03/07/2026
nri က လူရှာနေပါတယ်။
Fashion Collection တစ်ခုကို လှပပြီး ပြည့်စုံတဲ့ လက်ရာတစ်ခုအဖြစ် ဖန်တီးနိုင်ဖို့ဆိုတာ Pattern ဆွဲတဲ့သူ၊ အပ်ချုပ်တဲ့သူ၊ Production ကို အသေးစိတ်စီမံခန့်ခွဲတဲ့သူ—အားလုံးရဲ့ တာဝန်ယူမှု၊ အရည်အသွေးအပေါ်ထားတဲ့ စိတ်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ပေါင်းစည်းမှသာ ဖြစ်နိုင်ပါတယ်။
nri မှာတော့ အဝတ်တစ်ထည်ချုပ်တာထက် ပိုပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို တာဝန်ယူပြီး အကောင်းဆုံးဖြစ်အောင် အဆုံးထိ ဂရုစိုက်ပေးနိုင်တဲ့ Fashion Lover တွေကို အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ချင်ပါတယ်။
━━━━━━━━━━━━━━━
✦ Pattern Maker / Product Development
Design Concept ကို လက်တွေ့ဝတ်စုံတစ်ထည်အဖြစ် အသက်သွင်းပေးနိုင်သူ၊ Pattern ကို နားလည်ပြီး Fitting နဲ့ Product Development ကို စနစ်တကျ တာဝန်ယူနိုင်သူ ဖြစ်ရပါမယ်။
လိုအပ်ချက်များ
• Pattern Making & Sewing Experience အနည်းဆုံး (၂) နှစ်
• Pattern Development နှင့် Garment Construction နားလည်သူ
• Sample Development နှင့် Fitting Process တွင် ပါဝင်ဆောင်ရွက်နိုင်သူ
• အသေးစိတ်ကို ဂရုစိုက်ပြီး ပြဿနာများကို စိတ်ရှင်းရှင်းဖြင့် ဖြေရှင်းနိုင်သူ
• ကိုယ်တာဝန်ယူထားသော အလုပ်ကို အဆုံးထိ တာဝန်ခံပြီး အချိန်မှီပြီးစီးအောင် ဆောင်ရွက်နိုင်သူ
━━━━━━━━━━━━━━━
✦ Sewing Assistant
စိတ်ကူးတစ်ခုကို အရည်အသွေးမြင့်တဲ့ အဝတ်တစ်ထည်အဖြစ် ဖန်တီးရတာကို နှစ်သက်ပြီး သေသပ်မှုနဲ့ တာဝန်ယူမှုကို တန်ဖိုးထားတဲ့သူ။
လိုအပ်ချက်များ
• Sewing Experience အနည်းဆုံး (၂) နှစ်
• Industrial Sewing Machine အသုံးပြုနိုင်သူ
• Garment Construction အခြေခံ နားလည်သူ
• အသေးစိတ်ကို ဂရုစိုက်ပြီး အရည်အသွေးကို အမြဲဦးစားပေးသူ
• အချိန်မှန်၊ တာဝန်ယူမှုရှိပြီး အဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်သူ
━━━━━━━━━━━━━━━
nri မှာ ဘာကို တန်ဖိုးထားလဲ?
• Curiosity — စူးစမ်းလိုစိတ်
• Responsibility — ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကို အဆုံးထိ တာဝန်ခံနိုင်မှု
• Ownership — ကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ့်အလုပ်လို သဘောထားပြီး ဂရုစိုက်နိုင်မှု
• Open-mindedness — အကြံဉာဏ်အသစ်များ၊ နည်းလမ်းအသစ်များကို ပွင့်လင်းစိတ်ဖြင့် လက်ခံနိုင်မှု
• Innovation — ပိုကောင်းတဲ့ ဖြေရှင်းနည်းအသစ်များ၊ လုပ်ငန်းစဉ်အသစ်များကို အမြဲရှာဖွေ ဖန်တီးလိုစိတ်
• Teamwork — အဖွဲ့အစည်းစိတ်ဓာတ်နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှု
• Craftsmanship — လက်မှုအနုပညာနဲ့ အရည်အသွေးကို တန်ဖိုးထားမှု
• Continuous Learning — စဉ်ဆက်မပြတ် သင်ယူတိုးတက်လိုစိတ်
nri မှာ Perfect ဖြစ်ပြီးသား လူကို မရှာပါဘူး။
သင်ယူလိုစိတ်ရှိတယ်၊ တာဝန်ယူတတ်တယ်၊ ကိုယ်လုပ်တဲ့ အလုပ်အပေါ် ဂုဏ်ယူတတ်တယ်၊ Fashion ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော်တို့နဲ့ အတူ ကြီးထွားဖို့ ကြိုဆိုပါတယ်။
📍 Yangon
💬 Salary – Experience ပေါ်မူတည်၍ ညှိနှိုင်းနိုင်ပါသည်။
CV နှင့် Portfolio (ရှိပါက) Phone - 09447544984 သို့မဟုတ် Email - [email protected] မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။