Moken’s Plus

Moken’s Plus မော်လမြိုင်ကပါ။plus sizeအင်္ကျီနဲ့ မြိတ်၊မော်လမြိုင်ဒေသထွက်ကုန်တွေရောင်းပါမယ်ရှင့်။

24/12/2022

Share love with KBZPay

ခြေထောက်ကြီးတဲ့ မမတွေ အတွက် ခိုင်မာလာ ကထွက်တဲ့ over size လေးရောက်ထားပါတယ်နော်ခြေထောက် ဘယ်လောက်ကြီးကြီး စီးလို့ရတယ်ခိုင်ခ...
15/09/2022

ခြေထောက်ကြီးတဲ့ မမတွေ အတွက်

ခိုင်မာလာ ကထွက်တဲ့ over size လေးရောက်ထားပါတယ်နော်

ခြေထောက် ဘယ်လောက်ကြီးကြီး စီးလို့ရတယ်

ခိုင်ခံ့ပြီး စီးကောင်းလို့ လူကြိုက်များတဲ့ ဖိနပ်လေးပါ

👣Size -41 to 43
(ပုံမှန်size က 36 to 40 ) ပါ

Price- 11500 ks

𝑃𝑙𝑒𝑎𝑠𝑒 𝑙𝑖𝑘𝑒 𝑎𝑛𝑑 𝑓𝑜𝑙𝑙𝑜𝑤 𝑓𝑜𝑟 𝑚𝑜𝑟𝑒 𝑖𝑡𝑒𝑚𝑠
ʕ•́ᴥ•̀ʔっ♡ 🅜🅞🅚🅔🅝❜🅢 +
https://www.facebook.com/profile.php?id=100083143399718

Marco ကထွက်တဲ့ ကွင်းထိုး လေးရောက်ထားပါတယ်စီးလိုက်ရင် မိမိုက်နေရောလည်သာ အသားလေးကလည်း အရမ်းကောင်းတယ်နော်Made in Thailand 👣...
14/09/2022

Marco ကထွက်တဲ့ ကွင်းထိုး လေးရောက်ထားပါတယ်

စီးလိုက်ရင် မိမိုက်နေရော

လည်သာ အသားလေးကလည်း အရမ်းကောင်းတယ်နော်

Made in Thailand
👣Size -36 to 40

Price-12500 ks



𝑃𝑙𝑒𝑎𝑠𝑒 𝑙𝑖𝑘𝑒 𝑎𝑛𝑑 𝑓𝑜𝑙𝑙𝑜𝑤 𝑓𝑜𝑟 𝑚𝑜𝑟𝑒 𝑖𝑡𝑒𝑚𝑠
ʕ•́ᴥ•̀ʔっ♡ 🅜🅞🅚🅔🅝❜🅢 +
https://www.facebook.com/profile.php?id=100083143399718

🦄Baby လေးတွေ အတွက်🦄 ဒါလေးက ပုံစံ ၂မျိုးစီးလို့ရပါတယ်ကွင်းထိုးပုံမျိုးနဲ့ရော  အသိုင်းနဲ့ ရော စီးလို့ရတယ်ရာဘာအသားက အကောင်း...
13/09/2022

🦄Baby လေးတွေ အတွက်🦄



ဒါလေးက ပုံစံ ၂မျိုးစီးလို့ရပါတယ်
ကွင်းထိုးပုံမျိုးနဲ့ရော အသိုင်းနဲ့ ရော စီးလို့ရတယ်

ရာဘာအသားက အကောင်းမို့လို့ ခြေဖဝါးမပူဘူးနော်

Made in Thailand

👣Size -18 to 29
(၁နှစ် ကနေ ၄ နှစ်ထိ)

Price- 7500 ks

ʕ•́ᴥ•̀ʔっ♡ 🅜🅞🅚🅔🅝❜🅢 +
https://www.facebook.com/profile.php?id=100083143399718

Peace အသိုင်းလေး 🥰 ( ) ဒါလေးက ပုံစံ ၂ မျိုးစီးလို့ရပါတယ်ကွင်းထိုးပုံစံ စီး မလား အသိုင်းလိုမျိုးစီးမလား အဆင်ပြေတယ်EVA အသာ...
12/09/2022

Peace အသိုင်းလေး 🥰 ( )

ဒါလေးက ပုံစံ ၂ မျိုးစီးလို့ရပါတယ်

ကွင်းထိုးပုံစံ စီး မလား အသိုင်းလိုမျိုးစီးမလား အဆင်ပြေတယ်

EVA အသားမို့လို့ ခြေထောက်လုံးဝမပူ
ပေါ့ပါးပြီး စီးကောင်းနေရော

41 ထိ လာတော့ over size သမားတွေလည်း စီးလို့ရတယ်

👣Size -36 to 41

Price- 11500 ks

Bee Xprs ရောက်တဲ့မြို့တိုင်းပို့ပါတယ်ရှင့်။
YGN ,MDY, MLM Cash On Deli(COD) ရပါတယ်ရှင်။
မှာမယ်ဆို cb မှာ မှာပေးပါနော် ။

🦚GOODDY ကထွက်တဲ့ shoe လေး ထမိန်လေးနဲ့ပဲစီးစီး စကပ်လေးနဲ့ပဲစီးစီး ဘောင်းဘောင်းလေးနဲ့ပဲစီးစီး🦚စီးလိုက်ရင် မိမိုက်နေရောလည်သ...
12/09/2022

🦚GOODDY ကထွက်တဲ့ shoe လေး ထမိန်လေးနဲ့ပဲစီးစီး စကပ်လေးနဲ့ပဲစီးစီး ဘောင်းဘောင်းလေးနဲ့ပဲစီးစီး🦚

စီးလိုက်ရင် မိမိုက်နေရော

လည်သာ အသားလေးကလည်း အရမ်းကောင်းတယ်နော်

ရောက်တာနဲ့ ကုန်မြန်လို့ အမြန်လေး ဝယ်ထားကြနော်

Made in Thailand
👣Size -36 to 41

Price- 14500 ks
Bee Xprs ရောက်တဲ့မြို့တိုင်း COD ရပါတယ်ရှင့်။

ခြေထောက်မနာပဲ စီးကောင်းတဲ့ ဖိနပ်အနက်နဲ့ ပန်းရောင်လေးရပါမယ်ရှင့်။In stock ပါရှင်YGN MDY MLM အိမ်အရောက်ငွေချေပါရှင့်။တရံ -...
11/09/2022

ခြေထောက်မနာပဲ စီးကောင်းတဲ့ ဖိနပ်

အနက်နဲ့ ပန်းရောင်လေးရပါမယ်ရှင့်။

In stock ပါရှင်YGN MDY MLM အိမ်အရောက်ငွေချေပါရှင့်။

တရံ -10500 ks
size- 36 to 41

05/09/2022

#ဒီညနေယုဇနပလာဇာ
အဝင်ဝမှာ

ကျနော့်ကားကို
နောက်ကားက
တက်တိုက်ပါတယ်။

ကျနော်က
ကားတံခါးဖွင့်ပြီး
ဆင်းကြည့်တော့

တက်တိုက်တဲ့
တက်စီသမားလည်း
ကားပေါ်က
ဆင်းလာပါတယ်။

သူကဘာပြောလဲဆိုတော့
ဟိုကားကို ရှောင်လိုက်လို့
တိုက်တာပါတဲ့။

ကျနော်က ဓါတ်ပုံလည်း
မရိုက်ပါဘူး။
ရဲလည်းမခေါ်ပါဘူး။

အလျှော်လည်း
မတောင်းပါဘူး။

နည်းနည်းလေးပဲ့
ခြစ်ရာဖြစ်သွားတာပါ။

ကျနော်ကတော့
ခင်ဗျား
ဘယ်ကားရှောင်ရှောင်
ကြည့်ပီးမောင်းပေါ့ လို့ပဲ
ပြောလိုက်ပါတယ်။

တနေ့ကခုံအော်ဒါမှာမလို့
ဆိုင်ကိုသွားမေးတာ
နောက်ရက်
ပြန်ပြောပေးမယ်ဆိုလို့
ဖုန်းမဆက်လာတဲ့အတွက်

လူကိုယ်တိုင်တစ်ခေါက်
ထပ်သွားမေးရပြန်ပါတယ်။

ကျနော်က
ခုံမေးထားတာလေး
ဒီနေ့
ပြန်ပြောပေးမယ်ဆိုတာ

ဖုန်းမဆက်လာလို့
လာမေးတာပါလို့
ပြောပါတယ်။

ဆိုင်ဝန်ထမ်းက
အဲလောက်မမြန်ဘူးလေ။
မှာလို့ရပါတယ်တဲ့။

ဒါဆို ကျနော်စျေးသိမှ
ဖြစ်မှာမို့လို့
အခုမေးပေးပါလား
ပြောတော့
ချက်ချင်းမေးပြီး
ချက်ချင်းသိရပါတယ်။

တကယ်တော့ သူမေ့
နေတာပါ။

ဒါကို
အဲလောက်မမြန်ဘူးလို့
ခပ်တည်တည်နဲ့
လုပ်လိုက်ပါသေးတယ်။

လွန်ခဲ့တဲ့၃ရက်လောက်က
ဘဏ်မှာငွေထုတ်သွားရင်း

ကျနော်က
ကိုယ်စားလှယ်ငွေထုတ်
စာရွက်တွေ
တောင်းယူထားပါတယ်။

ငွေထုတ်ကောင်တာက
ကျနော့်အလှည့်ကျလို့
ခေါ်တော့

ကျနော်က ခုနကယူထားတဲ့
စာရွက်တွေပါ
မှားပေးလိုက်မိတယ်။

သတိရတော့မှ ခုနက
စာရွက်တွေမှားပြီးပေး
လိုက်မိတာ

ကျနော့်ကို
ပြန်ပေးပါလားလို့တောင်းတော့
ဟိုဘက်ကို ပေးလိုက်ပြီ
အဲဒီမှာ သွားယူပါတဲ့။

အဲဒီမှာ
သွားယူတော့မရှိပါဘူး။

အဲဒီကဝန်ထမ်းကိုပြောပြလို့
အဲဒီကဝန်ထမ်းက
ကိုယ်တိုင်လိုက်မေးပေး
ပါတယ်။

တကယ်တော့
အဲဒီမှာ သွားယူပါလို့
ပြောလိုက်တဲ့ဝန်ထမ်းဆီမှာ
ရှိနေပါတယ်။

တစ်နေ့က
ကွန်ပျူတာဆိုင်မှာ
ကွန်ပျူတာတစ်လုံး
ဝယ်တော့
လက်ကွက်တစ်ခုထည့်ပေး
ထားဖို့
ဖုန်းဆက်ပြီးပြောပါတယ်။

ထည့်လို့မရပါဘူး။
အဲဒါ
ဆော့ဝဲရှိမှရပါတယ်တဲ့။

လူကိုယ်တိုင်သွားတော့လည်း
အစ်ကိုအခုဆော့ဝဲသွားဝယ်
လာပေးရင်
ထည့်ပေးမယ်တဲ့။
သူတို့မှာမရှိဘူးတဲ့။

အဲဒါဆိုင်တိုင်းလုပ်ပေး
ပါတယ်လို့
ကျနော်ကပြောတော့
ဝန်ထမ်းမိန်းကလေးက
ဒါဆိုအဲဒီဆိုင်မှာ
သွားဝယ်ပါလားတဲ့။

ကျနော်လည်း
မင်းဘာစကားပြောတာလဲလို့
ပြောတော့
ပါးစပ်ပိတ်သွားပါတယ်။

ပြီးတော့
ကျနော်လုပ်ကြည့်လိုက်တော့
ဘာဆော့ဝဲလ်မှ
မလိုဘဲရသွားပါတယ်။

ကျနော်က ဟောဒီမှာကြည့်
မင်းတို့ခပ်တည်တည်
ရွှီးတာလို့ပြောတော့
အားလုံးဘာမှ
ပြန်မပြောတော့ပါဘူး။

အခုကျနော်သွားခဲ့တဲ့
ဆိုင်တွေ
ဘဏ်တွေဆိုလည်း
ရန်ကုန်မြို့မှာ
နာမည်ကြီးနေရာတွေပါ။

ကျနော်ပြောချင်တာက
ကျနော်တို့နိုင်ငံမှာ
လူတွေဘယ်လောက်
အရိုင်းစိုင်းဆန်နေကြသလဲ
ဆိုတာပါ။

ကျနော်တို့နိုင်ငံမှာ
တောင်းပန်ပါတယ်ဆိုတဲ့
စကားကို လူတွေ
မပြောတတ်ပါဘူး။

ဆင်ခြေပေးမယ်။
ခေါင်းရှောင်မယ်။
တာဝန်လွှဲမယ်။

ကိုယ့်အပြစ်ကိုဖုံးကွယ်ပြီး
သူများကိုတောင်ပြန်ပြီး
အပြစ်ရှာမယ်။
ခပ်တည်တည်ရွှီးမယ်။

ဒါဟာ
ပြသနာသေးသေးလေးကို
ကြီးထွားစေနိုင်ပါတယ်။

စိတ်မကြည်မလင်၊
စာမကြေဖြစ်ကြလို့
အဲဒီဆိုင် အဲဒီလူကို
နောက်မကြည့်ချင်တော့
ပါဘူး။
မသွားချင်တော့ပါဘူး။

ကျနော်တို့ဂျပန်မှာနေခဲ့လို့
ဂျပန်အသိုင်းအဝိုင်းမှာ
လုပ်ကိုင်ကျင်လည်ရတဲ့
အခါ

တစ်နေ့တစ်နေ့ပြောရဆုံး
စကားဟာ
မင်္ဂလာပါဆိုတဲ့စကား၊
ကျေးဇူးတင်ပါတယ်ဆိုတဲ့
စကားနဲ့
တောင်းပန်ပါတယ်ဆိုတဲ့
စကားတွေပဲ့ဖြစ်ပါတယ်။

ထိုင်းတွေလည်း
ဒီအတိုင်းပဲ့တွေ့ရပါတယ်။

တောင်းပန်ပါတယ်ဆိုတဲ့
စကားကို တွင်တွင်
ပြောကြတာတွေ့ရပါတယ်။

စ်ိတ်ဓါတ်
ပြင်းထန်တိကျလွန်းတဲ့
လူ့အသိုင်းအဝိုင်းမှာ

လူ့အချင်းချင်း
ပြေလည်အောင်ဆက်ဆံ
နိုင်ဖို့
ဒီစကားတွေဟာ
အင်မတန်အရေးကြီးပါတယ်။

လူဆိုတာ အမြဲမှားတတ်၊
လွဲချော်တတ်၊သူတစ်ပါးကို
ထိခိုက်စေတတ်လို့
ဒါတွေကိုဆေးကြောပြစ်ပြီး

နွေးထွေးစွာပြန်လည်
ဆက်ဆံနိုင်ဖို့
ဒီစကားတွေဟာ အင်မတန်
အရေးကြီးပါတယ်။

ကျနော်တို့မြန်မာတွေဟာ
မဟုတ်တာတွေကို
ခွင့်လွှတ်လစ်လျှစ်ရှုရင်းနဲ့

ကျနော်တို့
လူ့အသိုင်းအဝိုင်းကို
အရိုင်းအစိုင်းတွေအဖြစ်
ခွင့်ပေးထားသလို
ဖြစ်နေပါတယ်။

ကျနော်ကတော့
အခြေခံကျောင်းတွေကအစ
ကလေးတွေကိုသင်ကြားပြီး

အခြေခံစိတ်ဓါတ်
အလေ့အကျင့်ကောင်းတွေနဲ့

လူ့အသိုင်းအဝိုင်းထဲကို
ရောက်ရှိအောင်
ပြုစုပျိုးထောင်သင့်တယ်
ထင်ပါတယ်။

ကိုယ်ကစပြီးကျင့်သုံးဖို့လည်း
ဝန်လေးမနေသင့်ပါဘူး။

ဘယ်လိုထင်ကြပါသလဲ
မိတ်ဆွေတို့။

Win Khaing

ကလေးကျောင်းစီးလေး ပေါ့ပေါ့ပါးပါး နဲ့စီးရလွယ်တာလေးပါ မေမေတို့ရေ။ ဂျပန်brand Ms. CoCo တံဆိပ် လေးပါတရံ ကို - 9800 ks နဲ့ရပါ...
24/08/2022

ကလေးကျောင်းစီးလေး ပေါ့ပေါ့ပါးပါး နဲ့စီးရလွယ်တာလေးပါ မေမေတို့ရေ။


ဂျပန်brand Ms. CoCo တံဆိပ် လေးပါ

တရံ ကို - 9800 ks နဲ့ရပါမယ်ရှင်

စက်ရုံရှင်းမို့ ဒီဈေးရတာပါနော်

ဗူးလေးနဲ့ လာလို့ လက်ဆောင်ပေးလို့လည်း လှ တယ်

ပုံမှန်ရောင်းဈေး ၁သောင်းကျော် ၂သောင်းနီးပါး ရှိပါတယ်

📌ခြေချော် မလဲ ကျစေရန် Anti slip ဖြစ်တယ်

📌ခြေဖနှောင့်မနာပဲ စီးရတာ သက်တောင့်သက်သာရှိပါတယ်

📌ဂျပန် နိုင်ငံသို့ တင်ပို့တော့ export ထုတ်ကုန်ဖြစ်တဲ့ အတွက် quality ပိုင်းကတော့ စိတ် ချပါရှင်

👣Size -မ - 16 cm to 23 cm
ခန့်မှန်း - 3 နှစ်ကနေ 10 နှစ်ထိ

မှာချင်ရင် cb မှာ မှာပေးပါနော်♥️

--- ကံကောင်းစေဖို့ ---
18/08/2022

--- ကံကောင်းစေဖို့ ---

ကျက်သရေတိုးအောင်မြင်လှပလိုသော အမျိုးသမီးတွေအတွက် လက်သည်းနီအရောင်အရှိန်အဝါ

ဒီနေ့ အမျိုးသမီးတွေအနေနဲ့ ကိုယ် လိုချင်တဲ့စွမ်းအင် အရှိန်အဝါနဲ့ကိုက်ညီတဲ့ လက်သည်းနီ အရောင် ရွေးချယ်နည်းကို ပြောပြချင်ပါတယ်။

ဒီစာထဲက အရောင်တွေက ခြေသည်းနီလက်သည်းနီနဲ့ပဲ သက်ဆိုင်တာဖြစ်ပြီး အိတ် ဖိနပ် အဝတ်အစား စတဲ့အသုံးအဆောင်အရောင်များနဲ့ မဆိုင်ပါရှင့်။

[အကြောင်းအရာကိုနှစ်သက်ပါက လက်တွေ့ အသုံးပြုနိုင်ပါတယ်။ စာသားတွေidea တွေတော့ crd မပေးဘဲ ကော်ပီယူရင် အိမ်သာတက်တိုင်း ရေကုန် ဘုရားသွားတိုင်း ဖိနပ်ပျောက် ကားစီးတိုင်း မီးပွိုင့် အကြိမ်၂၀မိ မီးလာတုန်း ဖုန်းအားသွင်းဖို့မေ့ crush လိုက်တိုင်း သူများနောက်ပါသွား ဘဏ်ငွေထုတ်ရင် စာရေးမပျောက် ATM ထုတ်ရင် ကဒ်ညပ် မိုးရွာတုန်း ထီးကျိုးပါစေနော်။ ဟင်းဟင်း]

အနီရောင် သန်းတဲ့ shade တွေကို အမြန်ပြီးစီးအောင်မြင်ချင်သောကိစ္စများ အတွက် ရည်မှန်းပြီး ကိုယ့်လက်သည်းမှာ အရောင်တင်ပေးရပါမယ်။ လာဘ်လာဘအမြန်ဝင်ဖို့ နဲ့ အချစ်ရေးမှာ တဖက်လူက သွေးအေးနေရင် အရင်လို ကြင်နာလာစေဖို့ အနီရောင် ပါ။

ကြက်သွေးနီရောင်က ရည်မှန်းချက်ကြီးကြီးနဲ့ အလုပ်လုပ်ရမယ့်အမျိုးသမီးတွေအတွက် power color ပါပဲ။ မိဘကို လုပ်ကျွေးပြုစုရာမှာ အခက်အခဲရှိရင် ပြေလည်စေဖို့ ရည်ရွယ်သုံးသင့်ပါတယ်။

အဝါရောင်သန်းတဲ့ shade တွေကိုကျတော့ စိတ်တွေလေးလံထိုင်းမှိုင်းနေရင် အသုံးပြုပေးရပါမယ်။ ပျော်ရွှင်မှုတွေ ပျောက်နေတယ် ထင်ရင် အသုံးပြုပါ။ ကံကောင်းမှုတွေကို တာရှည်ဆွဲဆန့်ပေးတဲ့အရောင်ဖြစ်ပါတယ်။

ပန်းရောင် အမျိုးမျိုး ကတော့ အချစ်အရောင် လို့ တင်စားကြတဲ့အတွက် romantic love လိုချင်ရင် ပန်းရောင်အရင့် self love ဆိုရင် ပန်းရောင်အဖျော့ စသဖြင့် သုံးပေးနိုင်ပါတယ်။ ပန်းဆီရောင် လို့ ခေါ်ကြတဲ့ အရောင်မျိုးတွေက အမျိုးသမီးခွန်အားကို ညီညွတ်မျှတစေပါတယ်။ရာသီလာခါနီး mood swing တာကိုလဲ အတိုင်းအတာတစ်ခုအထိ သက်သာစေပါတယ်။

လိမ္မော်ရောင်သန်းတဲ့shade တွေကတော့ ဥာဏ်ပညာသုံးရတဲ့ မိန်းမသားတွေအတွက် အဖော်ကောင်းပါပဲ။ creation လုပ်ဖို့ ပိတ်ဆို့နေတဲ့ခေါင်းထဲက ဥာဏ်တွေကို နေ့ချင်းညချင်း လင်းလက်စေတဲ့ အရောင်ပါ။ သူများထက် ရှေ့ပြေးရောက်ချင်သူတွေအတွက် သင့်တော်ပါတယ်။

အညိုရောင် အသားရောင် shade တွေက ကိုယ့်ထက် အသက်ကြီးတဲ့အမျိုးသားတွေနဲ့ date ဖြစ်တဲ့သူတွေအတွက် အကောင်းဆုံးအရောင်ပါ။ အညိုရောင် အသားရောင်လက်သည်းဆေးဆိုးထားတဲ့ လက်ပိုင်ရှင်တွေက နွေးထွေးတဲ့ aura ကို ပေးတတ်ပါတယ်။ ဒါ့အပြင် energy ခဏ ခဏ အပြောင်းအလဲ မြန်ပြီး အလိုလို စိတ်မောနေတဲ့ empath တွေ သုံးသင့်တဲ့ လက်သည်းနီ အရောင်ပါ။

လာဗန်ဒါအရောင် shade တွေက intuition ကို အားကောင်းစေပါတယ်။ အစောင့်အရှောက်ကောင်းစေတယ်။ စိတ်ပင်ပန်းမှုတွေကို သက်သာစေပါတယ်။ ခရမ်းရောင်အရင့်တွေကတော့ အသုံးစွဲများ ငွေထွက်တာများနေရင် ဆိုးသင့်ပါတယ်။ ကိုယ့်ဘေးနားမှာ အကျင့်စရိုက် မကောင်းသူတွေ များနေရင်လဲ ဆိုးသင့်တဲ့ အရောင်ပါ။

မရမ်းရောင် shade တွေကတော့ သက်တူရွယ်တူ အမျိုးသားနဲ့ ချစ်ကြိုးသွယ်နေတဲ့သူတွေ သက်လတ်ပိုင်းအမျိုးသမီးတွေ ဆိုးသင့်ပါတယ်။ ခင်ပွန်းသည်ရဲ့ ဘုန်းကံ နဲ့ ကံကောင်းမှုကို ကိုယ့်ဘက်က သိသိသာသာမြှင့်တင်ပေးနိုင်တဲ့ လက်သည်းအရောင်မျိုးပါပဲ။

မဲနယ်ပြာရောင် နက်ပြာရောင် တွေက အမှန်အတိုင်း အရှိအတိုင်း နေတတ်ပြီး မိမိဖြစ်တည်မှုကို ပို မြှင့်တင်ချင်သူတွေအတွက် သင့်တော်ပါတယ်။ လူအများ ဝေဖန်တိုက်ခိုက်တာ ခံနေရ ရင် ဆိုးသင့်သောအရောင်ဖြစ်ပြီး ပညာဥာဏ်အားကောင်းစွာနဲ့ ချေပနိုင်ပါတယ်။ လူကြီးစုံရာနဲ့ဖြေရှင်းရမယ့်ကိစ္စတွေမှာ ဆိုးသင့်တဲ့အရောင်ပဲပေါ့။

မိုးပြာရောင် စိမ်းပြာရောင် တွေက အဆက်အသွယ်ကောင်းရှာဖွေနေသူများ ပွဲစားအလုပ်လုပ်သူများ နှုတ်ဖြင့်ပြောဆိုကာ စီးပွားရှာရသူ အမျိုးသမီးတိုင်းအတွက်ဆိုးသင့်တဲ့အရောင်ပါ။ အထူးသဖြင့် လက်သန်းမှာ တစ်ချောင်းထဲ ဒီဇိုင်းထွင် ကွက်ဆိုးထားရင် smart ကျ တဲ့အပြင် အလုပ်လဲတွင်စေပါတယ်။ အလုပ်အကိုင် အသစ် နေရာအသစ် ပြောင်းလဲချင်နေသူများအတွက်လဲ အဆင်ပြေတဲ့အရောင်တွေပါ။

အစိမ်းရောင်မျိုးစုံကတော့ ငွေကြေးနဲ့ ပက်သက်ပြီး ငွေသုံးငွေစုမြဲစေတယ်။ ငွေကံပွင့်စေတယ်။ ဒါပေမယ့် အစိမ်းနုရောင် က အချစ်ရေးမှာ စိတ်ကစားလွယ်တာ ဖြစ်စေတာကြောင့် ငွေကြေးကိစ္စ ပြောဆို လုပ်ကိုင်မှသာ ဆိုးသင့်ပါတယ်။ အစိမ်းရင့်ရောင် ဆိုလဲ လစဉ်ဆက်တိုက်မဆိုးသင့်ပါဘူး။ စိတ်မောတာ ဘေးနားကလူတွေကို လောကြီးတိုက်တွန်းရတာများတတ်ပါတယ်။

အနက်ရောင် ကတော့ ကိုယ့်ကို မြင်ရတဲ့ နည်း မမြင်ရတဲ့နည်းနဲ့ တိုက်ခိုက်လာသမျှကို တန်ပြန်စေဖို့ပါ။

မီးခိုးရောင်ကတော့ မညီမမျှ ဖြစ်နေတဲ့ကိစ္စတိုင်း တရားမျှမျှတတ ဖြစ်စေဖို့ပါ။

အဖြူ ရောင်ကတော့ မကောင်းတဲ့ဓာတ်တွေ ပျယ်စေဖို့ ရည်ရွယ်ပြီးသုံးသလို အခြားအရောင်တွေကို အားဖြည့်ပေးဖို့လဲ သုံးနိုင်ပါတယ်။

ရွှေရောင်ကတော့ အမျိုးသားတွေဆီက မောင်နှမကဲ့သို့ ကြင်နာဂရုစိုက်မှုကို ရစေပြီး ငွေရောင်ကတော့ အမျိုးသမီးတွေနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်မှာ အောင်မြင်စေပါတယ်။

ကိုယ်က masculine energy နည်းနေရင် ရွှေရောင်ကို ရွေးချယ်သင့်ပြီး feminine energy နည်းနေရင် ငွေရောင်ကို လက်သည်းဆိုးသင့်ပါတယ်။

အခုခေတ်စားနေတဲ့ rose gold အရောင်ကတော့ ကျက်သရေမင်္ဂလာရှိစေပြီး ဘဝအဆင့်အတန်းမြင့်စေပါတယ်။

အကြည်ရောင် /အလက်လက်မှုန်လေးတွေ ရောထားတဲ့အကြည်ရောင်တွေက အခြားcolor တွေရဲ့ အားကောင်းမှုကို အားဖြည့်ပေးတဲ့အပြင် ငယ်ရွယ်တဲ့အမျိုးသားတွေနဲ့ ပြောဆိုဆက်ဆံရာမှာကံကောင်းစေပါတယ်။

အဆိုပါ လက်သည်းနီအရောင်များကို အသုံးချမယ်ဆိုရင် အနည်းဆုံး ၃ ရက်လောက် လက်မှာမြဲအောင် ဆိုးပေးရပါမယ်။ နောက်မှ ပြန်ဖျက်လို့ရပါတယ်။

လက်သည်းခြေသည်း အဆင်ပြေသလို နေရာ ဆိုးနိုင်ပါတယ်။

oxygen တိုင်းရတာလိုမျိုး ဆေးခန်းမှာလက်သည်းအရောင်ပြရတာမျိုးဆို ကျန်းမာရေးအရ မဆိုးသင့်တာဆို ရှောင်ရပါမယ်။

လက်သည်းမဆိုးခင် အရောင် pattern စတာတွေကို သက်ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်ပါတယ်။

မိမိအလုပ်လုပ်နေသော နေရာ၏ dresscode နဲ့မကိုက်ညီတဲ့ အရောင် ဆို အလုပ်ခွင်ပြင်ပ နားချိန်မှာ ဆိုးပါ။

ဒီအရောင်တွေက General ပြောထားတာမို့လို့ တစ်ယောက်ချင်းစီရဲ့ ခြေအစခေါင်းအဆုံး lucky color ကိုတော့ မင်မင်နဲ့ tarot မေးဖြစ်တော့မှပဲ ထည့်မေးလိုက်ပါနော်။

အမျိုးကောင်းသမီးတိုင်းလှပပါစေ အောင်မြင်ပါစေ ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Moken’s Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share