Casper Vintage Clothing

Casper Vintage Clothing Vintage Fashion For Everyone

⚡vintage အကြောင်းတစေ့တစောင်း ⚡(ဘေကို စျေးပေါတယ် ရှက်စရာလို့ထင်မြင်သောလူများဖတ်ရန်မလိုပါ )🔺Vintage ဆိုရင် မြန်မာအခေါ်ဝေါ်...
26/01/2022

⚡vintage အကြောင်းတစေ့တစောင်း ⚡

(ဘေကို စျေးပေါတယ် ရှက်စရာလို့ထင်မြင်သောလူများဖတ်ရန်မလိုပါ )

🔺Vintage ဆိုရင် မြန်မာအခေါ်ဝေါ် ဘေ(bale) လို့အလွယ်တကူ သတ်မှတ်ကျပါတယ် ။used clothing (thrift clothing) လို့တနည်းအားဖြင့် ခေါ်နိင်ပါသေးတယ် ။ ကိုရွှေမြန်မာတွေကတော့ ဘေလို့ပဲ ခေါ်ကြပါတယ် ။(" vintage is call ဘေ ”လိုတော့မသတ်ကြပါနဲ့ဗျ) ဘေတိုင်းက vintageမဟုတ်ပါဘူး ။ ဘေထုတ်ကဘေထုတ်ပါပဲ ❗❗

🔺Thrift clothing "Bale” ဘေဆိုတာ English အခေါ်အဝေါ်ဖြစ်ပြီး အထုတ်တစ်ခုထုတ်ပိုးထားတယ်လို့ သတ်မှတ်လို့ရပါတယ်။ thrift တွေကို ထိုင်း/အင်ဒို /ဂျပန်/ကိုရီးယားဘက်က လာတဲ့အထည်တော်တော်များပါတယ် ။ Fashion sense ကောင်းရင်ကောင်းသလို ဘေထုတ်တွေထဲ က အရည်သွေးကောင်းတဲ့ Authentic အထည်တွေဘေထုတ်တွေထဲ စျေးသက်သက်သာသာရနိင်ပါတယ်။

(Vintage နဲ့ ဘေ ကလည်း ကွဲပြားမူရှိပါတယ်)

🔺Vintage က လွယ်လွယ်ပြောရရင်ရှေးဟောင်းပစ္စည်း တစ်ခု လိုပါပဲ 80/90s ပတ်ဝန်းကျင်ကအထည်တွေ ယခု ကာလ တစ်ခုနဲ့ဆို သက်တမ်း၂၀ကျော်လောက်ကအထည်တွေ vintage လို့သတ်မှတ်နိင်ပါတယ် ။ vintage အထည်တိုင်း သူရဲ့ ချုပ်ရိုးချုပ်သား/painting style တွေအပြင် သူရဲ့ ကိုယ်ပိုင် Original Quality သီးသန့်ရှိပါတယ် ။ ဘာလို့လည်းဆိုတော့ သက်တန်း ၂၀
ကျော်တာတောင် အသစ်နီးပါးရှိနေတာကိုးက vintage တစ်ထည်ရဲ့ အားသာချက်တစ်ခုပါပဲ။
(Vintage ကိုတော့ vintage စျေးနဲ့ပဲရမှာပါ )
Vintage တတစ်ထည်က အပေါက်အစွန်းအထင်း တွေများသောအားဖြင့်ပါတက်ပါတယ် ဒါကိုစုတ်တယ် လို့သတ်မှတ်လို့မရပါဘူး ။ ဟောင်းနွမ်းတာကိုမှာ vintage အထှာဖြစ်ပါတယ် ။တကယ့်တန်ဖိုးထားတဲ့လူအတွက်တော့ vintage tee တစ်ထည်ရွှေထက်ကိုတန်ဖိုးထားကြပါတယ် ။ အဲ့တာကြောင့် Europe နိင်ငံ တချိို့ vintageအထည်တွေ စျေးကြီးပေးဝယ်ကြသလို တန်ဖိုးလည်းထားကြပါတယ် ။
Reporduction လုပ်ထားတဲ့အထည်တွေကလည်းvintage မဟုတ်ပါဘူး( အလွယ်ပြောရရင် vintage အထှာ အပေါက်အပြဲတွေ ကိုဒီဘက်ခေတ်အနေနဲ့ပြန်ထုတ်လုပ်ထားမျိုးတွေ / အရင်ကခုနစ်ကိုဒီဘက်ခေတ်အနေနဲ့ ပြန်ထုတ်လုပ်တာမျိုးတွေ ကို reproductionလုပ်တယ်လို့ခေါ်ပါတယ်)vintage ကို local မှာအနိမ့်ဆုံးပေါက်စျေး
(30000/40000)လောက်ရှိပါတယ်။ sellerတွေပေါ်မူတည်ပြီးစျေးတော့ကွဲပြားနိင်ပါတယ်။

🔺Resell ဆိုတာကတော့ ဘေထုတ် အထည်တွေထဲကမှာ Branded အထည်တွေ (ဂေါင်ထည်)တွေကိုသီးသန့်ပြန်ရွေးပြီးရောင်းတာကို Resell လို့ခေါ်ပါတယ် ။

ဥပမာ carhartt တစ်ထည်ကို ၅၀၀၀ရဝယ်လိုက်တယ် ဆိုပါတော့ (သူရဲ့ quality / သူရဲ့သမိုင်းတစ်ခုပြီးတော့ branded တစ်ခုတန်ဖိုး ထောင့်စေ့လေ့လာထားတာမို့ )ဒီ barnd ရဲ့ ထုတ်ခဲ့တဲ့ 80/90s ခုနှစ်တွေထုတ်ခဲ့တာတွေ /limitedအနေနဲ့လည်းသိထားတဲ့အချက်ရယ် Resell market နဲ့ international websites ‌‌ပေါက်စျေး dollar $100/200ပေါက်စျေးတွေသိထားလို့ ၅၀၀၀ တန်ပစ္စည်းကို ၁၅၀၀၀ ပြန်ရောင်းတာကို Resell လုပ်တယ်လို့ ခေါ်ပါတယ် (ဒါကိုမှာ၅၀၀၀တန်၁၅၀၀၀ပြန်ရောင်းလို့ ဂျင်းထည့်တယ်လို့ပြောလို့မရပါဘူး)ကျတော်တို့တွေလည်းဘေထုတ်တွေထဲကမှတစ်ထည်ပြီးတစ်ထည်ရှာယူပြီးရောင်းရတာပါ။အထည်ကောင်း တစ်ခုရဖို့မလွယ်ပါဘူး ။ကိုယ်တွေလည်း online က နေကိုယ်ကြိုက်တဲ့အထည်အလုအယှက်ဝယ်ရင်း ကိုယ်ကြိုက်တဲ့အထည် သူများဆီပါသွားလို့ ပြန်ဝယ်ရရင်ဝယ်သူပြောတဲ့စျေးတိုင်းပြန်ဝယ်ရတာပါ ။ကြိုက်ရောင်းကြိုက်ဝယ်သဘောမျိုးပေ့ါဗျ ။

🔺Trade တယ်ဆိုတာ အထည်တစ်ခုနဲ့တစ်ခုဖလှယ်တဲ့သဘောမျိုးကို tradeတယ်လို့ခေါ်ပါတယ်။

ဥပမာ ကျတော်ဆီမှာThe beatles vintage tee တထည်နဲ့ ခဗျားဆီက Queen vintage tee တစ်ထည်လဲတယ်ဆိုပါတော့ ဒါပေမဲ့ကျတော်ရဲ့ အထည်က colour/ tag/ condition မိုက်လို့ တစ်သောင်း အလိုက်ပေးရမယ်ဆို ပြီး dealလုပ်တယ် ။
ခဗျားအနေနဲ့ သဘောတူတယ် ဒါမျိုး tradeတယ်လို့ခေါ်ပါတယ် ။

Rsell market တွေ Thrift store တွေ Trade market တွေ vintage store တွေပေါများလာတာ ကျတော်တို့အနေနဲ့အဆိုးထဲက အကောင်းလို့ ပြောရမှာဘဲ ။
ကိုယ်ရဲ့ knowledge နဲ့ vintage အထှာ Fashionတွေဖြုတ်နိင်သလို အပိုဝင်ငွေအနေနဲ့လည်းရှာနိင်ပါ‌ေသးတယ်။နောက်ဆို လူငယ်အချင်းချင်း တွေ့တဲ့အခါဝတ်ထားတဲ့ Tee တွေ pants လှမ်းရိုးတဲ့အထှာတွေ တစ်ယောက်နဲ့ တစ်ယောက်ကြွယ်တာမျိုးဆိုပိုမိုက် မှာဗျ။ ဘေထုတ်ကရှက်စရာလိုမြင်တဲ့အယူအဆနဲ့အတူ vinatage fashion တွေခေတ်အစားလာတာနဲ့ အမျှအမြင်တွေပြောင်းလဲလာတာကဝမ်းသာစရာတစ်ခုပါပဲဗျ 🌈 အဆိုတော် Macklemore တောင် Thriftဘေထုတ် နိူတ်တဲ့အကြောင်းတောင် သီချင်းစက်ဆိုထားပါသေးတယ် အဲ့သီချင်း ရဲ့ song title ကို"thrift shop”လို့တောင်အမည်ပေးထားပါသေးတယ်။ နားမထောင်ဖူးသေးရင် နားထောင်ဖို့အကြံပေးလိုက်ပရစေ ဗျ ။
နားထောင်ရန် link👇
https://youtu.be/QK8mJJJvaes

(မှတ်ချက်_ စာသားများကိုကိုးကားထားပါသည်)

အောက်မှာ ပြပေးထားတဲ့ photo တွေကျတော်အကြိုက်အဆုံး ဘဲကြီး Sean wotherspoon ရဲ့ Round Two Vintage shop ကပုံတစ်ချို့ဖြစ်ပါတယ်⚠️

Crd
Crd

ဒီဇိုင်း ဆန်းဆန်းလေးတွေ နဲ့ ဈေးနှုန်းတန်တန်လေးတွေ ဝတ်ချင်တဲ့ ချစ်တို့အတွက် မင်မင်တို့ Casper Vintage Clothing ကနေ အလှဆုံ...
16/01/2022

ဒီဇိုင်း ဆန်းဆန်းလေးတွေ နဲ့ ဈေးနှုန်းတန်တန်လေးတွေ ဝတ်ချင်တဲ့ ချစ်တို့အတွက် မင်မင်တို့ Casper Vintage Clothing ကနေ အလှဆုံး ဒီဇိုင်းများကို ရောင်းချပေးနေပီ ဖြစ်လို့ အမြန်ဆုံးသာ လှမ်းလာခဲ့တော့နော့်

ဆိုင်လိပ်စာလေးကတော့
အမှတ် ၁၀ ပုညဝတ္ထနလမ်း တာမွေကျောက်မြောင်း
အသောကမှတ်တိုင်အနီး
ဖုန်းနံပါတ်-09764451036
09975447036
သို့လဲ ဆက်သွယ်မှာယူနိုင်ပါတယ်
မြို့တွင်း Customer များအနေနဲ့ Cash on deliver
အနေဖြင့် ဝယ်ယူ အားပေးနိုင်ပါတယ် ရှင့်🥰

မင်မင့်ကို လာကြည့်ကြပါအုန်း 😂
10/01/2022

မင်မင့်ကို လာကြည့်ကြပါအုန်း 😂

မကြောက်ပါနဲ့ မင်မင် ဖက်ထားပေးပါ့မယ် ရဲရဲသာ ဝယ်လိုက်ပါ😁
07/01/2022

မကြောက်ပါနဲ့ မင်မင် ဖက်ထားပေးပါ့မယ် ရဲ
ရဲသာ ဝယ်လိုက်ပါ😁

ဘေထုတ်အကြောင်း တစေ့တစောင်းThrifing အကြောင်းမပြောခင် အရင်ပြောချင်တာက thrift clothes တိုင်းဟာ vintageမဟုတ်ပါဘူး ဒါဆိုvinta...
04/01/2022

ဘေထုတ်အကြောင်း တစေ့တစောင်း
Thrifing အကြောင်းမပြောခင် အရင်ပြောချင်တာက thrift clothes တိုင်းဟာ vintageမဟုတ်ပါဘူး

ဒါဆိုvintageဆိုတာဘာလဲ

Vintage ဆိုတာကေတာ့ ၁၀စုနှစ်နှစ်ခုလောက်ကြာသွားပြီဖစ်တဲ့ အရာတေကိုပြောတာဖစ်ပါတယ်
Vintageဟာ အဝတ်စားတစ်ခုထဲမဟုတ်ပါဘူး အကုန်ပါပါတယ်

ဒါကြောင့် thrift တော့မယ်ဆို target ထားပြီး thriftဖို့လိုပါတယ်

Brandလား/Vintageလား/Budgetလား ဆိုတာတေကိုသိဖို့လိုပါတယ်

Brand thrifting
~~~~~~~~~

Brand thriftမယ်ဆိုရင် ပစ္စည်းရဲ့label tagတေ bar codeတေ ထုတ်လုပ်ခဲ့တဲ့ခုနှစ်တေနဲ့ အရည်အသွေးတေပေါ်မူတည်ပြီး ဈေးတေကွာသွားပါတယ် baleကလဲဈေးကြီးလိုက်တာဆိုရင်တော့မဝယ်ပါနဲ့ အပြင်မှာအသစ်တိုင်းသွားဝယ်ပါ အဲ့ထက် အဆပေါင်းများစွာဈေးကြီးပါတယ်

Vintage thrifting
~~~~~~~~~~

Vintage thriftလုပ်မယ်ဆို ရင် ပထမဆုံးအရေးကြီးတာက ပစ္စည်းအနာအစာတေကိုလက်ခံနိုင်ရပါမယ် vintageဆိုသည့်အလျှောက် ထုတ်လုပ်တဲ့ခုနှစ်ဟာ အနည်းဆုံး၂၀ဝန်းကျင်မှာရှိနေပါပြီ graphic teeတေတော်တော်များများမှာကြုံရတာက အရောင်လွင့်တာ/အစွန်းပါတာတေရှိနေတက်ပါတယ်
Vintage မွာ morden vintageဆိုပြီးရှိပါသေးတယ် အရင်ပုံစံတွေကိုနောက်ပိုင်းမှပြန်လည်ထုတ်လုပ်လာတာတေကို morden vintageလို့ဆိုနိုင်ပါတယ်

thriftထဲမှာဈေးအကြီးဆုံးက vintageတေပါပဲ မြန်မာနိုင်ငံမှာကခေတ်စားလာစမို့ vintageအထည်တေကိုဈေးများနေရင်ဈေးကြီးတယ်လို့မြင်ကြပေမဲ့ interမှာဆိုရင် အလိုက်ပေးပြီးဝယ်တဲ့လူတေတောင်ရှိပါတယ်

budget thrifting
~~~~~~~~~

ဒါကတော့မြန်မာနိုင်ငံနဲ့ အကိုက္ဆုံး thriftလုပ်နည်းပါ ပေါတာလေးမှလိုချင်တယ်ဆိုတဲ့လူတေအတွက်ကတော့ budget thriftလုပ်ပါ balesအတွက် whole saleရောင်းတဲ့ companyတေသက်သက်ပေါပေါနဲ့ထုတ်ထားတဲ့အရာတေပါ သူ့အားသာချက်ကတော့ အရည်အသွေးကောင်းပါတယ် ဝတ်ပျော်ပါတယ် အနာစာနည်းပါတယ်

crd to OP

ဒီဇိုင်း ဆန်းဆန်းလေးတွေ နဲ့ ဈေးနှုန်းတန်တန်လေူတွေ ဝတ်ချင်တဲ့ ချစ်တို့အတွက် မင်မင်တို့ Casper Vintage Clothing ကနေ အလှဆုံ...
04/01/2022

ဒီဇိုင်း ဆန်းဆန်းလေးတွေ နဲ့ ဈေးနှုန်းတန်တန်လေူတွေ ဝတ်ချင်တဲ့ ချစ်တို့အတွက် မင်မင်တို့ Casper Vintage Clothing ကနေ အလှဆုံး ဒီဇိုင်းများကို ရောင်းချပေးနေပီ ဖြစ်လို့ အမြန်ဆုံးသာ လှမ်းလာခဲ့တော့နော့်

ဆိုင်လိပ်စာလေးကတော့
အမှတ် ၁၀ ပုညဝတ္ထနလမ်း တာမွေကျောက်မြောင်း
အသောကမှတ်တိုင်အနီး
ဖုန်းနံပါတ်-09764451036
09975447036
သို့လဲ ဆက်သွယ်မှာယူနိုင်ပါတယ်
မြို့တွင်း Customer များအနေနဲ့ Cash on deliver
အနေဖြင့် ဝယ်ယူ အားပေးနိုင်ပါတယ် ရှင့်🥰

Address

No, 10 Pon Nya Wutthtana Street
Yangon
11211

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959975447036

Website

Alerts

Be the first to know and let us send you an email when Casper Vintage Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Casper Vintage Clothing:

Share

Category