Shoes & Heels Paradise

Shoes & Heels Paradise Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shoes & Heels Paradise, Footwear Store, Yangon.

31/01/2026

ဆိုင်ဖြုတ် ဂိုဒေါင်ရှင်း အရမ်းတန် တန် တန် Saleလေး လာပါမယ်နော်🤗🤗🤗

**ကဆုန်လပြည့်နေ့** သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး ကဆုန်လပြည့်နေ့တွင် **ဗုဒ္ဓမြတ်စ...
11/05/2025

**ကဆုန်လပြည့်နေ့** သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး ကဆုန်လပြည့်နေ့တွင် **ဗုဒ္ဓမြတ်စွာ၏ ဖွားတော�မူခြင်း၊ ဉာဏ်တော်ရခြင်း (ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း) နှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း** ဖြစ်ရပ်ကြီးသုံးရပ် ယှဉ်တွဲဖြစ်ပွားခဲ့သည့်အတွက် **"ဝေသာခီနေ့"** (သုံးဆယ့်တစ်ဘုံလုံး ဝေမျှခြင်း) ဟုလည်း ခေါ်ဆိုကြသည်။

# # # **ကဆုန်လပြည့်နေ့၏ အရေးပါမှု**
1. **ဖွားတော်မူခြင်း** - ဘီစီ ၆ဆဆ ခန့်တွင် လုမ္ဗိနီဥယျာဉ်၌ သိဒ္ဓတ္ထမင်းသား အဖြစ် ဖွားမြင်တော်မူခဲ့သည်။
2. **ဉာဏ်တော်ရခြင်း (ဗုဒ္ဓအဖြစ်သို့ ရောက်ခြင်း)** - ဗောဓိညောင်ပင်၏ အောက်၌ ဘုရားအလောင်းတော်သည် သစ္စာလေးပါးကို သိမြင်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့သည်။
3. **ပရိနိဗ္ဗာန်စံတော်မူခြင်း** - ဘီစီ ၄၈၃ တွင် ကုသိနာရုံ၌ အသက် ၈၀ အရွယ်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။

# # # **ဗုဒ္ဓဘာသာဝင်တို့၏ ပူဇော်မှုများ**
- ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ဘာဝနာတရားအားထုတ်ခြင်း။
- ဗုဒ္ဓရုပ်ပွားတော်များကို ရေချမ်းစင်နှင့် သွန်းလောင်းပူဇော်ခြင်း (ဗုဒ္ဓဖွားနေ့ အထိမ်းအမှတ်)။
- လှူဒါန်း၊ ကုသိုလ်ယူခြင်း၊ သက်သတ်လွတ်စားခြင်း။

# # # **ကဆုန်လပြည့်နေ့နှင့် သဘာဝ**
ကဆုန်လသည် နွေရာသီကုန်ဆုံး မိုးရာသီအကူးတွင် ကျရောက်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတို့သည် သစ်ပင်စိုက်ခြင်း၊ ရေအိုးကပ်ခြင်းစသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လေ့ရှိသည်။

ဤကဲ့သို့ ကျက်သရေ မဂ်လာ အဖြာဖြာနဲ့ ပြည့်စုံသော ကဆုန်လပြည့်‌ နေ့ အခါသမယမှာ မင်မင်တို့ရဲ့ Shoes & Heels Paradise မှ မိတ်ဟောင်း မိတ်သစ် ချစ်မိတ်ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာချင်းနဲ့ ပြည့်စုံပြီး ရေလို အေး၍ ပန်းလို မွှေးကြပါစေ လို့ ကျနော်တို အက်ဒမင် team မှ ဆုတောင်း မေတ္တာ ပို့သ အပ်ပါတယ် ခင်ဗျာ ....

ဒီ design လေး ရောင်းမလောက်ဘူးနော် Size 37/38/39/40 တွေရသေးတယ် color and size တွေသိပ်မစုံတော့လို့ ၁၅၀၀၀ ကျပ်နဲ့ပဲယူချစ်တိ...
28/04/2025

ဒီ design လေး ရောင်းမလောက်ဘူးနော် Size 37/38/39/40 တွေရသေးတယ် color and size တွေသိပ်မစုံတော့လို့ ၁၅၀၀၀ ကျပ်နဲ့ပဲယူချစ်တို့ရေ
Error လုံးဝမပါပါ ❌❌❌
Discount item များဖြစ်လို့ ပြန်လဲခြင်းသီးခံပါရှင် 🫶

ဒါလေးက Size ကြီး 38/39/40 တွေပဲကျန်တော့လို့ ၁၅၀၀၀ ကျပ်နဲ့ပဲယူချစ်တို့ရေError လုံးဝမပါပါ ❌❌❌Discount item များဖြစ်လို့ ပြ...
23/04/2025

ဒါလေးက Size ကြီး 38/39/40 တွေပဲကျန်တော့လို့ ၁၅၀၀၀ ကျပ်နဲ့ပဲယူချစ်တို့ရေ
Error လုံးဝမပါပါ ❌❌❌
Discount item များဖြစ်လို့ ပြန်လဲခြင်းသီးခံပါရှင် 🫶

ခြေဖဝါးမနာ အသားအိအိ စီးချင်သူလေးတွေတွက် ဒါလေးလဲ ၁၅၀၀၀ ကျပ်နဲ့ပဲယူ Error လုံးဝမပါပါ ❌❌❌size နဲ့ color လေးတွေမစုံတော့လို့န...
23/04/2025

ခြေဖဝါးမနာ အသားအိအိ စီးချင်သူလေးတွေတွက် ဒါလေးလဲ
၁၅၀၀၀ ကျပ်နဲ့ပဲယူ Error လုံးဝမပါပါ ❌❌❌
size နဲ့ color လေးတွေမစုံတော့လို့နော်
Discount item များဖြစ်တဲ့အတွက် ပြန်လဲခြင်းသီးခံပါရှင် 🫶

ပေါ့ပေါ့ပါးပါးစီးချင်တဲ့ချစ်တို့တွက် ဒါလေးလဲ ၁၅၀၀၀ ကျပ်ထဲနဲ့ပဲယူ Error လုံးဝမပါပါ ❌❌❌size နဲ့ color လေးတွေမစုံတော့လို့နေ...
23/04/2025

ပေါ့ပေါ့ပါးပါးစီးချင်တဲ့ချစ်တို့တွက် ဒါလေးလဲ ၁၅၀၀၀ ကျပ်ထဲနဲ့ပဲယူ
Error လုံးဝမပါပါ ❌❌❌
size နဲ့ color လေးတွေမစုံတော့လို့နော်
Discount item များဖြစ်တဲ့အတွက် ပြန်လဲခြင်းသီးခံပါရှင် 🫶

Size နဲ့ color လေးတွေသိပ်မစုံတော့လို့ ကျန်တာလေးတွေ မြန်မာငွေ ၁၅၀၀၀ကျပ်ထဲနဲ့ယူနော် ချစ်တို့  Error လုံးဝမပါပါ ❌❌❌Discount...
23/04/2025

Size နဲ့ color လေးတွေသိပ်မစုံတော့လို့ ကျန်တာလေးတွေ မြန်မာငွေ ၁၅၀၀၀ကျပ်ထဲနဲ့ယူနော် ချစ်တို့
Error လုံးဝမပါပါ ❌❌❌

Discount item များဖြစ်တဲ့အတွက် ပြန်လဲခြင်းသီးခံပါရှင် 🫶

Edit - Sold Out👏👏🤝မင်းသမီးအိချောပိုစီးထားတဲ့ဖိနပ်ဒီဇိုင်းလေး Size 40 ချောကလက်ရောင်လေးတစ်ရံပဲကျန်တော့လို့ ၁၅၀၀၀ နဲ့ယူနော်...
21/04/2025

Edit - Sold Out👏👏🤝

မင်းသမီးအိချောပိုစီးထားတဲ့ဖိနပ်ဒီဇိုင်းလေး
Size 40 ချောကလက်ရောင်လေးတစ်ရံပဲကျန်တော့လို့ ၁၅၀၀၀ နဲ့ယူနော် 🤎
RARIN brand ကိုဒီစျေးနဲ့ရတာဆို အတော်တန်နေပီချစ်တို့
ERROR လုံးဝမပါပါ ❌❌❌
Discount item များဖြစ်လို့ပြန်လဲခြင်းသီးခံပါရှင် 🫶

မဂ်လာ ရှိသော မြန်မာ သက္ကရာဇ် နှစ်သစ်တစ်နှစ် ဖြစ်ပါစေကြောင်း ကျနော်တို့ Shoes & Heels Paradise မိသားစုမှ နှစ်သစ် ဆုမွန်ကေ...
17/04/2025

မဂ်လာ ရှိသော မြန်မာ သက္ကရာဇ် နှစ်သစ်တစ်နှစ် ဖြစ်ပါစေကြောင်း ကျနော်တို့ Shoes & Heels Paradise မိသားစုမှ နှစ်သစ် ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ

မိတ်ဟောင်း မိတ်သစ် Customer များအားလုံး အေးအေးချမ်းချမ်းနဲ့ ဘေးအန္တရာယ် ကင်းဝေးကြပါစေ ဗျာ

&Heels Paradise

❗ငလျင်ရဲ့ ခုအခြေနေအရဆို ဒီတိုင်းတစ်ကယ်ဖြစ်နေပြီ။ငလျင်တွေဟာ ပြင်းအား တဖြေးဖြေးလျော့ကျသွားရမယ့်အစား ပြင်းအားမြင့်လိုက်နိမ့...
13/04/2025

❗ငလျင်ရဲ့ ခုအခြေနေအရဆို ဒီတိုင်းတစ်ကယ်ဖြစ်နေပြီ။

ငလျင်တွေဟာ ပြင်းအား တဖြေးဖြေးလျော့ကျသွားရမယ့်အစား ပြင်းအားမြင့်လိုက်နိမ့်လိုက်ဖြစ်နေတာကြီးကို ဘဝင်မကျနိုင်ဘူး။ စိုးရိမ်စရာကြီးဖြစ်နေတယ် ။ တကယ်နားလည်တဲ့ဘူမိဗေဒ ပညာရှင်တွေ၊ သုတေသနပညာရှင်တွေ ရဲ့ သုံးသပ်ခန့်မှန်းချက်တွေ အရေးတကြီး လိုအပ်နေတယ် ။
===========================
ငလျှင်ကြီး တစ်ခုပြီးတိုင်း aftershocks ငလျှင်ငယ်တွေလာတယ် ။ ဒါထုံးစံ ၊ အဲ့မှာမှ ၂ မျိုးထပ်ခွဲတယ် ။
1. ပုံမှန် aftershocks ( အန္တရာယ်မရှိ)
2. ပုံမှန် မဟုတ်တဲ့ Aftershocks ( အန္တရာယ်ရှိ)

1. ပုံမှန် Aftershocks တွေဆိုတာ ငလျှင်ပြီးတဲ့အခါ နောက်ငလျှင်အသေးတွေမှာ ပြင်းအားတဖြည်းဖြည်း လျော့ကျလာမယ်။ ပြီးရင် တစ်ခုနဲ့ တစ်ခုကြား လှုပ်တဲ့အချိန် တဖြည်းဖြည်း ဝေးသွားမယ်။ ဥပမာ နာရီဝက်ခြားကနေ ၁ နာရီခြားတခါ ၊ အဲ့ကနေမှ ၂ နာရီခြားတစ်ခါ ။ ဆိုလိုတာက ပြတ်ရွေ့ကတဖြည်းဖြည်း တည်ငြိမ်စပြုလာတယ် ။ ပြီးရင် ပြန်ငြိမ်ကျသွားမယ်။ အန္တရာယ် မရှိတော့ဘူး။

2. ပုံမှန်မဟုတ်တဲ့ Aftershocks တွေဆိုတာ ကျတော့ ခုလို 7.7 ပြီးသွားတဲ့အခါ ၊ ငလျင်ငယ်တွေက ပြင်းအားမတည်ငြိမ်ဘူး 2.3M နဲ့လှုပ်မယ် ပြီးကျ 4.3 M နဲ့လှုပ်မယ် တခါ 3.0 ထပ်လှုပ်မယ်။ ပြီးကျ လှုပ်တဲ့အချိန်တွေက တောက်လျှောက်စိတ်နေမယ် ။တခါတလေ ၁ နာရီလောက်ကြာမယ် ။ ပြီးကျ ၁၀ မိနစ်ခြားတခါ ၁၅ မိနစ်ခြားတခါပြန်လှုပ်မယ်။ ဒါ့အပြင် 4.M ကျော်တွေ 5.M အကျော်တွေကလည်း ကြားထဲလှုပ်ဦးမယ်ဆိုရင် ဒါတအားစိုးရိမ်ရတဲ့ အနေအထားဖြစ်သွားပြီ။ ဒါက ဘာကို ဆိုလိုသလဲဆိုရင် ပြတ်ရွေ့ကြီး မတည်ငြိမ်နေဘူး။ အဆိုးဆုံး ဘာဖြစ်နိုင်လဲဆိုရင် အစောပိုင်းလှုပ်ခဲ့တဲ့ 7.7 Mဆိုတာ အဓိကငလျှင်တောင်မဟုတ်ဘူး။ အဲ့တာ ရှေ့ပြေးငလျင်ကြီး ဖြစ်နိုင်တယ် ။ အဲ့တာအမှန်ပဲ.. ။

တစ်ခုရှိတာက စစ်ကိုင်းပြတ်ရွေ့က ဟိမဝန္တာတောင်တန်းတွေက စတယ် ။ မုတ္တမကွေ့နားမှာ ဆုံးတယ်။ အရှည် ကီလိုမီတာ ၁၂၀၀ ကျော်ရှိတယ် ။

အန္တရာယ်အရှိဆုံးက မုတ္တမကွေ့။ သူကျ စစ်ကိုင်းပြတ်ရွေ့နဲ့ တခြားပြတ်ရွေ့တွေလာပေါင်းတဲ့တဲ့ zone ။ အဲ့တော့ အဲ့ဒီနေရာသာ ထလှုပ်ရင် အနည်းဆုံးက 8M ပဲ။ ဖျာပုံ နားက လှုပ်တဲ့ ငလျှင် 5.0M ဆိုရင်လည်း Indian Plate နဲ့ မြစ်ဝကျွန်းပေါ်ဒေသ တိုးဝှေ့မှူ ဖြစ်နေတယ် ဆိုတာ ပြတာပါ။ ထိုင်းကပြတဲ့ video အတိုင်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်မြေသားတွေက မြောက်ဘက်ကိုတိုးနေပြီး အရှေ့ဘက်မြေသားတွေက တောင်ဘက်ကို တိုးနေပါတယ် ။ ဆူနာမီ အန္တရာယ်တောင် ရှိလာနိုင်ပါတယ်။ ကျ‌နော်တို့ ရန်ကုန် သတိကြီးကြီး ထားဖို့ လိုပါပြီ။ အဲ့တာက စစ်ကိုင်းပြတ်ရွေ့ရဲ့ လှုပ်ရှားမှုဟာ တခြားပြတ်ရွေ့တွေကိုပါ အကျိုးသက်ရောက်စေတယ် ဆိုတဲ့ သဘောပါပဲ။ အန္တရာယ် အရမ်းရှိနေတဲ့ အခြေအနေပါ။

ဆက်ပြင်းမလား အားပျော့လာမလား ဒါတော့ ဘုရားပဲသိပါမယ် ။

ငလျှင်ကို လူသားတွေ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် ကြိုသိတဲ့ သတ္တဝါတွေရှိပါတယ် ။

ခွေး၊ ကြောင် ( အနည်းလေး ၁၅ မိနစ်ကနေ ၅ မိနစ် ကြိုသိကြတယ် ။ သူတို့ အမူအရာ မူမမှန်တော့ရင် ပြေးလွှားနေရင် သတိထားပါ။ ငလျှင်မလာခင် အရင်လာတဲ့ မီသိန်း အနံ့ကို သူတို့ကြိုရလို့ပါ။)

ငှက်များ ( အနည်းလေး နာရီဝက် နဲ့ ၁၅ မိနစ် ကြိုသိကြပါတယ်။ ငလျှင်ရဲ့ တုန်ခါမှူ ကို ခံစားရလို့ပါ။ ငှက်အော်သံတွေ ဆူညံလာရင် ပြေးဖို့ပြင်ပါ)
မြွေ ( ငလျင်ကို အစောဆုံးကြိုသိနိုင်တဲ့ကောင်ပါ။ ၃ ရက်ကြိုသိပါတယ်။ ငလျှင်လာခါနီး မြွေတွေ အများကြီး မြေကြီးပေါ် တတ်လာတတ်ပါတယ်။ )

ကြိုတင်ပြင်ဆင်မှု

1. ငလျှင်လှုပ်ပြီလို့ သိတာနဲ့ ပြေးဖို့ ကံမကောင်းရင် စက္ကန့် ၃၀ ၊ ကံကောင်းရင် ၁ မိနစ် အချိန်ရပါတယ်။ ရန်ကုန်လို အနေအထားနဲ့ကတော့ ဘယ်အောက်မှ မဝင်ပါနဲ့ ပြေးပါ။ ခုကတည်းက ငါဘယ်နားပြေးရင် အဆောက်အဦး ၊ ဓါတ်ကြိုး ၊ တွေနဲ့ လွတ်မလဲ ကြိုစဉ်းစားထားပါ။ ကြောက်လန့်ပြီး ထိုင်ချ နဲနဲငြိမ်မှ ထပြေးတဲ့သူတွေ အန္တရာယ်အများဆုံးပါ။ သူတို့အထွက် တိုက်အပြိုပါပဲ။ ဒါမဟုတ်လဲ ကြောက်ပြီး ထိုင်နေရင်း ပိသွားတာပါပဲ။

2. အရေးပေါ်အိတ် အိမ်တိုင်းပြင်ထားပါ။ မြင်သာတဲ့နေရာမှာ ရေတစ်ဗူး ထောင်ထားပါ။ သိမ့်ခနဲဖြစ်ရင် လှမ်းကြည့် ရေလှုပ်တာနဲ့ တန်းပြေးပါ။ အထပ်မြင့် ကွန်ဒို နေတဲ့သူတွေ ၊ အမြန် မဆင်းနိုင်တဲ့ လူကြီးတွေ ဆိုင်ကယ်စီး ဦး ထုတ် ကောင်းကောင်းဆောင်ထားပါ။ မွေ့ယာ ၂ ထပ်နဲ့အိပ်ပါ။ တဖက်ကို အသေချုပ်ထားပါ တဖက်ကို အဖွင့်ထားပါ ။ အရေးအကြောင်းဆို ဆိုင်ကယ်စီး ဦးထုတ်စွပ် ၊ မွေ့ယာ ၂ ခုကြား မှောက်ရက်အနေအထားနဲ့ငြိမ်သာနေလိုက်ပါတော့ ။ ပြိုကျသွားတောင် ပြေးဆင်းတာထက် အသက်ရှင်ဖို့ chance များပါတယ် ။ မဖြစ်မနေ ပြေးဆင်းရလည်း ဦးထုတ်ပါတော့ ပို safe ဖြစ်ပါတယ် ။

3. ဓါတ်လှေကား မသုံးပါနဲ့ ။ မီးပျက်တာနဲ့ ရောက်တဲ့နေရာ ရပ်ပြီး ပြိုတဲ့အထဲ ပါသွားမှာပါ။ ကားမသုံးပါနဲ့ ။ ကိုယ့်လို ကားသုံးတဲ့ကောင်တွေများပြီး ကားပိတ်တဲ့နေရာမှာ အထပ်မြင့်ပြိုရင် အုပ်လိုက်ပါသွားမှာပါ။

4. လမ်းပေါ်အခြေအနေဆိုးပြီး ပြေးပေါက်ရှာမတွေ့ရင် အမှိုက်ပုံ ၊ အမှိုက်ကန်ထဲ ဒိုင်ဗင်ပစ်ဝင်ပါ။ နဲနဲ နံနိုင်ပေမယ့် အမှိုက်အိတ်စုံက သင့်ကို air bag တွေလို ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ် ။

5. ငလျှင်ဟေ့ ဆိုတာနဲ့ ထပြေးပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ပြေးသာပြေးပါ။ တကယ် ဟုတ်ခဲ့ရင် လွတ်ပါမယ် ။ မဟုတ်ခဲ့ရင် အစမ်းလေ့ကျင့်ရာ ရောက်ပါတယ် ။ နောက်တခါ ဘယ်လိုပြေးရင် ပိုမြန်မယ် ။ ဘယ်နေရာ သွားထိုင်ရင် ဘေးပိုကင်းမယ် ဘာညာ ကိုယ့်ဘာသာ ပြင်ဆင်လို့ရပါတယ် ။ သူများနိုင်ငံမှာ ကလေးဘဝကတည်းကသင်ရတာပါ။ ကိုယ်တွေက အခုလေ့ကျင့်ကြတာပေါ့။

6. ဘယ်သူဘာပြောနေနေ အိပ်ရေးဝအောင်အိပ်ပါ။ စားစရာရှိတာစားပါ။ ကူနိုင်တာ ကူပါ။လာမယ့်ဘေးဆို .. တွေးကြောက်နေလို့အပိုပါပဲ။ ပြေးဖို့နေရာ တွေးထားတာရှိပြီ။ အရေးပေါ်အိတ် ပြင်ထားပြီ။ Earthquake alarm ON ထားပြီ။ (Phone Silent လုပ်မထားပါနဲ့)ရေဗူးထောင်ထားမယ်။ အဲ့တာဆို စိတ်ချလက်ချအိပ်ပါ။
ဒါမှ သူများကပြေးဟေ့ဆို အားနဲ့ ပြေးနိုင်မှာပါ။စဉ်းစားလို့ရတာ ထပ်ဖြည့်ပါမယ်။

Credit.

ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြု ရန်အချက်များကို ထပ်မံ ဝေမျှလိုက်ပါသည်။~~~~~~~~~~~~~~📌ငလျ...
28/03/2025

ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြု ရန်အချက်များကို ထပ်မံ ဝေမျှလိုက်ပါသည်။

~~~~~~~~~~~~~~
📌ငလျင်ဘေးအန္တရာယ်သည် ဖြစ်ပေါ်မည့် နေရာ၊ အချိန်နှင့် ပြင်းအားတို့ကို ကြိုတင် ခန့်မှန်း တွက်ချက်နိုင်ရန်ခက်ခဲပြီး ငလျင်ပြင်းအားပေါ်မူတည်၍ဖျက်ဆီးနိုင်စွမ်းမြင့်မားသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပါသည်။

📌သို့ဖြစ်ရာ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များအား ပြည်သူများ သိရှိပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြအပ်ပါသည်။

📌မြန်မာနိုင်ငံသူ/နိုင်ငံသားများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ကြပါစေ။

Photo & စာသား crd ပါ ခင်ဗျာ...

15/03/2025

📣Last chance to buy 📣

မကြာခင်မှာ မင်မင်တို့ promotion post လေးထပ်တင်ပါမယ်
ဒီတခါပီးသွားရင် နောက်ထပ် ဒီဈေးနဲ့ ဘယ်မှာမှမရတော့ပါဘူး
ရှေ့တခေါက်ကမရလိုက်လို့ မဝယ်လိုက်ရတဲ့ ချစ်သောကာကာများ ဒီတခါရအောင်ဝယ်ထားပါနော် customer service ကိုလဲမင်မင်တို့အတတ်နိုင်ဆုံး care လုပ်ပါတယ် ဝယ်ယူအားပေးတဲ့ချစ်သောကာကာတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် 😘

Address

Yangon

Telephone

+959420142508

Website

Alerts

Be the first to know and let us send you an email when Shoes & Heels Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category