28/07/2026
ပညာဒါနစက်ချုပ်သင်တန်း
လစဉ်ကြေးလည်း ပေးစရာမလိုသလို သင်တန်းမှာ ဘာကြေးမှ ထပ်မံကောက်ခံခြင်းမရှိပါ။
သင်တန်းတက်မယ်ဆို သင်တန်းဝင်ကြေး ငါးသောင်းကျပ်သာ ဝင်ကြေးအနေနဲ့ ကောက်ခံခြင်းဖြစ်ပါတယ်။
စက်ချုပ်သင်တန်းကာလ (၂) လတာကာလကို ဝင်ကြေးငါးသောင်းဘဲ ကောက်ခံတာဟာ စက်ချုပ်သင်တန်းတက်ရန် ငွေကြေးအခက်အခဲရှိသူတွေကို ရည်ရွယ်၍ ကုသိုလ်လိုချင်လို့ ဒါနပြုနေခြင်းဖြစ်ပါတယ်။ ဝင်ကြေးကောက်ခံတာဟာ ဝင်ကြေးမကောက်ထားရင် တန်ဖိုးမထားတဲ့အတွက် လူတိုင်းတက်နိုင်တဲ့ ပမာဏသာ ကောက်ခံထားခြင်းဖြစ်ပါတယ်။
တီချယ့်ရဲ့ ပညာဒါနသင်တန်းမှာ ဘာတွေသင်ပေးလဲဆိုရင် -
- အင်္ကျီချုပ်နည်းအမျိုးမျိုး
- ထဘီ (ထမိန်) အမျိုးမျိုး၊
- စကပ်အမျိုးမျိုး
- အလှကော်လံ အမျိုးမျိုး
- ဘောင်းဘီအမျိုးမျိုး
- ဂါဝန်ချုပ်နည်းအမျိုးမျိုး
- ဘုရ်ခါချုပ်နည်း
- လက်ပုံစံအမျိုးမျိုး
- လည်ပင်းပုံစံအမျိုးမျိုး
စတဲ့ သင်ခန်းစာအမျိုးမျိုးကို စုံလင်စွာ ပညာဒါနသင်ပေးနေတာဖြစ်လို့ အမှန်တကယ် တက်ချင်သူများလာခဲ့ပါရှင်။ တစ်နိုင်တစ်ပိုင် စီးပွားလုပ်ချင်လို့ဖြစ်ဖြစ် ကိုယ့်တွက်ကိုယ်ချုပ်ဝတ်ဖို့ဖြစ်ဖြစ် မိန်းကလေးတိုင်းတွက် အမှန်တကယ်လိုအပ်တဲ့ပညာရပ်လေးမို့ ခုလို ပညာဒါနတန်းလေးကို တက်သင့်ပါတယ်နော်။
လူဦးရေ ကန့်သတ်ထားပါတယ်။
လူမျိုးဘာသာမရွေးတက်လို့ရပါတယ်နော်။
Page ရဲ့ chart box မှာ လာရောက်စရင်းပေးသွင်းနိုင်ပါပြီ။
သင်တန်းချိန် - အပတ်စဉ် (စနေ၊ တနင်္ဂနွေ)
နေ့လည် 1 နာရီမှ 3 နာရီထိ