05/01/2021
လုံလုံလောက်လောက် နာကျင်ခဲ့ပြီးပြီ
ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီးပြီ
ဆွေးဆွေးမြေ့မြေ့ လွမ်းခဲ့ပြီးပြီ
ကြေကြေ ကွဲကွဲ ငိုခဲ့ပြီးပြီ
ဒါတွေဟာ လုံလောက်သင့်ပြီ
ကျွန်တော့မှာလည်း ထပ်ပြီးဆုံးရှုံးစရာမရှိတော့ဘူး
ပိုင်ဆိုင်တာလည်းမရှိတော့ဘူး
နေ့ရက်တွေတိုင်း အထီးမကျန်ချင်တော့ဘူး
ဟုတ်တယ်.. ကျွန်တော့်ကို ချစ်တဲ့သူအနားမှာပဲ နေချင်ခဲ့တာ
ကျွန်တော်ဘယ်လောက်ဆိုးဆိုး
ဘယ်လောက်အရွဲ့တိုက်တိုက်
ဘယ်လောက်ဂျစ်ကန်ကန်လုပ်လုပ်
ဘယ်လောက်ပဲရိုင်းစိုင်းနေပါစေ
ကျွန်တော့အနားက ထွက်မသွားမယ့်လူအနားမှာပဲ နေချင်ခဲ့တာ
ဒဏ်ရာရလာရင် ပင်ပန်းလာရင်
နားခိုဖို့ရာ ရင်ခွင်လေးတစ်ခု လိုချင်ခဲ့တယ်
ကျွန်တော့အတွက်အမြဲတမ်း အသင့်ရှိမယ့်လူမျိုး
ကျွန်တော်ဘာဖြစ်ဖြစ် ကျွန်တော့အတွက်ပဲ ကြည့်မယ့်လူမျိုး
ကျွန်တော်စိတ်ကို အမြဲနားလည်မယ့်လူမျိုး
ကျွန်တော်လိုချင်ခဲ့တာပါ
ထပ်ပြီးနာကျင်ရမှာကြောက်လာတယ်
နာကျင်မှုဒဏ်တွေထဲက ကျွန်တော်မရုန်းထွက်နိင်သေးဘူး
တစ်ယောက်ယောက်ကများ ကျွန်တော့်ကို ကယ်ပေးမယ်ဆိုရင်
အဲ့ဒီလူကို အသက်နဲ့လဲပြီး တန်ဖိုးထားမိမှာ
ကျွန်တော်က အစွဲအလမ်းကြီးတဲ့ သတ္တဝါလေးတစ်ကောင်ပါ
ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ပေါ့