Charming Clover Fashion & Design

Charming Clover Fashion & Design Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Charming Clover Fashion & Design, Design & Fashion, West Zay Haung Street, Yangon.

25/08/2026

❤️ Pattern ဆွဲတာ ဘယ်လောက်ပဲ တိကျပါစေအုံးတော့ ပိတ်ကြောယူတာမှားရင် ပုံထွက်လုံးဝလှလာမှာမဟုတ်ဘူးလေ ❤️

🍀အစကောင်းမှ အနှောင်းသေချာမှာမလို့ အစမှာအကောင်းဆုံး စိတ်ရော ကိုယ်ပါ အားထည့် သင်ထားပေးတယ် 🍀


01/08/2026

🍀Design 3 မှာတော့ ရိုးရိုးလက်ကနေ လက်ဖောင်းပြောင်းတာလေး စသင်ပေးလိုက်ပြီ 🍀

🍀အဖြူရောင် သတို့သမီးလေး 🍀❤️Veil လေးမှာပါ ပွင့်ခြွေဇာလေးတွေထည့်ထားပေးပါတယ် ❤️
25/06/2026

🍀အဖြူရောင် သတို့သမီးလေး 🍀

❤️Veil လေးမှာပါ ပွင့်ခြွေဇာလေးတွေထည့်ထားပေးပါတယ် ❤️


23/06/2026

🍀ပွဲတက်အတန်းမှာတော့ Flat Pattern ချည်းပဲသင်ပေးလို့မရတော့ဘူး Bodice ပေါ်မှာတင်ပြီးလဲ လုပ်တတ်ရမှာဆိုတော့ သင်ပေးထားပါတယ် 🍀

21/06/2026

Basic to Intermediate Level ထိ သင်ယူရမဲ့ မြန်မာဝတ်စုံသင်တန်း ❤️

သင်ယူရမဲ့ သင်ခန်းစာများကို ရှင်းပြထားပါတယ် ✌️

အခြေခံစက်နင်းကနေ အပ်ထည်လက်ခံနိုင်သည်ထိ သင်ကြားပေးပါမယ် 🪡

☎️09789293413

19/06/2026

၃လပဲ အချိန်ပေးရုံနဲ့ မြန်မာဝတ်စုံဒီဇိုင်းမျိုးစုံကို ကိုယ်တိုင်ဖန်တီးချုပ်လုပ်နိုင်မယ့် သင်တန်း 🪡

လှပတဲ့ဝတ်စုံလေးတွေ ဝတ်ဆင်နိုင်ဖို့အတွက် ဆိုင်တွေမှာပဲ အမြဲ တကူးတက အပ်နှံနေအုံးမှာလား။ 🤔

ပွဲတက်အတွက်ပဲဖြစ်ဖြစ်၊ casual wear အတွက်ပဲဖြစ်ဖြစ်၊ မြန်မာဝတ်စုံလေးတွေ ဝတ်ချင်တဲ့ အချိန်တိုင်းမှာ ကိုယ်တိုင်စိတ်တိုင်းကျ ချုပ်လုပ်ပြီး ဝတ်ဆင်နိုင်ဖို့ Charming Clover Fashion & Design က ဖွင့်တဲ့ မြန်မာဝတ်စုံ သင်တန်းကို တက်ရောက်နိုင်ပါပြီ။ 🤗

မြန်မာဝတ်စုံသင်တန်းမှာက ဘာတွေ သင်ယူရမှာလဲ။🧐
👗ရင်ဖုံး၊ ရင်စေ့၊ ရင်ဖြတ်ဆက်၊ ခါးဖြတ်ဆက် အင်္ကျီဒီဇိုင်းများ၊
👚ဘေဘီ‌ကော်လာ၊ ‌Shawl‌ ကော်လာ၊ Coat ကော်လာ စတဲ့ ကော်လာပုံစံများ၊
🧥တဆက်တည်း လည်ထောင်၊စတစ် လည်ထောင်
👘လည်ပင်းပေါက် ပုံစံ အမျိုးမျိုး၊ Sleeve မျိုးစုံ နှင့်
💃လုံခြည်တွေကတော့ ၃လွှာ၊ ၄လွှာ၊ ပတ်ထဘီ၊ ကွင်းချိတ်တို့ကို သင်ယူရမှာ ဖြစ်ပြီး၊
🧚ပခုံးပျောက်(Off-Shoulder)နှင့် ပခုံးချိတ်တို့ကိုပါ ရင်အုံတွဲနည်းနှင့် အတူ သင်ယူရအုံးမှာပါ။

👉သင်ကြားရေးအတွေ့အကြုံများစွာရှိပြီး Design နယ်ပယ်မှာ 9 years တိုင်ရပ်တည်နေထားတဲ့ Teacher ကိုယ်တိုင် ထိုင်း cmနည်းနဲ့ စနစ်တကျ သင်ကြားပေးမှာမို့လို့၊ မတတ်မြောက်မှာ မပူရပါဘူးနော်။

🍀သင်တန်းစမယ့်ရက် - 4.7.2026 (Saturday)
🕥အချိန် - 9:30 AM to 4:00 PM
(Sat & Sun )
💸သင်တန်းကြေး - 1,000,000 ks

✌️(30.6.2026)နေ့အတွင်းအပ်နှံသူလေးတွေအတွက်ကတော့
950,000ks သာကျသင့်မှာမလို့ page CB (သို့) 09789293413 ကို အမြန်ပဲ Hello လိုက်ပါနော်။☎️

11/06/2026

🍀 အဖြူရောင်သတို့သမီးလေးအတွက် နောက်ကွယ်မှာကြိုးစားနေသော မိမိ 🍀


30/05/2026

🍀မြန်မာပွဲတက်အတန်း 🍀


💐 သတို့သမီးလေး စိတ်ကြိုက် ဖန်တီးပေးခဲ့တဲ့ ဝတ်စုံလေး 💐🍀 အနားမိတ်မပါတဲ့ Lace ကို စီးကွင့်လေးတွေနဲ့ အနားမိတ်လိုထိုးထားပေးပြ...
28/05/2026

💐 သတို့သမီးလေး စိတ်ကြိုက် ဖန်တီးပေးခဲ့တဲ့ ဝတ်စုံလေး 💐

🍀 အနားမိတ်မပါတဲ့ Lace ကို စီးကွင့်လေးတွေနဲ့ အနားမိတ်လိုထိုးထားပေးပြီး ခါးထောင်လေးကိုတော့ သိပ်မထောင်ဘဲ သတို့သမီးလေး စိတ်ကြိုက် အနေတော်လေးပဲ လုပ်ထားပေးတယ် 🍀

❤️အချိန်သေချာမယူနိုင်ဘဲ အမြန်လေးချူပ်ပေးလ်ိုက်ရပေမဲ့ သတို့သမီးလေးရော ကိုယ်ရော စိတ်ကြိုက်ဖြစ်ခဲ့တဲ့ ဝတ်စုံလေး ❤️

11/05/2026

🍀 Body Frame သင်ပြီးတော့ လိုအပ်တာရှိမရှိကို မာစလင် ပိတ်စနဲ့စမ်းချုပ်ကြည့်ပြီး စိတ်ကြိုက်ဖြစ်ပြီဆိုတော့မှ Design အဆန်းတွေ ထပ်သွားမယ်လေ 🍀

❤️အစကောင်းမှ အနှောင်းသေချာမှာဆိုတော့ တစ်ယောက်ချင်း အသေးစိတ် လိုက်စစ်ပေးပါတယ် ❤️

Address

West Zay Haung Street
Yangon
11201

Telephone

+959789293413

Website

Alerts

Be the first to know and let us send you an email when Charming Clover Fashion & Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share