18/03/2022
Baby လေးတွေအငိုတိတ်စေဖို့နဲ့ မြန်မြန်အိပ်ပျော်စေဖို့ နှိပ်နယ်ပေးနိုင်တဲ့ နေရာ (၈) ခု….
ကလေးတွေကို နှိပ်နယ်ပေးတာနဲ့ လူကြီးတွေကို နှိပ်နယ်ပေးတာက မတူပါဘူး။ ကလေးအသက် ၆ ပတ်မှာ ပိုပြီး တုံ့ပြန်တတ်လာပါပြီ။ အဲဒါကြောင့် အသက် ၆ ပတ်ဆိုရင် နှိပ်နယ်ပေးလို့ ရနေပါပြီ။ အခုဖော်ပြမယ့် နည်းလေးတွေက သင့်ကလေးကို သက်တောင့်သက်သာ ဖြစ်စေမယ့်အပြင် မြန်မြန်လည်း အိပ်ပျော်စေပါတယ်။
၁။ လက်
🔸 အသက် ၂ နှစ်အောက် ကလေးတွေအတွက် အကြိမ် ၁၀၀ ကနေ ၂၀၀ ကြား နှိပ်နယ်ပေးပါ။ အသက် ၂ နှစ်ကနေ ၅ နှစ်ရွယ် ကလေးတွေကို အကြိမ် ၂၀၀ ကနေ ၃၀၀ ကြား နှိပ်နယ်ပေးပါ။
🔸အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ်ကလေးတွေကို အကြိမ် ၄၀၀ ကနေ ၅၀၀ အကြား နှိပ်နယ်ပေးပါ။ ကလေးရဲ့ကျန်းမာရေး ပြဿနာပေါ်မူတည်ပြီး လက်မှာ နှိပ်ရမယ့်နေရာတွေလည်း ကွဲပြားသွားပါတယ်။
- မျက်လုံးအတွက် အစိမ်းရောင်နေရာ
- ဖျားနာခြင်းအတွက် အပြာရောင်နေရာ
- ချောင်းဆိုးတဲ့အခါ အဝါရောင်နေရာ
- ကလေးသွားပေါက်တဲ့အခါ အနီရောင်နေရာ
- အန်တာနဲ့ ကြို့ထိုးတာအတွက် လိမ္မော်ရောင်နေရာ
- ချောင်းဆိုးခြင်းနဲ့ အစာအိမ် ပြဿနာတွေအတွက် ခရမ်းရောင် ပြထားတဲ့နေရာတွေကို နှိပ်နယ်ပေးပါ။
၂။ ခြေထောက်
- နှာပိတ်တဲ့အခါ အပြာရောင်အစက်လေးတွေ ပြထားတဲ့နေရာ
- ရင်ဘတ်အတွက် အဝါရောင်နေရာ
- ရင်ညွှန့်တစ်ဝိုက်နေရာမှာ အဆင်မပြေရင် လိမ္မော်ရောင်အစက် ပြထားတဲ့နေရာ
- ဝမ်းဗိုက်အပေါ်ပိုင်းအတွက် ခရမ်းရောင်နေရာ
- ဝမ်းဗိုက်အောက်ပိုင်းအတွက် ပန်းရောင်နေရာ
- တင်ပါးဆုံရိုးအတွက် အစိမ်းနုရောင်နေရာ
- သက်တောင့်သက်သာနဲ့ မြန်မြန်အိပ်ပျော်စေဖို့ အစိမ်းရင့်ရောင်နေရာ (ခြေဖဝါးအောက်ပိုင်း)
- ဦးခေါင်းနဲ့ သွားအတွက် ခြေချောင်းလေးတွေကို နှိပ်နယ်ပေးပါ။
၃။ ခြေဖဝါးတစ်လျှောက် နှိပ်နယ်ပေးခြင်း
ကလေးရဲ့ခြေဖနောင့်ကနေ စပြီး ခြေမအထိကို သင့်ရဲ့ လက်ညိုးကို အသုံးပြုပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ကလေးက အဆင်မပြေတဲ့ပုံစံ ဖြစ်လာရင်တော့ ဆက်မနှိပ်သင့်ပါဘူး။
၄။ ခြေမ
ကလေးရဲ့ခြေမကို နှိပ်နယ်မယ် ဆိုရင်တော့ အရမ်းကို ညင်သာဖို့ အရေးကြီးပါတယ်။ ခြေမကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။
၅။ မျက်နှာ
ကလေးရဲ့မျက်နှာကို သင့်လက်ချောင်းလေးတွေနဲ့ နူးနူးညံ့ညံ့ နှိပ်နယ်ပေးလို့ ရပါတယ်။ ကလေးရဲ့ နဖူးကနေ ပါး၊ ပါးကနေ နှုတ်ခမ်းနေရာအထိ ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။
၆။ ရင်ဘတ်
ကလေးရဲ့ ပုခုံးပေါ်မှာ သင့်လက်တွေကို ထားပါ။ အဲဒီကနေ ဖြည်းဖြည်းချင်း ရင်ဘတ်အထိ နှိပ်နယ်ပေးပါ။ တချို့ကလေးတွေကတော့ ရင်ဘတ်ကိုနှိပ်ရင် အရမ်းသဘောကျပေမယ့် တချို့ကတော့ မကြိုက်ပါဘူး။
၇။ ဝမ်းဗိုက်
မနှိပ်ခင် ကလေးရဲ့ဝမ်းဗိုက်ကို အရင်ဆုံး စစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဝမ်းဗိုက်က နူးညံ့နေရင်တော့ နှိပ်လို့ရပါတယ်။ ကလေးက လေပွနေရင် ဒါမှမဟုတ် တခြားပြဿနာတွေ ရှိနေရင်တော့ မနှိပ်သင့်ပါဘူး။ ကလေးရဲ့ဗိုက်ကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ချက်နေရာကိုတော့ မနှိပ်သင့်ပါဘူး။ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြားနေရာကိုလည်း အရမ်းကြီး ဖိအားသုံးပြီး မနှိပ်သင့်ပါဘူးနော်။
၈။ ခြေထောက်
ကလေးရဲ့ ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးကနေစပြီး ခြေထောက်အပေါ်ပိုင်းအထိ နှိပ်နယ်ပေးပါ။ ကလေးရဲ့ လိင်အင်္ဂါနေရာကိုတော့ မနှိပ်နယ်မိဖို့ အရေးကြီးပါတယ်။
crd: