Myat’s Diary

Myat’s Diary Sharing & Travelling Vlog …By Bee🐝

31/10/2025

A hauntingly beautiful Halloween night 🖤🎥

27/04/2025

မြတ်အတွက် ထပ်ခါထပ်ခါသွားလည်နေရတာတောင်
မရိုးသွားတဲ့နေရာလေး တစ်ခု 💁🏻‍♀️

ချင်းမိုင်ရောက်ရင်လည်ကိုလည်ရမဲ့
နေရာလေးတွေထဲကတစ်ခုဖြစ်တဲ့
Mae Kampong ရွာလေးပါ 🏡

မဲ့ကပေါင်ရွာလေးကတော့နိုင်ငံခြားခရီးသွားတွေအကြား နာမည်ကြီးလာတဲ့ ချင်းမိုင်က
တောင်ပေါ် ရွာလေးတစ်ခုဆိုလည်းမမှားပါဘူး
ချင်းမိုင်ကနေဆို တစ်နာရီလောက်ပဲ
သွားရပြီးတော့ သွားတဲ့လမ်းတစ်လျောက်မှာလဲ လည်ပတ်စရာနေရာတွေ ပေါပါတယ် 🚏

ရွာလေးကတော့ တောင်ပေါ်အမြင့်လေးမှာ
ရှိတာဖြစ်ပြီး ရိုးရာစျေးဆိုင်လေးတွေ၊
ရိုးရာအစားအသောက်တွေနဲ့ လမ်းတစ်လျောက်လုံး
လှပအောင် လုပ်ထားတာဖြစ်ပါတယ်ရှင့် ✌🏻

လမ်းတစ်လျောက်မှာရှိတဲ့ သစ်သားအိမ်လေးတွေကိုလည်း အလှဆင်ထားပြီး ခရီးသွားတွေကတော့
လမ်းတစ်လျှောက် ဓါတ်ပုံရိုက်ကြတာပေါ့🫢

အနီးနားက ရေတံခွန်တွေ၊
View point ကြည့်လို့ရတဲ့cafe တွေလည်း
ဝင်လည်ခဲ့ပါသေးတယ်ရှင့်🙆🏻‍♀️

ချင်းမိုင်ရောက်ရင် လည်ဖြစ်အောင်လည်ရမယ်နော်




24/03/2025

☁️

24/03/2025

Hello 👋🏻 Wellcome To Chiang Mai 🤍

ပန်းခင်းကြီးတွေနဲ့ ချင်းမိုင်မြို့က
စိတ်ကူးယဥ် အိမ်မက်ကမ္ဘာလေးဖြစ်တဲ့
Monjomသို့သွားလည်🤍

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုရောက်ပြီဆိုရင်

မြို့လေးမှာ အခုခေတ်စားနေတဲ့

Lavendar ပန်းခင်းကြီးရှိတဲ့Ying Yong Flower Garden မှာ အမှတ်တရလေးတွေ ဖန်တီးခဲ့ကြပါ☁️

မြတ်ရောက်တုန်းက နေ့လည်ဖြစ်လို့ပူနေပေမဲ့
မနက်စောစောလေး သွားလည်ကြနော်

အပေါ်စီးကနေ ရှူခင်းသဘာဝအလှတရားတွေအကုန်မြင်ရတာမို့ တအားအေးပြီးလှနေမှာ🤍

ချင်းမိုင်မြို့ထဲကနေ မောင်းရင်တော့
တစ်နာရီကျော်ကြာတော့ ကားစီးရပါတယ်ရှင့်❤️

ပန်းခြံဝင်ကြေးကတော့
တစ်ယောက်၄၀ဘတ်ပဲကျပါတယ်ရှင့်

🧭https://maps.app.goo.gl/83RCkr6pfZrWGyvZ9?g_st=com.google.maps.preview.copy





26/01/2025

A day in Mae Kampong village 🍂🍃

ချင်းမိုင်ဆိုရင် မလည်မဖြစ် သွားလည်သင့်တဲ့
Mae Kampong Village ရွာလေးကို
အလည်ခေါ်သွားပါမယ်ရှင့် 🏞️

ချင်းမိုင်မြို့ကနေ သွားချိန်

တစ်နာရီဝန်းကျင်သာရှိပါတယ်

တောင်တန်းတွေကြားထဲမှာ ရှိနေတဲ့
ဒီရွာကလေးဟာ ထိုင်းရိုးရာအငွေ့အသက်အပြည့်
အစားအသောက်မျိုးစုံကို ဝယ်ယူစားသောက်နိုင်မယ့်
မုန့်စျေးတန်းတွေလည်းရှိပါသေးတယ်

ရွာကိုမနက်စောစောသွား နေ့လည်အပြန်ကျရင်
စမ်းချောင်းဘေးနားမှာ အနားယူရင်း
အပြန်ကျရင် Giant Tree Cafe ကိုပါ
ဝင်လည်ခဲ့ဦးနော် 🫶🍽️🍵

မြတ်တို့ကတော့ Package နဲ့မသွားဘဲ
InDrive ကပဲ အသွား bath 500 နဲ့ ငှါးလိုက်ပြီး
အသွားအပြန် InDrive Driverနဲ့
စျေးညှိလို့အဆင်ပြေတာနဲ့
တနေကုန် လျှောက်လည်ခဲ့လိုက်ပါတယ် 🫶




26/01/2025

Welcome To My Myat’s Diary World 🌏 Guess Where’s this place? # Thailand

Address

Suthep Road, Chiangmai
Yangon
50200

Telephone

+959444393435

Website

Alerts

Be the first to know and let us send you an email when Myat’s Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share