02/11/2022
မိန်းမသား တစ်ဦး၏ ရင်ဖွင့်သံ
မဂ်လာပါ လို့နှုတ်ဆက်မဲ့အစား
နင်ဝလာတယ်နော် ပိန်လာတယ်နော်ဆိုပြီး
အမှုမဲ့ အမှတ်မဲ့ ပြောကြပေမယ့် နှုတ်ကြောင့်စာသေကနေ နှုတ်ကြောင့် လူသေဆိုတဲ့ ဝေါဟာရက ပိုမိုပီပြင်လာပါတယ်။
ကျွန်မတို့ အတွင်းစိတ်က နုနယ်ပြီး ထိခိုက်သိပ်လွယ်တာ ။အဖြူစင်ဆုံး စိတ်ထားကလေး ပိုင်ဆိုင်ထားရတဲ့ အမျိုးသမီးကို ဝလာတယ် ပိန်လာတယ် စတဲ့ ပြောဆို ခေါ်ဝေါ်ခြင်းက ပြောပါများ နှုတ်ကျိုး ဖြစ်လာခြင်းကို Rhy ကတော့ သိပ် သဘောမကျဘူး။
မိန်းမသားတိုင်းရဲ့ ဖြစ်တည်မှုက
ဖြူစင်သလို အပြစ်လည်းကင်းတယ်။
အထူးသဖြင့် ခန္ဓာကိုယ် ရဲ့ အစိတ်ပိုင်းဟာ ပိုလို့တောင် အပြစ်ကင်းတယ်။
ပိန်သည်ဖြစ်စေ ဝသည်ဖြစ်စေ
အိမ်ထောင်သည် ဖြစ်စေ အကုန်လုံးဟာ
အလှသရဖူ ဆောင်းထားတဲ့ အရဲရင့်ဆုံး အမျိုးသမီးတွေ။ လက်ဖဝါးနုနု လေးကနေ ကမ္ဘာကြီးရဲ့ ဖြစ်တည်မှုကို ပုံဖော် ဆေးခြယ်ပေးခဲ့တဲ့ အာဂအမျိုးသမီးထုတွေ။
ဒါကြောင့်မို့ body shaming လုပ်လာရင်
စိတ်အားငယ်စရာ မလိုဘဲ ကိုယ်တိုင်က အလှသရဖူ ဆောင်းပြီးသားမို့ အများအလယ်မှာ ရဲဝင့်စွာ ပျံသန်းဖို့ တိုက်တွန်းပါရစေ ချစ်ရတဲ့ ပျိုမဒီတို့ရေ။
ကဲ အမျိုးသမီး တစ်ဦးမှ အမျိုးသမီးများထံသို့ပေးစာပေါ့ရှင်။
RHY
01.11.2022
ပိန်မှလှတာဟုတ်ဖူး
ဝ လည်း လှပါတယ်
အပျို မှ မိုက်တာ မဟုတ်ဖူး
မေမေဖြစ်သွားလည်း မိုက်အောင်နေလို့ရပါတယ်
ငယ်မှ ပျော်ရွှင်အောင် နေရတာ ဟုတ်ဖူး
သုံးဆယ်ကျော်လည်း ကိုယ်ပျော်ရွှင်ရာ ရွေးချယ်လို့ရပါတယ်
b
Every women is Special
You are the most beautiful, gorgeous creatures in the whole world. And I think that you are gorgeous no matter what size we are ❤️❤️
Rhy
Plus size body positive motivated influencer
https://www.facebook.com/100kg574