Lucky Junior Online Mart

Lucky Junior Online Mart baby goods/ children goods/ shoe / accessories

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်း အထွဋ်အမြတ်ထားရတဲ့မြတ်စွာဘုရားရှင် ဗျာဒိတ် ခံယူတော်မူသောနေ့၊ ဖွားမြင်သောနေ့၊ ဘုရားရှင်ဖြစ်တော်...
22/05/2024

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်း အထွဋ်အမြတ်ထားရတဲ့
မြတ်စွာဘုရားရှင် ဗျာဒိတ် ခံယူတော်မူသောနေ့၊
ဖွားမြင်သောနေ့၊ ဘုရားရှင်ဖြစ်တော်မူသောနေ့ နှင့်
ပရိနိဗ္ဗာန်စံသောနေ့ဖြစ်သည့် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ပဲ
ဖြစ်ပါတယ်။

ဒါအပြင် ယခုနေ့ဟာ ဘုရားရှင်ပွင့်တော်မူသော
ဗောဓိညောင်ပင်ကို ရည်မှန်းကာ ဗောဓိပင်များကို
ရေစင်သွန်းလောင်းပြီး ကုသိုလ်ယူကြတဲ့
“ ကဆုန်ညောင်ရေသွန်း ပွဲတော်” နေ့ထူးနေ့မြတ်လည်း
ဖြစ်ပါတယ်။

ယခုလို နေ့ထူးနေ့မြတ်နေ့လေးမှာ အားလုံးပဲ
စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာရှိကြပြီး ရေလိုအေးမြကာ
ပန်းလိုမွှေးပျံ့နိုင်ပြီး အခက်အခဲမှန်သမျှ
ကျော်ဖြတ်နိုင်ကြပါစေကြောင်း ဆန်နှင့်ဆီရောင်းဝယ်ရေး မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်

#ကဆုန်လပြည့်

နှစ်တွေဟာ သင်ခန်းစာနှစ်ခုကိုပဲ သင်ကြားပေးခဲ့ပါတယ်အစဉ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ် Crd မိုဃ်းဇေ...
16/02/2024

နှစ်တွေဟာ
သင်ခန်းစာနှစ်ခုကိုပဲ သင်ကြားပေးခဲ့ပါတယ်
အစဉ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်
ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ်

Crd
မိုဃ်းဇော်

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။စကားကို လက်လွယ်စပယ် မပြောပါနဲ့။ခံစားတတ်တဲ့ ဝေဒနာဆိ...
07/02/2024

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

Crd #သမီးလေးဖတ်ဖို့စာစုများ
__________________________________


#လူငယ်များအတွက့်စာကြည့်တိုက့်

Mango တံဆိပ်အသားကအိအိအေးအေးလေးနဲ့ cutting ကြီးပါတယ်နော် လက်ကျန်ဖြတ် Prices-  17500 ksSize - XS/ S/ M
30/01/2024

Mango တံဆိပ်
အသားကအိအိအေးအေးလေးနဲ့ cutting ကြီးပါတယ်နော်
လက်ကျန်ဖြတ်
Prices- 17500 ks
Size - XS/ S/ M

မိမိဟာ အိမ်ကလေးတစ်လုံးကို အသစ်တစ်ဖန် ဖန်တီးတည်ဆောက်တော့မယ်လို့ မြင်ကြည့်ပါ ဘာဆို ဘာမှ မပြုမပြင်ရသေးတဲ့ အိမ်ကလေးပေါ့ မိမိ...
30/01/2024

မိမိဟာ အိမ်ကလေးတစ်လုံးကို အသစ်တစ်ဖန် ဖန်တီးတည်ဆောက်တော့မယ်လို့ မြင်ကြည့်ပါ
ဘာဆို ဘာမှ မပြုမပြင်ရသေးတဲ့ အိမ်ကလေးပေါ့

မိမိတို့နေမယ့် အိမ်ကလေးဟာ ခေါင်မိုးက ပေါက်နေလား မိုးယိုနိုင်သလား ကြမ်းတွေဆွေးနေလား နံရံတွေ လုံခြုံရဲ့လား တိုင်တွေ ခိုင်ခံ့ရဲ့လား အခန်းတိုင်းက လေဝင်လေထွက် ရှိရဲ့လား နေရောင်ခြည်ကျရောက်မှု ကောင်းရဲ့လား စတာတွေ အရင်ဆုံး စစ်ဆေးကြရတယ် မဟုတ်လား

စစ်ဆေးသုံးသပ်ပြီးတဲ့အခါ ဘယ်နားကို ပြုပြင်ဖို့လိုသလဲ ဘာတွေ ဖြိုချလိုက်ဖို့ လိုတယ် ဘာတွေကတော့ အကောင်းအတိုင်း ရှိနေသေးတယ် ဆိုတာ နားလည်သဘောပေါက်ပြီဆိုရင် ပြုပြင်ဖန်တီးတည်ဆောက်ခြင်း Project လေးကို စတင်ပါတယ်

ဆေးရောင်လှလှလေးသုတ်ပြီးတဲ့နောက် အိမ်ကလေး ရုပ်လုံးပေါ်လာတဲ့အခါ အခွံကြီးသပ်သပ်လည်း နေလို့မရသေးတာကြောင့် အတွင်းပိုင်းကို ဘယ်လိုပစ္စည်းလေးတွေ ထည့်ထားမလဲ စဉ်းစားရွေးချယ်ရပြန်တယ် ဘာပစ္စည်းလေးတွေက ကိုယ့်အတွက် အသုံးတည့်ဆုံး ဖြစ်မလဲ နေ့စဉ်ဘဝမှာ ဘာတွေက အလိုအပ်ဆုံးလဲ ဆိုတာကို စဉ်းစားရပါတယ် လိုအပ်တဲ့ ပစ္စည်းလေးတွေပဲ ရွေးချယ်ပြီး ထည့်လိုက်တဲ့အခါ Minimalism Life style လည်း ဖြစ်စေတယ် အိမ်ရဲ့ နေရာလွတ်တွေလည်း ပိုရှိလာစေတာ ဖြစ်ပါတယ်

ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ကြတဲ့အခါ အိမ်ကလေး တစ်လုံးကိုဖန်တီးသလိုပဲ ဖြစ်ပါတယ်

MTတို့ရဲ့ ကိုယ်ခန္ဓာဟာ အခွံသက်သက် အိမ်ကလေးတစ်လုံးလိုပါပဲ အိမ်ကလေးရဲ့အနာအဆာလေးတွေကို ပြင်ဆင်မွမ်းမံပေးပြီး သုံးလို့မရနိုင်တော့တဲ့ အစိတ်အပိုင်းတွေကို ဖြိုချလိုက်ရပါတယ် ပိုကောင်းတဲ့အရာတွေနဲ့ ပြန်လည်တည်ဆောက်ကြပါတယ်
ကိုယ် ခဏတာ နားခိုရာဖြစ်တဲ့ ဒီအိမ်ကလေးကို စည်းကမ်းရှိရှိ နေထိုင်ပြီး ဂရုစိုက်ကြရတယ်

ဒီအိမ်လေးထဲမှာ ကိုယ်ဟာ ဘယ်လိုပစ္စည်းလေးတွေ ထည့်ထားမလဲဆိုတာ ရွေးချယ်ကြတဲ့အခါ
ချစ်ခြင်းမေတ္တာ မှန်ချပ်လေးတစ်ချပ် ထားချင်ပါတယ် မှန်ကို လာကြည့်သူတိုင်း ချစ်ခြင်းတရားတွေ ရောင်ပြန်ဟပ်စေတဲ့ မှန်ကလေးပေါ့
ပျော်ရွှင်ခြင်း အဝတ်ဗီရိုလေးလည်း ရှိနေမယ် ဗီရိုတံခါး ဖွင့်လိုက်တာနဲ့ ပျော်ရွှင်ခြင်းတွေ လျှံကျလာမယ့် ဗီရိုလေးတစ်လုံး ပေါ့
ကျေးဇူးတရား မွေ့ရာလေးနဲ့ လွပ်လပ်ခြင်းစောင်ကလေးရယ် အရာရာ သိမြင်နိုင်စွမ်းကိုပေးတဲ့ အလင်းဓာတ်မီးအိမ်လေး တစ်လုံးကို ထည့်ထားပြီး အိမ်ကလေးကို အပြင်ကနေ ထွက်ကြည့်လိုက်ပါတယ်

မိမိတို့ ကိုယ်တိုင်တည်ဆောက်ထားကြတဲ့ သိပ်ကို ပြည့်စုံလှပတဲ့ ချစ်စရာ အိမ်ကလေးတစ်လုံးပဲပေါ့

အိမ်ကလေးရဲ့ တန်ဖိုးနဲ့ ကျေးဇူးတရားကို နားလည်တဲ့အခါ ချစ်ခြင်းမေတ္တာ ပြန်ပေးရပါတယ်
ဒါကိုတော့ Self Love လို့ ခေါ်တာဖြစ်ပါတယ်


🌱t.me/mtinwonderland🌱

Cath Kidston factory outlet📦snoppy peanuts collections Zip around wallet Multiple card slots ✅Original price tag €48/ £4...
27/01/2024

Cath Kidston factory outlet📦

snoppy peanuts collections

Zip around wallet Multiple card slots ✅
Original price tag €48/ £40 🏷️

#အဝါလေးကငွေဝင်စေဖို့အရမ်းဆွဲကောင်းတဲ့အရောင်လေးမို့တစ်လုံးလောက်တော့ဆောင်ထားသင့်တယ်နော်

📐 Size --19.5 cm
💸 Price --25000
☎️ Viber --09420741294

အပြင်ပုံများသာ ရိုက်ရောင်းတာမို့ Quality ကတော့ As photo နော်💯💯

ပစ္စည်းများအား Orderတင်တာနှင့် တန်းဖယ်တာဖြစ်သောကြောင့် Cancelခြင်း လဲလှယ်ခြင်း လုံးဝ လုံးဝ မရတာမို့ Size Colour များအား သေချာပီဆိုမှ Confirm လုပ်ပေးခြင်းဖြင့် ကူညီပါရှင့်😍😍

👧 K.i.a.b.i ဂါဝန်လှလှလေး အသစ်ဝင်ပါတယ်ရှင် 👧 #လက်လီလက္ကားမှာယူအားပေးလို့ ရပါတယ်ရှင့် 💸 Price - 7500 Kyats 📏 Size - 1M, 3M...
24/01/2024

👧 K.i.a.b.i ဂါဝန်လှလှလေး အသစ်ဝင်ပါတယ်ရှင် 👧
#လက်လီလက္ကားမှာယူအားပေးလို့ ရပါတယ်ရှင့်

💸 Price - 7500 Kyats
📏 Size - 1M, 3M, 6M, 9M, 12M, 18M, 24M,36M

📏 အထည်အတိိုင်းလေးပါရှင် 📏

1M - ပခုံး8"/ရင်9"/အရှည်11.5"/လက်ရှည်7.5"
3M - ပခုံး 8.5"/ရင် 9"/အရှည် 12.5"/လက်ရှည် 8"
6M - ပခုံး 9"/ရင်9.5"/အရှည်15"/လက်ရှည် 9"
9M - ပခုံး 9"/ရင် 10"/အရှည် 16"/လက်ရှည် 9"
12M - ပခုံး 9"/ရင် 10.5"/အရှည် 16.5"/လက်ရှည် 10" 18M - ပခုံး10"/ရင် 11"/အရှည် 18"/လက်ရှည် 10"
24M - ပခုံး 10.5"/ရင် 11.5"/အရှည် 19"/လက်ရှည် 11"
36M - ပခုံး10.5"/ရင်12"/အရှည် 20.5"/လက်ရှည် 12.5"

📥 ကြိုက်နှစ်သက်လို့ မှာယူလိုပါက အောက်ပါလင့်ကို နှိပ်ပီး
1️⃣ မှာယူလိုသည့်အရေအတွက်
2️⃣ အမည်
3️⃣ ဖုန်းနံပါတ် နှင့်
4️⃣ လိပ်စာ အပြည့်အစုံ ပေးပို့ပီး အော်ဒါတင်လို့ရပါတယ်ရှင် ❤

✅ ရန်ကုန်မြို့တွင်း ဆိုရင် Delivery အပ်ပီး (3) ရက်အတွင်း ပို့ပေးပါတယ် ရှင်

✅ နယ်အိမ်ရောက်ငွေချေ ရတဲ့မြို့ဆိုရင် Delivery အပ်ပီး ( 3-7) ရက်အတွင်း ပို့ပေးပါတယ်ရှင့် ( သွားလာရေးခက်ခဲသော မြို့များက ပုံမှန်ကြာချိန်ထက် ပိုကြာနိုင်ပါတယ်ရှင်)

✅ နယ်ဂိတ်ချ အထုပ်များက ငွေလွှဲဝင်ပီး နောက်ရက် Delivery အပ်ပေးပါတယ်ရှင် ( ဂိတ်ဘောင်ချာရဖို့ နှစ်ရက် ကြာတတ်လို့ ဂိတ်ဘောင်ချာ ရနောက်ကျရင် နားလည်ပေးပါရှင့်)

❤ မေမေတို့ရွေးချယ်ဝယ်ယူထားသော ပစ္စည်းများ ပြန်လဲပေးဖို့ အဆင်မပြေလို့ နားလည်ပေဖို့ မေတ္တာရပ်ခံပါတယ်ရှင့်❤




👧 ခုချိန် အေးတုန်းဆိုတော့ မီးမီးတို့အတွက် လက်ရှည်၊ဘီရှည်ဝမ်းဆက်လေးတင်ပေးလိုက်ပါတယ်ရှင် 👧ဝမ်းဆက်လည်းရတယ် ၊ အင်္ကျီ သီးသန်...
24/01/2024

👧 ခုချိန် အေးတုန်းဆိုတော့ မီးမီးတို့အတွက် လက်ရှည်၊ဘီရှည်ဝမ်းဆက်လေးတင်ပေးလိုက်ပါတယ်ရှင် 👧
ဝမ်းဆက်လည်းရတယ် ၊ အင်္ကျီ သီးသန့်လည်း ရပါတယ်ရှင်

ဝမ်းဆက်တစ်စုံ - 11500 ကျပ်
အင်္ကျီ တစ်ထည် - 7500 ကျပ်

Size - 3M,6M,12M,18M,23M

📥 ကြိုက်နှစ်သက်လို့ မှာယူလိုပါက အောက်ပါလင့်ကို နှိပ်ပီး
1️⃣ မှာယူလိုသည့်အရေအတွက်
2️⃣ အမည်
3️⃣ ဖုန်းနံပါတ် နှင့်
4️⃣ လိပ်စာ အပြည့်အစုံ ပေးပို့ပီး အော်ဒါတင်လို့ရပါတယ်ရှင် ❤

✅ ရန်ကုန်မြို့တွင်း ဆိုရင် Delivery အပ်ပီး (3) ရက်အတွင်း ပို့ပေးပါတယ် ရှင်

✅ နယ်အိမ်ရောက်ငွေချေ ရတဲ့မြို့ဆိုရင် Delivery အပ်ပီး ( 3-7) ရက်အတွင်း ပို့ပေးပါတယ်ရှင့် ( သွားလာရေးခက်ခဲသော မြို့များက ပုံမှန်ကြာချိန်ထက် ပိုကြာနိုင်ပါတယ်ရှင်)

✅ နယ်ဂိတ်ချ အထုပ်များက ငွေလွှဲဝင်ပီး နောက်ရက် Delivery အပ်ပေးပါတယ်ရှင် ( ဂိတ်ဘောင်ချာရဖို့ နှစ်ရက် ကြာတတ်လို့ ဂိတ်ဘောင်ချာ ရနောက်ကျရင် နားလည်ပေးပါရှင့်)

❤ မေမေတို့ရွေးချယ်ဝယ်ယူထားသော ပစ္စည်းများ ပြန်လဲပေးဖို့ အဆင်မပြေလို့ နားလည်ပေဖို့ မေတ္တာရပ်ခံပါတယ်ရှင့်❤



👧 အအေးပေါ့တဲ့ ​ဒေသ တွေမှာ ဝတ်လို့ကောင်းတဲ့ ဆွယ်တာလေးပါ 👧 အသားအရမ်းကောင်းပီး အိစက်နေတာ အိတ်ကပ်ပိစိလေးနဲ့ ရိုးရှင်းပေမယ့် ...
24/01/2024

👧 အအေးပေါ့တဲ့ ​ဒေသ တွေမှာ ဝတ်လို့ကောင်းတဲ့ ဆွယ်တာလေးပါ 👧 အသားအရမ်းကောင်းပီး အိစက်နေတာ အိတ်ကပ်ပိစိလေးနဲ့ ရိုးရှင်းပေမယ့် အရမ်းလှသောလေး ❤ အနွေးထည်လိုလည်း ဝတ်လို့ရသလို အပြင်သွားတဲ့အခါ အပြင်ခံအနေနဲ့ ဝတ်လို့ ရတဲ့အသားလေးပါရှင် ✅

Price - 5500 Kyats
Size - 3-6m/ 6-9m/ 9-12m/12-18m/ 1-2Y/ 2-3Y/ 3-4Y/4-5Y/ 5-6Y

📏 အထည် အတိုင်းလေးပါရှင် 📏
( မေမေတို့​ရေ အတိုင်းလေးကြည့်ပီး ဆိုဒ်ရွေးယူပေးနော်
ဆိုဒ်မတော်ရင် ပြန်လဲပေးဖို့ အဆင်မပြေလို့ နားလည်ပေးပါရှင့်)

3-6m - ပခုံး7.5"/ရင်10"/ရှည်9.5"/လက်ရှည်9"
6-9m - ပခုံး7.5"/ရင်10"/ရှည်10"/လက်ရှည်9"
9-12m - ပခုံး8"/ရင်11"/ရှည်10.5"/လက်ရှည် 10.5"
12-18m - ပခုံး8.5"/ရင်11.5"/ရှည်11.5"/လက်ရှည်11.5"
1-2Y - ပခုံး 9.5"/ရင်12.5"/ရှည် 12.5"/လက်ရှည် 12"
2-3Y - ပခုံး10"/ရင် 13"/ရှည် 13"/လက်ရှည် 12"
3-4Y - ပခုံး10"/ရင်13"/ရှည်13"/လက်ရှည်13"
4-5Y - ပခုံး10"/ရင်13"/ရှည်13"/လက်ရှည်13.5"
5-6Y - ပခုံး10"/ရင်13"/ရှည်13"/လက်ရှည် 16"

📥 ကြိုက်နှစ်သက်လို့ မှာယူလိုပါက အောက်ပါလင့်ကို နှိပ်ပီး
1️⃣ မှာယူလိုသည့်အရေအတွက်
2️⃣ အမည်
3️⃣ ဖုန်းနံပါတ် နှင့်
4️⃣ လိပ်စာ အပြည့်အစုံ ပေးပို့ပီး အော်ဒါတင်လို့ရပါတယ်ရှင် ❤

✅ ရန်ကုန်မြို့တွင်း ဆိုရင် Delivery အပ်ပီး (3) ရက်အတွင်း ပို့ပေးပါတယ် ရှင်

✅ နယ်အိမ်ရောက်ငွေချေ ရတဲ့မြို့ဆိုရင် Delivery အပ်ပီး ( 3-7) ရက်အတွင်း ပို့ပေးပါတယ်ရှင့် ( သွားလာရေးခက်ခဲသော မြို့များက ပုံမှန်ကြာချိန်ထက် ပိုကြာနိုင်ပါတယ်ရှင်)

✅ နယ်ဂိတ်ချ အထုပ်များက ငွေလွှဲဝင်ပီး နောက်ရက် Delivery အပ်ပေးပါတယ်ရှင် ( ဂိတ်ဘောင်ချာရဖို့ နှစ်ရက် ကြာတတ်လို့ ဂိတ်ဘောင်ချာ ရနောက်ကျရင် နားလည်ပေးပါရှင့်)

❤ မေမေတို့ရွေးချယ်ဝယ်ယူထားသော ပစ္စည်းများ ပြန်လဲပေးဖို့ အဆင်မပြေလို့ နားလည်ပေဖို့ မေတ္တာရပ်ခံပါတယ်ရှင့်❤




#ကလေးအဝတ်အထည်နှင့်အသုအဆောင်ပစ္စည်းအမျိုးမျိုးလက်လီလက္ကား

100%cotton ချည်ဖောင်းကြွအသားလေးနဲ့ ချုပ်ထားတဲ့ ဂါဝန်ဝဲဝဲလေးပေါ့အထည်ရဲ့ တစ်နေရာချင်းစီကို သေချာဂရုစိုက်ပြီး စိတ်တိုင်းကျ ...
23/01/2024

100%cotton ချည်ဖောင်းကြွအသားလေးနဲ့ ချုပ်ထားတဲ့ ဂါဝန်ဝဲဝဲလေးပေါ့

အထည်ရဲ့ တစ်နေရာချင်းစီကို သေချာဂရုစိုက်ပြီး စိတ်တိုင်းကျ ထုတ်ထားတဲ့ ဒီဇိုင်းလေးမို့ ဝတ်လိုက်တာနဲ့ တအားကို လှနေစေမှာပါ

❤️ လည်ပင်းလေးက ချပ်ချပ်ကပ်ကပ်လေးပေါ့

❤️ လက်လေးက ဖောင်းဖောင်းလှလှလေးဖြစ်အောင် ပိတ်တွေအများကြီးသုံးထားပေးတယ်

❤️ ဂါဝန်လေးဝဲကားနေအောင် အတွန့်တွေမခိုထားဘူး အပြည့်ကိုထည့်ထားတာ

❤️ ဝတ်ရချွတ်ရအဆင်ပြေအောင် ​နောက်ကွဲ ကြယ်သီးလေးတွေ သေချာလုပ်ပေးထားပါတယ်

👉👉ရင်အတိုင်းက ဂျိုင်းအောက် ဘယ်ညာ က ရင်အတိုင်းပါ ( ခါးဆက်နဲ့လဲ တူတူလောက်ပါရှင်)

❌❌ခါးဆက်က သရေကြိုးရှုံ့ မဟုတ်ပါ

👗👗 ကလေးထွားတဲ့ပေါ်မူတည်ပြီးယူပါမေမေရေ
ရေမကျုံ့လို့ တစ်ဆိုဒ်ကြီးယူဖို့မလိုပါဘူး

🍭🍭စျေးကလဲ သကြားထက်ချိုတယ်လို့

🥰🥰အဆင်တွေကလဲ လှပေ့ဆိုတာချည်းပဲ

👸👸အိုးဟိုးးးး သမီးလေးမေမေတို့ ယူကိုယူထားလိုက်တော့နော်

S - 7500 Ks (1-2 yr)
M - 8000 Ks (2-3 yr)
L - 8500 Ks (3-4 yr)
Xl - 9000 Ks (4-5/6 yr)
2xl - 9500 Ks (5-6/7 yr)

လိုချင်တဲ့အဆင်​လေးရဖို့ဆိုရင် အမြန်​လေးမှာဖို့လိုပါတယ်ရှင့် အချစ်တွေနဲ့ပေါင်းပြီး ထုတ်ထားတာမို့
ရောက်တာနဲ့ စိတ်တိုင်းကျစေမှာ 100% ပဲ
ထုံးစံအတိုင်းအကုန်မြန်တာမို့ပါ

အောက်က link လေး ကတော့ unisex cotton design နဲ့ လက်တိုဘီရှည်လေးတွေပါရှင်

https://www.facebook.com/100068378424475/posts/630683449220930/

ဒီနေ့အတွက် ပင်ပန်းရတာလေးတစ်ခုခုရှိတယ်ဆို ပြန်တွေးကြည့်ရအောင်နော်။ ဘယ်လောက်သေးငယ်သည်ဖြစ်စေ ကျော်သွားလို့မရဘူး။အော်.....ပင...
15/01/2024

ဒီနေ့အတွက် ပင်ပန်းရတာလေးတစ်ခုခုရှိတယ်ဆို ပြန်တွေးကြည့်ရအောင်နော်။ ဘယ်လောက်သေးငယ်သည်ဖြစ်စေ ကျော်သွားလို့မရဘူး။

အော်.....ပင်ပန်းလိုက်တာ
ခံနိုင်ရည်ရှိလို့တော်ပါသေးတယ်နော်
ရင်ထဲမှာတင်းကြပ်နေရတာလည်းရှိရင် ရှိမှာပေါ့

လည်ချောင်းရှင်းချင်ရင် ချောင်းဆိုရသလို
နှလုံးသားရှင်းချင်ရင်တော့
သက်ပြင်းချရမှာပဲ....

ဒီအတွေးနဲ့အတူ 4-7-8 breathing လုပ်ကြည့်ပါအုန်း
4sec breath in, 7sec hold , 8sec breath out

တခါတလေတော့လည်း ဘာဆက်လုပ်ရမယ်မသိလို့ ဘဝက ဒီနားမှာတင်ပဲရပ်သွားရင် ကောင်းမယ်လို့ တွေးမိလောက်အောင်ပင်ပန်းရတာလည်းရှိမှာပေါ့နော်။

တနေ့ချင်းအနားယူ ဖြေရှင်းကြစို့ကွယ်
လောကကြီးမှာ ကိုယ်တို့မတတ်နိုင်တာတွေများလွန်းတယ်။
အရာရာလိုက်ပင်ပန်းနေလို့လည်းမဖြစ်ဘူးမဟုတ်လား။

အသက်ရှင်ရတာပင်ပန်းတာလည်းရှိပေမယ့်
ရှင်နေမှ ဖြေရှင်းကျော်လွှားနိုင်မှာလေနော် ....

🌺I love you all 🌺
🌻 I thank you all🌻
💖💦⚜💖💦⚜

 #သူများနိုင်ငံသားတွေတော့စတိုင်ပြောင်းပြီဒီနေ့ ဘီဘီစီသတင်း ဖတ်ရင်းက စိတ်ဝင်စားစရာသတင်းလေးတစ်ပုဒ် ဖတ်ဖြစ်ပါတယ် ။အင်္ဂလန်မ...
12/01/2024

#သူများနိုင်ငံသားတွေတော့
စတိုင်ပြောင်းပြီ

ဒီနေ့ ဘီဘီစီသတင်း
ဖတ်ရင်းက စိတ်ဝင်စားစရာ
သတင်းလေးတစ်ပုဒ်
ဖတ်ဖြစ်ပါတယ် ။

အင်္ဂလန်မှာ ဒုတိယကမ္ဘာစစ်
နောက်ပိုင်းခေတ် စားတဲ့
ဘဏ်ချေးငွေနဲ့ အိမ်ကြီးကြီး
ကားကောင်းကောင်းတွေ
ဝယ်ပြီးနေတဲ့လူနေမှုပုံစံကနေ

တော်သင့်သလောက်
အိမ်လေးရယ်
မရှိမဖြစ်လိုမှဝယ်တဲ့
ဂျပန်ကားလေးကိုစီးပြီး
အကြွေးမထူလူမပူရဘဲ
ခပ်အေးအေး နေတဲ့ပုံစံကို
ပြောင်းလဲလာပါတယ်တဲ့ ။

အဲ့ဒီလို
ကြွားဝါရမယ့်ကိစ္စတွေမှာ
ငွေမသုံးပဲ
မရှိမဖြစ်တာလေးကို
စီစစ်ပြီးသုံးတာကို
အင်္ဂလိပ်လို
Frugal Living လို့ခေါ်ပါတယ် ။

စားစရာဝတ်စရာ စတာတွေမှာ
ငွေကုန်ကြေးကျများတဲ့
ဇိမ်ခံပစ္စည်းတွေ မလိုအပ်ပဲ ၊
ဝါသနာအရဝယ်တာကို လျှော့ပြီး
သင့်တင့်မျှတအောင် နေတာပါ ။

အရင်းရှင်စနစ်ရဲ့ ကျောရိုးဖြစ်တဲ့
လောဘ အလျှောက်
အလွန်အကျွံ ဝယ်ယူသုံးစွဲတဲ့
အကျင့်ကနေရှိတာလေးနဲ့
လှအောင်ဆင်ပြီး ရိုးရိုးရှင်းရှင်းနဲ့
နေလာကြပါတယ် ။

ဒီလို နေကြည့်တော့
ဘာသွားတွေ့သလဲ ဆိုတော့
ဘဏ်တွေကနေ
အကြွေးယူရတာ
အတိုးပေးရတာနည်းသွားပြီး
သူတို့နိုင်ငံကလူတွေ အတွက်ဆို
အသက်၄၀လောက်မှာ
ငွေကြေး စုမိဆောင်းမိ ဖြစ်သွားပြီး
ပင်စင်ယူ ကိုယ်ဝါသနာပါရာ
လုပ်နေနိုင်သွားပါတယ် ။

ဒါ့အပြင် အလုပ်ရဲ့ကျေးကျွန်၊
လောဘရဲ့သားကောင်
မဖြစ်တော့ပဲ မိသားစုအတွက်
အရေးပါတဲ့တစ်ဦးပေါ်တစ်ဦး
အချိန်ပိုပေးလာနိုင်ပါတယ် ။

ဂျပန်မှာဆိုလည်း
Frugal living ဟာ
အလွန် ခေတ်စားပြီး
အ်ိမ်တွေမှာ မလိုတဲ့ ပစ္စည်းတွေ
အမှိုက်သရိုက်တွေကို
ရှင်းပြစ်ပြီး အိပ်ရာကိုတောင်
ကုတင်နဲ့ မအိပ်ပဲ မွှေ့ရာလေး
ကြမ်းပေါ်ခင်းအိပ်
မနက်တိုင်း နံရံကပ်ဘီရိုထဲ
ထည့်သိမ်းကြပါတယ် ။

မလိုအပ်တဲ့အရာဆို
သွားပွတ်တံထားတဲ့ ခွက်တောင်
မထားပဲ
ရေချိုးခန်းနံရံစောင်းမှာ
စီထားတဲ့အထိပါ ။

အဝတ်အစားဆိုလည်း
ရှိတာကိုသပ်သပ်ရပ်ရပ်
ဝတ်ကြပြီး
စားပွဲတစ်လုံံးထဲရှိတဲ့
ကြမ်းပြင်မှာ စုပြီး
စားကြသောက်ကြ
စာဖတ်ကြပါတယ်။

အရင်က ချမ်းသာတာကို
ငွေကြေး ဘယ်လောက်ရှိတယ်
ဆိုတာနဲ့
တိုင်းတာ ကြပေမယ့်

အခုခေတ်မှာတော့
ချမ်းသာတာကို
ဘယ်လောက် တင်းတိမ်ရောင့်ရဲ
နိုင်သလဲ ဆိုတာနဲ့
တိုင်းတာပါတယ် ။

အလို နည်းခြင်းဟာ
ချမ်းသာခြင်း အကြောင်းဆိုတာကို
သူတို့ သိလာကြပါပြီ ။

: nm0

Address

Chemistry Street
Yangon

Telephone

+959762340774

Website

Alerts

Be the first to know and let us send you an email when Lucky Junior Online Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category