01/08/2026
ဒီနေ့ Happy National Girlfriend Day တဲ့နော် ☺️
“ Happy National Girlfriend Day ပါ “
အမျိုးသမီးလေးတွေအားလုံး
လူစိတ်ရှိတဲ့သူမျိုးနဲ့တွေ့ပြီး အချစ်ခံရပါစေ
ကော်ဖီလို ခါးသက်လွန်းတဲ့နေ့တွေမှာတောင်
မင်းကို သကြား တစ်ဇွန်းပြီး တစ်ဇွန်း
အချိုဓာတ် ထည့်ပေးတတ်တဲ့ သူမျိုးနဲ့တွေ့ရပါစေ
ပူလောင်ခြင်းနဲ့ ချုပ်ချယ်ခြင်းတွေကင်းဝေးပြီး
စိတ်လွတ်လက်လွတ် အပူအပင်မရှိရတဲ့
အချစ်မျိုးလေး ပိုင်ဆိုင်ကြပါစေ
မျက်နှာမြင်ရုံနဲ့ ချစ်ခင်ပြီး
အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ..
—
#𝑌𝑒𝑖𝑘