတွေ သိမ်းတတ်ဖို့
မျက်နှာသစ် သွားတိုက်တာလေးတွေ
ကလေးတွေ လုပ်နိုင်တဲ့အသေးအမွှားလေးတွေ သင်ပေးရပါ့မယ်ရှင့်

ကလေးတွေအများစုက အိမ်မှာ အလိုလိုက်မှုလေးတွေကြောင့် မျှဝေမှု ကိုယ်ချင်းစာမှုလေးတွေ နည်းတတ်ကြပါတယ်ရှင့်
ဒါလေးတွေကိုလည်း နမူနာလေးတွေ သာဓကလေးတွေနဲ့ စကားချိုချိုဖြင့် ပြောပြသင့်ပါတယ်နော်

Address

Khwarnyo 1 Street, Htawonbel Ward, North Okkalapa
Yangon

Telephone

+959441498522

Website

Alerts

Be the first to know and let us send you an email when Ngwe Yaung Sin Baby Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ngwe Yaung Sin Baby Store:

Share