Blessing Babies' Second Quality shop

Blessing Babies' Second Quality shop Quality Shop

မစီးဖြစ်တော့လို့ ပြန်ရောင်းတာပါ...FELT (29 er)Alloy FrameGear 3×8 Alivio (Shimano)Brake TrekoQuick Type Alloy Frameအရပ် ...
15/12/2025

မစီးဖြစ်တော့လို့ ပြန်ရောင်းတာပါ...

FELT (29 er)
Alloy Frame
Gear 3×8 Alivio (Shimano)
Brake Treko
Quick Type

Alloy Frame
အရပ် ၅ ပေခွဲမှ ၆ပေကျော် အထိ OK
ဆေးသားသန့်
Price 570000
တာယာ အသစ်အတိုင်းပါခင်ဗျ

လာယူရင် Taxi ခ လျှော့ပေးပါ့မယ်

(ပစ္စည်းကောင်းရဖို့ အပြည့်အဝ တာဝန်ယူပါတယ်)

NO ERROR 👍

YGN

နယ်ကားဂိတ် (or)Royal Express နဲ့တင်ပေးပါတယ်။
တန်ဆာခကို ဝယ်ယူသူဘက်မှပေးရပါမည်။
အသေးစိတ်သိလိုပါက Cb (or) 09779000397

07/08/2025

Onitsuka Tiger မှသည် ASICS အထိ နှလုံးသားဖြင့်ဖန်တီးခဲ့ဖိနပ်တစ်ရန်ရဲ့ ခရီးလမ်း

"အားကစားကနေတစ်ဆင့် လူတွေရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဓာတ်တွေကို ကျန်းမာသန်စွမ်းအောင် ကူညီပေးမယ်"

"ကီဟာချီရို အိုနီဆူကာ"

ခြေဗလာနှင့်နိုင်ငံတစ်ခုကို ဖိနပ်များပေးခဲ့သည့်လူသား

ဟုတ်ပါတယ် သူဟာ သူချစ်တဲ့နိုင်ငံကို အိပ်မက်များ ပြန်မက်နိုင်ရန် ကူညီပေးခဲ့သူပဲဖြစ်ပါတယ်။

ဖိနပ်တစ်ရံမှ မျှော်လင့်ချက်သို့

ဒုတိယကမ္ဘာစစ်ပြီးခါစ ဖရိုဖရဲဖြစ်နေတဲ့ ဂျပန်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်နေကြတဲ့ ကလေးငယ်တွေကို ကီဟာချီရို အိုနီဆူကာ မြင်တွေ့လိုက်ရတယ်။

အဲဒီမြင်ကွင်းဟာ သူ့ရင်ထဲမှာ စွဲမြဲစွာ စွဲထင်ကျန်ရစ်ခဲ့ပြီး သူ့ဘဝရဲ့ ရည်ရွယ်ချက်ကိုပါ ပြောင်းလဲပစ်လိုက်ပါတယ်။

ကီဟာချီရိုဟာ အဲဒီကလေးတွေအတွက် ခြေအိတ်တစ်ရံ၊ ဖိနပ်တစ်ရံလောက် ဖန်တီးပေးချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ သူ့ရဲ့ ဖိနပ်ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။

သူ့ရဲ့ရည်ရွယ်ချက်က အမြတ်အစွန်းရဖို့၊ နာမည်ကျော်ကြားဖို့ မဟုတ်ဘဲ၊ စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို ခံစားနေရတဲ့ ဂျပန်လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို အားကစားကနေတစ်ဆင့် ပြန်လည်မြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် "အားကစားဟာ ခန္ဓာကိုယ်ကို တည်ဆောက်ရုံသာမက စိတ်ဓာတ်ကိုပါ ပြန်လည်ပြုပြင်ပေးနိုင်တယ်" ဆိုတဲ့ ခံယူချက်နဲ့ ၁၉၄၉ ခုနှစ်မှာ Onitsuka Tiger ဆိုတဲ့ အမှတ်တံဆိပ်ကို စတင်တည်ထောင်ခဲ့ပါတယ်။

ပထမခြေလှမ်းများ

Onitsuka Tiger ရဲ့ ပထမဆုံး ဖိနပ်တွေဟာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဖိနပ်တွေက သက်သောင့်သက်သာမရှိ၊ အကြမ်းခံမှုမရှိသလို အရည်အသွေးပိုင်းမှာလည်း အားနည်းခဲ့ပါတယ်။

ဒါပေမဲ့ ကီဟာချီရို လက်မလျှော့ခဲ့ပါဘူး။ သူဟာ ဘတ်စကက်ဘော ကစားသမားတွေကို နာရီပေါင်းများစွာ လေ့လာပြီး သူတို့ရဲ့ ခြေလှမ်းတွေ၊ ခုန်ပေါက်မှုတွေကို အသေးစိတ် လေ့လာခဲ့ပါတယ်။

ဖိနပ်ကို မြေပြင်မှာ ခိုင်မြဲအောင် ထိန်းထားနိုင်ဖို့အတွက် ပြောင်းဖူးစားတဲ့ ရေဘဝဲရဲ့ခြေထောက်က စုတ်ခွက်ပုံစံကို အတုယူပြီး ဖိနပ်အောက်ခံဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။

ဒီလိုအသေးစိတ်ကျတဲ့ လေ့လာမှုနဲ့ ဆန်းသစ်တီထွင်မှုတွေကြောင့် သူရဲ့ဖိနပ်တွေဟာ တစ်ဖြည်းဖြည်း အရည်အသွေးမြင့်မားလာခဲ့ပါတော့တယ်။

အောင်ပွဲဆီသို့

၁၉၆၄ ခုနှစ်မှာ အိုလံပစ်အားကစားပွဲတော်ကို ဝင်ပြိုင်တဲ့ မာရသွန်ပြေးသမားတစ်ဦးဟာ Onitsuka Tiger ဖိနပ်ကို စီးပြီး အနိုင်ရခဲ့ပါတယ်။

အဲဒီအောင်ပွဲဟာ Onitsuka Tiger အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အားကစားလောကမှာ Onitsuka Tiger ရဲ့ အမှတ်တံဆိပ်ကို လူတွေစတင်သိရှိလာပြီး နိုင်ငံတကာအထိပါ ကျော်ကြားလာခဲ့ပါတယ်။

နှစ်များစွာ ကြာပြီးတဲ့နောက်မှာ Onitsuka Tiger ဟာ အခြားသော ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ASICS လို့ နာမည်ပြောင်းလိုက်ပါတယ်။

ASICS ဆိုတဲ့ နာမည်ဟာ လက်တင်စကားလုံးဖြစ်တဲ့ "Anima Sana In Corpore Sano" (ကျန်းမာသောကိုယ်ခန္ဓာ၌ ကျန်းမာသောစိတ်ရှိ၏) ဆိုတဲ့ စာသားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

ဒီစာသားဟာ ကီဟာချီရိုရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ်ခန္ဓာကျန်းမာရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်ရေးတို့ကို ဖော်ညွှန်းနေတာပဲ ဖြစ်ပါတယ်။

အမွေအနှစ်နှင့် ရည်မှန်းချက်

ကီဟာချီရို အိုနီဆူကာဟာ ရိုးရိုးဖိနပ်တွေကို ဖန်တီးခဲ့တာမဟုတ်ဘဲ မျှော်လင့်ချက်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ဖိနပ်တွေဟာ စစ်ပြီးခေတ် ဂျပန်နိုင်ငံရဲ့ လူငယ်တွေအတွက် အားကစားကိုလုပ်ဆောင်နိုင်ပြီး ဘဝသစ်တစ်ခုကို ပြန်လည်စတင်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။

ဒီနေ့ခေတ်မှာဆိုရင် ASICS ဟာ ကမ္ဘာတစ်ဝန်းလုံးမှာ လူသိများပြီး နာမည်ကျော်ကြားတဲ့ အားကစားဖိနပ်ကုမ္ပဏီတစ်ခု ဖြစ်နေပါပြီ။

ဒါပေမဲ့ ASICS ကို စတင်တည်ထောင်ခဲ့တဲ့ ကီဟာချီရိုရဲ့ မူလရည်ရွယ်ချက်ကတော့ အမြဲတမ်းရှင်သန်နေဆဲပါ။

"အားကစားကနေတစ်ဆင့် လူတွေရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဓာတ်တွေကို ကျန်းမာသန်စွမ်းအောင် ကူညီပေးမယ်" ဆိုတဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

Onitsuka Tiger မှသည် ASICS အထိ

ဂျပန်အားကစားဖိနပ်လောကရဲ့ မူလဘူတကို ပြောရမယ်ဆိုရင် Onitsuka Tiger ကို ချန်ထားခဲ့လို့ မရပါဘူး။

ဒီအမှတ်တံဆိပ်ဟာ ခေတ်ရေစီးကြောင်းတွေကြားမှာ ရပ်တည်နိုင်ခဲ့တဲ့ သက်တမ်းရှည်ကြာပြီး ဂန္ထဝင်မြောက်တဲ့ သမိုင်းကြောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးခါစ ၁၉၄၉ ခုနှစ်မှာ ကီဟာချီရို အိုနီဆူကာ (Kihachiro Onitsuka) ဆိုတဲ့ စစ်ပြန်တစ်ယောက်ဟာ ဂျပန်နိုင်ငံ၊ Kobe မြို့မှာ Onitsuka Co., Ltd. ကို စတင်တည်ထောင်ခဲ့ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်ကတော့ စစ်ဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ လူငယ်လေးတွေရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဓာတ်ကို အားကစားကနေတစ်ဆင့် ပြန်လည်ကျန်းမာလာအောင် ကူညီဖို့ပဲ ဖြစ်ပါတယ်။

ဒီလို စိတ်ဓာတ်မျိုးနဲ့ စတင်ခဲ့ပေမဲ့ အစပိုင်းမှာတော့ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ပထမဆုံးထုတ်လုပ်တဲ့ ဘတ်စကက်ဘောဖိနပ်ဟာ သက်သောင့်သက်သာမရှိ၊ အရည်အသွေးလည်း မကောင်းခဲ့ပါဘူး။

ဒီလိုအခြေအနေမျိုးမှာ အိုနီဆူကာဟာ အရှုံးမပေးဘဲ ဘတ်စကက်ဘော ကစားသမားတွေရဲ့ ခြေလှမ်းလှုပ်ရှားမှုတွေကို အချိန်အတော်ကြာ လေ့လာခဲ့ပါတယ်။

အဲဒီကနေ ရရှိလာတဲ့ အကြံဉာဏ်နဲ့ ပင်လယ်ရေဘဝဲရဲ့ စုတ်ခွက်ပုံစံကို အတုယူပြီး ကြမ်းပြင်ပေါ်မှာ မြဲမြံစွာ ထိန်းချုပ်နိုင်တဲ့ ဖိနပ်အောက်ခံဒီဇိုင်းကို တီထွင်နိုင်ခဲ့ပါတယ်။

ဒီလို ဆန်းသစ်တီထွင်မှုတွေကြောင့် Onitsuka Tiger ဖိနပ်တွေဟာ အားကစားလောကမှာ တဖြည်းဖြည်း လူသိများလာခဲ့ပါတယ်။

ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ်ဖြစ်လာပုံ

Onitsuka Tiger ရဲ့ အထင်ကရ အောင်မြင်မှုမှတ်တိုင်ကတော့ ၁၉၆၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ စတင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ မာရသွန်ပြေးသမားတစ်ဦးဟာ Onitsuka Tiger ဖိနပ်ကို စီးပြီး ဗိုလ်စွဲခဲ့တာကြောင့် အမှတ်တံဆိပ်ရဲ့ ကျော်ကြားမှုဟာ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ၁၉၆၆ ခုနှစ်မှာ Tiger Stripes လို့ ခေါ်တဲ့ အထူးအမှတ်အသားပါတဲ့ Mexico 66 မော်ဒယ်ကို မိတ်ဆက်ခဲ့ရာကနေ Onitsuka Tiger ရဲ့ ထူးခြားတဲ့ ရုပ်သွင်ကို စတင် ပုံဖော်နိုင်ခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ ယနေ့ခေတ် ကမ္ဘာကျော် အားကစားအမှတ်တံဆိပ်ကြီးဖြစ်တဲ့ Nike ရဲ့ မူလအစဟာလည်း Onitsuka Tiger နဲ့ ဆက်နွှယ်နေတာပါပဲ။

၁၉၆၀ ပြည့်နှစ်များအတွင်းမှာ ဖီးလ် နိုက် (Phil Knight) နဲ့ ဘီလ် ဘိုးဝါးမန်း (Bill Bowerman) တို့နှစ်ဦးဟာ Blue Ribbon Sports ဆိုတဲ့ ကုမ္ပဏီအမည်နဲ့ Onitsuka ဖိနပ်တွေကို အမေရိကန်မှာ တင်သွင်းဖြန့်ချိခဲ့ကြပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်မှုကနေပဲ နောင်တစ်ချိန်မှာ ကမ္ဘာ့အကြီးဆုံး အားကစားကုမ္ပဏီတစ်ခုဖြစ်လာမယ့် Nike ရဲ့ အုတ်မြစ်ကို ချခဲ့တာ ဖြစ်ပါတယ်။

Onitsuka Tiger မှ ASICS သို့

Onitsuka Co. ဟာ ၁၉၇၇ ခုနှစ်မှာ GTO နဲ့ Jelenk ဆိုတဲ့ အခြားကုမ္ပဏီနှစ်ခုနဲ့ ပေါင်းစည်းပြီး ASICS Corporation လို့ အမည်ပြောင်းလဲခဲ့ပါတယ်။ ဒီနာမည်အသစ်ဟာ "Anima Sana In Corpore Sano" ဆိုတဲ့ လက်တင်စကားကနေ ဆင်းသက်လာတာဖြစ်ပြီး "ကျန်းမာသောကိုယ်ခန္ဓာ၌ ကျန်းမာသောစိတ်ရှိ၏" လို့ အဓိပ္ပာယ်ရပါတယ်။

ဒါဟာ အိုနီဆူကာရဲ့ မူလရည်ရွယ်ချက်ကို အမြဲတမ်းအလေးထားပြီး ဆက်လက်လျှောက်လှမ်းသွားမယ်ဆိုတဲ့ သက်သေပါပဲ။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ၂၀၀၀ ပြည့်နှစ်များအတွင်းမှာတော့ ASICS ဟာ Onitsuka Tiger ကို ဖက်ရှင်နှင့် လိုက်ဖ်စတိုင် (Fashion & Lifestyle) အမှတ်တံဆိပ်တစ်ခုအဖြစ် ပြန်လည်အသက်သွင်းခဲ့ပါတယ်။

မူလအားကစားဖိနပ်ရဲ့ ရိုးရာပုံစံကို မပျက်စေဘဲ ခေတ်နဲ့အညီ လှပတဲ့ဒီဇိုင်းတွေ ထည့်သွင်းပေးခဲ့တဲ့အတွက် Onitsuka Tiger ဖိနပ်တွေဟာ ကမ္ဘာတစ်ဝန်းက ဖက်ရှင်ကို နှစ်သက်သူတွေကြားမှာ ပြန်လည်ရေပန်းစားလာခဲ့ပါတယ်။

လက်ရှိအချိန်အထိ ASICS ဟာ ကမ္ဘာ့အဆင့်မီ အားကစားဖိနပ်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး "ကျန်းမာသောကိုယ်ခန္ဓာ၌ ကျန်းမာသောစိတ်ရှိ၏" ဆိုတဲ့ သူတို့ရဲ့ မူလတန်ဖိုးကို ဆက်လက်ထိန်းသိမ်းကာ လမ်းလျှောက်နေဆဲပဲ ဖြစ်ပါတယ်။

အိုနီဆူကာရဲ့ စွန့်ဦးတီထွင်စိတ်၊ လေ့လာဆန်းစစ်မှုတွေနဲ့ မပြတ်လပ်တဲ့ အားထုတ်မှုတွေကြောင့် ဒီဖိနပ်အမှတ်တံဆိပ်ဟာ အားကစားနဲ့ ဖက်ရှင်လောကနှစ်ခုစလုံးမှာ ဂန္ထဝင်သမိုင်းကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကိုးကားချက်များ

"Kihachiro Onitsuka" - Onitsuka Tiger တည်ထောင်သူအကြောင်း

"Onitsuka Tiger history" - Onitsuka Tiger ရဲ့ သမိုင်းကြောင်းအပြည့်အစုံ

"ASICS history" - ASICS ကုမ္ပဏီရဲ့ သမိုင်းကြောင်း

"Onitsuka Tiger Mexico 66" - Mexico 66 မော်ဒယ်အကြောင်း

"Blue Ribbon Sports Onitsuka Tiger" - Nike နဲ့ Onitsuka Tiger တို့ရဲ့ ဆက်နွယ်မှုအကြောင်း

Image Credit - Interesting World

Levi's 505 Dark BlueMade in Pakistan (99% New)W.33 L.32 Price 40000 Ksအကြိုက်တွေ့ ဝယ်ယူလိုပါကCb (or) 09779000397 ကိုဆက်သ...
04/08/2025

Levi's 505 Dark Blue
Made in Pakistan (99% New)
W.33 L.32
Price 40000 Ks

အကြိုက်တွေ့ ဝယ်ယူလိုပါက
Cb (or) 09779000397 ကိုဆက်သွယ်ပေးပါ

YGN ကဆိုရင် လာကြည့်ဝယ်ယူလို့ရသလို
ပစ္စည်းရောက်ငွေချေ ရပါတယ်

နယ်မှမှာယူချင်ရင်တော့ ငွေကြိုလွှဲပေးရပါတယ်
ငွေဝင်တာနဲ့ ကားဂိတ် ပို့ပေးပါတယ်
တန်ဆာခကို ဝယ်ယူသူမှ ပေးရပါမယ်ခင်ဗျ

29 er ဖရိန်လေးနဲ့  တာယာ၂လုံးပိုလို့ပြန်ရောင်းချင်ပါတယ်ခင်ဗျGT Karakoram 29 er (Alloy)Price - 100000Edit (Sold Out)MAXXIS...
17/03/2025

29 er ဖရိန်လေးနဲ့ တာယာ၂လုံးပိုလို့
ပြန်ရောင်းချင်ပါတယ်ခင်ဗျ

GT Karakoram 29 er (Alloy)
Price - 100000
Edit (Sold Out)

MAXXIS Tyre 29×2.1
Price - 1စုံ 80000

အကြိုက်တွေ့ ဝယ်ယူလိုပါက
Cb (or) 09779000397 ကိုဆက်သွယ်ပေးပါ

YGN ကဆိုရင် လာကြည့်ဝယ်ယူလို့ရသလို
ပစ္စည်းရောက်ငွေချေ ရပါတယ်

နယ်မှမှာယူချင်ရင်တော့ ငွေကြိုလွှဲပေးရပါတယ်
ငွေဝင်တာနဲ့ ကားဂိတ် ပို့ပေးပါတယ်
တန်ဆာခကို ဝယ်ယူသူမှ ပေးရပါမယ်ခင်ဗျ

ကျွန်​တော့ညီအကိုတွေအတွက်Ray Ban (Wayfarer)Price 65000Ray Ban (Aviator)Price 35000အကြိုက်တွေ့လိုအပ်ပါကCb (or) 09779000397
10/03/2025

ကျွန်​တော့ညီအကိုတွေအတွက်
Ray Ban (Wayfarer)
Price 65000

Ray Ban (Aviator)
Price 35000

အကြိုက်တွေ့လိုအပ်ပါက
Cb (or) 09779000397

Camo အရှည် လိုချင်သော ညီအကိုတွေအတွက်အသစ်နီးပါးအသန့် အထုတ်ထွက်စစ်စစ်W - 35 & 36 OKPrice. - 25000 Ks
12/02/2025

Camo အရှည် လိုချင်သော ညီအကိုတွေအတွက်
အသစ်နီးပါးအသန့် အထုတ်ထွက်စစ်စစ်
W - 35 & 36 OK
Price. - 25000 Ks

Golf Player ညီအကိုတွေ အတွက်Titleist Brand (လေထီးသား)99%အထည်အသန့်လေးပါW.34 & 35 OKCap လေးက Size ကြီးသမားများ OK2ခုလုံးတွဲ...
12/02/2025

Golf Player ညီအကိုတွေ အတွက်
Titleist Brand (လေထီးသား)
99%အထည်အသန့်လေးပါ
W.34 & 35 OK
Cap လေးက Size ကြီးသမားများ OK
2ခုလုံးတွဲရောင်းပါမယ်
Price 50000 Ks
1 ခုထဲယူလျှင် 30000 Ks

Edit. ဘောင်းဘီလေးက Out

Camo Jean တိုတွေကို Quality ကောင်း"ကာလာတင်း" အသစ်တိုင်းဝတ်ချင်သော ညီအကိုတွေ အတွက်...တံဆိပ်မခွာရသေးBrand - UrbanW - 32Pri...
11/02/2025

Camo Jean တိုတွေကို
Quality ကောင်း"ကာလာတင်း"
အသစ်တိုင်းဝတ်ချင်သော ညီအကိုတွေ အတွက်...တံဆိပ်မခွာရသေး

Brand - Urban
W - 32
Price 23000 Ks

Camo Jean တိုတွေကို Quality ကောင်း"ကာလာတင်း" ဝတ်ချင်သော Size ကြီးသမား ညီအကိုတွေ အတွက်...Branded တွေကိုမှအသက်သာဆုံး ဈေးနဲ...
11/02/2025

Camo Jean တိုတွေကို Quality ကောင်း"
ကာလာတင်း" ဝတ်ချင်သော
Size ကြီးသမား ညီအကိုတွေ အတွက်...

Branded တွေကိုမှ
အသက်သာဆုံး ဈေးနဲ့
Price 18000 Ks

W-36 ညီအကိုတွေ အတွက် 5 ထည်ရပါမယ်

Edit 2ထည် Out

Camo Jean တိုတွေကို Quality ကောင်း"ကာလာတင်း" ဝတ်ချင်သော Size ကြီးသမား ညီအကိုတွေ အတွက်...Branded အမှန် တွေကိုမှအသက်သာဆုံး...
11/02/2025

Camo Jean တိုတွေကို Quality ကောင်း"
ကာလာတင်း" ဝတ်ချင်သော
Size ကြီးသမား ညီအကိုတွေ အတွက်...

Branded အမှန် တွေကိုမှ
အသက်သာဆုံး ဈေးနဲ့
Price 18000 Ks

W-38 ညီအကိုတွေ အတွက် 2ထည်ရပါမယ်

Address

Bo Gyoke Aung San Road
Yangon

Telephone

+959779000397

Website

Alerts

Be the first to know and let us send you an email when Blessing Babies' Second Quality shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category