30/09/2021
*မာလာရေစင် ကပ်လှူ နည်း
==================
*နှစ်သက်ရာ ပန်းပွင့် ပန်းရွက် များကို ရေဆေးပါ။
*ဖန်ထည် ကြွေထည် မြေထည် စဉ့်အိုး စသဖြင့် bowl ဇလုံ ပန်းကန်လုံး ထဲကို
ပန်းပွင့်များထည့်ပါ။
ရေအေးအေး ဖြည့်ပါ။
*ရေခဲရေ ဖြည့်လျှင် လဲရပါတယ်။
*ပန်းပွင့်များကိုလှပစွာပုံဖော်၍
လှူဒါန်းနိုင်ပါသည်။
*မနက် ည ညနေ ကြိုက်တဲ့အချိန် ကပ်ပါ။
သိုက်နန်းရှင်တွေ အင်မတန်နှစ်သက်သော
မာလာရေစင် ဖြစ်ပါတယ်။
*ဘာကြောင့်လဲဆိုတော့ မမြင်ရသောသူတွေဟာ Char တို့လို လူ ခန္ဓာကိုယ် အမာထည် အကြမ်းစားတွေမဟုတ်ပါဘူး။
*ပျော့ပျောင်းနူးညံ့ပြီး
မွှေးကြိုင်သောအရာတွေနဲ့သာ
အဓိကထား ဆက်သွယ်နိုင်တဲ့သူတွေဖြစ်ပါတယ်။
*ဒါကြောင့်
မာလာရေစင် ကို နှစ်သက်ကြတာဖြစ်ပါတယ်။
*** မာလာရေစင် အသုံးဝင်ပုံ အကျိုးထူးသည့် နည်းလမ်း
*သိကြားရေစင် ဆိုတာ
ပက်ဖြန်းလိုက်ရင် အသက်သေလုမျောပါး
ဖြစ်နေသူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်လို့ ယူဆပါတယ်။
*မာလာရေစင် က တော့
ပျက်စီးဆုံးရှုံးနေတဲ့အရာတွေ
ပြတ်တောက် ပြိုကွဲသွားတဲ့အရာတွေ ကနေ
ပြန်လည်ထူထောင်ဖို့
အဓိဌာန် တည်တဲ့အခါ အသုံးဝင်ပါတယ်။
*မာလာရေစင်ကို
၇ ခွက် ၇ ခါ ကပ်လှူ ပေးရင်
လက်ရှိကြုံနေတဲ့
ပျက်စီးရာ ပျက်စီးကြောင်း ကိစ္စတွေ
ရပ်ဆိုင်းသွားပြီး
အဆင်ပြေချောမွေ့တယ်လို့ ဆိုပါတယ်။
*အရေးအကြီးဆုံးကတော့
မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကို
ကိုယ့်ဘက်က မသိနားမလည်ဘဲ
ပြစ်မှား မိတာ အမှားလုပ်မိတာ ရှိရင်
အပြစ်မယူဖို့ ဝန်ချကန်တော့တဲ့အခါ
အရေးပါတဲ့ လှူ ဖွယ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
*မာလာရေစင်ကပ်သူက
လောဘ မကြီးဖို့ နဲ့
အကျိုးလိုလားလို့ အတင်း ဖြစ်လျှင်ပြီးရော မကပ်ဖို့ လိုပါတယ်။
*မာလာရေစင် ကပ်လှူ တဲ့အခါ
သဒ္ဒါတရား အားဖြည့်လုပ်ဆောင်ပါ။
*ပန်းဝယ်ယူတာကအစ
ချွေယူခင်းကျင်း တဲ့အထိ
ရေဖြည့်တာအဆုံး
ကိုယ့်လက်နဲ့ သဒ္ဒါတရားအားထည့်ပြီး
ပျော်ရွှင်ကြည်နူးစွာ လှူ ဒါန်းပါ။
*မာလာရေစင် ကပ်လှူ တဲ့ အချိန်
*လေပြည်အေးကနဲ တိုက် သွားတာ
*ငှက်မွှေးလေးတွေ ကိုယ့်အနားရောက်လာတာ
*ကိုယ်ကပ်လှူထားတဲ့ပန်းရနံ့ အပြင်
အခြားရနံ့တွေပါ ရ ရှိနေတာ
*သစ်ပင်တွေလေတိုက်လို့
အရွက်ချင်းပွတ်တိုက်သလို အသံတွေ ကြားရတာ
* ရုတ်တရက်တိမ်ထူထူအလိပ်တွေ
ကောင်းကင်မှာ ရာသီဥတုနဲ့ ဆန့်ကျင်ပြီး
ခဏ ပေါ်လာတာ
*လိပ်ပြာလေးတွေ လာနားတာ
*ဒါတွေကြုံလာရ တဲ့အခါ အထူးဝမ်းမြောက်ပါ။ ကိုယ့်လှူဒါန်းမှု ကို အသိအမှတ်ပြုသူတွေ
ထူးခြားစွာ ရှိလို့ပါပဲ။
*မာလာ = ၅+ ၄= ၉ နဝင်း
*ရေစင် = ၈ +၃ = ၁၁ မီး
*၉ နဝင်းအားဖြင့် ၁၁ မီးငြိမ်းစေတာမို့
ယတြာအနေနဲ့ လဲ ဆောင်ရွက်နိုင်ပါတယ်။
ဤသို့ကပ်လှူရသောကြောင့် ကပ်ကြီး(၃)ပါးဘေးအန္တရာယ်မှ (၇)ရက်သားသမီးကင်းဝေးကြပါစေ🙏🏻
မူရင်းရေးသားသူအား
Credit