Aries Parker

Aries Parker Brand Clothing Online shop

👉 TM30 ဆိုတာဘာလဲ။ အလွယ်ပြောရရင် ဧည့်စာရင်းပါ။ 👉 Service ယူရင် ရက်ပေါင်းဘယ်လောက်ရမှာလဲ။သက်တမ်း ( ၂ ) လ ၊ 60 nights ရပါမယ်...
15/09/2024

👉 TM30 ဆိုတာဘာလဲ။
အလွယ်ပြောရရင် ဧည့်စာရင်းပါ။

👉 Service ယူရင် ရက်ပေါင်းဘယ်လောက်ရမှာလဲ။
သက်တမ်း ( ၂ ) လ ၊ 60 nights ရပါမယ်ရှင်။

👉 ဒါဆို ရက် ၆၀ မပြည့်မချင်းသုံးလို့ရမှာလား။
မရပါဘူးရှင် ၊ ခုနောက်ပိုင်း immigration က TM30 တွေကို check in ရက် တစ်လကျော်တာနဲ့ အသစ်ပြန် update လုပ်ခိုင်းပါတယ်။

👉 TM30 service ယူရင် အိမ်စာချုပ်ပါရမှာလား ။
ဧည့်စာရင်းသီးသန့်အတွက်ပဲဖြစ်လို့ အိမ်စာချုပ်မပေးပါဘူးရှင်။

👉 လိပ်စာတစ်ခုတည်းမှာ လူတွေပြုံနေအောင်ထည့်ပေးတာမျိုးလား။
လုံးဝ မထည့်ပါဘူးရှင် ၊ လိပ်စာတစ်ခုမှာ လူ ၃ ယောက် ( မိသားစု ဆိုလျှင် ၄ ယောက်သာ ) အများဆုံးထည့်ပေးပါတယ်။

👉 TM30 service ယူတဲ့အခါ ဘာတွေသတိထားသင့်လဲ ။
မိမိတို့အမှန်တကယ်နေတဲ့အိမ်ကမဟုတ်ဘဲ ဧည့်စာရင်းသီးသန့် service ပဲယူတာဖြစ်တဲ့အတွက် သိသင့်တာလေးတွေ ရှိပါတယ် ။
✅ TM30 စာရွက်မှာပါတဲ့လိပ်စာအတိုင်းသာ မိမိတို့အသုံးပြုမယ့် ဖောင်အမျိုးမျိုး ( ဗီဇာသက်တမ်းတိုး ၊ ကျောင်းအပ် ၊စသည်တို့ )ရဲ့ address မှာ ရေးဖြည့်ရပါမယ် ။
TM30 ထဲက လိပ်စာနဲ့ Form ဖြည့်တဲ့လိပ်စာ တူရပါမယ် ။
✅ TM30 service ယူပြီးတာနဲ့ agent ဆီမှာ အခန်းနံပါတ်မေးရပါမယ်။
✅ မိမိတို့ ရယူထားတဲ့ TM30 ထဲက လိပ်စာကို မှတ်ထားရပါမယ် ( အပြည့်အစုံမှတ်ရန် မလိုပါ ။ အခန်းနံပါတ် ၊ ကွန်ဒိုနာမည် ၊ apartment နာမည် သိလျှင် ရပါပြီ ) ။
✅ စိုးရိမ်စိတ်အရမ်းများနေပုံပေါက်ရင် officer တွေက ချက်ချင်းသိကြတာမို့ ယုံကြည်မှုရှိရှိ နေပါရှင်။

👉 မိမိတို့အမှန်တကယ်နေတဲ့လိပ်စာနဲ့ TM30 ထုတ်ချင်တယ် ၊ အိမ်ရှင်က မလုပ်တတ်လို့ service ပေးပါသလား ။
ပေးပါတယ် ။ ဒါလေးတွေတော့ လိုအပ်ပါတယ် ။
🏠 အိမ်ပိုင်ရှင်ရဲ့ ID
🏠 အိမ်စာချုပ်
🏠 အိမ်လိပ်စာ အပြည့်အစုံ

👉 TM30 အမြန်ရနိုင်ပါသလား ။
တစ်နာရီအတွင်း အမြန်ရနိုင်ပေမယ့် ကြိုတင်ပြင်ဆင်ခြင်းကသာလျှင် အမှားအနည်းဆုံးပါ ၊ မိမိတို့အသုံးပြုမယ့်နေ့ထက် ၂ ရက် ၃ ရက် ကြိုတင်ယူထားတာဟာ အကောင်းဆုံးပါရှင် ။

TM30 အပြင် အခြားသော service များလည်း ရယူနိုင်ပါပြီရှင်။


#သံရုံးထောက်ခံစာ

မြန်မာသံရုံးဗန်ကောက်မှထုတ်ပြန်ကြေငြာချက် အင်္ဂလိပ်စာသင်တန်း (ကာလတို) (Teaching English for Teachers-TET) စသည့် သင်တန်းမျ...
15/09/2024

မြန်မာသံရုံးဗန်ကောက်မှထုတ်ပြန်ကြေငြာချက်

အင်္ဂလိပ်စာသင်တန်း (ကာလတို) (Teaching English for Teachers-TET) စသည့် သင်တန်းများအား Non-ED Visa ရယူ၍ Virtual format ပုံစံဖြင့် ကာလတိုသင်တန်း တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများ အလွန်များပြားလာသည့်အတွက် ၁၆-၉-၂၀၂၄ ရက် (တနင်္လာနေ့)မှ စတင်၍ ၄င်းတို့အား PE type နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအား မြန်မာသံရုံး၊ ဗန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့၌ ဆောင်ရွက်ပေးတော့မည် မဟုတ်ပါကြောင်း အသိပေး ကြေညာခဲ့။

Source- မြန်မာသံရုံးဗန်ကောက်

12/05/2024

အထာလေးတွေ

H&M (Brand New) Authentic %size - Lprice 85000(09455197518)ရန်ကုန်ကဆို လာရောက်ဝယ်ယူလို့ရသလို ။ ပို့ဆောင်ပေးတာလည်း ဝန်ဆော...
21/01/2024

H&M (Brand New) Authentic %
size - L
price 85000
(09455197518)
ရန်ကုန်ကဆို လာရောက်ဝယ်ယူလို့ရသလို ။ ပို့ဆောင်ပေးတာလည်း ဝန်ဆောင်မှုပေးပါတယ်။
Kurt နဲ့ Nirvana အဖွဲ့ ကို crazy ဖြစ်တဲ့သူတွေဆို ဝယ်ထားသင့်တယ်။

🤷‍♂️ တချို့က အတုမှ ကြိုက်တယ် ...စျေးပေါတာ စျေးလျော့တာလေးပေါ့ 😎🗣 လူတစ်ယောက်အရက်ဆိုင်တစ်ဆိုင်ကို တစ်ကယ့်သူဌေးပုံစံ ဆိုက်နဲ...
20/01/2024

🤷‍♂️ တချို့က အတုမှ ကြိုက်တယ် ...

စျေးပေါတာ စျေးလျော့တာလေးပေါ့ 😎

🗣 လူတစ်ယောက်အရက်ဆိုင်တစ်ဆိုင်ကို တစ်ကယ့်သူဌေးပုံစံ ဆိုက်နဲ့ဂိုက်နဲ့အရက်လာဝယ်တယ်

👱 သူကပြောတယ် ..
စျေးကြီးရင်ကြီးပါစေ အရက်အစစ်ပဲ ရောင်းပေးပါတဲ့။ 👌
👳‍♀️ ဆိုင်ရှင်ကသဘောပေါက်သွားပြီး..
သူ သေသေချာချာသိမ်းထားတဲ့ ပုလင်းကို ထုတ်လာပေးတယ်။ 🍾
👱 ဟိုလူက သေချာအောင် ထပ်မေးတယ်။ ကျုပ် ပုလင်းကို ခု ဖွင့်သောက်ကြည့်မယ်နော် မစစ်ရင် မဝယ်ဘူး။ 👌

ဆိုင်ရှင်ကလည်း👳‍♀️ သိပ်သေချာတယ်..
အိုကေ ချပေါ့။
ဟိုလူဖွင့်သောက်တယ်👱 ဖွီးကနည်း ထွေးထုတ်တယ်။
အတုကြီးတဲ့👎 ပြီးတော့ ထပ်ပြောတယ်။
ကျုပ်က သောက်လာတာ ကြာပြီ အတုအစစ် ချက်ချင်းသိတယ်။
ကျုပ်ကိုမလိမ်နဲ့ အစစ်ပဲပေး ကြိုက်စျေးပြောတဲ့။ 💵

ဆိုင်ရှင်👳‍♀️ ထပ်သဘောပေါက်လိုက်ပြန်တယ်။
သူရောင်းနေကျ အတုတွေထဲကပဲ တစ်ပုလင်း ပြန်ထုတ်ပေးလိုက်တယ်။ 😁

ဟိုလူက ဖွင့်သောက်ကြည့်ပြီး👱 ကျေနပ်သွားတယ်။
ပိုက်ဆံအထပ်လိုက်ထုတ်ပေးသွားတယ်။ 💵💵💵
ဆိုင်ရှင်ကတော့👳‍♀️😁 ခပ်ပြုံးပြုံးလေးတွေးတယ်...။
( အတုချည်းပဲသောက်ဖူးတော့
အစစ်ဆိုတာဘာမှန်းမသိဘူးပေါ့တဲ့ )
-----------------------------------------------------------------

နယ်မြို့လေးတစ်မြို့မှာ လူတစ်ယောက်ဆေးခန်းလာဖွင့်တယ်။
(ဆရာဝန် ဟုတ်မဟုတ်မပြောထားဘူးနော်)...
တဖြည်းဖြည်းနဲ့ သူ့ဆေးခန်းလူနာများလာတယ်။
အဲ့ဒီမြို့လေးမှာ သူနဲ့ပြိုင်ဘက် အပ်ပုန်းတစ်ကောင်ရှိတယ်။
ကြာလာတော့ ဟိုအပ်ပုန်းဆီကလူနာတွေ သူ့ဆီရောက်လာရော။
အပ်ပုန်းက မခံဘူး တဘက်လှည့်နဲ့ ကြားခံလူလွှတ်ပြီး သက်ဆိုင်ရာကိုသွားတိုင်တယ်။
ဒီလူ ဆရာဝန်မဟုတ်ဘဲ ဆေးကုနေတယ်ပေါ့။
ဟိုလူက အဲ့ဒါကိုပြန်ကြားတယ်။
ဒါပေမယ့် ....
သူဆရာဝန်ဟုတ်တယ်, မဟုတ်ဘူးဆိုတာကို ဘယ်သူ့ကိုမှ ဖြေရှင်းပြမနေဘူး။
ကုမြဲအတိုင်းပဲ ဆက်ကုတယ်...။
လူနာကလည်း များဆဲပဲ။

ဒီပုံစံကို ..ဟိုအပ်ပုန်းက ကြည့်မရတော့ဘူး။
အသေအချာကို မရအရ ထပ်တိုင်တယ်။
ကြာတော့ တာဝန်ရှိသူတွေကိုယ်တိုင် လာမစစ်လို့ မရတာ့ဘူး။
သူ့ဆေးခန်းအထိ လာစစ်ကြရတယ်။
အဲ့ဒီကျတော့မှ သူက တုန်တုန်ရင်ရင်နဲ့ သူ့ဘွဲ့လက်မှတ်နဲ့.. ဆမစာအုပ်လေးကို ထုတ်ပြတယ်။
ဟာ!! ခင်ဗျားဗျာ၊ ဆရာဝန်ဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ နာမည်တွေ...
ဘွဲ့တွေ ...ဆိုင်းဘုတ်မချိတ်တာလဲဆိုတော့ ခပ်တိုးတိုးပြန်ဖြေရှာတယ်။
ဒီမှာက ဆရာဝန်အစစ်ဆို လူနာသိပ်မရဘူးတဲ့။

ဆရာမဂျူး စာပေဟောပြောပွဲတစ်ခုမှာ စပြောပြောချင်း အင်ထရို(Intro)ဝင်ပုံလေး.....
သူပြောတာက စားပွဲလေးပေါ်မှာရှိတဲ့ ပန်းအိုးလေးကိုကိုင်ပြရင်း
ပန်းအိုးလေးက လှလိုက်တာ ကျွန်မလေ မြင်မြင်ချင်း အတုလေးတွေလားလို့တောင် ထင်မိတယ်။

တခါတလေကျတော့
ကျမတို့ ပတ်ဝန်းကျင်မှာ အတုကိုအစစ်ထက်ပိုပြီး တန်ဖိုးထားကြတာတွေ များလာတယ်တဲ့။

ဘဏ်မှာငွေသွားအပ်လို့ ကိုယ့်ပိုက်ဆံမှာ အတုပါတယ်ဆိုပြီး အပေါက်ဖောက်လိုက်တယ်။
တံဆိပ်တုံးထုလိုက်တယ်။
ပြောရရင် ဖျက်ဆီးလိုက်တယ်ပေါ့။
ဒါကိုမှ လက်မခံရင် ရဲစခန်းမှာ လိုက်ရှင်းရမယ်။
ဘယ်သူမှ အလုပ်ရှုပ်မခံချင်တော့ ထားလိုက်ပါပေါ့လေ။

ကိုယ့်လက်ထဲ ရောက်လာတဲ့ပိုက်ဆံ
အတုလား၊ အစစ်လား??
ဘယ်သူမှတစ်ရွက်ချင်း လိုက်မစစ်နိုင်ကြဘူး။
စစ်လည်း မစစ်တတ်ဘူးလေ။
အဲ့ဒီအချိန်မှာ ငွေအတုလုပ်တဲ့သူက
ငွေအစစ်ကို အထုပ်လိုက် ပိုက်ပြီးပြေးပြီ။

နံပါတ်အတုနဲ့ကားက တိုက်ပြီးမောင်းပြေးသွားရင် ...
သူနဲ့နံပါတ်တူတဲ့ ကားအစစ်ပိုင်ရှင်က
ရုံးရောက်ဂတ်ရောက် ဖြေရှင်းရတယ်။ အခန့်မသင့်ရင် ထောင်ထဲဝင်ရမယ်။ နံပါတ်အတုမောင်းတဲ့ကောင်က
သာသာယာယာနှပ်နေပြီ။

တခါတလေကျတော့လည်း စဉ်းစားမိတယ်။
ငါတို့အစစ်အမှန်လို နေနေကြတာကရော လူအချို့အတွက်တန်ရဲ့လားလို့?🙄🙄🙄🙄🙄🙄

Address

Yangon

Telephone

+959455197518

Website

Alerts

Be the first to know and let us send you an email when Aries Parker posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share